Welcome, visitor! [ Register | LoginRSS Feed  | 

ကမ္ဘာ့​ခေါင်းဆောင် နယ်လ်​ဆင်​မန်​ဒဲ​လား နေရာ မည်​သူ​ဆက်ခံ​မည်​နည်း

| World Leader | 2013年12月18日

3

Written by လက်ျာ​ထွန်း
ကမ္ဘာ့ ပြဿနာ များ​ကို ဖ​ခင်ကြီး တစ်​ဦး သဖွယ် ကိုင်တွယ် ဖြေ​ရှင်း ပေး​လေ့ ရှိ​သည့် ”နယ်လ်​ဆင် မန်​ဒဲ​လား”ကို မ​ကြာ​ခဏ ဆို​သ​လို ကမ္ဘာ့ သက်ကြီး နိုင်ငံ​ရေး သမား တစ်​ဦး အဖြစ် ဖော်​ပြ​တတ်​ကြ​သည်။ ကိုယ်​ကျင့်​တရား ဆိုင်​ရာ ဩဇာ ကြီးမား​မှု​က နယ်လ်​ဆင်​မန် ဒဲ​လား​ကို မ​ဟတ္တ​မ ဂန္ဓီ ဖြစ်​စေ​ခဲ့​၏။ ယခု သူ့​နေရာ​ကို မည်​သူ ဆက်ခံ မည်​နည်း။

လော့​ကာ​ဘီ၊ ဘာ​ရွန်​ဒီ၊ ဒီ​အာ ကွန်​ဂို၊ လီ​ဆို​သို၊ အင်ဒို​နီး​ရှား၊ အစ္စရေး၊ ပါ​လက်စ​တိုင်း၊ ကက်ရှ်​မီး​ယား၊ စ​တက် ဖင်​လော့​ရင့်စ် လူသတ်​မှု၊ HIV ပညာ ပေး လှုံ့ဆော်​မှု၊ ကမ္ဘာ့ ဖလား ဘော​လုံး ပွဲ စ​သည့် ကမ္ဘာ့ ကိစ္စ​များ​နှင့် ပတ်သက် ၍ နယ်လ်​ဆင်​မန်​ဒဲ​လား က အမျိုး​မျိုး အဖုံ​ဖုံ ပြောဆို ကိုင်တွယ် ကူညီ​ခဲ့​သည်။

၁​၉⁠၉​၃-၂​ဝ⁠ဝ​၅ အတွင်း ဖြစ်ပွား​ခဲ့ သော အာ​ဖ​ရိ​ကတိုက် အလယ်​မှ လူ ပေါင်း သုံး​သိန်းကျော် သေ​ဆုံး​ခဲ့​ရ​သည့် ဘာ​ရွန်​ဒီ ပြည်​တွင်း​စစ် တွင် ကြား​ဝင်​ဖျန် ဖြေ​ပေး​သူ၊ မိမိ မိသား​စု ဝင် တစ်​ဦး​ကိုယ် တိုင် AIDS ရောဂါ​ဖြင့် ကွယ်​လွန်​ခဲ့​ကာ ၎င်း​ရောဂါ​နှင့် ပတ်သက်​သည့် အာ​ဖ​ရိ​ကတိုက် ရှိ အယူ​သည်း​မှု များ​ကို ပျောက် ကွယ်​အောင် ကြိုးစား​ခဲ့ သူ နယ်လ်​ဆင် မန်​ဒဲ​လား ၏ ကမ္ဘာ့ လူ့ အဖွဲ့​အစည်း အတွက် ဝင်​ရောက် ကူညီ​မှု​များ အားလုံး အောင်မြင်​ခဲ့ သည်​တော့ မဟုတ်​သ​လို အားလုံး​က ကြိုဆို လက်ခံ​ခြင်း လည်း မ​ရှိ ခဲ့​ကြ​ပေ။

