နှစ်ရာတန် ပလ္လင်လုခန်း
Written by အောင်ခွန်းဆက်
ပုဆိုးကို ခပ်တင်းတင်းပြင်စီးလိုက် သည်။ ထီးနှင့်ထမင်းချိုင့်ကို လက် တစ်ဖက်တည်းတွင် စုကိုင်လိုက်ပြီး အိတ်ကိုတော့ စလွယ်သိုင်းကာ ရှေ့ပို့ သည်။ ထိုသို့လုပ်ပြီး သည့်အခါ ညာ ဘက်လက်ကတော့ သေသေချာချာပြင် ဆင်ထားသော လက်ဗလာအနေအထား ဖြင့် အသင့်ဖြစ်နေပြီဖြစ်သည်။ ဤကား ပထမအဆင့်ပင်တည်း။
ဒုတိယအဆင့်အနေဖြင့်မူ အရှိန် ဖြင့်တစ်ဟုန်ထိုးချိုးကွေ့လိုက်သောကား ရပ်နိုင်လောက်မည့်နေရာကို ကျင့်သား ရအသိဖြင့် တိတိကျကျမှန်းကာ စောင့် ၍ အမြန်ဆုံး တက်နိုင်ရေးဖြစ်သည်။ ထို အချိန်အတွက်တော့ ဘောလုံးသမား များကဲ့သို့ ဘော်ဒီကာ၍လူခုခြင်း၊ တွန်း တိုက်ခြင်းများကို အားရှိသလို သုံးရမည် ဖြစ်ပြီး အသင့်ပြင် ထားေ သာ ညာလက် သည် ကားတံခါးပေါက်မှတန်း တစ်ခုခု ကိုပိုင်ပိုင်ကိုင်တက်နိုင်ရေးအတွက် ဖြစ် သည်။
ဟာသမဟုတ်သော်လည်း ထိုအ ပြုအမူများက နေ့စဉ်မထူးဆန်းတော့ ပြီဖြစ်၍ အမှတ်တမဲ့ဖတ်ရင်း ပြုံးမိနိုင် သည်။ အဘယ့်ကြောင့်ဆိုသော် ဘတ်စ် ကားစီးဖူးသူတိုင်း လုပ်မိသော အလုပ် ဖြစ်၍ပင်။ ဟုတ်သည်။ သင်ရော ကျွန် တော်ပါ ထိုသို့ လုပ်မိမြဲဖြစ်၍ ပြန်တွေး မိကာ ပြုံးမိခြင်းဖြစ်နိုင်ပါသည်။ ကျွန် တော်ကတော့ ဘတ်စ်ကားစီးတိုင်း ကား ထဲမှ အဖြစ်အပျက်မျိုးစုံကို ရုပ်ရှင် သို့မ ဟုတ် ပြဇာတ်တစ်ခုလို ဂရုတစိုက်ခံစား ကြည့်မိတတ်သည်။ အကြောင်းရင်း တိတိကျကျမရှိသော်လည်း လူတို့၏ အ မှတ်တမဲ့ ပြုမူသည့်ဟန်များက လူသား စိတ်များကို ဝိုးတဝါး ဖော်ပြနေတတ် သည် မဟုတ်ပါလား။ ကျွန်တော်က အပေါ်တွင် ပထမ အဆင့်၊ ဒုတိယအဆင့်ဟု သတ် မှတ်ရေး ခဲ့ရာတတိယအဆင့်လာဦးမည်ဟု မျှော် လင့်မထားစေလိုပါ။ တကယ်တော့ ဘတ်စ်ကားစီးခြင်းတွင် အဆင့်အလိုက် လုပ်ဆောင်ရမည့် သတ်မှတ်ချက်မရှိ။ ဒါပြီး ဒါဖြစ်မည်ဟုလည်း ပုံသေတွက် ထား၍ မရပါ။ မြင်စေလိုသည့် အဓိက အချက်မှာ ဘတ်စ်ကားအလုအယက်တိုး စီးရခြင်း၏ အကြောင်းရင်းနှင့် ထိုသို့စီး ခြင်းတွင် အိမ်ပြန်လိုစိတ်သက်သက်မက သော စိတ်များကိုပင်ဖြစ်သည်။ ထိုအ ချက်ကိုပင် တတိယအဆင့်ဟု သတ် မှတ်ရမည် ထင်ပါသည်။
ခန္တီစသည်းခံရခြင်းသည်လည်းကောင်း
