Welcome, visitor! [ Register | LoginRSS Feed  | 

စင်​ကာ​ပူ​က နှလုံး​လှ​မီးဖို​ချောင်

| 未分類 | 2013年11月8日

စင်​ကာ​ပူ​နိုင်ငံ​သည် အရှေ့တောင်​အာ​ရှ ထိပ်​တန်း နိုင်ငံ​တစ်​နိုင်ငံ ဖြစ်​သည်။ နိုင်ငံ​သေးသော်​လည်း နည်း​ပညာ ဖွံ့ဖြိုး​ခြင်း၊ ကူးသန်း​ရောင်းဝယ်​ရေး ကောင်းမွန်​ခြင်း တို့​ကြောင့် ပညာ​ရှင်​များ၊ လုပ်​ငန်း​ရှင် များ နိုင်ငံ​ခြား​သား များ​စွာ​ရှိ​နေ​ကြ​သည်။ တိုးတက် ဖွံ့ဖြိုး​မှု​နည်းတူ အပြိုင်​အဆိုင်​လည်း အလွန်​များ​သည်။ စင်​ကာ​ပူ​ဟု ပြော​လိုက်​လျှင် တည်ထောင်​သူ လီ​ကွမ်​ယု​နှင့် သန့်ရှင်း​သပ်ရပ်​သော လမ်း​များ၊ မိုးမျှော်​တိုက်တာ​များ​သာ မြင်​ယောင်​မိ​ပေ​လိမ့်​မည်။ သို့သော် စင်​ကာ​ပူ​တွင် ထမင်း​တစ်​နပ်​အတွက် ပင်ပန်း​ခက်ခဲ​စွာ ရုန်း​ကန် နေ​ကြ​ရ​သည့် မြို့ပြ နွမ်းပါး​သူ​များ​စွာ ရှိ​နေ​သည်။

တိုက်​လှေကား​များ၊ ပန်းခြံ ခုံ​တန်း​များ​တွင် နေထိုင်​ကြ​သည့် အိမ်​ခြေ​မဲ့ မြို့ပြ နွမ်းပါး​သူ များ​စွာ​လည်း ရှိ​နေ​သည်။ သို့သော် စင်​ကာ​ပူ​မှ ကက်​သ​လစ် ဘာသာ​ဝင် လူ​တစ်​စု တည်ထောင်​ထား​သည့် မီးဖို​ချောင်​လေး တစ်​ခု​ကတော့ ထို​လူ​များ​စွာ​ကို မ​မေ့​ထား​ကြ​ပေ။ Willing Hearts ဟု အမည်​ရ​သည့် ယင်း​အုပ်စု​လေး​ကို စတင်​တည်ထောင်​သူ​က မစ္စတာ​တို​နီ​တေး ဖြစ်​သည်။ နေ့စဉ် နွမ်းပါး​သူ လူ ၂​၅​၀​၀ လောက်​အတွက် ထမင်း​ဟင်း​များ​စွာ​ကို ထောက်ပံ့​ကူညီ ပေး​ခဲ့​သည်မှာ ရှစ်​နှစ်​ခန့် ရှိ​ပေ​ပြီ။ ယင်း​အဖွဲ့​လေး စ​ဖြစ်​ခဲ့​သည့်​ပုံ​ကို မစ္စတာ​တို​နီ​တေး​က ရှင်း​ပြ​သည်။

စိတ်​လှုပ်ရှား​စရာ အလှည့်​အပြောင်း တစ်​ခု​ကြောင့်​ဟု တို​နီ​တေး​က ဆို​သည်။ ထို​နေ့​က သူ့​အိမ်​သို့ လူတော်တော်​များ​များ လာ​ကြ​သည်။ သူ​သိ​သူ​တွေ​ရော၊ မျက်​မှန်း​သာ တန်း​မိ​သူ​တွေ​ရော ပါ​သည်။ တို​နီ​တေး​၏​မိ​ခင် နာ​ရေး​ဖြစ်​သည်။ နာ​ရေး​လာ​သူ တော်တော်​များ⁠များ​က သူ့​မိ​ခင်​တစ်​နည်း​မဟုတ် တစ်​နည်း ကူညီ​ခဲ့​ဖူး​သူ​များ​သာ ဖြစ်​နေ​သည်​ကို အံ့ဩ​တ​ကြီး သိ​လိုက်​ရ​သည်။ သူ့​မိ​ခင်​၏ သူတစ်ပါး​အပေါ် ကူညီ​ချင်​စိတ်​ကို သူ​သိ​လိုက်​ရ​တော့ ရင်​ထဲ​ကို ထိရှ​မိ​သွား​သည်။ သို့သော် လူ​တွေ​ကို ဘယ်​လို ကူညီ​ရ​မည် ဆို​သည်​ကို​မူ မ​သိ​ခဲ့​ပေ။

