Welcome, visitor! [ Register | LoginRSS Feed  | 

ဗီယက်နမ်နိုင်ငံမှ မြန်မာနိုင်ငံ ယူရမည့် သင်ခန်းစာ

| Myanmar Business | 2013年12月5日

downtown-myanmar

အာ​ရှ​ဒေသ​၏ နယ်​မြေ​သစ်​တစ်​ခု​၌ ရင်းနှီး မြှုပ်​နှံ​မည်​ဆို​ပါ​လျှင် အောင်မြင်​မှု​ရ​ရန် မည်သို့ ဆောင်ရွက်​ရ​ပါ​မည်​နည်း။

ဆုံးရှုံး​မှု​မ​ရှိ​ရန် မည်သို့​ရှောင်​ရှား​ရ​ပါ​မည်​နည်း။

ယခု​အခါ​၌ မြန်မာ​နိုင်ငံ​မှ ထိပ်​တန်း​စီးပွား​ရေး လုပ်​ငန်း​ရှင်​များ​ကြား​၌ တီး​တိုး​တီး​တိုး ပြော​နေ​သည့်​အသံ​များ ထွက်ပေါ်​နေ​မည်​က အသေ​အချာ ဖြစ်​ပါ​၏။

အနာဂတ်​ကာလ​၌ အာ​ရှ​ဒေသ​၏ ကျား​တစ်​ကောင် ဖြစ်လာ​တော့​မည့် မြန်မာ​နိုင်ငံ​၏ စီးပွား​ရေး​သည် ယခင်​က အချိန်​အတန်​ကြာ ဆုတ်ဆိုင်း​နေရာ​မှ ယခု​အခါ ရင်းနှီး​မြှုပ်​နှံ​လို​သူ​များ​ကြား အလောင်း​အစား​ပြုလုပ်​ရန်​ပင် ကောင်းမွန်​သည့် အခြေအနေ​တစ်​ခု သို့ ရောက်​နေ​ပြီ ဖြစ်​ပါ​၏။

သို့သော် အခြေအနေ​အရပ်​ရပ်​က စိတ်​လှုပ်ရှား​ဖွယ် ဖြစ်​နေ​ပါ​သေး​၏။

အဘယ်​ကြောင့်​ဆိုသော် ယခုကဲ့သို့ ပတ်ဝန်းကျင် အခြေအနေ​မျိုး​ကို ယခင်​က တစ်​ကြိမ်​တစ်​ခါ​မှ​ပင် မ​ကြုံ​ကြ​ဖူး​၍ ဖြစ်​ပါ​၏။

ယခင်​က ကြုံတွေ့​ခဲ့​ရ​ဖူး​သည့် ဖြစ်​ရပ်​များ​ကို​လည်း ပြန်​ပြောင်း သတိရ​စေ​၍ ဖြစ်​သည်။

မ​ကြာ​ခင်​က စီးပွား​ရေး အခွင့်​အလမ်း ကောင်း​ခဲ့​ရာ​မှ ယခု နည်းပါး​လာ​သည့် ဗီယက်နမ်​နိုင်ငံ​ကို လေ့​လာ​ခဲ့​ကြ​သည်။

ယခု ရင်းနှီး​မြှုပ်​နှံ​သူ​များ စိတ်ဝင်စား​မှု ပြောင်း​လာ​သည့် နေရာ​ကား မြန်မာ​နိုင်ငံ ဖြစ်လာ​၏။

မြန်မာ​ခေါင်းဆောင်​များ​၏ မ​သိ​မသာ ဖော်​ပြ​နေ​မှု​များ​ကို​မူ ဖယ်ရှား​ကြည့်​ရ​မည်။

နိုင်ငံ​တကာ​မှ ရင်းနှီး​မြှုပ်​နှံ​သူ​များ​အပြေးအလွှား​နှင့်​အလော​တ​ကြီး​ဖြစ်​နေ​ပုံ​ကိုaတွ့​ရ​ခြင်း​ဖြင့်​တစ်​ချိန်​က ဗီယက်နမ်​နိုင်ငံ ပြုပြင်​ပြောင်း လဲ​ရေး ဆောင်ရွက်​နေ​သည့် အချိန် ကာလ​များ​ကို ပြန်​ပြောင်း​သတိရ​စေ​ပါ​၏။

မြန်မာ​နှင့် ဗီယက်နမ် နှစ်​နိုင်ငံ​လုံး​တို့​သည် မ​ပွင့်လင်း​မီ ကာလ​က အခြေအနေ​အရပ်​ရပ်​လည်း တူ၊ ပုံ​သဏ္ဌာန်​လည်း တူ​ပါ ၏။

နိုင်ငံ​ရေး​အရ ဖိ​နှိပ်​အုပ်ချုပ်​မှု၊ စီးပွား​ရေး ပိတ်​ဆို့​ထား​မှု​ဆို​လျှင် ကမ္ဘာ​တစ်​ခု​လုံး​နှင့်​ပင် အဆက်​ဖြတ်​ထားခဲ့​ကြ​သည်။

