Welcome, visitor! [ Register | LoginRSS Feed  | 

မင်​ဒဲ​လား​ပြော​ခဲ့​သော စကား​တစ်​ခွန်း

| World Leader | 2014年1月27日

nelsonmandela

Written by ဦးတင်​ဦး (ကျူ​ရှင်)

လွန်​ခဲ့​တဲ့​သောကြာနေ့​ည​က ည​စဉ်​သွား​နေကျ​ဆေး​ခန်း​သို့ ရောက်​သွား​သော​အခါ ဆရာဝန်​၏​အိမ်​မှ​ရုပ်​မြင် သံ​ကြား​ဖန်​သား ပြင်ပေါ်​တွင် တောင်​အာ​ဖ​ရိ​က သမ္မတ​ဟောင်း ပြုပြင်​ပြောင်းလဲ​ရေး ခေါင်းဆောင်​နယ်လ် ဆင်​မင်​ဒဲ​လား​၏ နာ​ရေး​သ​တင်း​ထုတ်​လွှင့်​နေ​သည်​ကို မြင်​တွေ့​လိုက်​ရ​သည်။

ထို​သ​တင်း​ကို ကြားလိုက်​ရ​သော​အခါ ကျွန်တော်​သည် ဟီ​လာ​ရီ​ရော့​ဒမ်​က​လင်​တန်​က သူ​၏ Living History ဟူ​သော​စာအုပ်​တွင် ပြန်ပြော​ပြ​ထား​သော မင်​ဒဲ​လား​နှင့်​စပ်လျဉ်း​သော အတွေ့​အကြုံ​ကို ပြန် လည်​သတိရ​မိ​သည်။

နိုင်ငံ​ခြား​ရုပ်​သံ သ​တင်း​ဌာန​မှ​သ​တင်း​ကြေညာ​သူ​က မင်​ဒဲ​လား​၏ ကိုယ်​ရေး​အတ္ထုပ္ပတ္တိ်​အကျဉ်း​ကို​လည်း ထည့်​သွင်း​ကြေညာ​သွား​သည်​ကို ကြားလိုက်​ရ​သည်။

မင်​ဒဲ​လား​သည် ယခု​နှစ် ဇွန်​လ​က တည်း​က အဆုတ်​ထဲ​ပိုး​ဝင်​ခြင်း ပြဿနာ​ကြောင့် ဆေး​ရုံ​တက်​ခဲ့​ရ​သည်။ ဆေး​ရုံ​တက်​စ​က​လည်း စိုးရိမ်​ရ​ဖွယ် အခြေ​အ နေ ဖြစ်​သည်။ နောက်မှ​စိုးရိမ်​စရာ အခြေအနေ​မ​ရှိ​တော့ ဟု ကြေညာ​ကာ သူ့​အား ဆေး​ရုံ​မှ ဆင်း​ခွင့်​ပြု​လိုက်​သည်။ တစ်​ဖန်​စိုးရိမ်​ရ​ပြန်​သ​ည။် ဆေး​ရုံ​တင်​ကာ ကြပ် မတ်​ကု​သ​ကြ​ပြန်​သည်။ သို့​နှယ်​အကြိမ်ကြိမ် ဆေး​ရုံ​တင်​လိုက်၊ သက်သာ​တော့ ဆင်း​ခွင့်​ပေးလိုက်​နှင့် ဒီဇင်ဘာ​လ ၆ ရက် သောကြာနေ့​က​တာ့ မည်​သူ​မျှ လွှဲ​ရှောင်​၍​မ​ရ​သော မရဏ​လမ်း​ကို​ပဲ သူ​လျှောက်​သွား ခဲ့​ရ​လေ​သည်။

မင်​ဒဲ​လား​သည် ၁​၉​၁​၈ ခု​နှစ်​ဖွား​ဖြစ်​ရာ ကွယ်​လွန်​ချိန်​၌ အသက် ၉​၅ နှစ်​ရှိ​ပြီ​ဖြစ်​ပေ​သည်။ လူ့​သက်​တမ်း နှင့်​တွက်​လျှင် လူ့​ဘဝ​ကို​သက်​တမ်း​ပြည့် နေထိုင်​သွား​သူ​ဟု ဆို​နိုင်​ပေ​သည်။

