Welcome, visitor! [ Register | LoginRSS Feed  | 

မနက်ဖြန်

| Education | 2013年11月22日

Written by မောင်​ကြည်

(၁)
ကျွန်တော်​တို့ ငယ်⁠ငယ်​တုန်း​က သင်​ခဲ့​ရ​သည့် ပုံပြင်​တစ်​ပုဒ် ရှိ​ပါ​သည်။ အဘိုး​အို တစ်​ယောက်​က ပျိုး​ပင်ပေါက်​လေး​တွေ​ကို စိုက်ပျိုး​နေ​သည်။ နန်းတော်​ထဲ​မှ တောကစား ထွက်​လာ​သည့် မင်းသား​လေး တစ်ပါး​က အဘိုး​အို​ကို မြင်​သွား​သော​အခါ မြင်းပေါ်​မှ ဆင်း​ကာ “အဘိုး ဘာ​တွေ​စိုက်​နေ​တာ​လဲ” ဟု မေး​လေ​သည်။ အဘိုး​အို​က “ပျိုး​ပင်​လေး​တွေ စိုက်​နေ​တာ​ပါ” ဟု ပြန်​ဖြေ​သည်။

“အဘိုး​ရယ် ဒီ​အပင်​တွေ ကြီး​လာ​တဲ့​အထိ အဘိုး​အသက်​ရှည် နိုင်​ပါ့​မ​လား။”

“အဘိုး​က ဒီ​အပင်​တွေ​ကို အဘိုး​အတွက် စိုက်​နေ​တာ မဟုတ်​ပါ​ဘူး။ နောင်​လာ နောက်​သား​တွေ​အတွက် စိုက်​နေ​တာ​ပါ” နောင်​မျိုး​ဆက်​တွေ အရိပ်ခို​ဖို့ အသီး​စား​ဖို့ ရည်​ရွယ်​ချက်​ဖြင့် အနာဂတ်​ကို မျှော်တွေး​ကာ အဘိုး​အို​က ထို​ကဲ့သို့ ပြန်​ဖြေ​လိုက်​ခြင်း ဖြစ်​ပါ​သည်။ အဘိုး​အို​ရဲ့ ခေါင်း​ထဲ​မှာ မနက်​ဖြန်​ဆို​တဲ့ အတွေး​တစ်​ခု ရှိ​နေ​ပုံ​ပါ​ပဲ။

(၂)
တစ်​ခါ​တုန်း​က ကဗျာ​ဆရာ မောင်​ချော​နွယ်​က ဟော​ဒီ​လို ပြော​ခဲ့​ဖူး​ပါ​သည်။ “တစ်​နေ့ ဟုတ်​ပါ​တယ်။ ကျွန်တော့်​ဘက်​မှာ တစ်​နေ့​ဆို​တာ​ပဲ ရှိ​ပါ​တယ်။ တစ်​နေ့​ဆို​တာ​ကို​ပဲ ကျွန်တော် အပြင်း​အထန် ယုံကြည်​ပါ​တယ်” တဲ့။ တကယ်​တော့ ကဗျာ​ဆရာ ယုံကြည်​တဲ့ တစ်​နေ့​ဆို​တာ “မနက်​ဖြန်” ကို ပြော​တာ​ပါ​ပဲ။

ထီ​ဆိုင်​မှာ ထီ​ထိုး​နေ​တဲ့ လူ​တစ်​ယောက်​ရဲ့ ခေါင်း​ထဲ​မှာ “မနက်​ဖြန်” ရှိ​သည်။ သမီး​လက်​ကို​ဆွဲ​ကာ ကျောင်း​လိုက်ပို့​နေ​သော ဖ​ခင်​တစ်​ယောက်​ရဲ့ ရင်​ထဲ​မှာ “မနက်​ဖြန်” ရှိ​သည်။ တပည့်​တို့​ကို စာ​သင်ပေး​နေ​သော ကျောင်းဆရာ တစ်​ယောက်​ရဲ့ စိတ်ကူး​ထဲ​မှာ “မနက်​ဖြန်” ရှိ​သည်။ မင်္ဂလာ​ဧည့်ခံ​ပွဲ ကျင်းပ​နေ​သော ဇနီးမောင်နှံ​ရဲ့ အတွေး​ထဲ​မှာ “မနက်​ဖြန်” ရှိ​သည်။ သား​ငယ်​ကို နို့​ချို​တိုက်​ကျွေး​နေ​သော မိ​ခင်​တစ်​ယောက်​ရဲ့ နှလုံးသား​ထဲ​မှာ “မနက်​ဖြန်” ရှိ​သည်။ စာ​မေး​ပွဲ​ဖြေ​ဖို့ စာ​ကျက်​နေ​သော ကျောင်းသား​တစ်​ယောက်​ရဲ့ စိတ်​ထဲ​မှာ “မနက်​ဖြန်” ရှိ​သည်။ ကျွန်တော်​တို့ အားလုံး​မှာ မနက်​ဖြန်​တွေ ကိုယ်စီ​ရှိ​ကြ​ပါ​သည်။
“မနက်​ဖြန်” သာ မ​ရှိ​တော့​ဘူး​ဆို​ရင် ဒီ​နေ့​ကျွန်တော်​တို့ အသက်​ရှင်​နေ​တာ​ဟာ သေ​တာ​နဲ့ ဘာ​မှ​မ​ခြား​တော့​ပါ​ဘူး။

