Welcome, visitor! [ Register | LoginRSS Feed  | 

ဘီ⁠ဘီ​စီ သ​တင်း​ပညာ ကော​လိပ်

| Education | 2013年11月15日

cojo_statue

ဒီ​စာ​မျက်​မှာ​တွေပေါ်​မှာ သ​တင်း​လိုက်​နည်း၊ သ​တင်း​ရေးသား​နည်း၊ ဘာသာ​ပြန်​နည်း၊ တင်ပြ​ပုံ၊ စကားလုံး အသုံး​အနှုန်း စ​တဲ့ သ​တင်း​သမား​တွေ အတွက် သိ​သင့်​သိ​ထိုက်​တဲ့ ပညာ​ရပ်​တွေ​ကို ဝေမျှ​ပေး​ဖို့ ရည်​ရွယ်​ပါ​တယ်။
အထူး​သ​ဖြင့် သ​တင်း​ရေးသား တင်ပြ​ရာ​မှာ အဓိက​ကျ​တဲ့ ဘာသာ​စကား အသုံး​အနှုန်း​တွေ​ကို မှန်​မှန်ကန်​ကန် တိတိ​ကျ​ကျ သုံး​တတ်​လာ​စေ​ဖို့ ဘီ⁠ဘီ​စီ သ​တင်း​ထောက်​တွေ​ရဲ့ နှစ်​ပေါင်း​များ​စွာ လုပ်ကိုင်​လာ​ခဲ့​တဲ့ အတွေ့​အကြုံ​တွေ​က တ​ဆင့် လေ့​လာ​နိုင်​အောင် တင်ပြ ပေး​ထား​ပါ​တယ်။ အထူး​သ​ဖြင့် သ​တင်း​ပညာ​နဲ့ ပတ်သက်​လို့ သင်​တန်း​ကျောင်း တ​ခု⁠ခု​ကို တက်​ရောက် ဆည်း​ပူး​ဖို့ အခြေအနေ​မ​ပေး​တဲ့ မြန်မာ သ​တင်း​သမား​တွေ သ​တင်း​ပညာ စိတ်ဝင်စား​သူ​တွေ အတွက် ရည်​ရွယ်​ပြီး ပြုစု​ရေးသား ထား​တာ​ပါ။ ဒီ​စာ​မျက်နှာ​တွေ​ဟာ အစ​က​န​ဦး ခြေလှမ်း​တစ်​ခု​ပဲ ဖြစ်​ပြီး တ​ဖြည်း⁠ဖြည်း​ချင်း သ​တင်း​ပညာ​နဲ့ ဘာသာ​စကား အသုံး​အနှုန်း​နဲ့ ပတ်သက်​ပြီး ပြည့်​စုံ​တဲ့ လမ်း​ညွှန်​ချက်​တွေ ဖြစ်လာ​စေ​ဖို့ ရည်​ရွယ်​ပါ​တယ်။
BBC World Service နဲ့ ဘီ⁠ဘီ​စီ သ​တင်း​ပညာ​ကော​လိပ်​တို့ ပူးပေါင်း​ပြီး သက်ဆိုင်​ရာ ဘာသာ​စကား အလိုက် သ​တင်း​ပညာ စာ​မျက်နှာ​တွေ ထုတ်​ပြန်​ပေး​ခဲ့​တာ ၁​၆ ဖေဖော်ဝါရီ ၂​၀⁠၀​၉ ခု​နှစ်​မှာ မြန်မာဘာသာ အပါအဝင် ဘာသာ​စကား ၇ မျိုး​မှာ သက်ဆိုင်​ရာ ဘာသာအလိုက် လမ်း​ညွှန်​ချက်​တွေ​ကို ထုတ်​ပြန်​ခဲ့​ပါ​ပြီ။အဲ​ဒါ​တွေ​ကတော့ မြန်မာ၊ ဘင်္ဂါ​လီ၊ တင်​ဒီ၊ နီ​ပါ​လီ၊ ဆင်​ဟာလာ၊ တ​မီးလ်​နဲ့ ဗီယက်နမ်​တွေ​ပဲ ဖြစ်​ပါ​တယ်။
အရင်​က​လဲ တရုတ်၊ အင်ဒို​နီး​ရှား၊ အာ​ရ​ဗီ​နဲ့ ပွတ်ရှ်​တူ အပါအဝင် ဘာသာ​စကား ၁​၂ မျိုး​နဲ့ ထုတ်​ပြန်​ပေး​ပြီး​ပါ​ပြီ။ ဒါ​ကြောင့် အခု​ဆို ဘီ⁠ဘီ​စီ သ​တင်း​ပညာ​ကော​လိပ် စာ​မျက်နှာ​တွေ​ကို ဘာသာ​စကား ၁​၉ မျိုး​နဲ့ လေ့​လာ​နိုင်​ကြ​ပြီ ဖြစ်​ပါ​တယ်။

Credit to BBC

Share Button

Click here to submit your review.


Submit your review
* Required Field

No Tags

1320 total views, 1 today

  

Leave a Reply

  • shame

    Shameful Mistake

    by on 2014年1月8日 - 0 Comments

    အမှား​တွေ၊ အလွဲ​တွေ

  • enlightenment

    ရင်လေး​ဖွယ်ရာ အနာဂတ်​သာသနာ

    by on 2014年2月6日 - 0 Comments

    တစ်​နေ့​က ‘ဘ​ဂ​ဝါ ယူ​နိုက်​တက်စ်​အက်ဖ်​စီ’ လို့ နာမည်​တပ်​ထား​တဲ့ အီးလ်​မေးလ် တစ်​စောင် ဦး​ပဥ္စင်း​ဆီ ရောက်လာ​ပါ​တယ်။

  • chinatown

    တရုတ်တန်း​က စစ်ကိုင်း​လမ်း

    by on 2014年2月7日 - 0 Comments

    လမ်း​ထဲ​သို့ ချိုး​ဝင်​လိုက်​သည်​နှင့် အကင်ညှော်​နံ့​များ​က နှာသီး​ဝ​ကို​လာ​ရောက်​ကျီစယ်​သည်။ ကား​တစ်​စီး​လွတ်​ရုံ​လမ်း​လေး​ထဲ ခင်းကျင်း​ထား​သည့် စားပွဲ​ဝိုင်း​...

  • yangon_view_south

    Yangon Dream

    by on 2014年3月5日 - 0 Comments

    (Written by: ချစ်​ဝင်း​မောင်) နှစ်​ပေါင်း ၂​၀ ကျော် ကာလ​အတွင်း ကျွန်တော်​နေထိုင်​ရာ အရပ်​သည် မ​ယုံကြည်​နိုင်​လောက်​ဖွယ် အံ့​မ​ခန်း ပြောင်းလဲ​သွား​ခဲ့​သည်။ နေ...

  • nelsonmandela

    မင်​ဒဲ​လား​ပြော​ခဲ့​သော စကား​တစ်​ခွန်း

    by on 2014年1月27日 - 0 Comments

    Written by ဦးတင်​ဦး (ကျူ​ရှင်) လွန်​ခဲ့​တဲ့​သောကြာနေ့​ည​က ည​စဉ်​သွား​နေကျ​ဆေး​ခန်း​သို့ ရောက်​သွား​သော​အခါ ဆရာဝန်​၏​အိမ်​မှ​ရုပ်​မြင် သံ​ကြား​ဖန်​သား ပြင်ပေါ...