သို့ရာတွင် လူ​တို့​၏​တန်ဖိုး​သည် ဘယ်​အရွယ်​တွင် သေ​ဆုံး​သည်​ဟူ​သော အချက်​တွင်​တည်​သည် မဟုတ် ပါ။ လူ့ ဘဝ​တွင်​နေ​စဉ် သူ​ဘာ​တွေ​လုပ်​သွား​သည်​ဟူ​သော အချက်ပေါ်​တွင်​သာ တည်​နေ​တာ​မျိုး​ဖြစ် သည်။

မင်​ဒဲ​လား​သည် လူ့​ဘဝ​ကို ၉​၅ နှစ်​တိုင်​တိုင် နေ​သွား​ခဲ့​ရာ​၌ သူ့​နိုင်ငံ​ထံ​မှ သူ့​အတွက်သော်​လည်းကောင်း၊ သူ့ မိသား​စု​အတွက်သော် လည်းကောင်း ရ​ယူ​နေ​သွား​ခြင်း​မဟုတ်​ဘဲ သူ့​နိုင်ငံ​၏ ပြည်​သူ​တွေ​အတွက်​သာ သူ့​ဘဝ​ကို​ပေး​၍ နေ​သွား​သူ​ဖြစ်​ပါ​သည်။

သူ​သည် အသားအရေ​၏ အရောင်​အပေါ်​အခြေ​ခံ​ပြီး ခွဲ​ခြား​ဆက်ဆံ​ခြင်း ပြင်းထန်​လှ​သော လူ့​အဖွဲ့​အစည်း တွင် လူ​နည်း​စု​အဖြူ​တို့​က လူ​အများ​စု​အမဲ​တို့​အပေါ် ဖိ​နှိပ်​ဆက်ဆံ​သော​စနစ်​ကို တွန်း​လှန်​ဖယ်ရှား​၍ ပြောင်းလဲ​မှု​ကြီး​တစ်​ရပ်​ကို ပေါ်ပေါက်​လာ​အောင် သူ့​ဘဝ​ကို မြှုပ်​နှံ​နေထိုင်​သွား​သူ​ဖြစ်​သည်။

လူ​ဖြူ​အစိုးရ​က သူ့​အား ၁​၉​၆​၃ ခု​နှစ်​ကတည်းက ထောင်​သွင်း​အကျဉ်းချ​ထား​ကာ ၂​၇ နှစ်​အကြာ ၁​၉⁠၉​၀ ပြည့်​နှစ် ဖေဖော်ဝါရီ​လ​တွင်​မှ လွတ်မြောက်​လာ​ခဲ့​ရ​သူ​ဖြစ်​သည်။

လွတ်မြောက်​လာ​ပြီး​နောက် ၁​၉⁠၉​၁ ခု​နှစ်​တွင် အာ​ဖ​ရိ​က​အမျိုးသား​ကောင်​စီ​၏ ဥက္ကဋ္ဌ​အဖြစ် တင်​မြှောက်​ခံ ရ​သည်။ ၁​၉⁠၉​၁ ခု​နှစ်​တွင် တောင်​အာ​ဖ​ရိ​က​၏ နောက်ဆုံး​လူ​ဖြူ​သမ္မတ အက်​ဖဲ​ဒဗ္ဗ​လျှူ​ဒီ​ကလပ်​နှင့် ပူးတွဲ​၍ နို​ဗဲလ်​ငြိမ်း​ချမ်း​ရေး​ဆု​ရ​သည်။  ၁​၉⁠၉​၄ ခု​နှစ်၊ မတ်​လ​တွင် ပထမ​ဦး​ဆုံး​လူ​ဖြူ​လူ​မဲ​လူ​မျိုး​ပေါင်း​စုံ​ပါဝင်​သော ရွေး​ကောက်​ပွဲ​တွင် အနိုင်​ရ​ရှိ​သ​ဖြင့် မင်​ဒဲ​လား​သည် ပထမ​ဦး​ဆုံး​လူ​မဲ​သမ္မတ​ဖြစ်လာ​သည်။