အမေ​ရိ​ကန် နိုင်ငံ​ခြား​ရေး မူ​ဝါဒ​ကို လည်းကောင်း၊ ၁​၉⁠၉​ဝ ကို​ဆို​ဗို ဝင်​ရောက် စွက်ဖက်​မှု​ကို လည်းကောင်း၊ နယ်လ်​ဆင် မန်​ဒဲ​လား က​ပြင်းထန်​စွာ ဝေဖန်​ခဲ့​ဖူး​သည်။ ကမ္ဘာ့ ဗီ​လိန်​ကြီး က​ဒါ​ဖီ​နှင့်​လည်းကောင်း အင်ဒို​နီး​ရှား ခေါင်းဆောင် ဆူ​ဟာ​တို​နှင့် လည်းကောင်း နယ်လ်​ဆင် ၏​နွေး​ထွေး​သော ဆက်ဆံ​ရေး ကို ကမ္ဘာ​က အံ့ဩ​ခဲ့​ရ​သည်။

သူ​၏ AIDS ရာ​ဂါ​နှင့် ပတ်သက် ၍ ပြောဆို​မှု​များ​သည် နောက်ကျ​လွန်း လှ​သည်​ဟု ကမ္ဘာ​က ဝေဖန်​ခဲ့​၏။

ကမ္ဘာ့ စင်​မြင့်ပေါ် တွင် နှိုင်းယှဉ်​ရန် အဆင့်​တူ မ​ရှိ​သော အခြေ အနေ သို့ နယ်လ်​ဆင် မန်​ဒဲ​လား ရောက်​ရှိ လာ​သည့် အချိန်​တွင်​တော့ ဝေဖန် ပြစ်​တင်​သံ တို့ တိတ်ဆိတ် သွား ခဲ့​လေ​သည်။

”နယ်လ်​ဆင် မန်​ဒဲ​လား သည် ယုံကြည်​ချက် အကျဉ်းသား ဘဝ၊ လူ့ အခွင့် အရေး တိုက်​ပွဲဝင် အိုင်​ကွန် ဘဝ မှ လက် တွေ့ နိုင်ငံ​ရေး ခေါင်းဆောင် တစ်​ဦး အဖြစ် သို့ လိုက်လျော ညီ​ထွေ​ဖြစ်​အောင် ပြောင်းလဲ​ခဲ့​သည်။ ထု့​ိ​နောက် တောင်​အာ​ဖ​ရိ​က​၏ ‘ဖ​ခင်’တစ်​ဦး အဖြစ်​သို့ စိုက်စိုက် မတ်​မတ် ရောက်​ရှိ​ခဲ့​ကာ ကမ္ဘာ့ သက်ကြီး ခေါင်းဆောင် တစ်​ဦး ဖြစ်လာ ခဲ့​ရ​သည်။ ယင်း​ကဲ့သို့ ဘဝ​မျိုး​မှာ နယ်လ် ဆင်​မန်​ဒဲ​လား တစ်​ဦး​တွင်​သာ ရှိ​ပုံ​ရ သည်” ဟု ဝါ​ရှင်​တန် Feature Story News မှ​နိုင်ငံ​တကာ ဆောင်းပါး ရှင် ဆိုင်​မွန်​မတ် Simon Marks က ပြော လိုက်​သည်။

ပေါ့ပ် အဆိုတော်​များ၊ စူ​ပါမော် ဒယ်​များ အပါအဝင် အလွန်​ကျယ် ပြန့် သော လူထု လူ​တန်း​စား​များ​၏ လေးစား အထင်ကြီး​မှု​ကို ခံ​ရကာ၊ ထို ကဲ့သို့ မေးခွန်း ထုတ်​စရာ မ​ရှိ​သော တရားဝင် ဩဇာ​ဂုဏ်၊ သမာဓိ ဂုဏ်​မျိုး ကို နယ်လ် ဆင်​မန် ဒဲ​လား​သာ ရ​ရှိ​ခဲ့​သည်။