၂​၀⁠၀​၃ ခု​နှစ်​၏ တစ်​ရက်​တွင် သူမျှော်​လင့်​သော ကူညီ​ခွင့် ရ​ရှိ​ခဲ့​သည်။ ကွန်​ဗင့် သီလ​ရှင်​ကျောင်း​မှ စစ္စ​တာ အဲ​လိ​ဇ​ဘက်​က သူ့​ကို ပေါင်မုန့် အနည်းငယ် ပေး​သည်။ ‘ဒါ​လေး​တွေ လျှောက်​ဝေ​ပေး’ ဟု ပြော​သည်။ တို​နီ​က သူ့​ဇနီး မေ​ရီ​ကို​လည်း သူ​နဲ့​လိုက်​ခဲ့​ရန် ပြော​သည်။ သို့သော် ဘယ်​သွား​ရ​မှန်း​မ​သိ။ ဘူ​ကစ်​မာ​ရာ ပတ်ဝန်းကျင်​ဒေသ​မှာ အကူအညီ လို​အပ်​နေ​သော ရွှေ့​ပြောင်း လုပ်သား​များ ရှိ​သည်​ဟု သီလ​ရှင်​တစ်ပါး​က ပြော​သ​ဖြင့် ထို​နေရာ​သို့ သွား​ကြ​သည်။ ဟင်းသီး​ဟင်းရွက်​တွေ​ပါ ယူသွား​သည်။
ဘူ​ကစ်​ရပ်​ရွာ​မှာ သွား​ပြီး​တော့ ပေါင်မုန့်​နှင့် ဟင်းသီး​ဟင်းရွက် တို့​ကို သွား​ပေး​သည်။ ထို​အရပ်​တွင် နေ​သည့် လူ ၅​၀ လောက်​က ဝမ်းပန်း​တ​သာ လက်ခံ​ကြ​တာ​ကို ကြည့်​ပြီး လို​အပ်​နေ​သူ​များ​ကို ထိ⁠ထိ​ရောက်​ရောက် ကူညီ​ပေး​နိုင်​ရန် ကြိုးစား​မည်​ဟု ဆုံးဖြတ်​လိုက်​ပေ​သည်။

နောက်​တို​နီ​နှင့် မေ​ရီ​တို့​၏ အိမ်​အနီး​တွင် ကွန်​ဒို​အသစ် လာ​ဆောက်​ရာ အလုပ်​သမား များ​စွာ​လည်း ပါလာ​သည်။ အိမ်​ကို​သူ​တို့ ရေ​လာ​တောင်း သောက်​ကြ​သည်။ ပင်​ပင်ပန်း​ပန်း လုပ်​ကြ​ရ​သည့် ထို​အလုပ်​သမား​များ စား​ရ​သောက်​ရ​တော့ သိပ်​မ​ကောင်း​သည့် နေ့လယ်စာ ဖြစ်​နေ​ခြင်း​ကို မြင်​ရ​သည့်​အခါ လင်မယား​နှစ်​ယောက် စိတ်​မ​ကောင်း​ကြ။ ထို့​ကြောင့်​သူ​တို့​ကို ထမင်းချက်​ကျွေး​ရန် ဆုံးဖြတ်​လိုက်​ကြ​ရာ​မှ Willing Hearts အဖွဲ့ စ​ထောင်​ဖြစ်လာ​သည်။

သူ​တို့ ဘုရားရှိခိုး​ကျောင်း စိန့်​မိုက်​ကယ်​မှ လူ​ကိုး​ဦး စုပေါင်း​ကာ အဖွဲ့​အစည်း​လေး​တစ်​ရပ် ထူထောင်​ကြ​ခြင်း ဖြစ်​သည်။ Willing Hearts သည် လို​အပ်​နေ​သူ​များ​ကို အတတ်​နိုင်​ဆုံး ကူညီ​ပေး​ကြ​သည်။ အဓိက​ကတော့ အာဟာရ ဖြစ်​သည်။ ကက်​သ​လစ် ဘာသာ​ဝင်​များ စုစည်း​ထား​သည့် အဖွဲ့​ဖြစ်သော်​လည်း ဘာသာ​လူ​မျိုး မ​ခွဲ​ခြား​ဘဲ ကူညီ​ပေး​သည်။
“အဖွဲ့​ရဲ့ အဓိက ရည်​ရွယ်​ချက်​ကတော့ ကျွန်တော်​တို့ ပတ်ဝန်းကျင်​မှာ​ရှိ​တဲ့ ဆာလောင်​နေ​သူ​တွေ​ကို ကုစား​ပေး​ဖို့​ပါ” ဟု အသက် ၆​၀ ကျော်​နေ​ပြီ ဖြစ်​သည့် စီးပွား​ရေး​သမား​ဟောင်း​ကြီး တို​နီ​တေး​က ဆို​သည်။