တံခါး​ဖွင့်​လိုက်​သည့် ခရီး​ကာလ​၌​လည်း နှစ်​နိုင်ငံ​လုံး​၏ အပြုအမူ​များ​သည် တူ​နေ​၏။ ရုတ်​ခြည်း အားလုံး​ကို​ဖွင့်၊ ဖြေ​လျော့​ပေး မှု​က လည်း မျှော်လင့်​မ​ထား​သည့် အပြုအမူ​များ ဖြစ်​နေ​ပါ​၏။

ဗီယက်နမ်​နိုင်ငံ​က တံခါး​ဖွင့်​လိုက်​သည့်​နှစ်​မှာ ၁​၉​၈​၆ ခု ဖြစ်​သည်။ တစ်​ချိန်​တည်း​မှာ​ပင် ဗီယက်နမ် ကွန်​မြူ​နစ်​ပါ​တီ​က Doi Moi – ပြန်လည်​ပြုပြင်​ရေး အစီ​အစဉ်​ကို ကမ္ဘာ​သိ ကြေညာ​လိုက်​၏။

ဗီယက်နမ်​အစိုးရ​သည် ကုန်သွယ်​မှု​နှင့် နိုင်ငံ​ခြား​မှ​တိုက်ရိုက်​ရင်းနှီး​မြှုပ်​နှံ​မှု FDI အားလုံး​အပေါ် ပိတ်​ဆို့​တားဆီး​ထား​မှု မှန် သ​မျှ လျှော့​ချ​ပေးလိုက်​သည်။

မ​ကြာ​လှ​သော​အချိန်​၌ ပြုပြင်​ပြောင်းလဲ​မှု လုပ်​ငန်း​စဉ်​ကို အတား​အဆီး အခက်​အခဲ​ဖြစ်လာ​နိုင်​သ​မျှ အရာ​အားလုံး ဖယ်ရှား​ပေး လိုက်​သည်။ ဖယ်ရှား​မှု​များ​ထဲ​၌ ဗီယက်နမ်​နိုင်ငံ​၌ ချ​မှတ်ထား​သော စီမံ​ခန့်​ခွဲ​မှု​အားလုံး၊ ဗဟို​မှ ချုပ်​ကိုင်​မှု​အားလုံး​ကို ဖျက်​သိမ်း ပြီး နိုင်​ငံတော်​က ထောက်ပံ့​ပေး​နေ​သော လုပ်​ငန်း​များ​ကို​လည်း ရပ်တန့်​လိုက်​၏။

ယင်း​အပြုအမူ​၏ အကျိုး​ဆက်​မှာ နိုင်ငံ​ပိုင်၊ ပြည်​သူ​ပိုင် အမည်တပ်​လုပ်​ငန်း မှန်​သ​မျှ​သည် ပုဂ္ဂလိက​လုပ်​ငန်း​များ​နှင့် တန်းတူ ရည်တူ ယှဉ်​ပြိုင်​ရ​တော့​မည် ဖြစ်​၏။

နိုင်ငံ​အတွက် မဟာ​ဗျူဟာ​ကျ​သော လုပ်​ငန်း​များ​မှ လွဲ​၍ ကျန်​ကဏ္ဍ​များ​အားလုံး တန်းတူ သတ်​မှတ်​လိုက်​သည်။

အဆို​ပါ​မူ​နှင့် လုပ်​ငန်း စဉ်​က စ​ဦး​ကာလ​၌ အောင်မြင်​ခဲ့ ၏။ ရင်းနှီး​မြှုပ်​နှံ​လို​သူ​များ​က​လည်း အလုံးအရင်း​နှင့် ဝင်​လာ​ကြ​သည်။

လုပ်​ခ​လ​စာ​နည်း ကျွမ်းကျင်​မှု​မ​ရှိ​သော ဝန်​ထမ်း​များ​ကို လည်း လုပ်​ငန်း​အခြေအနေ​က ဆွဲ ဆောင်​နိုင်​၏။

နိုင်ငံ​သည် တည်​ငြိမ် အေးချမ်း​လာ​သည်။ ပေါများ​လှ​သော သယံဇာတ​များ​သည် သန်း ၆​ဝ သော ပြည်​သူ​ဈေး​ကွက်​၌ အလျှံပယ်​ဖြစ် လာ​၏။ နိုင်ငံ​စီးပွား ရေး​သည် ခန့်​မှန်း​ထား​သည်​ထက် ရှေ့​သို့​ပင် ကျော်​၍ ထွက်​သွား​၏။

ရင်းနှီး​မြှုပ်​နှံ​မှု​နှင့် ဖွံ့ဖြိုး​လာ​မှု​ကြောင့် ဗီယက်နမ်​နိုင်ငံ​သည် အရှေ့တောင်​အာ​ရှ​ဒေသ​တွင်း​၌ စီးပွား​ရေး အလျင်​မြန်​ဆုံး ဖြစ်ထွန်း သည့် နိုင်ငံ​အဆင့်​သို့ ရောက်​ရှိ သွား​၏။