(၃)
ကျွန်တော်​တို့ လက်​ရှိ​ရောက်​နေ​တဲ့ “ဒီ​နေ့” ဆို​တဲ့ အချိန်​ကာလ​ဟာ သူ့​ချည်း​သက်သက် ရပ်​တည်​လို့ မ​ရ​ပါ​ဘူး။ သူ့​ကို ချိတ်ဆက်​ထား​တဲ့ စကားလုံး​နှစ်​လုံး ရှိ​ပါ​သည်။ “မနေ့​က” ဆို​တဲ့ စကားလုံး​နဲ့ “မနက်​ဖြန်” ဆို​တဲ့ စကားလုံး​တွေ​ပါ​ပဲ။ “ဒီ​နေ့” ဆို​တဲ့ အချိန်​ကာလ​ကို ရောက်​ဖို့ “မနေ့​က” ဆို​တဲ့ အချိန်​ကာလ​ကို ဖြတ်​သန်း​ခဲ့​ရ ပါ​သည်။ ပြီး​တော့ “မနက်​ဖြန်” ဆို​တဲ့ အချိန်​ကာလ​က​လည်း “ဒီ​နေ့” ဆို​တဲ့ အချိန်​ကာလ​ကို ဖြတ်ကျော်​ဖို့ စောင့်​ကြို​နေ​ပါ​သည်။
တိုင်း​ပြည်​တစ်​ခု​ကို ပဲ့ကိုင်​ကာ မောင်း​နှင်​နေ​သူ​တို့​သည် “မနက်​ဖြန်” ကို ကြို​မ​တွေး​ထား​သ​မျှ ကာလ​ပတ်လုံး ကျွန်တော်​တို့ ပြည်​သူ​တွေ​ရဲ့ ဘဝ​ဟာ ဒီ​က​နေ့ ခံစား​နေ​ရသ​လို​မျိုး ခေတ်​အဆက်ဆက်​မှာ ခံစား​နေ​ကြ​ရ ဦး​မှာ​ပါ။ ထို့​ကြောင့် ယခု “ပစ္စုပ္ပန်” အချိန်​ကာလ​မှာ အတိတ်​ရဲ့ အမှား​အယွင်း​တွေ​ကို သတိပြု ဆင်ခြင်​ကာ ပြန်လည်​ပြုပြင်​ပြီး ခရီး​ဆက်​ကြ​မှ​သာ ပြည်​သူ​တွေ​ရဲ့ “မနက်​ဖြန်” ပေါင်း​များ​စွာ သာယာ​လှပ လာ​ကြ​လိမ့်​မည် . . . . .

တကယ်​တော့ “ဒီ​နေ့” ဟာ “မနေ့​က” ရဲ့ သမိုင်း​ပါ။ ဒါ​ကြောင့် “ဒီ​နေ့” ဟာ​လည်း “မနက်​ဖြန်” ရဲ့​သမိုင်း ဖြစ်လာ​ဦး​မှာ​ပါ။ “မနေ့​က” ကောင်း​မှ “ဒီ​နေ့” ကောင်း​မည်။ “ဒီ​နေ့” ကောင်း​မှ “မနက်​ဖြန်” ကောင်း​မည် မဟုတ်​ပါ​လား။ မနက်​ဖြန်​ပေါင်း​များ​စွာ လှပ​ဖို့ အရေးကြီး​ပါ​တယ်။

(၄)
“မနက်​ဖြန်” မှာ နာမည်​တွေ အများ​ကြီး ရှိ​ပါ​သည်။ တချို့​က မနက်​ဖြန်​ကို “အနာဂတ်” လို့ ပြော​သည်။ တချို့​က “မျှော်​လင့်​ချက်” လို့ ပြော​သည်။ တချို့​က “အိပ်မက်” လို့ ပြော​သည်။ တချို့​က “စိတ်ကူး” လို့ ပြော​သည်။ တချို့​က “ရည်​မှန်း​ချက်​လို့ ပြော​သည်။ တချို့​က “ပန်းတိုင်” လို့ ပြော​သည်။