နွမ်းပါး​သူ သက်ကြီး​ရွယ်​အို​များ၊ ကလေး​တစ်​ယောက်​နှင့် ရုန်း​ကန်​နေ​ရ​သည့် Single မိဘ​များ​နှင့် အလုပ်အကိုင် အဆင်​မ​ပြေ အခက်​တွေ့​နေ​သော စင်​ကာ​ပူ​ရောက် အလုပ်​သမား​များ​ကို ထမင်း​ပို့​ပေး​နေ​သည်​ဟု သူ​က​ပြော​ပြ​သည်။

စ​ဖွဲ့​ခါ​စ​က ပေါင်မုန့်​နှင့် ဟင်းသီး​ဟင်းရွက်​များ​သာ ပေး​နိုင်​ခဲ့သော်​လည်း ယခု​ဆို​လျှင် နေ့စဉ် ပျော်ပျော် ပါး​ပါး ချက်​ပြုတ်​ကြ​ပြီး ထမင်း​ဘူး​များ လိုက်လံ ပို့​ပေး​နိုင်​သွား​သည်။
သူ့​လို​ပင် ပင်စင်​စား မိတ်ဆွေ​များ​နှင့်​အတူ မစ္စတာ​တေး​က ပျော်ပျော်​ပါး⁠ပါး​ကြီး​ကို အချိန်​ပြည့် စေ​တ​နာ့​ဝန်​ထမ်း တာဝန် ထမ်း​ဆောင်​နေ​သည်။

လူ​တွေ အများ​ကြီး​ကို နေ့စဉ် ထမင်း​တွေ ဟင်း​တွေ ထောက်ပံ့ ပေး​နေ​တာ ပိုက်ဆံ ဘယ်​ကရ​သလဲ​လို့ မစ္စတာ​တို​နီ​ကို မေး​ကြည့်​သည့်​အခါ ၎င်း​က​မိတ်ဆွေ​များ အချင်းချင်း လှူ​ကြ၊ ထည့်​ဝင်​ကြ​တာ​နဲ့ လုပ်​နေ​တာ​ဟု ပြန်​ဖြေ​သည်။ ဗုဒ္ဓ​ဘာသာ ဘုရား​ကျောင်း တစ်​ကျောင်း​က တို​နီ​တေး​တို့ Willing Hearts ကို ဆန်​ပုံ​မှန် လှူ​ပေး​သည်။ ထမင်း​ဘူး​တွေ လိုက်ပို့​ပေး​ဖို့ ဗင်​ကား​များ​လည်း လှူ​ပေး​ထား​သည်။ ဘာသာ​မ​တူသော်​လည်း ပရဟိတ​ကို ပူးပေါင်း လုပ်ဆောင်​ကြ​ခြင်း​မှာ အားကျ​ဖွယ် ဖြစ်​သည်။

Willing Hearts အဖွဲ့​ကို ဝင်​လို​လျှင် တစ်​နှစ် အဖွဲ့​ဝင်​ကြေး စင်​ကာ​ပူဒေါ်​လာ ၂​၅ ဒေါ်လာ သွင်း​ရ​သည်။ အဖွဲ့​မ​ဝင်​လို​ဘဲ သီး​သန့် လှူ​လို​က​လည်း လှူ​နိုင်​သည်။ အချိန်​ပိုင်း စေ​တ​နာ့​ဝန်​ထမ်း​နှင့် အချိန်​ပြည့် စေ​တ​နာ့​ဝန်​ထမ်း​ဆို​ပြီး ခွဲ​ထား​သည်။

အသက် ၄​၀ အရွယ် မစ်စ်​ဂို့သ်​သည် အချိန်​ပြည့် စေ​တ​နာ့​ဝန်​ထမ်း ဖြစ်​ပြီး တစ်​ပတ်​လျှင် ခြောက်​ရက် တာဝန်​ထမ်း​ဆောင် ပေး​သည်။ “ဟို​ပြေး​ဒီ​ပြေး​နဲ့ အရူး​လို​ပဲ​ရှင့်။ ဒါပေမဲ့ ပျော်​စရာ ကောင်း​ပါ​တယ်” ဟု သူမ​က မှတ်ချက်​ပြု​သည်။