နိုင်ငံ​၏ ဖွံ့ဖြိုး​မှု​သည် နှစ်စဉ် ၅% ရာ​ခိုင်​နှုန်း​အထက်​၌​သာ ရှိ​လာ​သည်။ မ​ကြာ​လှ​သော နှစ်​ကာလ​၌ ၈% ရာ​ခိုင်​နှုန်း​အထိ ပင် တိုး​လာ​တော့​၏။

၂​ဝ⁠ဝ​ဝ ပြည့်​နှစ် ရောက်​သည့်​အခါ ဗီယက်နမ်​နိုင်ငံ​သည် အမေ​ရိ​ကန်​နိုင်ငံ​နှင့် ကုန်သွယ်​မှု စာချုပ် ချုပ်​ဆို​နိုင်​ခဲ့​သည်။

ယခု​အချိန်​ထိ ထို​သဘော တူညီ​ချက်​သည် ထုတ်ကုန်​ဈေး ကွက်​ကဏ္ဍ​၌ ဝင်ငွေ​အကောင်း​ဆုံး ဖြစ်​နေ​ပါ​သေး​၏။

၂​ဝ⁠ဝ​၇ ခု​နှစ်​သို့ ရောက် လာ​သည့်​အခါ ဗီယက်နမ်​နိုင်ငံ​သည် ကမ္ဘာ့​ကုန်သွယ်​မှု အဖွဲ့​အစည်း World Trade Oragnization – WTO ၌ အဖွဲ့​ဝင် ဖြစ်လာ​သည်။

၂​ဝ⁠ဝ​၆ မှ ၂​ဝ​၁​ဝ နှစ် များ​အတွင်း​၌ ကမ္ဘာပေါ်​တွင် ရင်းနှီး​မြှုပ်​နှံ​မှု အကောင်း​ဆုံး​နေရာ​သည် ဗီယက်နမ်​နိုင်ငံ ဖြစ်လာ​ခဲ့​ရ​တော့​သည်။

အထက်​ပါ​အခြေအနေ နှင့် အလားတူ ဖြစ်​ရပ်​မျိုး​ကို မြန် မာ​နိုင်ငံ​သည် မျှော်လင့်​၍ ရ​နေ​ပြီ ဖြစ်​ပါ​၏။

သို့သော် မြန်မာ​နိုင်ငံ​အတွက် အထူး​သတိထား​ရ​မည့် အချက်​များ ရှိ​နေ​ပါ​သေး​၏။

ဗီယက်နမ်​နိုင်ငံ​မှ သင်​ခန်း​စာ

နိုင်ငံ​ပြုပြင်​ပြောင်းလဲ​ရေး စတင်​သည့်​ကာလ​၌ ဗီယက်နမ် နိုင်ငံ​သည် ရ​ရှိ​သည့် အခွင့်​အလမ်း​များ ဆုံးရှုံး​ခြင်း၊ ပျက်စီး​အလေ အလွင့် များ​စွာ ဖြစ်ပွား​ခဲ့​သည့် အခြေအနေ​နှင့် ရင်ဆိုင်​ခဲ့​ရ​သည်။

ပမာ​အား​ဖြင့် ဘဏ်​များ ပြုပြင်​ပြောင်းလဲ​ရန် ကိစ္စ​ရပ်​တွင် ယခင်​က တင်း​ကျပ်​စွာ တားမြစ်​ထား​သည့် မူ​ဝါဒ​များ​ကို ပုံစံ​သစ်​နှင့် ကိုက်​ညီ​စေ​ရန် ဖြေ​လျှော့ပေး​ရ​မည်​ကို အစိုးရ​သည် ပြင်ဆင်​ပေး​ရန် ရှက်​ရွံ့​နေ​ခဲ့​သည်။ ဆိုလို​သည်မှာ မိမိ​တို့ ခမ်းနား​စွာ ချ​မှတ် ထား​သော မူ​များ​ကို ယခုမှ မိမိ​တို့​ကိုယ်တိုင် ပြင်ဆင်​ရ​မည် ဖြစ်​ခြင်း ကြောင့် ဖြစ်​ပါ​၏။ ထို​အခါ လုပ်​ငန်း​များ တုံ့​ဆိုင်း​သွား​ခဲ့​ရ​၏။

နိုင်ငံ​ပိုင်​လုပ်​ငန်း​များ​က​လည်း နိုင်ငံ​၏ စုစုပေါင်း​ထွက်ကုန် GDP ၏ ၄​ဝ% ရာ​ခိုင်​နှုန်း​အထိ ရှိ​နေ​သေး​သည်။

ယင်းသို့​သော အခြေ အနေ​များ​၏ အကျိုး​ဆက်​ကြောင့် ကုန်​ထုတ်​လုပ်​မှု နှေး​သွား​ခဲ့​သည်။ ထို​အခါ အလွဲ​သုံး​စား​မှု၊ လာဘ်​စား မှု​များ ရှိ​လာ​ခဲ့​တော့​၏။

