Welcome, visitor! [ Register | LoginRSS Feed  | 

ဆာ​မူ​ရိုင်း​များ

| Myanmar Business | 2013年11月18日

samurai

Written by ဒေါက်​တာ​အောင်​ကို​ကို

ဆာ​မူ​ရိုင်း (Samurai) ဟု ဆို​လျှင် ဂျပန်​စစ် သူရဲကောင်း​များ (Warriors) ဟု အများ​အား​ဖြင့် သိ​ကြသော်​လည်း ယင်း​ဆာ​မူ​ရိုင်း​များ​သည် စစ်သူရဲ​ကောင်း​များ သက်သက်​မျှ မဟုတ်​ဘဲ မိမိ​နိုင်ငံ (ဂျပန်​နိုင်ငံ) ၏ အထွေ​ထွေ အင်အား​ကို ခေတ်​မီ​တိုးတက်​စေ​ရန် ဆောင်ကြဉ်း​ပေး​ခဲ့​သော စိတ်​ဓာတ်​ပြင်းထန်​သော မျိုး​ချစ်​သူရဲကောင်း​များ ဖြစ်​သည် ဆို​ခြင်း​နှင့် ယနေ့​တိုင် ဂျပန်​နိုင်ငံ​၏ နိုင်ငံ​ရေး၊ စီးပွား​ရေး​နယ်ပယ် အသီး​သီး​တွင် ယင်း​ဆာ​မူ​ရိုင်း စိတ်​ဓာတ်​များ ထင်​ထင်ရှား​ရှား ကျန်​ရှိ​နေ​သေး​သည်​ကို တွေ့​မြင်​နိုင်​သည်။

တစ်​ချိန်​က သယံဇာတ​များ​လည်း မ​ရှိ​သော လွန်စွာ​ဆင်းရဲ​သော နိုင်ငံ​ငယ်​လေး တစ်​နိုင်ငံ ဖြစ်​သော ဂျပန်​နိုင်ငံ​သည် မိမိ​နိုင်ငံ​ကို ပြန်လည်​ထူထောင်​ရန် ကြိုးပမ်း​စဉ်​တွင် ယင်းကာ​လ အမြော်အမြင် ကြီးမား​သော ဆာ​မူ​ရိုင်း လူ​ငယ်​အချို့ လုပ်ကြံ​သတ်​ဖြတ်​ခြင်း​ပင် ခံ​ခဲ့​ရသော်​လည်း တစ်​မျိုး​သား​လုံး​က ပြုပြင်​ပြောင်းလဲ​ရေး​ကို လိုလား​နေ​ချိန် ဖြစ်​သော​ကြောင့် ယင်း​ပြုပြင် ပြောင်းလဲ​မှ​သာ (တံခါး​ပိတ် ဂျပန်​နိုင်ငံ) အဆင့်​မှ ပြောင်းလဲ တိုးတက်​မည် ဆို​သည်​နှင့် မ​ကွာ​သော နိုင်ငံ​ရေး၊ စီးပွား​ရေး စနစ်​များ​ကို စနစ်​တ​ကျ ပုံ​သွင်း​ပုံဖော် ခဲ့​ကြ​သည်​ကို တွေ့​ရ​သည်။

ထို​ဆာ​မူ​ရိုင်း​စိတ်​ဓာတ် (မိမိ​နိုင်ငံ မိမိ​လူ​မျိုး​ကို တိုးတက်​စေ​လို​သော ပြင်းပြ​သော​စိတ် အစ​ရှိ​သည်​ကို အခြေ​ခံ​သော စိတ်​ဓာတ်​ကြောင့်​ပင် ဒုတိယ ကမ္ဘာ​စစ်​တွင် ပြာ​ပုံ​အုတ်​ပုံ အဆင့်​သို့ ရောက်​ရှိ​သွား​သော လူ​ဦးရေ သန်း​ပေါင်း​များ​စွာ အစာ​ရေစာ ရှားပါး​ကာ အစာ​ရေစာ မ​လုံလောက်​သော လူ​ဦးရေ သန်း​ပေါင်း​များ​စွာ ဒုက္ခိတ​ဘ၀ ရောက်​ခဲ့​ရ​သော ဂျပန်​နိုင်ငံ​သည် ဆယ်​စု​နှစ် အနည်းငယ် အတွင်း​တွင် ကမ္ဘာ့​ဒုတိယ စီးပွား​ရေး အင်အား​ကြီး​နိုင်ငံ ဖြစ်လာ​ခဲ့​ခြင်း​ပင် ဖြစ်​သည်။

