Welcome, visitor! [ Register | LoginRSS Feed  | 

မိုက်​ကယ်​မိုး​မြင့် (သို့မဟုတ်) ပြိုင်ဘက်​ကင်း ရေနံ​သူဌေး​ကြီး

| Self Help | 2013年11月7日

မြန်​မာ့​စွမ်း​အင်​ဝန်ကြီး​ဌာန​၏ ရေနံတွင်း​လေး​ခု​ကို တူးဖော်​လုပ်ကိုင်​ခွင့်​ကို ရ​ရှိ​သွား​ကြောင်း ကြေညာ​စာ​ကို ဝမ်းသာ​အားရ ဝှေ့​ယမ်း​ပြ​ရင်း ဦး​မိုး​မြင့်​က ရုံး​ခန်း​ထဲ​သို့ လမ်းလျှောက်​ဝင်​လာ​သည်။ လောလော​လတ်လတ် ပ​ရင့်​ထုတ်ယူ​လာ​ခဲ့​သည့် အခြား​နိုင်ငံ​တကာ​ကုမ္ပဏီ​ကြီး​ဆယ်​ခု ပါဝင်​နေ​သည့် ထို​ကြေညာ​ချက်​က ပြည်​တွင်း​စွမ်း​အင်​လုပ်​ငန်း ကျွမ်းကျင်​သူ​များ ပြော​ကြား​ကြ​သော သတင်းစကား​များ မှန်ကန်​နေ​ကြောင်း သက်သေပြ​နေ​ပါ​သည်။ ဦး​မိုး​မြင့်​က သည်​နယ်ပယ်​တွင်​တော့ ပြိုင်ဘက်​မ​ရှိ​ဘူး​ဆို​သည့်​စကား​ပင် ဖြစ်​ပါ​သည်။

“ဒီ​ပြဿနာ​ကတော့​ဗျာ လူ​တွေတော်တော်​များ⁠များ​က ကျွန်တော့်​ကို လာ​ဆက်​သွယ်​နေ​ကြ​တာ​ပဲ။ စွမ်း​အင်​အကြံပေး​ဆို​တာ​တွေ​ပေါ့။ သူ​တို့ ဘာ​လို့ ကျွန်တော့်​ကို​တွေ့​ချင်​မှန်း ကျွန်တော်မ​သိ​ဘူး။ ဒါ​ကြောင့် အဲ​ဒီ​လူ​တွေ​ကို ကြိုးစား​ပြီး ရှောင်​နေ​ရ​တယ်”ဟု အလုပ်​စားပွဲ​မှာ​ထိုင်​ပြီး နေရာ​ယူ​ရင်း ဦး​မိုး​မြင့်​က​ပြော​လိုက်​သည်။

လူ​တွေ​က ဦး​မိုး​မြင့်​ကို ဘာ​ကြောင့်​တွေ့​ချင်​နေ​ရသ​လဲဆို​သည့် အကြောင်းရင်း​ကား ကောင်း​စွာ​ရှိ​ပါ​သည်။ စစ်​အာဏာ​ရှင်​စနစ်​မှ လွတ်မြောက်​ပြီး မြန်မာ​နိုင်ငံ​က လမ်း​ပွင့်​လာ​သည့်​အချိန်​တွင် မိုက်​ကယ်​ဟု​သိ​ကြ​သည့် ဦး​မိုး​မြင့်​က အမေ​ရိ​ကန်​နိုင်ငံ​၌​ပင် စီးပွား​ရေး​လုပ်​နိုင်​သူ​အဖြစ် နိုင်ငံ​တကာ​စွမ်း​အင်​ကုမ္ပဏီ​ကြီး​များ​က​ပင် အကျိုး​တူ​ဖက်​စပ်​လုပ်ကိုင်​လို​ကြ​သည့် လုပ်​ငန်း​ရှင်​တစ်​ယောက်​ဖြစ်​ပါ​သည်။ နိုဝင်ဘာ ၁​၅ ရက်​တွင် လေလံ​ဖွင့်​မည့် မြန်​မာ့​ကမ်း​လွန်​ရေနံ​လုပ်​ကွက်​များ​အတွက် နိုင်ငံ​တကာ​ကုမ္ပ​ဏီတော်တော်​များ⁠များ​က သူ​နှင့်​ဖက်​စပ်​လုပ်ကိုင်​လို​နေ​ကြ​သည်။