တစ်​ချိန်​တည်း​တွင်​တန်​ပြန်​အကျိုး​သက်ရောက်​မှု​က ရှိ​လာ​သည်။ ဗီယက်နမ်​နိုင်ငံ​၏ စီးပွား​ရေး ပြုပြင်​ပြောင်းလဲ​မှု​နှင့်​အတူ နိုင် ငံ​ရေး ပြုပြင်​ပြောင်းလဲ​မှု​က​လည်း တွဲ​လျက် ပါလာ​ရ​မည်။

စီးပွား​ရေး​အရ နိုင်ငံ​၏ တံခါး​ဖွင့်​ထား​မှု​က အချိန်​ပြည့် ရှိ​လေ​သည်။ သို့သော် နိုင်ငံ​ရေး ဖြေ​လျှော့​မှု​က ဟာ​ကွက်၊ လွတ်​ကွက် များ​ဖြင့် ထော့​ကျိုး ထော့​ကျိုး ဖြစ်​နေကာ အပြည့်​အဝ တန်းတူ မ​လိုက်​နိုင်​တော့​ပေ။

ယင်း​အချက်​ကို အရေး​မ​ပါ​ဟု​ဆို​၍ မ​ရ။ စီးပွား​ရေး ပြု ပြင်​ပြောင်းလဲ​မှု​ကို နိုင်ငံ​ရေး ပြုပြင်​ပြောင်းလဲ​မှု​က တစ်ဖက်​တစ် လမ်း​က ပံ့ပိုး ရ​မည့်​အစား အနှောင့် အယှက်​သဖွယ် ဖြစ်လာ​၏။ ထို​ထက် ဆိုး​လာ​သည်မှာ မိမိ​တို့ စီးပွား​ရေး ဖွံ့ဖြိုး​နေ​မှု​ကို မိမိ​တို့ နိုင်ငံ ရေး မူ​ဝါဒ က တင်း​ခံ​ကာ ခြိမ်း ခြောက်​သည့် သဘော​ပင် ဆောင်​လာ​တော့​၏။

ယင်းသို့ ကြုံတွေ့​လာ​ရ​သည့်​အကြောင်း​မှာ နိုင်​ငံတော်​က ချ​မှတ်ထား​သော ဥပဒေ​စည်းမျဉ်း စည်းကမ်း​များ​ကို တိ​ကျ​စွာ လိုက် နာ​ရန်၊ ပြုမူ​ဆောင်ရွက်​ရန်၊ အရည်အသွေး မ​ပြည့်​မီ​သေး​ခြင်း​ကြောင့် နိုင်ငံ​ရေး၊ စီးပွား​ရေး​များ​တွင် ချ​မှတ် ထား​သော ဦးတည်​ချက် များ​ကို သတ်​မှတ်ချက်​နှင့်​အညီ အကောင် အထည် မဖော်​နိုင် ဖြစ်လာ​ရ​သည်။

ထို​အခါ Internet, Online များပေါ်​မှ​နေ​၍ သဘောထား ကွဲလွဲ​မှု​အမြင်​များ​ဖြင့် ဝေဖန်​မှု​များ​ရှိ​လာ​သည်။ ယင်း​ဖြစ်​ရပ် က ဖြစ်​ရိုး​ဖြစ် စဉ်​သာ ဖြစ်​သည်။

သို့သော် အစိုးရ​အမှုထမ်း​များ​၏ အရည်အသွေး ချို့တဲ့​မှု​ကြောင့် သဘောထား​ကွဲလွဲ​မှု အမြင်​များ​ကို ပိတ်​ဆို့​ရန်၊ ဖျောက် ဖျက်​ရန် စီစဉ်​သည်။

Online, Internet များ ပေါ်​၌ အစိုးရ​ပိုင်း​ဆိုင်​ရာ​နှင့် ပတ် သက်​သည့် ဝေဖန်​မှု​များ ထပ်မံ​၍ ထွက်ပေါ်​မ​လာ​စေ​ရန် တင်း​ကျပ် သော ဆက်​သွယ်​ရေး​မူ​များ ချ​မှတ်​သည်။ Online ၌ မ​ရှိ​စေ​ရန် ခြိမ်းခြောက်​ပြီး Online စီးပွား​လုပ်​ငန်း​ပါ ပျောက်​ကွယ်​သွား​မည်​ဟု ခြိမ်းခြောက်​၏။

ယင်းသို့ ဖြစ်​စဉ်​ကြောင့် လုပ်​ငန်း​အားလုံး စိတ်ပျက်​အား လျော့​ကာ တိုးတက်​မှု​သည် မ​ရှိ​သ​လောက် ဖြစ်​ရ​တော့​သည်။

သို့​နှင့် ပြုပြင်​ပြောင်းလဲ​မှု​ဆို​သည့် အစီ​အစဉ်​သည် မ​အောင်မြင်၊ အပြစ်​အနာ​များ ရှိ​လာ​သည်။ ပြုပြင်​ခြင်း​က​ပင် ပြဿနာ ဟု မြင် လာ​သည်။ ယင်း​လက္ခဏာ များ​က ရင်းနှီး​မြှုပ်​နှံ​သူ​တို့ စိတ်​ထဲ ရောက်​သွား​ခြင်း​ကို တွေ့​ရ​တော့ ၏။