ရန်ကုန်တွင် ဘတ်စ်ကားစီးရသည် က မလွယ်။ ခဏတာစီးရသူများတော့ မပြောတတ်။ အမြဲနေ့စဉ် အလုပ်အသွား အပြန် စီးရသူများအဖို့တော့ တကယ့် စိတ်နှင့် ကိုယ် ခံနိုင်ရည် စမ်းသပ်မှုကျင့် စဉ်ဟုပင် ခပ်ရွဲ့ရွဲ့ဆိုရမည်။ ကြည့်ပါ။ အပေါ်မှ ပ၊ ဒုအဆင့်တွင်ပင် ခံနိုင်ရည် က မလွယ်။ ကျားကျားမမ မငဲ့နိုင်ကြ။ သူ့ထက် ငါဦးအောင် တိုး တိုက်တက်ရ သည်။ ဤနေရာတွင် မေးခွန်းက ရှိလာ ပါသည်။ ဟုတ်ကဲ့ ဘာ့ကြောင့်လုယက် တက်ရပါသနည်း။
တကယ်တော့မထူးဆန်းဟု ထင်ရ သည့် နိစ္စဓူဝဘတ်စ်ကားခရီးတိုတစ်ခု အတွင်း ဤလမ်း ဤခရီးနှင့် ဤလူများ၊ ဤကားများ သဟဇာတမဖြစ်သည်က အမှန်။ သက်ေ သာင့်သက်သာမရှိသော ကားအဟောင်းများ၊ တမျှော်တခေါ် ပိတ်ဆို့တတ်သောလမ်းကြောင့် ကုန်ဆုံး သောအချိန်၊ ထိုမျှမက စပယ်ယာ၏ ဆက် ဆံရေးကြောင့် လည်း စိတ်ခွန်အား လျော့ကြရ၊ မကြည်မလင်ဖြစ်ကြရသည်။
”ကိုယ်တို့ကကားချောင်တာ၊ ကား နည်းနည်းကောင်းတာ ရွေးစီးချင် စီးနိုင် မယ်။ ဒါပေမဲ့ စပယ်ယာနဲ့ ယာဉ်မောင်း ကောင်းတာကိုတော့ ရွေးခွင့်မရှိပါဘူး” သာကေတမှ ဘတ်စ်ကားပုံမှန်စီး နေသည့် အမျိုးသားတစ်ဦး၏ စကားက နေ့စဉ် လောကဓံ၏ ပဲ့တင်သံတစ်စွန်း တစ်စ။ သို့သော် ကျွန်တော်တို့ရွေးချယ် ခွင့်မရသည့်အရာတစ်ခုလည်း
ရှိပါသေး သည်။ ထိုအရာက ‘ခရီးသည်’ ..။
တစ်ကားတည်းစီးသူစိမ်းများ
တကယ်တော့ ဤစာက မြို့တွင်း ခရီးသွားနှင့် ကားအရေအတွက် မလုံ လောက်မှုကို ပြောခြင်းမဟုတ်။ အား နည်းချက်များသော လမ်းစနစ်နှင့် စည်း ကမ်းမဲ့ကားများ၊ လူ များ၊ တာဝန်ရှိသူများ နှင့်အဂတိတရားများကိုလည်း မရေးလို။ သို့သော် ထိုအခြေအနေများ၏ သက် ရောက်မှုကိုတော့ မြင်ရသည်။ကားတစ်စီးထိုးဆိုက်လာသည်နှင့် အတင်းကာရောတက်ရသည်မှာ အဓိက အားဖြင့် အလုပ်ချိန်မီစေရန် ဖြစ်သည်။ လမ်းပိတ်ခြင်းနှင့် ကားကျပ်ခြင်းကို မိမိ ဖန်တီးခြင်းမဟုတ်သော်လည်း အလုပ် နောက် ကျ ပါက လစာဖြတ်တောက်ခြင်း ကို မိမိသာခံရမည်က သေချာသည်။ ထို့ ကြောင့် လုတက်မှဖြစ်မည်။ သို့သော် လုတက်ခြင်းတွင် အဓိကပြောလိုသည် က ”နေရာ ရရေး”ဖြစ် ပါ၏။ဘတ်စ်ကားများတွင် ”စည်းကမ်း ရှိပါ”၊ ”မကျေနပ်ပါက ..”၊ ”ဆန္ဒကို သိက္ခာနှင့်ထိန်းပါ” စသည်ဖြင့် လိုက်နာ စေလို၍ စာကပ်ကာ သတိပေးထား သည် များ ရှိသော် လည်း ထိုသို့စာမကပ် ဘဲ ဘတ်စ်ကားစီးကျင့်ဝတ်အနေဖြင့် လက်ခံလိုက်နာထားကြသည့် အချက် လည်းရှိသည်။