ဗုဒ္ဓ​မြတ်​စွာ​က ပစ္စုပ္ပန်​မှာ သတိ​နဲ့​နေ​ဖို့ ဆုံး​မတော် မူ​ခဲ့​ပါ​သည်။ ပစ္စုပ္ပန်​ကို ကောင်း⁠ကောင်း​နေ​ခိုင်း​တာ အနာဂတ်​ကို ပို​ကောင်း​စေ​ချင်​လို့​ပါ။ ဒီ​နေ့​ကို ကောင်း⁠ကောင်း​နေ​ခိုင်း​တာ မနက်​ဖြန်​ကို ပို​ကောင်း​စေ​ချင်​လို့​ပါ။ “မနက်​ဖြန်” ကို မျှော်တွေး​ပြီး “ဒီ​နေ့” ကို ကောင်း⁠ကောင်း​နေ​ခိုင်း​တဲ့ သဘော​ပါ​ပဲ။ တစ်​ရက်​ကို တစ်​ဘဝ​နဲ့ နှိုင်းယှဉ်​ပြီး ပြော​ရ​လျှင် “မနေ့​က” ဆို​တာ ကျွန်တော်​တို့ လာ​ခဲ့​တဲ့ အတိတ်​ဘ၀။ ဒီ​နေ့​က ယခု​ရောက်​ရှိ​နေ​တဲ့ ပစ္စုပ္ပန်​ဘ၀။ မနက်​ဖြန်​ကတော့ နောင်​လာ​မယ့် အနာဂတ် ဘ၀​ပေါ့။ မြတ်​စွာ​ဘုရား​က “မနက်​ဖြန်” ဆို​တဲ့ နောင်​ဘ၀​ကောင်း​ဖို့ ယခု​ဘဝ​မှာ ကောင်း⁠ကောင်း​လေး နေ​ခိုင်း​တဲ့ သဘော​ပါ​ပဲ။

ကျွန်တော်​တို့ ဒီ​နေ့​ဘာ​လုပ်​နေ​လဲ ဆို​တာ​ကို မနက်​ဖြန်​က ပြော​ပြ​ပါ​လိမ့်​မည်။

(၅)
“ဒီ​နေ့ ရောင်း​ရ​ငွေ​သည် မနက်​ဖြန်​အတွက် အရင်း​ဖြစ်​သည်” ဆို​တဲ့ ဆိုင်း​ဘုတ်​လေး​ကို တချို့​ဈေးဆိုင်​တွေ​မှာ တွေ့​ဖူး​ကြ​ပါ​လိမ့်​မည်။ ၎င်း​စာတန်း​လေး​မှာ တွေး​စရာ​တွေ သတိပြု ဆင်ခြင်​စရာ​တွေ ပါ​သည်​ဟု ကျွန်တော်​ထင်​ပါ​သည်။ ဒီ​နေ့​ကို “အကြောင်း”၊ မနက်​ဖြန်​ကို “အကျိုး” လို့ သဘောထား​ပြီး ချိတ်ဆက်​ထား​ခြင်း ဖြစ်​ပါ​သည်။ အကြောင်းကောင်း​မှ အကျိုး​ကောင်း​မည်။ ထို့​ကြောင့် ဒီ​နေ့​ကောင်း​မှ မနက်​ဖြန် ကောင်း​မည်​ဟု ၎င်း​ဆိုင်း​ဘုတ်​လေး​က သတိပေး​နေ​သ​လို ဖြစ်​နေ​ပါ​သည်။

ထို​ဆိုင်း​ဘုတ်​လေး​နှင့် ဆက်​စပ်​ပြီး လက်​ရှိ​ကျွန်တော်​တို့ မြန်မာ​နိုင်ငံ​ရဲ့ အရေး​ကို​လည်း တွေးတော​နေ​မိ​ပါ​သည်။ နှစ်​ပေါင်း ၅​၀ ခန့် အာဏာ​ရှင်​တွေ ဖန်တီး​ခဲ့​တဲ့ အတိတ်​သမိုင်း​ဆိုး​ရဲ့ အမွေ​ကို ဒီ​နေ့ ယခု​လက်​ရှိ ကျွန်တော်​တို့ ပြည်​သူ​တွေ ကောင်း⁠ကောင်း​ခံစား နေ​ရ​ပြီ မဟုတ်​ပါ​လား။ “မနေ့​က” ရဲ့ အကျိုး​ဆက်​ကို “ဒီ​နေ့” မှာ ပြည်​သူ​တွေ အလူး​အလဲ ခံစား​နေ​ကြ​ရ​ပါ​သည်။ ပျိုး​ပင်ပေါက် စိုက်ပျိုး​နေ​တဲ့ အဘိုး​အို​လို မဟုတ်​ဘဲ “မနက်​ဖြန်” ကို ထည့်​မ​တွက်​ခဲ့​သူ တစ်​စု​ကြောင့် အနာဂတ် မျိုး​ဆက်​တွေ​ရဲ့ ဘဝ​ဟာ အရိပ်​မဲ့ ကွင်းပြင်​ထဲ​မှာ နေပူ​ပူ ကျော​ပူပူ​နဲ့ ဘ၀​တွေ မွဲ​တေ​ဆင်းရဲ ခဲ့​ကြ​ရ​ပါ​သည်။