တစ်​ချိန်​တည်း ကြုံ​လာ​ရ​သည့် ပြဿနာ​များ​မှာ လုပ်သား များ​က လုပ်​ခ​လ​စာ တိုး​လာ​သည်။ လူ​ဦးရေ​က ကျ​ဆင်း​သွား​သည်။

နိုင်ငံ​ခြား​မှ ရင်းနှီး​မြှုပ်​နှံ​မှု​က ရပ်တန့်​သွား​၏။ ထိပ်​ဆုံး​ရောက်​နေ​သော ရင်းနှီး​မြှုပ်​နှံ​မှု​သည် နိမ့်​ဆင်း၊ နိမ့်​ဆင်း​လာ​ရာ​မှ ပြန်​တက် လာ​ရန်​ပင် လမ်းမ​မြင်​ရ သည့်​အဖြစ်​မျိုး ရောက်​သွား​သည်။

မြန်မာ​ခေါင်းဆောင်​များ​သည် ယင်းသို့ ဖြစ်ပေါ်​လာ​သည့် အခြေအနေ၊ ကံ​ကြမ္မာ​ကို မည်သို့​ရှောင်​ရှား​ရ​မည်​ကို သိ​ထား​မှ ဖြစ်​ပေ မည်။ မြန်မာ​နိုင်ငံ​၏ စီးပွား​ရေး တံခါး​ဖွင့်​လိုက်​သည်​နှင့် တစ်​ချိန်​တည်း အတူ​တွဲ​ပါလာ​သည့်​အရာ​မှာ ပို​၍​ကြီးမား​သော နိုင် ငံ​ရေး ပြု ပြင်​ပြောင်းလဲ​မှု ဖြစ်​ပါ​၏။

ထို​နိုင်ငံ​ရေး ပြုပြင် ပြောင်းလဲ​မှု​သည် ဗီယက်နမ်​နိုင်ငံ ကြုံတွေ့​ခဲ့​ရ​သည့် နိုင်ငံ​ရေး ပြုပြင် ပြောင်းလဲ​မှု​ထက် ပို​ကြီးမား​နေ​ပါ​၏။

မြန်မာ​နိုင်ငံ​၏ နိုင်ငံ​ရေး ပြုပြင်​ပြောင်းလဲ​မှု ပထမ​ဦး​ဆုံး လှိုင်းတံပိုး​သည် ဗီယက်နမ်​နိုင်ငံ ကြုံတွေ့​ခဲ့​ရ​သည့် ပြုပြင်​ပြောင်းလဲ မှု​ထက် ပို​၍ တက်​ကြွ၊ ပို​၍​ရှေ့​သို့ ရောက်​လွန်း​သည်။

မြန်မာ​နိုင်ငံ​၏ ရင်းနှီး မြှုပ်​နှံ​မှု ဥပဒေ​သစ်​က နိုင်ငံ​ရပ်​ခြား​မှ ရင်းနှီး​မြှုပ်​နှံ​သူ​များ​အနေ​နှင့် စက်​မှု​လက်​မှု​လုပ်​ငန်း လုပ်ကိုင်​မည်​ဆို ပါ​က ခွင့်​ပြု​ထား​သည့် ပိုင်ဆိုင်ခွင့် မှာ ၁​ဝ​ဝ ရာ​ခိုင်​နှုန်း ဖြစ်​သည်။

ယင်း​လုပ်​ငန်း​မှာ ထွက်ကုန်​ကို လက်လီ​လက်​ကား အေဂျင်စီ၊ပုံစံ​အမျိုး​မျိုး မိမိ​တို့ သဘောကျ​လုပ်ဆောင်​ခွင့် ပေး​ထား သည်။ နောက်ဆုံး လက်​ခွဲ​လုပ်​ငန်း- Franchising ကို​ပင် လုပ်​ငန်း​ရှင် သဘောကျ လုပ်​ပိုင်​ခွင့် ပေး​ထား သည်။

ယင်း​ပုံစံ​ကို အစားအစာ နှင့် ဖျော်​ရည်​လုပ်​ငန်း​များ​လည်း ထိုသို့​အထိ ခွင့်​ပြု​ပေး​ထား​၏။

ပမာ​အား​ဖြင့် ဆောက်​လုပ်​ရေး​လုပ်​ငန်း၊ အိမ်ရာ​စီမံ​ကိန်း​လုပ်​ငန်း၊ သယ်ယူ​ပို့ဆောင်​ရေး​လုပ်​ငန်း၊ သတ္တု​တူးဖော်​ရေး​လုပ် ငန်း​မျိုး​က မူ ဖက်​စပ်​လုပ်​ငန်း လုပ် ရန် ခွင့်​ပြု​ပေး​ထား​၏။

