Welcome, visitor! [ Register | LoginRSS Feed  | 

တရုတ်​၏ ခြေလှမ်း​သစ်​များ​နှင့် ပြုပြင်​ပြောင်းလဲ​ရေး

| Life Style | 2013年11月18日

Written by နေ​ယွန်း​အိမ်

တိန့်​ရှောင်​ပင်​ကို လီ​ကွမ်း​ယု​က “လူပု​သ​လောက် ခေါင်း​ကြီး​တဲ့​လူ” ဟု ပြော​ခဲ့​ဖူး​သည်။ခြေ​လှ အဟောင်း ကို​ဖြို​၍ အသစ်​ကို စတင်​ရ​သော​အလုပ်​သည် လွယ်​သည်​တော့​မဟုတ်။ အမှား​ကို​ပြုလုပ်​သည်​ထက် အ မှား​ကို​ပြင်​ရဲ​သော သတ္တိ်​များ​က​လည်း နည်း​သည့်​များ​မဟုတ်။ တိန့်​ရှောင်​ပင်သည်​ကား ယင်း​အလုပ်​များ ကို လုပ်​နိုင်​ခဲ့​သည်။ ထို့​ကြောင့်​လည်း မော်​စီ​တုန်း​၏ “မဟာ​ခုန်​ပျံကျော်​လွှား တော်​လှန်​ရေး” ကဲ့သို့ မူ​ဝါဒ အမှား​များ​၏ ဒဏ်​မှ​လွတ်မြောက်​အောင် ခုန်​ထွက်​နိုင်​ခဲ့​သည်။ တရုတ်​ပြည်​ကို​လမ်း​သစ်​ဆီ​ရောက်​အောင် ခေါ်​ယူခဲ့​သည်။ ခေတ်​သစ်​ကို ဖော်​ဆောင်ခဲ့​သည်။ သို့​ဖြင့် ခေတ်​သစ်​တရုတ်​ပြည်​အဖြစ် ကမ္ဘာ့​ဇာတ်​ခုံ ပေါ်​တွင် အင်အား​ကြီး​နိုင်ငံ​အဖြစ် ထွက်ပေါ်​လာ​ခဲ့​သည်။ ယခု​လည်း တရုတ်​ကွန်​မြူ​နစ်​ပါ​တီ​၏ ဗဟို ကော်မတီ​ဝင်​များ တွေ့​ဆုံ​ပြီး နောင်​လာ​မည့် ဆယ်​စု​နှစ်​အတွက် စီးပွား​ရေး၊ နိုင်ငံ​ရေး​မူ​ကြမ်း​များ​ကို ပုံဖော်​နေ​သည်။ ယင်း​ခြေလှမ်း​များ​က တရုတ်​ပြည်​ကို ခေတ်​သစ်​စီးပွား​ရေး​စနစ်​နှင့် လိုက်လျော​ညီ​ထွေ ရှိ​သော၊ တိုးတက်​သော၊ တာဝန်​ခံ​မှု​ရှိ​သော အင်အား​ကြီး​နိုင်ငံ​အဖြစ် ထွက်ပေါ်​လာ​မည်​လား ဆို​သည်​က တော့ စောင့်​ကြည့်​ရ​မည် ဖြစ်​သည်။

တရုတ်​နိုင်ငံ​၏ ပြုပြင်​ပြောင်းလဲ​မှု​များ​ကို ၁​၉​၇​၉ ခု​နှစ် တိန့်​ရှောင်​ပင် လက်ထက်​တွင်​စတင်​ခဲ့​ပြီး၊ ကွန်​မြူ​နစ် အစိုးရ​ပုံစံ​ဖြင့် ဆက်လက်​အုပ်ချုပ်​နေသော်​လည်း စီးပွား​ရေး​တွင် ဈေး​ကွက်​ကို ဖော်​ဆောင်​လာ​ခဲ့ သည်။ ဘုံ​ပစ္စည်း​ပိုင်ဆိုင်ခွင့် စနစ်​များ​ကို တ​ဖြည်း​ဖြည်း ဖျက်​သိမ်း​ပြီး လယ်သမား​များ​ကို လယ်ယာ​မြေ များ ပိုမို​လွတ်လပ်​စွာ စိုက်ပျိုး​ခွင့်၊ ထွက်ကုန်​များ​ကို ဈေး​ကွက်​တင်​ရောင်းချ​ခွင့်​ပေး​ခဲ့​သည်။