၁​၉​၈​၈ ခု​နှစ် လော့​ကာ​ဘီ လေ​ယာဉ်​ပေါက်ကွဲ မှု​တရားခံ​ကို UK နှင့် လစ်​ဗျား​နိုင်ငံ အကြား လွှဲ​ပြောင်း​နိုင်​ရန် ကြား​ဝင် ဖျန်ဖြေ​ခဲ့ သည်။ အရှေ့ အလယ်​ပိုင်း​တွင် အစ္စရေး နိုင်ငံ​ကို ဝေဖန်​ခဲ့​သည်။ ၁​၉⁠၉​၈​ခု​နှစ်​က လီ​ဆို​သို​နိုင်ငံ​တွင်း သို့ တောင်​အာ​ဖ​ရိ​က တပ်ဖွဲ့​ဝင်​များ စေလွှတ်​ခဲ့​သည်။ ဒီ​အာ​ကွန်​ဂို ငြိမ်း​ချမ်း​ရေး အတွက် ထိပ်​သီး တွေ့​ဆုံ​မှု​များ စီစဉ်​ပေး​ခဲ့​သည်။ ကက်ရှ်​မီး​ယား အရေး အတွက်​အိန္ဒိယ​နှင့် ပါ​ကစ္စ​တန် တို့​ကို တွေ့​ဆုံ​ညှိနှိုင်း​ရန် တိုက်တွန်း​ခဲ့​သည်။ ဘာ​ရွန်​ဒီ ပြည်​တွင်း​စစ် ကို ကြား​ဝင် ဖျန်ဖြေ​ပေး​ခဲ့​သည်။ အင်ဒို​နီး​ရှား​နိုင်ငံ ဂျ​ကာ တာ အကျဉ်း​ထောင် တွင်း​ရှိ အရှေ့ တီ​မော နိုင်ငံ​ရေး ခေါင်းဆောင်​ဂူ​ဆာ မို​ကို​သွား ရောက် တွေ့​ဆုံ​ခဲ့​သည်။ ၁​၉⁠၉​၃ ခု​နှစ်​က ဗြိတိသျှ​လူ​မည်း လူ​ငယ် စ​တက်​ဖင်​လော ရင့်စ် အသတ်​ခံ​ရ​မှု အတွက် ဗြိ​တိန် ရဲ​တပ် ဖွဲ့​အား တောင်း​ဆို ဖိ​အားပေး​ခဲ့​သည်။

”အခြား​သူ​များ ဝင်​ရောက် စွက်ဖက်​ရန် မတတ်​နိုင်​သော ကမ္ဘာ့​အရေး ကိစ္စ​များ​ကို ရိုးသား​စွာ ဝင်​ရောက်​ညှိနှိုင်း ပေး​နိုင်​သည့် အရည်အချင်း မျိုး နယ်လ် ဆင်​မန်​ဒဲ​လား တွင်​ရှိ​သည်” ဟု London School of Economics မှ ခ​ရစ္စ​တို​ဖာ အာလ်​ဒန်​က ပြောဆို​ပြီး ၁​၉⁠၉​၇ ခု​နှစ်​က အင်ဒို​နီး​ရှား သမ္မတ ဆူ​ဟာ​တို ကို ဆန့်ကျင်​၍ အကျဉ်း​ကျ ခံ အရှေ့ တီ​မော နိုင်ငံ​ရေး သမား ဂူ​ဆာ​မို (Gusmao) ကို ဂျ​ကာ​တာ​မြို့​တွင် ၂ နာရီ ကြာ​မျှ တွေ့​ဆုံ​နိုင် ခဲ့​သည့် နယ်လ်​ဆင်​၏ အရည်အချင်း ကို ထောက်​ပြ​ခဲ့​သည်။ ယင်း တွေ့​ဆုံ​မှု က အ ရှေ့​တီ​မော နိုင်ငံ လွတ်လပ်​ရေး အတွက် လမ်းခင်း​ပေး​ခဲ့ ပြီး​နောက် နှစ်​နှစ် အကြာ တွင် ဂူ​ဆာ​မို လွတ်မြောက်​ခဲ့​သည်။