အစု​စပ် သဘော​လုပ် ငန်း​မျိုး​၌ နိုင်ငံ​ခြား​သား ရင်းနှီး​မြှုပ် နှံ​သူ​ကို ၈​ဝ ရာ​ခိုင်​နှုန်း​အထိ ပိုင် ဆိုင်​ခွင့် ပေး​ထား​၏။

ဗီယက်နမ်​နိုင်ငံ​၏ ခွင့် ပြု​ထား​မှု​က​မူ ပြောင်းပြန်ဖြစ်​ပါ​၏။ နိုင်ငံ​ခြား​သား ရင်းနှီး​မြှုပ်​နှံ​သူ​သည် မည်​သည့်​လုပ်​ငန်း အမျိုး​အစား​ဖြစ် စေ ပိုင်ဆိုင်ခွင့်​မှာ ၄​၉ ရာ​ခိုင်​နှုန်း ဖြစ်​၏။

ဗီယက်နမ်​နိုင်ငံ​မှ ဖြစ်​စဉ်​များ​ကို သင်​ခန်း​စာ​အဖြစ် ယူ​မည်​ဆို​ပါ​က မြန်မာ​နိုင်ငံ​အတွက်၊ မြန်မာ​ခေါင်းဆောင်​များ​အတွက် အရေး အကြီး​ဆုံး အဓိက​အချက်​မှာ စီးပွား​ရေး ပြုပြင်​ပြောင်းလဲ​မှု​ကို တည်​တန့်​ခိုင်​မြဲ​နေ​စေ​ရေး​နှင့် စဉ်​ဆက်​မ​ပြတ် အားထုတ်​စေ​ရန် သာ ဖြစ်​ပါ​၏။

မြန်မာ​နိုင်ငံသား​များ စ​ဦး​ကာလ​၌​ပင် စမ်းသပ်​ခံ​ရ၊ စစ်ဆေး​ခံ​ရ​မည့် အရာ​မှာ သမ္မတ​ကြီး ဦး​သိန်း​စိန်​က အလွန်​တက်​ကြွ​စွာ၊ ပွင့်လင်း စွာ​နှင့် တင်ပြ​ရာ​တွင် ပုဂ္ဂလိက​လုပ်​ငန်း​များ​သည် မဟာ​ဗျူဟာ​ချ​မှတ်​၍ နိုင်ငံ​ပိုင်​လုပ်​ငန်း​များ နှင့် ပခုံး​ချင်း ယှဉ်​ပြိုင်​နိုင်​ရ​မည်​ဟု လည်း တွန်း​အားပေး​ခဲ့​သည်။ ယင်း​အစီ​အစဉ်​များ​ကို အစိုးရ​အဖွဲ့​သည် အကောင်အထည် ဖော်​နိုင်​ပါ​မည်​လား။

ယခု​အခါ ဆက်​သွယ်​ရေး​ကဏ္ဍ​အတွက် နော်​ဝေ​နိုင်ငံ​မှ Telenor Tel.Os နှင့် ကာ​တာ​နိုင်ငံ​မှ Ooredoo လုပ်​ငန်း​နှစ်​ခု​တို့​က ယခု​နှစ် ဇွန်​လ တင်​ဒါ​တင်​သွင်း​ရာ​၌ ခွင့်​ပြု​ချက်​လိုင်စင်​ရ​ခဲ့​သည်။ ထို နိုင်ငံ​နှစ်​ခု​တို့​သည် နိုင်ငံ​တစ်​ခု​လုံး ဆက်​သွယ်​ရေး​နှင့် အကျိုးဆောင် လုပ်​ငန်း လုပ်ကိုင်​ရ​တော့​မည် ဖြစ်​သည်။

ယခု​အခါ မြန်မာ​အစိုးရ​သည် အခြား​သော စက်​မှု​လုပ်​ငန်း များ​၌​လည်း ယင်း​ပုံစံ န​မူ​နာယူ ကာ လို​အပ်​သ​မျှ တိုး​ချဲ့​ဆောင်ရွက် လျက် ရှိ​၏။

ပမာ​အား​ဖြင့် အမြတ်အစွန်း​များပြား​စွာ​ရ​နိုင်​သည့် လူ​သုံး​များ​သော စီးပွား​ရေး​လုပ်​ငန်း​တစ်​ခု​ဖြစ်​သည့် လျှပ်စစ်​ဓာတ်​နှင့် အခြား အပေါ်ယံ အဆောက်အအုံ​များ တည်ဆောက်​ရေး​ကို​လည်း ယင်း​န​မူ​နာ​အတိုင်း ဆောင်ရွက်​ရန် လို​အပ်​သည်။

ဗီယက်နမ်​နိုင်ငံ​၏ ဖြစ်​စဉ်​များ​ကို န​မူ​နာယူ​မည်​ဆို​ပါ​က ယင်း​လုပ်​ငန်း​များ​ကို ပုဂ္ဂလိက​ပိုင်​အဖြစ် စော​စီး​စွာ​နှင့် ထိ​ရောက်​စွာ မ​ဆောင် ရွက်​ပါ​က နောက်ဆုံး​တွင် အရည်အချင်း မ​ရှိ​မှု၊ အရည်အသွေး ညံ့​ဖျင်း​မှု​က​သာ နိုင်ငံ​၏ စီး ပွား​ရေး​အပေါ် ပိ​လာ​တော့​မည်။