လွန်ခဲ့သော အနှစ်​လေး​ဆယ်​အတွင်း ဦး​မိုး​မြင့်​က အလုပ်​အမျိုး​မျိုး​ကို လုပ်​ခဲ့​သူ​ဖြစ်​၏။ စစ်​အာဏာ​ရှင်​တစ်​ဦး​၏ လေ​ယာဉ်​ပျံ​ကို မောင်း​ပေး​ဖူး​သူ၊ မြန်မာ​နိုင်ငံ​ကို နိုင်ငံ​တကာ​အရေးယူ​ပိတ်​ဆို့​ထား​မှု​ကို တောင့်​ခံထား​နိုင်​ခဲ့​သူ၊ အမေ​ရိ​ကန်​အစိုးရ​က သူ့​ကို နာမည်​ပျက်​စာရင်း​သွင်း​ထား​မှု​ကို အောင်မြင်​စွာ ပယ်ဖျက်​နိုင်​ခဲ့​သူ​တစ်​ဦး စ​သည်​ဖြင့်​ဖြစ်​ပါ​သည်။

“တစ်​ခါ​တ​လေ​တော့ အမှန်​အတိုင်း​လုပ်​ရ​တာ သိပ်​ခက်​တယ်။ ဒါပေမဲ့ ရေ​ရှည်​အကျိုး​ခံစား​ရ​တယ်”ဟု သူ​က​ဆို​သည်။

ယခု​အခါ​တွင် ၎င်း​က သူ့ စိတ်​ကြိုက်​စီးပွား​ရေး​လုပ်​ငန်း​ကို​သာ ကျယ်⁠ကျယ်​ပြန့်​ပြန့် လုပ်ဆောင်​သွား​ရန် စိတ်​အား​ထက်သန်​နေ​ပါ​သည်။ စွမ်း​အင်​ကုမ္ပဏီ ၆​၁ ခု တင်​ဒါ​လျှောက်ထား​သည့် ကမ်း​လွန်​ရေနံ​လုပ်​ခွင့် လိုင်စင်​ချ​ပေး​မှု​သည် မြန်မာ​နိုင်ငံ​နှင့် ဦး​မိုး​မြင့် နှစ်​အစိတ်​နီးပါး ကျင်လည်​ခဲ့​သည့် စွမ်း​အင်​လုပ်​ငန်း​အတွက် ပြောစမှတ်ပြု​ရ​သည့် လေလံ​ပွဲ​တစ်​ခု​ဖြစ်​ပါ​သည်။

ရန်ကုန်မြို့​တွင် ပညာသင်​ကြား​ခဲ့​သည့် ဦး​မိုး​မြင့်​က မြန်​မာ့​ငြိမ်း​ချမ်း​ရေး​နို​ဗယ်​ဆု​ရှင် ဒေါ်​အောင်​ဆန်း​စု​ကြည်​ထက် နှစ်​အနည်းငယ်​နောက်ကျ​ပြီး ရန်ကုန်​အင်္ဂလိပ်​မက်​သ​ဒစ်​ကျောင်း​တွင် ပညာ​ဆည်း​ပူး​ခဲ့​သူ​ဖြစ်​သည်။ ဘန်​ကောက်​နှင့် အမေ​ရိ​ကန်​နိုင်ငံ အနောက်​ဗာ​ဂျီး​နီး​ယား​တို့​တွင်​လည်း ပညာသင်​ကြား​ခဲ့​သည်။ ရူပဗေဒ​ဘာသာ​ရပ်​ဖြင့် ဘွဲ့​ရ​ခဲ့​၏။ လေ​ယာဉ်​မှူး​အဖြစ် သင်​တန်း​တက်​ခဲ့​ပြီး မြန်မာ​အစိုးရ​လေ​ကြောင်း​လိုင်း​တွင် ၁​၃ နှစ်ကျော်​ကြာ အမှုထမ်း​ခဲ့​သည်။ သူ​က မြန်မာ​နိုင်ငံ​ကို နိုင်ငံ​တကာ​နှင့် အဆက်​ဖြတ်​ခဲ့​ပြီး ၂​၆ နှစ်​ကြာ အာဏာ​ရှင်​အဖြစ် အုပ်ချုပ်​ခဲ့​သူ ဦး​နေ​ဝင်း​စီး​သည့် လေ​ယာဉ်​ကို မောင်း​ခဲ့​သည့် လေ​ယာဉ်​မှူး​ဖြစ်​သည်။