”ကာစီးတဲ့အခါ ထိုင်ခုံလိုချင်တာ ပေါ့”ဟု ဘာသာပြန်အယ်ဒီတာ အမျိုး သမီးတစ်ဦးကတော့ ပွင့်လင်းစွာဝန်ခံသည်။ သို့သော် … အထက်တွင်ဆိုခဲ့ သည့်သတ်မှတ် ထားျ ခင်း မဟုတ်သည့် ကျင့်ဝတ်ဆိုသည်က ထိုအချက်ပင်ဖြစ် သည်။ ဘတ်စ်ကားပေါ်တွင် သက်ကြီး ရွယ်အို၊ မသန်စွမ်းသူများ၊ ကလေးသူ ငယ်များနှင့် အမျိုးသမီးများ အား ဦး စား ပေးနေရာပေးရမည်ကို အားလုံးသိပြီး လက်ခံပြီးဖြစ်သည်။ လုပ်လည်းလုပ်ကြ သည်က ကိုယ်ချင်းစာတရားနှင့် လူသား ချင်းစာနာမှု၏ ပြယုဂ်ယဉ်ကျေးမှုတစ်ခု လိုပင်။ သို့သော် ယခုရေးခဲ့သလောက် အရပင် ထိုယဉ်ကျေးမှုက ယိမ်းယိုင်နေ ပြီဆိုသည်ကို သိနိုင်ပါသည်။
အဘယ့်ကြောင့်ဆိုသော် ထိုင်ခုံ တွင် သက်သောင့်သက်သာနှင့် ထိုင်ကာ ဘေးတွင်ရပ်နေသည့် လူကြီးသူမ သို့ မဟုတ် အမျိုးသမီးငယ်များကို မသိချင် ယောင်ဆောင်ေ နတတ်သော အား ကောင်းမောင်းသန် အမျိုးကောင်းသား၊ သမီးများကို ပိုတွေ့လာရ၍ ဖြစ်သည်။ ”မိန်းကလေးကို ဖယ်ပေးတဲ့လူ တော့ မတွေ့ရတော့ပါဘူး။ ဖယ်ပေး ဖို့ နေနေသာသာ အထုတ်လေးဘာလေး ကူကိုင်ပေးမယ့်သူတောင် မရှိတာတွေ့ လာရတယ်”ဟု အထက်ပါဆရာမက သူ့အတွေ့အကြုံအရ တိတိကျ ကျပြော ပြ သည်။ ဘတ်စ်ကားစီးတိုင်း ကျွန်တော် ငေးငေးနေမိသည်က ထိုမြင်ကွင်းများ သာဖြစ်ပါသည်။ အလုပ်သွားအလုပ်ပြန် လူတိုင်းပင်ပန်းကြစမြဲ။ အထူးသဖြင့် တစ်နေကုန် လုပ်ငန်း ခွင်တွင် အဆင် ပြေမှု၊ မပြေမှုများဖြင့် ကိုယ့်အတ္တနှင့် မာန်ကိုလျှော့ထားရသည့်အမော၊ ကိုယ် ခန္ဓာပင်ပန်းမှုများကြောင့် မိုးတိုးမတ် တပ် ကျပ်ကျပ်တည်းတည်း မည်သူမျှ မစီးလို။ သို့သော် စီးနေရသည်။ ထိုအ တွက် ခဏတာဆိုသော်လည်း လူတိုင်း ထိုင်ခုံမက်ကြသည်။ အပြစ်မဟုတ်ပါ။ အပြစ်မဟုတ်ခြင်း ဟုတ်ခြင်းကို ဆုံး ဖြတ်ရန်လည်း ထပေးခြင်းမပေးခြင်းတွင် မဖြစ်မနေလိုက်နာရမည့် စည်းကမ်းမရှိ ရာ ဤအရာကား တစ်ဦးချင်းနှင့်ဆိုင် သောကိစ္စပင် ဖြစ်သည်။
သို့သော်တွေ များနေပြီဖြစ်သော် လည်း သို့သော်ရပါဦးမည်။ တကယ် တော့ထိုအပြုအမူမျိုးက လူ့အဖွဲ့အစည်း ၏ စိတ်ယဉ်ကျေးမှုအခြေခံအဆောက် အဦပင်။ ထို့အပြင် လူသားစိတ်၏အလှ တရားလည်းဖြစ်သည်။ သင်ပင်ပန်းနေ သည်။ ကျွန်တော်မောပန်းနေသည်။ ထို့ ကြောင့် အစပိုင်းတွင်ရေးခဲ့သည့် ပထမ အဆင့် ဒုတိယအ ဆင့်များ ကို အောင် မြင်စွာဖြတ်ကျော်ပြီး အေးအေးဆေး ဆေး ထိုင်နေနိုင်သည်။ ခုံလည်းရပြီ။ သင့်ရှေ့တွင်၊ သင့်ဘေးတွင် သံတန်းကို လက်တစ်ဖက်ဖြင့် တင်းတင်းကိုင်ကာ ကား အခုန်အပေါက်တွင် လဲပြိုမကျစေ ရန် မနည်းကျားကန်ထားသော လူကြီး သူမတစ်ဦးဦး၊ အမျိုးသမီးတစ်ဦးဦး သို့မဟုတ် ရွယ်တူအမျိုးသားပင်ဖြစ်နေ စေဦး ထိုသူ၏ ပင် ပန်းမှုနှင့် ကျန်းမာရေး အရဖြစ်စေ ပျက်ယွင်းနေသောရပ်တည် မှုအခက်အခဲကို မြင်ရသည့်အခါ သင် ဘာလုပ်မည်နည်း။
”သက်ကြီးရွယ်အိုဆိုရင်တော့ ထ မပေးဘဲ မနေရက်ပါဘူး။ သူများတွေကို တော့နည်းနည်းဝေ့ကြည့်မိတယ်။ ဘယ် သူများထပေးမလဲလို့။ ထမပေးရင်တော့ ကိုယ်တိုင် ပင် ပန်းနေပါစေ လိုလိုလား လားထပေးပါတယ်”ဟု အယ်ဒီတာအ မျိုးသမီးက သူ့လုပ်မြဲ အပြုအမူကို ပြော ပြသည်။ တကယ်တော့ ဘတ်စ်ကားစီးခြင်း က မထူးဆန်းပါ။ ထိုင် ခုံရခြင်း၊မရခြင်း ကလည်း ဘာမှမဟုတ်ဟု ဆိုလိုက ဆို နိုင်ပါသည်။ ထိုအပေါ် ခံစားချက်မရှိ သူများ မပါဟုသာ ပြောရပါမည်။သို့သော် မိမိအပိုင်လည်းမဟုတ်။ သူစိမ်း များ ပင်ဖြစ်စေ တန်းတူရည်တူ တစ်ရာ နှစ်ရာ ပေးစီးသူချင်းကြား ခဏ တာစီးနင်းရမည့် ဘတ်စ်ကားတစ်စီးပေါ် မှ လူလူချင်းအပြုအမူများအတွက် ကျွန် တော် တို့တွင် တာဝန် ရှိနေသည်က အ မှန်။ အဘယ့်ကြောင့်ဆိုသော် ဤနေရာ သည် ကျွန်တော်တို့၏ ”ကမ္ဘာ့လူ့အဖွဲ့ အစည်း”ဖြစ်နေသောကြောင့်ပင်။ လူဆိုသည်မှာ မိမိကိုယ်ကိုယ်သာ အချစ်ဆုံးဟူသော တရားမှန်သော်လည်း မိမိအသာရမှု၊ မိမိအခွင့်အရေးကို စွန့် နိုင်ခြင်းဟူသည်မှာ ခက်ခဲသလောက် အလွန်တန်ဖိုးရှိလှပသောလူ့တန်ဖိုး ဖြစ်ပါသည်။
မည်သို့မျှ အရေးမကြီး။ အသေး အဖွဲလေးဟု ထင်ကြမည်။ သင်တို့ ကျွန် တော်တို့၏ တစ်နေ့တာဘတ်စ်ကားဖြင့် ခရီးသွားခြင်းမြင်ကွင်းများအပေါ် အ လေးအနက် ခံ စားမြင်တတ်ပါပြီလား။ ဂရုတစိုက်ကြည့်မိစေချင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ငါးဆယ်၊ တစ်ရာ၊ နှစ်ရာပေး၍ ခဏတာစီးရသော ကားတစ်စီးပေါ်တွင်ပင် မိမိတစ်ဦး တည်း အဆင်ပြေရန်မှလွဲ၍ အခြားငဲ့ညှာရမည့် သူများကိုမစာနာ၊ ထည့်မတွက်နိုင်တော့ သည့်အတ္တများဖြင့် ယိုင်နဲ့နေသော ”လူ့ အဖွဲ့အ စည်း”တစ်ခု ရှိနေ၍ ဖြစ် သည်။ အကယ်၍ တိုင်းပြည်တစ်ပြည်ကို ဘတ်စ်ကားနှင့် နှိုင်း၍ ကျွန်တော်တို့က ထိုကားထဲမှ ခရီးသွားများဖြစ်သည်ဟု မြင်ကြည့်သောအခါ …..။
Credit to Popular Myanmar News Journal
1979 total views, 2 today