တစ်​ပြိုင်​တည်း​မှာ​ပင် အစိုးရ​အဖွဲ့​အတွင်း​၌​လည်း ယင်း သို့​သော အရည်အသွေး ညံ့​ဖျင်း​မှု​က အမြစ်​တွယ်​သွား​ပေ​လိမ့်​မည်။

ထို​အချိန်​ကျ​မှ ပြုပြင် ပြောင်းလဲ​ရေး​ကို လုပ်ဆောင်​မည် ဆို​ပါ​လျင် အခက်​အခဲ​များ​စွာ တွေ့​ရ​ပေ​လိမ့် မည်။

မြန်မာ​နိုင်ငံ​၌ ပြုပြင်​ပြောင်းလဲ​ရေး​လုပ်​ငန်း​စဉ်​ကို ပြုလုပ်​ရန်​စီစဉ်​လိုက်​သည်​နှင့် အသည်း​နှလုံး​ထဲ​၌ ခိုင်​ခိုင်မာ​မာ သန္နိဋ္ဌာန် ချထား​ရ​မည့် အချက်​မှာ ယခင်​က ရှိ​ပြီး​သား အုတ်​နံရံ​ကြီး များ​ကို ဖြို​ချ​ပြီး အုတ်​နံရံ​သစ်​များ တည်ဆောက်​ရ​ပါ​လိမ့်​မည်။

အုတ်​နံရံ​သစ်​အတွက် အတို စာလုံး​အရ BRIC ကို တည်ဆောက် ရ​မည်။

B ဆို​သော အရာ​မှာ Bureauiracyဗျူ​ရို​က​ရေ​စီ၊ စီမံ ခန့်​ခွဲ​မှု ပုံစံ​သစ် ချ​မှတ်​ရ​မည်။

R ဆို​သည့်​အရာ​မှာ Rules, Regulation စည်းမျဉ်း စည်းကမ်း အသစ်​များ ချ​မှတ်​ရ မည်။

I ဆို​သည့်​အရာ​မှာ Interventionism အရာ​ရာ ဝင် ရောက်​စွက်ဖက်​မှု ရှောင်​ရှား​ရ​မည်။

C ဆို​သည့်​အရာ​မှာ Corruption အလွဲ​သုံး​စား​လုပ်​ခြင်း များ ရှောင်​ရ​မည်။

အထက်ဖော်​ပြ​ပါ​အချက် လေး​ချက်​ကို စီးပွား​ရေး ဖွံ​ဖြိုး​မှု မူ​၌ တည့်မတ်​စွာ ဆောင်ရွက်​ရ​မည်။

ပမာ​အား​ဖြင့် ဗျူ​ရို​က​ရေ​စီ ယန္တရား တိုးတက်​ကောင်းမွန် လာ​စေ​ရန် ပြုလုပ်​ရ​မည်။

စည်းကမ်း နည်း​လမ်း များ​သည် မျှတ​သော ပုံ​သဏ္ဌာန် ဖြင့် လည်ပတ်​ရ​မည်။

ဝင်​ရောက်​စွက်ဖက်​မှု​ဆို​သည်​ကို မ​တွေ့​ရ​တော့​သည်​အထိ ဖြစ်​ရ​မည်။ အရေးယူ​သည့် အဖြစ် မျိုး​ပင်မ​ရှိ​စေ​ရန် ဖြစ်​၏။

အလွဲ​သုံး​စား​လုပ်​မှု​ကို​မူ လုံး​ဝ​ကင်း​ရှင်း​နိုင်​သ​မျှ ကင်း​ရှင်း​ရ​မည်။ အလွန်​သန့်ရှင်း​သော ပြုပြင် ပြောင်းလဲ​မှု​အစီ​အစဉ်​တစ်​ခု မြန် မာ​နိုင်ငံ​၌ ဖြစ်လာ​စေ​ရန် စီစဉ်​ပြီး ဖြစ်​နေ​ပါ​၏။
Written by စိုး​မင်း​ဦး

စီးပွား​ရေး​ကဏ္ဍ​၌ လှုပ်ရှား​ဆောင်ရွက်​နေ​မှု​များ​သည် တိုး​၍ ဖြစ်ထွန်း​နေ​ပါ​၏။ အခွင့်​အလမ်း​သမား​များ​ကို​လည်း ဖွင့်​ပေး နေ​ပြီ ဖြစ် ပါ​၏။

နိုင်ငံ​တကာ ငွေ​ကြေး​ရန် ပုံငွေ​အဖွဲ့- International Monetary Fund-IMF အဖွဲ့ ခန့်​မှန်း တွက်ချက်​ထား​သည်မှာ မြန်မာ​နိုင်ငံ​၏ စုစုပေါင်း ကုန်​ထုတ်​လုပ်​မှု- GDP သည် ယခု​နှစ်​၌ ၆.၈ ရာ​ခိုင် နှုန်း တိုး​လာ​သည်။