ယခု​နှစ်​များ အတွင်း ကမ္ဘာ​က လေးစား​ရ​သော အခြား ကမ္ဘာ့​သက်ကြီး နိုင်ငံ​ရေး ခေါင်းဆောင် များ​လည်း ပေါ်ပေါက်​ခဲ့သော်​လည်း သူ​တို့​၏ လုပ်ကိုင် ဆောင်ရွက်​မှု များ သည် ပြည်​တွင်း ကိစ္စ များ (သို့မဟုတ်) အစိုးရ ကိုယ်စား ဝင် ရောက် လုပ်ကိုင်​မှု​များ​သာ ဖြစ်​သည်။

ဂျင်​မီ​ကာ​တာ သည်​လည်း မြောက်​ကို​ရီး​ယား အငြင်း​ပွား​ဖွယ် ကိစ္စ များ​အတွက် သွား​ရောက် ဆွေးနွေး​ခဲ့​ခြင်း ၊ ရွေး ကောက်​ပွဲ​များ ကို စောင့်ကြပ် ကြည့်​ရှု​ပေး​ခြင်း ၊ လေ့ကျင့် သင်ကြား​ပေး​ခြင်း တို့​ဖြင့် အာ​ဖ​ရိ​က ဒီ​မို​က​ရက် တိုက်​ဇေး​ရှင်း​ဖြစ် စဉ်​ကို အဓိက နေရာ​မှ ကူညီ​ခဲ့​ခြင်း တို့​ကို လုပ်ကိုင်​ခဲ့သော်​လည်း ယင်း​တို့​မှာ အလုပ် သဘော အရသာ​ဖြစ်​ပြီး မန်​ဒဲ​လား ကဲ့သို့ စိတ်​လှုပ်ရှား​ဖွယ် ဩဇာ သက်ရောက်​မှု များ မ​ရှိ​ခဲ့​ပေ။

”ကမ္ဘာ့​ဖ​ခင် တစ်​ဦး​၏ ပုံ​ရိပ် မျိုး​ထိ​နိုး​ထ လာ​ခဲ့​ရ သော အဓိက​အချက်​မှာ နယ်လ်​ဆင်​မန်​ဒဲ​လား ၏ ကိုယ်​ရည် ကိုယ်​သွေး ဖြစ်​သည်”ဟု ယုံကြည် မိ​ကြောင်း အတ္ထုပ္ပတ္တိ​ရေး သူ ဒေး​ဗစ်​ဂျိမ်း​စ​မစ်​က ပြောဆို​ခဲ့​သည်။

နယ်လ်​ဆင်​မန်​ဒဲ​လား သည် လွန်စွာ နက်​နက် ရှိုင်း​ရှိုင်း ရှုပ်​ထွေး လှ​သည့် အခြေအနေ များ အကြား ကိစ္စ များ​ကို ပြီး မြောက်​အောင် ဆောင်ရွက်​နိုင်​စွမ်း ရှိ​ပြီး တစ်​ချိန် တည်း​မှာ​ပင် ယာ​ခင်း​ထဲ​မှ သိုး ကျောင်းသား တစ်​ဦး​ကဲ့သို့ ရိုး​ရှင်း​မှု၊ ကြည်လင်​မှု တို့​လည်း ၎င်း​ထံ​တွင် ရှိ​သည်။ အရပ်သား များ​နှင့် ဘုရင်​များ ကို​လည်း တစ် တန်း​တည်း ထား​၍ စကားပြော ဆို​ခဲ့​သည်။ မိတ်ဆွေ​များ​၏ အမည်​များ​ကို မှတ်မိ အလေး​ထား​ပုံ တို့​နှင့် လူ​တစ်​ဦး​ချင်း စီ​ကို အချိန်​ပေး စကား ပြောဆို​ပေး​ခြင်း တို့​က လည်း​သူ့​ကို လူ​တိုင်း က ချစ်ခင်​စေ​ပါ​သည်။