တရုတ်​ပြည်​၏ နှစ်​ပေါင်း​များ​စွာ ပိတ်​လှောင်​ထားခဲ့​သော စီးပွား​ရေး​ကို​လည်း နိုင်ငံ​ခြား​ကုန်သွယ်​မှု​ဖြင့် ချိတ်ဆက်​လာ​ခဲ့​သည်။ ထို့​ကြောင့်​လည်း တရုတ်​နိုင်ငံ​နှင့် အနောက်​နိုင်ငံ​များ စီးပွား​ရေး​ဆက်ဆံ​မှု ပိုမို များပြား​လာ​ခဲ့​သည်။ ပြင်​ပ​ကမ္ဘာ​နှင့် ဆက်ဆံ​မှု တိုးတက်​လာ​ခြင်း​က တိန့်​ရှောင်​ပင်​၏ “ပြုပြင်​ပြောင်းလဲ ရေး​နှင့် ပွင့်လင်း​မှု” ဟူ သော​လမ်း​စဉ်​တွင် အရေး​ပါသော​အချက် ဖြစ်​သည်။ တိန့်​၏​ဦးဆောင်​မှု​ဖြင့် တရုတ်​ပြည်​၏ စီးပွား​ရေး၊ လူ​မှု​ရေး​နှင့် နိုင်ငံ​ရေး​စနစ်​များ သိသိ​သာသာ တိုးတက်​ပြောင်းလဲ​လာ​ခဲ့​သည်။

တရုတ်​သည် ၁​၉​၇​၉ ခု​နှစ် တိန့်​ရှောင်​ပင်​၏ “လေး​မျိုး​ခေတ်​မီ​ရေး”နှင့်​အတူ နိုင်ငံ​ကို ဈေး​ကွက်​စီးပွား​ရေး စနစ်​ဘက် မျက်နှာမူ​ခဲ့​သည်။ စိုက်ပျိုး​ရေး၊ စက်​မှု၊ သိပ္ပံ​နှင့်​နည်း​ပညာ၊ စစ်​ရေး​တို့​တွင် ထိ​ရောက်​သော ပြုပြင်​ပြောင်းလဲ​ရေး​များ စတင်​ခဲ့​သည်။ စီးပွား​ရေး​ဆုံးဖြတ်ချက်​များ​ချ​မှတ်​ရာ​တွင် မော်​စီ​တုန်း​၏ သဘော တရား​ရေးရာ​များပေါ်​တွင် အခြေ​ခံ​သော ဆုံးဖြတ်ချက်​များ ချ​မှတ်​ခြင်း​ကို လျှော့​ချခဲ့​သည်။

အထူး​စက်​မှု​ဇုန်​များ တည်ဆောက်​ပြီး နိုင်ငံ​ပို့​ကုန်​ကို တွန်း​တင်​ခဲ့​သည်။ ထို့​ကြောင့်​လည်း စီးပွား​ရေး တိုး တက်​လာ​ခဲ့​ပြီး၊ ကမ္ဘာပေါ်​တွင် အမေ​ရိ​ကန်​ပြီး​နောက် စီးပွား​ရေး​အင်အား​ကြီး​နိုင်ငံ ဖြစ်လာ​ခဲ့​သည်။

သို့သော် ပြောင်းလဲ​လာ​သော ခေတ်​စနစ်​နှင့်​အညီ ယခု​လည်း တရုတ်​နိုင်ငံ​က ပြုပြင်​ပြောင်းလဲ​ရေး​လုပ်​ဖို့ လို​အပ်​နေ​ပြီ ဖြစ်​သည်။ “လူ​လတ်​တန်း​စား ထောင်ချောက်” မှ လွတ်မြောက်​ဖို့​ဆို​လျှင် တရုတ်​နိုင်ငံ​၏ စီးပွား​ရေး​ပြဿနာ​များ​ကို၊ စီးပွား​ရေး အဆောက်အအုံ​များ​ကို ပြုပြင်​ပြောင်းလဲ​ဖို့ လို​အပ်​နေ​ပြီ ဖြစ်​သည်။