မင်​ဒဲ​လား​သမ္မတ​ဖြစ်​တော့ သမ္မတ​ရာထူး​လက်ခံ​ပွဲ​သို့ ကမ္ဘာ​အရပ်​ရပ်​မှ ခေါင်းဆောင်​များ တက်​ရောက်​ကြ ပါ​သည်။ အမေ​ရိ​ကန်​နိုင်ငံ​တွင် ထို​အချိန်​က သမ္မ်​တ ဖြစ်​နေ​သူ​မှာ ဘီလ်​က​လင်​တန် ဖြစ်​သည်။ သို့ရာတွင် က​လင်​တန်​သည် ဟေ​တီ​နိုင်ငံ​၏ အာဏာ​သိမ်း စစ်​အစိုးရ​အပေါ် ကုလသမဂ္ဂ​က ပိတ်​ဆို့​အရေးယူ​မှု​များ တင်း⁠တင်း​ကျပ်ကျပ် ဆောင်ရွက်​နေ​ချိန် စစ်​ပြေး​ဒုက္ခ်​သည်​တွေ အမေ​ရိ​ကန်​သို့ အလုံးအရင်း​နှင့် ပြေး​လာ ခြင်း​များ ဖြစ် ပေါ်​နေ​ချိန်​ဖြစ်​၍ ထို​ကိစ္စ်​များ​ဖြင့် အလုပ်​ရှုပ်​နေ​သ​ဖြင့် မင်​ဒဲ​လား​၏ သမ္မတ​ရာထူး​လက်ခံ​ပွဲ သို့ ကိုယ်တိုင်​မ​တက်​နိုင်။ သူ​၏ ဒုတိယ​သမ္မ်​တ​အယ်လ်​ဂိုး ဦးဆောင်​သော ကိုယ်စားလှယ်​အဖွဲ့​ကို​စေလွှတ် လိုက်​ရ​သည်။ ကိုယ်စားလှယ်​အဖွဲ့​တွင် သမ္မတ​ကတော် ဟီ​လာ​ရီ​က​လင်​တန်​နှင့် နောင်​သမ္မတ​ဂျော့

ဒဗ္ဗ​လျူ ဘွတ်ရှ်​လက်ထက်​တွင် နိုင်ငံ​ခြား​ရေး​ဝန်ကြီး​ဖြစ်လာ​သည့် ကော​လင်း​ပါ​ဝဲလ်​တို့​လည်း ပါဝင်​ကြ​သည်။

လူ​ဖြူ​လူ​မဲ လူ​မျိုး​ရေး​ခွဲ​ခြား​မှု​ဖြင့် လူ​မဲ​တို့​အပေါ် အပြင်း​အထန်​ဖိ​နှိပ်​ညှဉ်းပန်း​၍ နှစ်​ပေါင်း​များ​စွာ အုပ်ချုပ် လာ​ခဲ့​ရာ​မှ ယခု​အခါ လူ​မဲ​သမ္မတ​အား အာဏာ​လွှဲ​ပြောင်း​ပေး​တော့​မည်​ဖြစ်​၍ ထို​ပွဲ​ကို ဝှဲချီး​ကျင်းပ​ခဲ့​ပေ​ရာ ကော​လင်း​ပါ​ဝဲလ်​သည် တောင်​အာ​ဖ​ရိ​က​ကာ​ကွယ်​ရေး​တပ်ဖွဲ့​မှ ဂျက်​လေ​ယာဉ်​များ​က ကောင်​ကင်​ယံ​မှ​ပျံ ဝဲ​နေ​ပုံ​များ​ကို​ကြည့်​ရင်း မျက်ရည်​များ​တောင်​ကျ​လာ​သည်​ဟု​ဆို​သည်။