”ကမ္ဘာ​ကြီး​၏ မည်​သည့် နေရာ​ကို မ​ဆို​သွား​ပြီး သူ​၏ မျက်နှာ​ပုံ ကို​ပြ​လျှင် လူ​တိုင်း​က သူ့​အမည်​ကို သိ​ကြ​ပါ​လိမ့် မည်။ ထို​ကဲ့သို့ လူ​မျိုး ယခု​သက်​ရှိ ထင် ရှား​ရှိ သူ​များ အကြား မ​ရှိ​တော့​ပါ”ဟု အတ္ထုပ္ပတ္တိ​ရေး​သူ စ​မစ်​က ဆက်လက် ပြော​ကြား​သေး​သည်။

”အကျဉ်းသား ဘဝ​မှ နိုင်ငံ​ရေး သ မား​ဖြစ်လာ​သူ ဒေါ်​အောင်​ဆန်း​စု​ကြည် သည်​လည်း အလွန် စိတ်ဝင်စား​စရာ ကောင်း​သည့် ဇာတ်​လမ်း တစ်​ပုဒ်​ဖြစ် ကြောင်း၊ သူမ သည် တစ်​နေ့ နယ်လ်​ဆင် မန်​ဒဲ​လား ဖြစ် လာ​မည်​လား၊ နိုင်ငံ​ရေး ဇာတ်​လမ်း များ​က မည်သို့ ဖြစ်လာ​ဦး မည်​ကို ကျွန်တော် တို့ မ​သိ​သေးသော် လည်း ”ဖြစ်​နိုင်​ပါ​သည်”။ ယုံကြည်​ချက် အကျဉ်းသား တစ်​ဦး ဖြစ်​ခဲ့​သည့် အတွက် ဒေါ်​အောင်​ဆန်း​စု​ကြည် ထံ​တွင် အံ့ဩ ဖွယ်ရာ ကိုယ်​ကျင့် တရား ဆိုင်​ရာ ဩဇာ ရှိ​နေ​ပြီး ယခု​အခါ တက် ကြွ သော နိုင်ငံ​ရေး အခန်း ကဏ္ဍ တစ်​ရပ်​ကို ဆောင်ရွက် နေ​သည်။ အခြေအနေ များ​စွာ က​လည်း သူမ​ကို ခက်ခဲ​သည့် အနေ အထား မျိုး ရောက်​အောင် ပို့ဆောင်​နေ ကြ​သည်” ဟု နိုင်ငံ​တကာ ဆောင်းပါး​ရှင် ဆိုင်​မွန်​မတ် (Simon Marks) က ပြော​ကြား​သည်။

”တစ်​ဦး တစ်​ယောက်​သည် မ​လွဲ သာ မ​ရှောင်​သာ ခေါင်းဆောင်​မှု နေရာ ကို ယူ​ရ​တော့​မည် ဆို​လျှင် မ​ရည်​ရွယ်​ဘဲ အခြား သူ​များ​နှင့် ထိခိုက် ပွတ်တိုက်​မှု​များ ရှိ​တတ် သည်မှာ ဖြစ်​ရိုး ဖြစ်​စဉ်​ဟု လက် ခံထား​ကြသော် လည်း တစ်​နေ့​သ​၌ ရက် စက် ကြမ်းကြုတ်​သော​နိုင်ငံ​ရေး လုပ်​ငန်း များ​နှင့် ဆက်ဆံ​စရာ မ​လို​အပ်​တော့ သည့် အချိန်​၌ သူမ​ထံ တွင်​လည်း ထို​ကိစ္စ မျိုး ရှိ​တော့​မည်​မဟုတ်​ပေ။

မ​ဟတ္တ​မ ဂန္ဓီ၊ နယ်လ်​ဆင်​မန်​ဒဲ လား၊ ဒေါ်​အောင်​ဆန်း​စု​ကြည် တို့ အား လုံး​သည် နိုင်ငံ​ရေး အကျဉ်းသား များ ဖြစ်​ခဲ့​ကြ​ပြီး ဤ​ကဲ့သို့ ပုဂ္ဂိုလ်​ရေး ဆိုင်​ရာ ကိစ္စ​များ​ကို အနစ်​နာခံ​မှု များ​က​လည်း အရေးကြီး​သော အခန်း​ကဏ္ဍ တစ်​ရပ် ဖြစ်​ကြောင်း၊ မြောက် ကို​ရီး​ယား​နှင့် တရုတ်​နိုင်ငံ တို့​တွင်​လည်း အလားတူ ကိစ္စ​များ ရှိ​ပြီး ထင်ပေါ်ကျော် ကြား​ခြင်း မ​ရှိ​သေး​ကြောင်း” ကို​ဆောင်းပါး​ရှင် ဆိုင် မွန်​မတ်(Simon Marks)က ဆက်လက် ပြော​ကြား ထား​သည်။