တရုတ်​နိုင်ငံ​၏ တစ်​ဦး​ချင်း​ဝင်ငွေ​သည် ဒေါ်လာ ၆,၀⁠၀​၀ ကျော် ရှိ​လာ​နေ​ပြီး၊ လူ​များ​က ဘေး​ကင်း​သော အစားအစာ​များ​ရ​ရန်၊ အစိုးရ​၏ ပွင့်လင်း​မြင်သာ​မှု​ရှိ​ရန် အိမ်ရာ​ပိုင်ဆိုင်ခွင့်​နှင့် ပညာ​ရေး အဆင့်​အတန်း မြှင့်​တင်​ပေး​ရေး​တို့​ကို ပိုမို​တောင်း​ဆို​လာ​နေ​သည်။ ထို့​အပြင် တရုတ်​နိုင်ငံ​က ကမ္ဘာ့​အင်အား​ကြီး​နိုင်ငံ အနေ​ဖြင့် ကုန်သွယ်​မှု၊ ရင်းနှီး​မြှုပ်​နှံ​မှု၊ သဘာ၀ ပတ်ဝန်းကျင်​ကာ​ကွယ်​ရေး​ကိစ္စ​များ​အတွက် ပိုမို​တာဝန် ယူ​ရန် ကျန်​ကမ္ဘာ့​နိုင်ငံ​များ​က တောင်း​ဆို​နေ​သည်။

တကယ်​လေးနက်​ပြီး အားလုံး​အကျွမ်းဝင်​သော ပြုပြင်​ပြောင်းလဲ​ရေး​လုပ်​ရန် လိုသော်​လည်း တရုတ်​နိုင်ငံ က သူ​၏ မြှုပ်​နှံထား​သော အရင်းအနှီး​များ​ရှိ​ခြင်း​ကြောင့် အကောင်​အထည်ဖော်​ရန်မူ ခက်ခဲ​လှ​သည်။ ပြည်​သူ​များ​၏ ထောက်ခံ​မှု​ကို ရ​ရှိ​ရန် ရည်​မှန်း​ချက်​များ၊ အစိုးရ​က ရှင်း​ရှင်းလင်း​လင်း ပြည်​သူ​များ​ကို ချ​ပြ​သင့်​သည်။ ယခု တရုတ်​ခေါင်းဆောင်​များ တွေ့​ဆုံ​သည့် အစည်းအဝေး​၏ ဆွေးနွေး​မည့် အကြောင်း အရာ​များ​တွင် ဘဏ္ဍာ​ရေး ကဏ္ဍ​ဖြေ​လျှော့​ရေး၊ နိုင်ငံ​ပိုင် စီးပွား​ရေး လုပ်​ငန်း​ကိစ္စ​များ​နှင့် တရုတ်​နိုင်ငံ​၏ အိမ်ထောင်​စု​ဇယား​စနစ်​အား ပြုပြင်​ပြောင်းလဲ​နေ​ခြင်း​တို့ ပါဝင်​လိမ့်​မည် ဖြစ်​သည်။

တရုတ်​အစိုးရ​နှင့် ပူးပေါင်း​ဆောင်ရွက်​နေ​သော ဉဏ်​ကြီး​ရှင်​များ​အဖွဲ့​တစ်​ဖွဲ့​ဖြစ်​သည့် ဖွံ့ဖြိုး​တိုးတက်​ရေး သု​တေ​သန​စင်​တာ​မှ ထုတ်​ပြန်​ခဲ့​သော ကြေညာ​ချက်​တွင် ပြုပြင်​ပြောင်းလဲ​ရေး​အား ကျယ်​ပြန့်​သော နယ် ပယ်​သုံး​ရပ်​နှင့် အရေးကြီး​ကဏ္ဍ​ရှစ်​ခု​တို့​တွင် အလေး​ပေး​ဆောင်ရွက်​ရန် တောင်း​ဆို​ထား​သည်။

၃​၈​၃ စီမံ​ချက်​ဟု လူ​သိ​များ​သော ၎င်း​အဖွဲ့​၏ စီမံ​ချက်​များ​မှာ ဈေး​ကွက်​အား ဖြေ​လျှော့​ရန်၊ တီထွင်​ဆန်း သစ်​မှု​နှင့် ပြိုင်ဆိုင်​မှု​တို့​အား အားပေး​ရန်၊ အစိုးရ​၏ ပွင့်​လင်​ရန် အစိုးရ​က တိုင်း​ပြည်​စီးပွား​ရေး​အချို့​ကို ထိန်း​ချုပ်​ရန်လို​အပ်​ပြီး၊ ပစ္စည်း​ပိုင်ဆိုင်ခွင့်၊ လေ​ထု​ညစ်ညမ်း​မှု လျှော့​ချ​ရေး​နှင့် လာဘ်​ပေး​လာဘ်​ယူ​မှု များ ပပျောက်​အောင်​ဆောင်ရွက်​ရေး​ကို အာရုံ​စိုက်​ရ​မည် ဖြစ်​သည်။ အစိုးရ​၏ အရင်း​မြင်သာ​မှု​အခြေ အနေ တိုးတက်​လာ​ရေး​တို့​အား တောင်း​ဆို​ထား​သည်။