သမ္မတ​အိမ်တော်​ကို ဒီ​ကလပ်​က မယ်​ဒဲ​လား​အား ကျမ်းသစ္စာ​ကျိန်ဆို​ပြီး​မှ လွှဲအပ်​ဖယ်​ပေး​ရာ​ထို အာဏာ လွှဲ​ယူ​ပွဲ​ပြီး​မှ မင်​ဒဲ​လား​က အိမ်တော်​သို့​တက်​ရ​သည်။ သမ္မတ​အိမ်တော် နေ့လယ်စာ​စားပွဲ​တွင် မင်​ဒဲ​လား သည် ရော​ဘင်​ကျွန်း​ထောင်​၌ သူ့​အား အကျဉ်းချ​ထား​သည့် တာဝန်​ကို​ထမ်း​ဆောင်ခဲ့​ကြ​သူ ထောင်မှူး​သုံး ဦး​တို့​ကို​လည်း ဖိတ်ကြား​ထား​ကာ ဧည့်​သည်တော်​များ​အား ထို​ထောင်မှူး​များ​နှင့် မိတ်​ဆက်​ပေး​သည်။ ထို ပွဲ​သို့ တက်​ရောက်​ခဲ့​သည့် ဟီ​လာ​ရီ​က​လင်​တန်​က ကိုယ့်ကို​ထောင်ချ​ထားခဲ့​သူ ထောင်မှူး​များ​ကို​သမ္မတ သစ်​မင်​ဒဲ​လား​က တ​လေး​တ​စား​ဂုဏ်​ပြု​နိုင်​သော မင်​ဒဲ​လား​၏ စိတ်​ဓာတ်​ကို အံ့ဩ​ချီးမွမ်း​မိ​သည်။

မင်​ဒဲ​လား​သည် ဟီ​လာ​ရီ​က​လင်​တန်​နှင့် စကား​စ​မြည်​ပြော​ရင်း သူ့​ကို​ထောင်​က​လွှတ်​ပေးလိုက်​တဲ့ နေ့​က​အကြောင်း​ကို​ဤသို့ ပြော​ပြ​ပါ​သ​တဲ့။

“ကျွန်တော်ဟာ သူ့​ကို​လွန်သွား​ပြီ​ဆို​ရင် လွတ်လပ်​သူ ဖြစ်လာ​စေ​တော့​မယ့် ထောင်​ဘူး​ဝ​တံခါး​ဆီ​ကို ရှေး ရှု​လျှောက်​လာ​ရင်း အင်း ငါ​သည် ငါ​ရဲ့​နာ​ကျည်း​မုန်း​တီး​မှု​တွေ​ကို ဒီ​မှာ​မ​ထား​ရစ်​ခဲ့​နိုင်​ဘူး​ဆို​ရင်​တော့​ငါ ဟာ​ဆက်လက်​ပြီး အကျဉ်း​ကျနေ​ဦး​တော့​မှာ​ပဲ​လို့ စဉ်းစား​မိ​တယ်​ဗျ” ဟီ​လာ​ရီ​က​လင်​တန်​သည် မင်​ဒဲ​လား ၏ ထို​စကား​ကို သူ​၏ Living History ဟူ​သော​စာအုပ်​တွင် မှတ်တမ်း​တင်​ထား​ပါ​သည်။

မင်​ဒဲ​လား​၏​စကား​သည် တစ်​ကမ္ဘာ​လုံး​ရှိ လူ​သား​များ​အားလုံး​အတွက် နှလုံးမူ​စရာ​စကား​ဖြစ်​ပါ​သည်။ယနေ့ လို အမျိုးသား​ရင်ကြားစေ့​ရေး​ကို ကြိုးပမ်း​နေ​ရ​သော မြန်မာ​နိုင်ငံ​အတွက်​လည်း အထူး​သတိပြု​အပ်​သော စကား ဖြစ်​သည်။ ကျွန်တော်​တို့​သည် အမုန်း​အမျက်​တွေ​ကို ရင်​ဝယ်​သိုထား​နေ​သ​မျှ ကိုယ့်​ကိုယ်​ကိုယ် အ ကျဉ်း​ချထား​သ​လို ဖြစ်​မည်​ကို သတိမူ​အပ်​ပါ​သည်။