ယခင်​နှစ်​က​နှင့် နှိုင်းယှဉ် ပါ​က ၅.၅ ရာ​ခိုင်​နှုန်း​သာ ဖွံ့ဖြိုး မှု ရှိ​သည်။

အဆုံးစွန်​ဆုံး​အခြေအနေ​၌ မည်သို့​ပင်​ဖြစ်​စေ၊ ယခု​အခါ ခိုင်မာ​သော စည်းမျဉ်း​စည်းကမ်း နှင့် ပုဂ္ဂလိက​ကဏ္ဍ​များ​သည်​လည်း ဖွံ့ဖြိုး​လျက် ရှိ​သည်။

ထို​ပုဂ္ဂလိက​လုပ်​ငန်း​များ​သည် စတင်​၍ စီးပွား​ရေး​ဖွံ့ဖြိုး​နေ ပြီ ဖြစ်​သည်။

မြန်မာ​နိုင်ငံ​သည် ဗီယက်နမ်​နိုင်ငံ ရုန်း​ကန်​ခဲ့​ရ​သည့် သင်​ခန်း​စာ​များ​ကို​ရ​ယူ​ပြီး ဆောင်ရွက်​ရန် အခွင့်​အလမ်း​ကောင်း​များ ရ​ရှိ​နေ ပြီ ဖြစ်​သည်။

(ဤ​ဆောင်းပါး​ရေး​သူ Curtis S. Chin သည် အာ​ရှ​ဖွံ့ဖြိုး​ရေး​ဘဏ်- ADB ၌ အမေ​ရိ​ကန်​နိုင်ငံ​၏ သံ​အမတ်​ကြီး တာဝန်​ဖြင့် ဆောင် ရွက်​ခဲ့​သူ ဖြစ်​သည်။ ယခု​အခါ River Peak Group အဖွဲ့​ဆို သည့် အကြံပေး​အဖွဲ့​၏ MD ဖြစ် သည်။

ဤ​ဆောင်းပါး​ကို ပူးတွဲ ရေး​ခဲ့​သူ Jose B. Collazo က​မူ အရှေ့တောင်​အာ​ရှ ဒေသ​အတွက် ဝေဖန်​သုံးသပ်​သည့် ဆောင်းပါး​များ မ​ကြာ​ခဏ ရေးသား​သူ ဖြစ်​၏။)

Credit to Myanmar Market Journal

Share Button

Click here to submit your review.


Submit your review
* Required Field

1181 total views, 1 today

  

Leave a Reply

  • shame

    Shameful Mistake

    by on 2014年1月8日 - 0 Comments

    အမှား​တွေ၊ အလွဲ​တွေ

  • enlightenment

    ရင်လေး​ဖွယ်ရာ အနာဂတ်​သာသနာ

    by on 2014年2月6日 - 0 Comments

    တစ်​နေ့​က ‘ဘ​ဂ​ဝါ ယူ​နိုက်​တက်စ်​အက်ဖ်​စီ’ လို့ နာမည်​တပ်​ထား​တဲ့ အီးလ်​မေးလ် တစ်​စောင် ဦး​ပဥ္စင်း​ဆီ ရောက်လာ​ပါ​တယ်။

  • chinatown

    တရုတ်တန်း​က စစ်ကိုင်း​လမ်း

    by on 2014年2月7日 - 0 Comments

    လမ်း​ထဲ​သို့ ချိုး​ဝင်​လိုက်​သည်​နှင့် အကင်ညှော်​နံ့​များ​က နှာသီး​ဝ​ကို​လာ​ရောက်​ကျီစယ်​သည်။ ကား​တစ်​စီး​လွတ်​ရုံ​လမ်း​လေး​ထဲ ခင်းကျင်း​ထား​သည့် စားပွဲ​ဝိုင်း​...

  • yangon_view_south

    Yangon Dream

    by on 2014年3月5日 - 0 Comments

    (Written by: ချစ်​ဝင်း​မောင်) နှစ်​ပေါင်း ၂​၀ ကျော် ကာလ​အတွင်း ကျွန်တော်​နေထိုင်​ရာ အရပ်​သည် မ​ယုံကြည်​နိုင်​လောက်​ဖွယ် အံ့​မ​ခန်း ပြောင်းလဲ​သွား​ခဲ့​သည်။ နေ...

  • nelsonmandela

    မင်​ဒဲ​လား​ပြော​ခဲ့​သော စကား​တစ်​ခွန်း

    by on 2014年1月27日 - 0 Comments

    Written by ဦးတင်​ဦး (ကျူ​ရှင်) လွန်​ခဲ့​တဲ့​သောကြာနေ့​ည​က ည​စဉ်​သွား​နေကျ​ဆေး​ခန်း​သို့ ရောက်​သွား​သော​အခါ ဆရာဝန်​၏​အိမ်​မှ​ရုပ်​မြင် သံ​ကြား​ဖန်​သား ပြင်ပေါ...