သက်ဆိုင်​ရာ​နိုင်ငံ များ​၏ အပြောင်း အလဲ တစ်​နေရာ​ရာ ၌ သူ​တို့​သည် ဦး ဆောင် လုပ်ကိုင်​သူ အေး​ဂျင့်​အဖြစ် ပေါ် ပေါက်​လာ ခဲ့​ကြ​ရ​သည်။ ထို​ကဲ့သို့ အခြေ အနေ​မျိုး ၌ ဝင်​ရောက် အနစ်​နာခံ​ဆောင် ရွက်​ရန် မှန်ကန်​သော အခိုက် အတန့်​ကို ရွေးချယ်​နိုင်​ရန် လည်း လို​အပ်​လေ​သည်။

ဤ​နေရာ​၌ ‘အနစ်​နာခံ’ သည် ဆို သော စကားလုံး​သည် အနုတ်​လက္ခဏာ (Cynical) ဆောင်​သော သဘော​မျိုး ရှိသော်​လည်း နိုင်ငံ​ရေး အရ မှန်ကန် သော အခိုက် အတန့်​တွင် ၎င်း​တို့​၏ ပုဂ္ဂိုလ်​ရေး အနစ်​နာခံ​မှု က နိုင်ငံ​ရေး အရ အမြတ် ထွက်​စေ​ပြီး အပြောင်း​အလဲ ကို လည်း ပိုမို အကျိုး​သက်ရောက်​စေ​သည်။

ဤ​ကဲ့သို့ သာမန်​ထက် ထူးခြား​သော ပုဂ္ဂိုလ်​များ​သည် မ​ကြာ​ခဏ လွယ်​လွယ်ကူ​ကူ ပေါ်​ထွန်း​လာ​ကြ​လေ့ မ​ရှိ​ပေ။ သို့သော် ယနေ့ လူ​မှု မီ​ဒီ​ယာ​ကွန် ရက်​ခေတ်​တွင် မူ ဝေ ဖန်​ပြစ်​တင်​မှု များ​ကို အလွန် လွယ်ကူ​လျင်မြန်​စွာ ပြုလုပ်​နိုင် သော​ကြောင့် ရေ​ရှည် တည်တံ့​သည် နာမည်ကောင်း တစ်​ခု တည်ဆောက်​ရန် မှာ​လည်း မလွယ်​ကူ​လှ​ပေ။

”The Elders” ဆို​သည့် ကမ္ဘာ့ ခေါင်းဆောင် များ​ပါဝင်​သည့် အဖွဲ့​တစ် ဖွဲ့​ကို နယ်လ်​ဆင်​မန်​ဒဲ​လား ၏ ၈​၉ နှစ် မြောက် မွေး​နေ့​တွင် ဖွဲ့​စည်း​ခဲ့​ကြ​သည်။

”ထို​ကဲ့သို့ ဝါ​ရင့် နိုင်ငံ​ရေး သမား အမျိုးသမီး၊ အမျိုးသား​များ ပါဝင်​သော အဖွဲ့​အစည်း အနေ​ဖြင့် သူ​တို့​၏ အရည် အချင်း​ကောင်း များ​နှင့် လုပ်ဆောင်​နိုင်​သည့် အရာ​များ ကို မူ စောင့်​ကြည့် ရ​မည် ဖြစ်​ကာ ၎င်း​တို့​သည်​လည်း မျိုး​ဆက် တစ်​ဆက်​လျှင် တစ်​ဦး​သာ ပေါ်​ထွန်း တတ်​သည့် သူ​မျိုး​များ ဖြစ်​ကြ​သည်။