အစိုးရ​သည် ကိုယ်​နှင့်​သဘောထား​မ​တူ​သူ​ကို အင်အား​သုံး​၍ ဖိ​နှိပ်​ထား​သည်​ဟူ​သော အယူ​အဆ​ကို မ​စွန့် လျှင်​လည်းကောင်း၊ ဒီ​မို​က​ရေ​စီ တောင်း​ဆို​သူ​များ​သည် အစိုးရ​ကို ရန်ဘက်​အသွင်​ဖြင့် အမုန်း​အာဃာတ တွေ​ရှေ့ထား​၍ တိုက်ခိုက်​နေ​ချင်​မည် ဆို​လျှင်​လည်းကောင်း မိမိ​တို့​ဖြစ်​ချင်​သော အမျိုးသား​ရင်ကြားစေ့ ရေး​လည်း ဖြစ်လာ​နိုင်​မည်​မဟုတ်၊ လိုချင်​သော ဒီ​မို​က​ရေ​စီ​လည်း ရ​နိုင်​မည်​မဟုတ်။ တစ်​မျိုး​သား​လုံး​အ ကျဉ်း​ကျနေ​မည်​သာ ဖြစ်​ပေ​သည်။

အစိုးရ​က​လည်း စစ်​အာဏာ​ရှင် အတွေး​အခေါ်​အယူ​အဆ​များ​ကို လွှတ်​ချ၊ ဒီ​မို​က​ရေ​စီ လိုလား​သူ​များ​က​လည်း အမုန်း​အာဃာတ​တွေ​ကို လွှတ်​ချ​ကြ​လျက် ပေါ့ပါး​စွာ​ဖြင့် ဒီ​မို​က​ရေ​စီ​ပန်းတိုင်​သို့ ချီ​တက်​နိုင်​ကြ​ပါ​စေ​ဟု ဆန္ဒ​ပြု​လိုက်​ရ​ပါ​သည်။

Credit Mizzima

Share Button

Click here to submit your review.


Submit your review
* Required Field

1725 total views, 4 today

  

Leave a Reply

  • shame

    Shameful Mistake

    by on 2014年1月8日 - 0 Comments

    အမှား​တွေ၊ အလွဲ​တွေ

  • enlightenment

    ရင်လေး​ဖွယ်ရာ အနာဂတ်​သာသနာ

    by on 2014年2月6日 - 0 Comments

    တစ်​နေ့​က ‘ဘ​ဂ​ဝါ ယူ​နိုက်​တက်စ်​အက်ဖ်​စီ’ လို့ နာမည်​တပ်​ထား​တဲ့ အီးလ်​မေးလ် တစ်​စောင် ဦး​ပဥ္စင်း​ဆီ ရောက်လာ​ပါ​တယ်။

  • chinatown

    တရုတ်တန်း​က စစ်ကိုင်း​လမ်း

    by on 2014年2月7日 - 0 Comments

    လမ်း​ထဲ​သို့ ချိုး​ဝင်​လိုက်​သည်​နှင့် အကင်ညှော်​နံ့​များ​က နှာသီး​ဝ​ကို​လာ​ရောက်​ကျီစယ်​သည်။ ကား​တစ်​စီး​လွတ်​ရုံ​လမ်း​လေး​ထဲ ခင်းကျင်း​ထား​သည့် စားပွဲ​ဝိုင်း​...

  • coffee

    အဆိပ်​သင့်​အနမ်း​များ

    by on 2013年11月15日 - 0 Comments

    Written by ရွှေ​ရည် ကော်​ဖီ​ဆိုင်​ဟု အမည်တပ်​ထား​သော ဆိုင်​လေး​ထဲ​သို့ ဆယ်ကျော်​သက် စုံ​တွဲ​တစ်​တွဲ ဝင်​ရောက်လာ​ပြီး “အခန်း​ရှိ​သေး​လား” ဆို​သော​အသံ​က ဆယ်ကျေ...

  • yangon_view_south

    Yangon Dream

    by on 2014年3月5日 - 0 Comments

    (Written by: ချစ်​ဝင်း​မောင်) နှစ်​ပေါင်း ၂​၀ ကျော် ကာလ​အတွင်း ကျွန်တော်​နေထိုင်​ရာ အရပ်​သည် မ​ယုံကြည်​နိုင်​လောက်​ဖွယ် အံ့​မ​ခန်း ပြောင်းလဲ​သွား​ခဲ့​သည်။ နေ...