ကိုယ့်​ဘဝ​ရဲ့ အလုပ်​တာဝန်​များ​ကို အနား​ယူ​လိုက်​ချိန်​မှာ အများ​အတွက် ပျော်ပျော်​ပါး​ပါး အစေခံ​နိုင် သည်​ကို စင်​ကာ​ပူ​က မစ္စတာ​တို​နီ​နှင့် အဖွဲ့​က ဦးဆောင် လုပ်​ပြ​နိုင်​ခဲ့​ပြီ ဖြစ်​သည်။ သူ​တို့​အဖွဲ့​ကို စင်​ကာ​ပူ​သမ္မတ ကိုယ်တိုင်​က ပေး​အပ်​သည့် ပရဟိတ​ဆု​လည်း ချီးမြှင့်​ခံ​ရ​သည်။ ဘာသာ​တရား၊ လူ​မျိုး မ​ခွဲ​ခြား​ဘဲ ပူးပေါင်း​စုရုံး လုပ်ဆောင်​နိုင်​သည့် အလှ​တရား​ကို​လည်း ပီပြင်​စေ​သည်။

မီးဖို​ချောင် ခန်းမ​ကြီး​တွင် လူ​ပေါင်း​များ​စွာ​အတွက် မ​မော​နိုင်​မ​ပန်း​နိုင် ပျော်​ရွှင်​စွာ ချက်​ပြုတ်​ပေး​နေ ကြ​သူ​များ​သည် ပိုက်ဆံ မ​ရသော်​လည်း သူ​တို့​ရင်​ထဲ​မှာ ရ​ရှိ​နေ​သည့် ပီ​တိပျော်​ရွှင်​မှု​က တိုင်းတာ​၍​ရ​သော ငွေ​ကြေး ဥစ္စာ​များ​ထက် အဖိုး​အနဂ္ဃ ထိုက်​ပေ​လိမ့်​သည်။

Credit to the Voice

Share Button

Click here to submit your review.


Submit your review
* Required Field

No Tags

1227 total views, 1 today

  

Leave a Reply

  • shame

    Shameful Mistake

    by on 2014年1月8日 - 0 Comments

    အမှား​တွေ၊ အလွဲ​တွေ

  • enlightenment

    ရင်လေး​ဖွယ်ရာ အနာဂတ်​သာသနာ

    by on 2014年2月6日 - 0 Comments

    တစ်​နေ့​က ‘ဘ​ဂ​ဝါ ယူ​နိုက်​တက်စ်​အက်ဖ်​စီ’ လို့ နာမည်​တပ်​ထား​တဲ့ အီးလ်​မေးလ် တစ်​စောင် ဦး​ပဥ္စင်း​ဆီ ရောက်လာ​ပါ​တယ်။

  • chinatown

    တရုတ်တန်း​က စစ်ကိုင်း​လမ်း

    by on 2014年2月7日 - 0 Comments

    လမ်း​ထဲ​သို့ ချိုး​ဝင်​လိုက်​သည်​နှင့် အကင်ညှော်​နံ့​များ​က နှာသီး​ဝ​ကို​လာ​ရောက်​ကျီစယ်​သည်။ ကား​တစ်​စီး​လွတ်​ရုံ​လမ်း​လေး​ထဲ ခင်းကျင်း​ထား​သည့် စားပွဲ​ဝိုင်း​...

  • yangon_view_south

    Yangon Dream

    by on 2014年3月5日 - 0 Comments

    (Written by: ချစ်​ဝင်း​မောင်) နှစ်​ပေါင်း ၂​၀ ကျော် ကာလ​အတွင်း ကျွန်တော်​နေထိုင်​ရာ အရပ်​သည် မ​ယုံကြည်​နိုင်​လောက်​ဖွယ် အံ့​မ​ခန်း ပြောင်းလဲ​သွား​ခဲ့​သည်။ နေ...

  • nelsonmandela

    မင်​ဒဲ​လား​ပြော​ခဲ့​သော စကား​တစ်​ခွန်း

    by on 2014年1月27日 - 0 Comments

    Written by ဦးတင်​ဦး (ကျူ​ရှင်) လွန်​ခဲ့​တဲ့​သောကြာနေ့​ည​က ည​စဉ်​သွား​နေကျ​ဆေး​ခန်း​သို့ ရောက်​သွား​သော​အခါ ဆရာဝန်​၏​အိမ်​မှ​ရုပ်​မြင် သံ​ကြား​ဖန်​သား ပြင်ပေါ...