လူ​သား မျိုး​နွယ် အတွက် ထို​ကဲ့သို့ ပုဂ္ဂိုလ်​များ လို​အပ်​ကာ ၎င်း​တို့ မ​ရှိ​လျှင် ရက်စက် ကြမ်းတမ်း​သော ပဋိပက္ခ​များ အတွင်း ကျ​ရောက် သွား​နိုင်​ခြေ ရှိ​သည် ကို အလေး အနက် ထား​ရ​မည်။ လို​အပ် သော အချိန် တစ်​ချိန်​ချိန် မှာ ထို​ကဲ့သို့ အမျိုးသား၊ အမျိုးသမီး တစ်​ဦး​ဦးပေါ် ပေါက်​လာ​ဖို့ မျှော်လင့်​မိ ကြသော်​လည်း မိုး​ကုတ် စက် ဝိုင်း​အောက် နယ်လ်​ဆင် မန်​ဒဲ​လား​လို လူ​မျိုး တစ်​ဦး တစ်​ယောက်​မျှ မ​တွေ့​ရှိ​သေး​ပါ” ဟု London School of Economics မှ ခ​ရစ္စ​တို​ဖာ အာလ်​ဒန် က မှတ် ချက်​ပေး ခဲ့​သည်။

Ref: BBC News – Magazine Mandela Death: Who next as the world’s elder statesman?
By Tom Geoghegan ကို ဆီလျော်​အောင် ပြန်ဆို​သည်။

Credit to Popular Myanmar News Journal

Share Button

Click here to submit your review.


Submit your review
* Required Field

1500 total views, 1 today

  

Leave a Reply

  • shame

    Shameful Mistake

    by on 2014年1月8日 - 0 Comments

    အမှား​တွေ၊ အလွဲ​တွေ

  • enlightenment

    ရင်လေး​ဖွယ်ရာ အနာဂတ်​သာသနာ

    by on 2014年2月6日 - 0 Comments

    တစ်​နေ့​က ‘ဘ​ဂ​ဝါ ယူ​နိုက်​တက်စ်​အက်ဖ်​စီ’ လို့ နာမည်​တပ်​ထား​တဲ့ အီးလ်​မေးလ် တစ်​စောင် ဦး​ပဥ္စင်း​ဆီ ရောက်လာ​ပါ​တယ်။

  • chinatown

    တရုတ်တန်း​က စစ်ကိုင်း​လမ်း

    by on 2014年2月7日 - 0 Comments

    လမ်း​ထဲ​သို့ ချိုး​ဝင်​လိုက်​သည်​နှင့် အကင်ညှော်​နံ့​များ​က နှာသီး​ဝ​ကို​လာ​ရောက်​ကျီစယ်​သည်။ ကား​တစ်​စီး​လွတ်​ရုံ​လမ်း​လေး​ထဲ ခင်းကျင်း​ထား​သည့် စားပွဲ​ဝိုင်း​...

  • yangon_view_south

    Yangon Dream

    by on 2014年3月5日 - 0 Comments

    (Written by: ချစ်​ဝင်း​မောင်) နှစ်​ပေါင်း ၂​၀ ကျော် ကာလ​အတွင်း ကျွန်တော်​နေထိုင်​ရာ အရပ်​သည် မ​ယုံကြည်​နိုင်​လောက်​ဖွယ် အံ့​မ​ခန်း ပြောင်းလဲ​သွား​ခဲ့​သည်။ နေ...

  • coffee

    အဆိပ်​သင့်​အနမ်း​များ

    by on 2013年11月15日 - 0 Comments

    Written by ရွှေ​ရည် ကော်​ဖီ​ဆိုင်​ဟု အမည်တပ်​ထား​သော ဆိုင်​လေး​ထဲ​သို့ ဆယ်ကျော်​သက် စုံ​တွဲ​တစ်​တွဲ ဝင်​ရောက်လာ​ပြီး “အခန်း​ရှိ​သေး​လား” ဆို​သော​အသံ​က ဆယ်ကျေ...