ယင်း​သု​တေ​သန​ဌာန​မှ ပြုပြင်​ပြောင်းလဲ​မှု​တစ်​ခု​လုံး​ကို ချဉ်းကပ်​ရာ​တွင် စနစ်​တ​ကျ ပြုပြင်​ပြောင်းလဲ ရေး​နှင့် စိတ်​ဓာတ်​ပြောင်းလဲ​ရေး​ကို ပြုလုပ်​ရန်​တောင်း​ဆို​ထား​သည်။

၃​၈​၃ စီမံ​ချက်​တွင် တရုတ်​အစိုးရ ဖော်​ဆောင်​ရ​မည့် အချက်​များ​ကို ဖော်​ပြ​ထား​သည်။ ပထမ​ဆုံး တရုတ် စီးပွား​ရေး​တွင် ယှက်​နွယ်​နေ​သော အချက်​သုံး​ချက်​ကို ဖော်​ပြ​ထား​သည်။ အစိုးရ၊ စီးပွား​ရေး နှင့် ဈေး ကွက်​တို့ ဖြစ်​သည်။ ဒုတိယ​အချက်​နေ​ဖြင့် ပြုပြင်​ပြောင်းလဲ​ရ​မည့် အချက်​ရှစ်​ချက်​ကို ဖော်​ပြ​ထား​သည်။ အစိုးရ၊ ယှဉ်​ပြိုင်​နိုင်​သော မူ​ဝါဒ၊ မြေ၊ ငွေ​ကြေး ဈေး​ကွက်၊ ပြည်​သူ့​ဘဏ္ဍာ​ငွေ​ကြေး၊ နိုင်ငံ​ပိုင် ပစ္စည်း​များ၊ တီထွင်​စမ်းသပ်​မှု၊ နိုင်ငံ​တကာ ကုန်သွယ်​ရေး​နှင့် ငွေ​ကြေး​ဈေး​ကွက်​ဖြေ​လျှော့ပေး​ရေး​တို့ ပါဝင်​သည်။

တတိယ​အချက်​အနေ​ဖြင့် အပြန်​အလှန်​ဆက်​စပ်​နေ​သော ရည်​မှန်း​ချက်​သုံး​ရပ်​ကို မီး​မောင်း​ထိုး​ပြ​ထား သည်။ ပြည်​တွင်း မူ​ဝါဒ​ပြောင်းလဲ​ရေး​အတွက် ပြည်​ပ​ဖိ​အား​များ​လျှော့​ချ​ရန်၊ လူ​မှု​ဘဝ​လုံခြုံ​ရေး​အတွက် အားလုံး​ပါဝင်​ခွင့်​ရ​သော လူ​မှု​ဘဝ​အခြေ​နေ​တစ်​ရပ် တည်ဆောက်​ပေး​ရန်​နှင့် ကျေးလက်​လယ်ယာ​မြေ ပြုပြင်​ပြောင်းလဲ​ရေး​မှ​တစ်​ဆင့် လူ​မှု​ရေး​မ​ညီမျှ​မှု​များ​နှင့် လာဘ်​ပေး​လာဘ်​ယူ​မှု​များ လျှော့​ချ​ရန်​တို့ ဖြစ် သည်။

တရုတ် ပို့​ကုန်​ဇောင်း​ပေး​မူ​ဝါဒ​များ ချ​မှတ်​ပြီး ထုတ်ကုန်​များ​ထုတ်​လုပ်​ကာ ပြည်​တွင်း​စီးပွား​ရေး​တိုးတက် အောင် ဆောင်ရွက်​နိုင်သော်​လည်း မ​ကြား​သေး​မီ​ကာလ​များ​က စီးပွား​ရေး​တိုးတက်​မှု နှေး​ကွေး​လာ​ခြင်း​က ယင်း​မူ​ဝါဒ​တွင် အကန့်​အသတ်​များ​ရှိ​နေ​ကြောင်း ဖော်​ပြ​နေ​သည်။