တိုင်း​ပြည်​တစ်​ခု​ကို ပဲ့ကိုင်​ကာ မောင်း​နှင်​နေ​သူ​တို့​သည် “မနက်​ဖြန်” ကို ကြို​မ​တွေး​ထား​သ​မျှ ကာလ​ပတ်လုံး ကျွန်တော်​တို့ ပြည်​သူ​တွေ​ရဲ့ ဘဝ​ဟာ ဒီ​က​နေ့ ခံစား​နေ​ရသ​လို​မျိုး ခေတ်​အဆက်ဆက်​မှာ ခံစား​နေ​ကြ​ရ ဦး​မှာ​ပါ။ ထို့​ကြောင့် ယခု “ပစ္စုပ္ပန်” အချိန်​ကာလ​မှာ အတိတ်​ရဲ့ အမှား​အယွင်း​တွေ​ကို သတိပြု ဆင်ခြင်​ကာ ပြန်လည်​ပြုပြင်​ပြီး ခရီး​ဆက်​ကြ​မှ​သာ ပြည်​သူ​တွေ​ရဲ့ “မနက်​ဖြန်” ပေါင်း​များ​စွာ သာယာ​လှပ လာ​ကြ​လိမ့်​မည်​ဟု ယုံကြည်​မိ​ပါ​သည်။
Credit to Eleven

Share Button

Click here to submit your review.


Submit your review
* Required Field

1287 total views, 1 today

  

Leave a Reply

  • shame

    Shameful Mistake

    by on 2014年1月8日 - 0 Comments

    အမှား​တွေ၊ အလွဲ​တွေ

  • enlightenment

    ရင်လေး​ဖွယ်ရာ အနာဂတ်​သာသနာ

    by on 2014年2月6日 - 0 Comments

    တစ်​နေ့​က ‘ဘ​ဂ​ဝါ ယူ​နိုက်​တက်စ်​အက်ဖ်​စီ’ လို့ နာမည်​တပ်​ထား​တဲ့ အီးလ်​မေးလ် တစ်​စောင် ဦး​ပဥ္စင်း​ဆီ ရောက်လာ​ပါ​တယ်။

  • chinatown

    တရုတ်တန်း​က စစ်ကိုင်း​လမ်း

    by on 2014年2月7日 - 0 Comments

    လမ်း​ထဲ​သို့ ချိုး​ဝင်​လိုက်​သည်​နှင့် အကင်ညှော်​နံ့​များ​က နှာသီး​ဝ​ကို​လာ​ရောက်​ကျီစယ်​သည်။ ကား​တစ်​စီး​လွတ်​ရုံ​လမ်း​လေး​ထဲ ခင်းကျင်း​ထား​သည့် စားပွဲ​ဝိုင်း​...

  • yangon_view_south

    Yangon Dream

    by on 2014年3月5日 - 0 Comments

    (Written by: ချစ်​ဝင်း​မောင်) နှစ်​ပေါင်း ၂​၀ ကျော် ကာလ​အတွင်း ကျွန်တော်​နေထိုင်​ရာ အရပ်​သည် မ​ယုံကြည်​နိုင်​လောက်​ဖွယ် အံ့​မ​ခန်း ပြောင်းလဲ​သွား​ခဲ့​သည်။ နေ...

  • nelsonmandela

    မင်​ဒဲ​လား​ပြော​ခဲ့​သော စကား​တစ်​ခွန်း

    by on 2014年1月27日 - 0 Comments

    Written by ဦးတင်​ဦး (ကျူ​ရှင်) လွန်​ခဲ့​တဲ့​သောကြာနေ့​ည​က ည​စဉ်​သွား​နေကျ​ဆေး​ခန်း​သို့ ရောက်​သွား​သော​အခါ ဆရာဝန်​၏​အိမ်​မှ​ရုပ်​မြင် သံ​ကြား​ဖန်​သား ပြင်ပေါ...