”သည်းခံ​မှု၊ ညီညွတ်​မှု၊ ဇွဲ​လုံ့လ​ကြီး​မှု၊ အမြော်အမြင်ကြီး​မှု၊ ရဲစွမ်း​သတ္တိရှိ​မှု” တို့​ဖြင့် အခြေ​ခံထား​သော ဆာ​မူ​ရိုင်း​တို့​၏ စိတ်​ဓာတ်​သည် ယနေ့ ကမ္ဘာ့​နိုင်ငံ အသီး​သီး​၏ စီးပွား​ရေး တိုးတက်​မှု ပုံ​သဏ္ဌာန် တို့​တွင်​ပင် မြင်​တွေ့​လာ​ရ​နေ​ပြီ ဖြစ်​သည်။
မြန်မာ​ဆာ​မူ​ရိုင်း​များ (Myanmar Samurais) သည်​လည်း ညီညွတ်​မှု၊ သည်းခံ​မှု၊ ဇွဲ​ရှိ​မှု၊ အမြော်အမြင် ရှိ​မှု​နှင့် ရဲစွမ်း​သတ္တိရှိ​မှု​တို့​အပေါ် အခြေ​ခံ​ကာ အဘက်​ဘက်​တွင် နိမ့်​ကျနေ​ခဲ့​သော အမိ​မြန်မာ နိုင်​ငံတော်​ကြီး​ကို တစ်​ပိုင်​တစ်​နိုင် ဝိုင်းဝန်း​ကြိုးပမ်း သွား​မည်​ဆို​လျှင်…

မြန်မာ​နိုင်ငံ​တွင်​လည်း မိမိ​နိုင်ငံ မိမိ​လူ​မျိုး​ကို တိုးတက်​စေ​လို​သော (အာဏာ​ရှင် စနစ်​အောက်​တွင် ပြီး​ပြည့်စုံ​သော တိုးတက်​မှု​ကို မ​တည်ဆောက် နိုင်​ခြင်း​ကို ကောင်း​စွာ သိ​နားလည်​သော) မြန်မာ​ဆာ​မူ​ရိုင်း​များ​၏ ကြိုးပမ်း​အားထုတ်​မှု များ​ကို​လည်း တွေ့​မြင်​လာ​ရ​ပေ​သည်။

‘ဂျပန်​ဆာ​မူ​ရိုင်း’ တို့​သည် ဆာ​မူ​ရိုင်း စိတ်​ဓာတ်​ကို အခြေ​ခံ​သကဲ့သို့ ယနေ့ မြန်မာ​နိုင်ငံ​ကို ပြုပြင်​တည်ဆောက် နေ​ကြ​သော ‘မြန်မာ​ဆာ​မူ​ရိုင်း​တို့’ သည်​လည်း မိမိ​နိုင်ငံ မိမိ​လူ​မျိုး​၏ အနာဂတ် (အနာဂတ်) ကို​ကောင်း​စွာ တည်ဆောက်​သွား​ကြ​ရန် လို​အပ်​ပေ​လိမ့်​မည်။

မြန်မာ​ဆာ​မူ​ရိုင်း​များ​ဟု ဆို​ရာ​တွင် ပြုပြင်​ပြောင်းလဲ​မှု​ကို လိုလား​ပြီး ပြုပြင်​ပြောင်းလဲ​မှု​များ (Reforms) ၏ အရေး​ပါ​မှု​ကို ကောင်း​စွာ သဘောပေါက် လက်ခံ​သော လူ​ပုဂ္ဂိုလ်​အားလုံး အကျုံး​ဝင်​ပြီး အနာဂတ် မြန်မာ​နိုင်ငံ​တွင် အထွေ​ထွေ အင်အား​ကို တည်ဆောက်​ပေး​စွမ်း နိုင်​သူ​များ​လည်း အကျုံး​ဝင်​သည်။

အမျိုးသား ခေါင်းဆောင်​ကြီး ဗိုလ်​ချုပ်​အောင်​ဆန်း​သည် ဂျပန်​ပြည်​တွင် စစ်​ပညာ သင်ကြား​ခဲ့​စဉ်​က ဂျပန်​တို့ သင်ပေး​သော စစ်​ပညာ​ကို အခြေ​ခံ​ကာ မြန်​မာ့ လွတ်လပ်​ရေး​ကို အရေးယူ​ခဲ့​သ​လို တစ်ဖက်​တွင်​လည်း မိမိ​နိုင်ငံ​၏ ညီညွတ်​မှု​နှင့် တရား​မျှတ​မှု အပေါ်​တွင် အခြေ​ခံ​ကာ မြန်မာ​တစ်​မျိုး​သား​လုံး​၏ အမျိုးသား ခေါင်းဆောင်​ကြီး​အဖြစ် ယနေ့​တိုင် ကြည်ညို​လေးစား​ခြင်း​ကို ရ​ရှိ​သူ​ဖြစ်​သည်။