ဝန်​ဆောင်​မှု​နှင့် ပညာ​အခြေ​ခံ စီးပွား​ရေး​လုပ်​ငန်း​များ​ကို ဖော်​ဆောင်​ပြီး နောက်​တစ်​ဆင့် အောင်မြင် သော ပြုပြင်​ပြောင်းလဲ​ရေး​ကို အကောင်​အထည်ဖော်​အရည်အသွေး​ကို တိုးတက်​အောင်​ဆောင်ရွက်​ပြီး တီထွင်​ဖန်တီး​မှု​ရှိ​သော ဈေး​ကွက်​အခြေ​ခံ​ဖြင့် စီးပွား​ရေး​ပိုမို​တိုးတက်​ကောင်းမွန်​အောင် မောင်းတင်​ရ မည် ဖြစ်​သည်။

တတိယ​အကြိမ် ဆယ်​စု​နှစ် ရည်​မှန်း​ချက်​များ အကောင်​အထည်ဖော်​နိုင်​ရန် စည်းဝေး​နေ​ခြင်း​က တရုတ် အနေ​ဖြင့် သူ​၏​အတွေ့​ကြုံ​များ၊ နိုင်ငံ​တကာ အလေ့​အထ​များ​ကို သေချာ​စွာ သုံးသပ်​ရန်၊ အားလုံး​ပါဝင်​သော၊ တီထွင်​ဖန်း​တီ​နိုင်​စွမ်း မြင့်​မား​သော၊ ရေ​ရှည်​တိုးတက်​သော စီးပွား​ရေး ဖြစ်ထွန်း​စေ​မည့် မဟာ​ဗျူ ဟာ​များ​ကို ချ​မှတ်​နိုင်​ဖို့ ဖြစ်​သည်။ တရုတ်​သမ္မတ​ရှီ​ကျင့်​ဖင် ပြော​သ​လို​ပင် “အစိုးရ မ​လုပ်​နိုင်​သည့် အလုပ်​ကို ဈေး​ကွက်​က လုပ်ဆောင်​ရန် ခွင့်​ပြု​ရ​မည့်​အချိန်” ပင် ဖြစ်​တော့​သည်။

Credit to Mizzima

Share Button

Click here to submit your review.


Submit your review
* Required Field

No Tags

1617 total views, 2 today

  

Leave a Reply

  • shame

    Shameful Mistake

    by on 2014年1月8日 - 0 Comments

    အမှား​တွေ၊ အလွဲ​တွေ

  • enlightenment

    ရင်လေး​ဖွယ်ရာ အနာဂတ်​သာသနာ

    by on 2014年2月6日 - 0 Comments

    တစ်​နေ့​က ‘ဘ​ဂ​ဝါ ယူ​နိုက်​တက်စ်​အက်ဖ်​စီ’ လို့ နာမည်​တပ်​ထား​တဲ့ အီးလ်​မေးလ် တစ်​စောင် ဦး​ပဥ္စင်း​ဆီ ရောက်လာ​ပါ​တယ်။

  • chinatown

    တရုတ်တန်း​က စစ်ကိုင်း​လမ်း

    by on 2014年2月7日 - 0 Comments

    လမ်း​ထဲ​သို့ ချိုး​ဝင်​လိုက်​သည်​နှင့် အကင်ညှော်​နံ့​များ​က နှာသီး​ဝ​ကို​လာ​ရောက်​ကျီစယ်​သည်။ ကား​တစ်​စီး​လွတ်​ရုံ​လမ်း​လေး​ထဲ ခင်းကျင်း​ထား​သည့် စားပွဲ​ဝိုင်း​...

  • yangon_view_south

    Yangon Dream

    by on 2014年3月5日 - 0 Comments

    (Written by: ချစ်​ဝင်း​မောင်) နှစ်​ပေါင်း ၂​၀ ကျော် ကာလ​အတွင်း ကျွန်တော်​နေထိုင်​ရာ အရပ်​သည် မ​ယုံကြည်​နိုင်​လောက်​ဖွယ် အံ့​မ​ခန်း ပြောင်းလဲ​သွား​ခဲ့​သည်။ နေ...

  • nelsonmandela

    မင်​ဒဲ​လား​ပြော​ခဲ့​သော စကား​တစ်​ခွန်း

    by on 2014年1月27日 - 0 Comments

    Written by ဦးတင်​ဦး (ကျူ​ရှင်) လွန်​ခဲ့​တဲ့​သောကြာနေ့​ည​က ည​စဉ်​သွား​နေကျ​ဆေး​ခန်း​သို့ ရောက်​သွား​သော​အခါ ဆရာဝန်​၏​အိမ်​မှ​ရုပ်​မြင် သံ​ကြား​ဖန်​သား ပြင်ပေါ...