မြန်မာ​ဆာ​မူ​ရိုင်း​များ (Myanmar Samurais) သည်​လည်း ညီညွတ်​မှု၊ သည်းခံ​မှု၊ ဇွဲ​ရှိ​မှု၊ အမြော်အမြင် ရှိ​မှု​နှင့် ရဲစွမ်း​သတ္တိရှိ​မှု​တို့​အပေါ် အခြေ​ခံ​ကာ အဘက်​ဘက်​တွင် နိမ့်​ကျနေ​ခဲ့​သော အမိ​မြန်မာ နိုင်​ငံတော်​ကြီး​ကို တစ်​ပိုင်​တစ်​နိုင် ဝိုင်းဝန်း​ကြိုးပမ်း သွား​မည်​ဆို​လျှင် ယနေ့​ဂျပန်​နိုင်ငံ ကဲ့သို့​သော နိုင်ငံ​တစ်​နိုင်ငံ အဖြစ်​သို့ ရောက်​ရှိ​လာ​နိုင်​ပေ သကဲ့သို့ မည်သို့​သော ပြည်​တွင်း​ပြည်​ပ​မှ ကိုယ်ကျိုး​ရှာ အတ္တ​သမား​များ​နှင့် ပျက်စီး​ရာ ပျက်စီး​ကြောင်း ကြံရွယ်​သူ​များ​၏ အန္တရာယ် အသွယ်​သွယ်​ကို​လည်း အကောင်း​ဆုံး ကာ​ကွယ်​နိုင်​ပေ​လိမ့်​မည် ဖြစ်​သည်။

မ​ဝေး​တော့​သော ၂​၀​၁​၅ ရွေး​ကောက်​ပွဲ​ကြီး အောင်​အောင်မြင်​မြင် မ​ဖြစ်လာ​ခဲ့​လျှင် အနာဂတ်​တွင် မည်​ကဲ့သို့​မျှ မ​ရေ​မ​ရာ မ​သေချာ​သော လူ​မှု​စီးပွား အခြေအနေ​များ​ကို ရင်ဆိုင်​ရ​နိုင်​ကြောင်း​လည်း ယင်း​မြန်မာ ဆာ​မူ​ရိုင်း​များ သဘောပေါက် ပေ​လိမ့်​မည်။

Credit to Eleven

Share Button

Click here to submit your review.


Submit your review
* Required Field

1147 total views, 2 today

  

Leave a Reply

  • shame

    Shameful Mistake

    by on 2014年1月8日 - 0 Comments

    အမှား​တွေ၊ အလွဲ​တွေ

  • enlightenment

    ရင်လေး​ဖွယ်ရာ အနာဂတ်​သာသနာ

    by on 2014年2月6日 - 0 Comments

    တစ်​နေ့​က ‘ဘ​ဂ​ဝါ ယူ​နိုက်​တက်စ်​အက်ဖ်​စီ’ လို့ နာမည်​တပ်​ထား​တဲ့ အီးလ်​မေးလ် တစ်​စောင် ဦး​ပဥ္စင်း​ဆီ ရောက်လာ​ပါ​တယ်။

  • chinatown

    တရုတ်တန်း​က စစ်ကိုင်း​လမ်း

    by on 2014年2月7日 - 0 Comments

    လမ်း​ထဲ​သို့ ချိုး​ဝင်​လိုက်​သည်​နှင့် အကင်ညှော်​နံ့​များ​က နှာသီး​ဝ​ကို​လာ​ရောက်​ကျီစယ်​သည်။ ကား​တစ်​စီး​လွတ်​ရုံ​လမ်း​လေး​ထဲ ခင်းကျင်း​ထား​သည့် စားပွဲ​ဝိုင်း​...

  • yangon_view_south

    Yangon Dream

    by on 2014年3月5日 - 0 Comments

    (Written by: ချစ်​ဝင်း​မောင်) နှစ်​ပေါင်း ၂​၀ ကျော် ကာလ​အတွင်း ကျွန်တော်​နေထိုင်​ရာ အရပ်​သည် မ​ယုံကြည်​နိုင်​လောက်​ဖွယ် အံ့​မ​ခန်း ပြောင်းလဲ​သွား​ခဲ့​သည်။ နေ...

  • nelsonmandela

    မင်​ဒဲ​လား​ပြော​ခဲ့​သော စကား​တစ်​ခွန်း

    by on 2014年1月27日 - 0 Comments

    Written by ဦးတင်​ဦး (ကျူ​ရှင်) လွန်​ခဲ့​တဲ့​သောကြာနေ့​ည​က ည​စဉ်​သွား​နေကျ​ဆေး​ခန်း​သို့ ရောက်​သွား​သော​အခါ ဆရာဝန်​၏​အိမ်​မှ​ရုပ်​မြင် သံ​ကြား​ဖန်​သား ပြင်ပေါ...