ဦး​မိုး​မြင့်​ကတော့ သူ​သည် ဦး​နေ​ဝင်း​ကို စကား​ပင် ကောင်း⁠ကောင်း​မ​ပြော​ခဲ့​ဖူး​ပါ​ဟု​ဆို​သည်။ သူ့​မိဘ​နှစ်​ဦး​မှာ ၁​၉​၈​၇ ခု​နှစ်​က ခြောက်​လ​အတွင်း ရှေ့​ဆင့်​နောက်​ဆင့်ဆို​သ​လို ကွယ်​လွန်ခဲ့သော​အခါ မြန်မာ​နိုင်ငံ​အနေအထား​များ​ကို သူ​စိတ်ပျက်​လာ​ပြီး ဝန်​ထမ်း​ဘဝ​မှ အလုပ်​ထွက်​ခဲ့​ကာ မြန်မာ​ပြည်​မှ ထွက်​ခွာ​သွား​ခဲ့​သည်။ “အစိုးရ​ဆီ​မှာ တာဝန်​ထမ်း​ဆောင်​နေ​ကြ​တဲ့ လူ​တွေ​အားလုံး​ပဲ စိတ်ပျက်​နေ​ခဲ့​ကြ​တယ်။ ဘယ်​သူ​မှ​မပျော်​ကြ​ဘူး”ဟု ပုဆိုး​အပြာ​ရောင်​ကို ကော်​လာ​ကတုံး​ရှပ်​အဖြူ​ရောင်​အင်္ကျီ​နှင့် တွဲ​ဝတ်ဆင်​ထား​သည့် ဦး​မိုး​မြင့်​က​ဆို​ပါ​သည်။

ထို​ကဲ့သို့ ရင်နာ​စရာ​အဖြစ်အပျက်​များ​က ဦး​မိုး​မြင့်​ကို စွမ်း​အင်​လုပ်​ငန်း​၌ ခြေ​ချ​နိုင်​အောင် လမ်း​ဖွင့်​ပေး​ခဲ့​ပါ​သည်။ စ​ကော့​တ​လန်​က Galsgow တက္ကသိုလ်​တွင် ဘူ​မိ​ဗေဒ​ပညာ​ရှင်​အဖြစ် သင်ကြား​ခဲ့​သည့် သူ့​အဖေ​က Shell ရေနံ​ကုမ္ပဏီ​တွင် အတိုင်​ပင်​ခံ​အဖြစ် လုပ်​ခဲ့​ဖူး​သည်။ ဦး​မိုး​မြင့်​က ထို​ရင်းနှီး​သော​ဆက်ဆံ​မှု​ကို သူ​က ဆက်လက်​ထိန်းသိမ်း​ချင်​သည်။

Shell က လူ​တွေ​က​ပြော​တယ်။ “မင်း​က လေ​ယာဉ်​မောင်း​တဲ့​သူ​တစ်​ယောက်​ပဲ။ ဘူ​မိ​ဗေဒ​ပညာ​ရှင်မ​ဟုတ်​ဘူး”တဲ့။ အဲ​ဒီ​မှာ ကျွန်တော်​က​လည်း ပြန်ပြော​တယ်။

“ငါ့ကို​ခြောက်​လ​ပဲ အချိန်​ပေး​ပါ။ နောက်မှ ငါ​တို့​ထပ်ပြော​တာ​ပေါ့” လို့။ ဒါ ရေနံ​နဲ့​သ​ဘာ​ဝ​ဓာတ်ငွေ့​လုပ်​ငန်း​ထဲ​ကို ကျွန်တော် ရောက်လာ​ခဲ့​တဲ့​ပုံ​ပါ​ပဲ”

အမေ​ရိ​ကန်​နိုင်ငံ ကယ်​လီ​ဖိုး​နီး​ယား​ပြည်နယ်​က လေ​ကြောင်း​ပစ္စည်း​တင်​ပို့​သူ​နှစ်​ဦး​၏ အမှုဆောင်​အဖြစ် နှစ်​အနည်းငယ်​ကြာ လုပ်​ပြီး​သည့်​အခါ​တွင် ဦး​မိုး​မြင့်​က မြန်မာ​နိုင်ငံ​သို့ ပြန်လာ​ခဲ့​သည်။ ရေနံ​လုပ်​ငန်း​ဝန်​ဆောင်​မှု​ကုမ္ပဏီ​ဖြစ်​သည့် မြင့်​နှင့်​ရောင်း​ရင်း​များ​ကုမ္ပဏီ​ကို တည်ထောင်​သည်။ သူ့​ကုမ္ပဏီ​၏​ဝန်​ဆောင်​မှု​များ​တွင် သယ်ယူ​ပို့ဆောင်​ရေး​မှ အခမ်းအနား​ပြင်ဆင်​သည်​အထိ ပါဝင်​သည်။ သူ​၏​ဖောက်သည်​များ​ထဲ​တွင် ပြင်​သစ်တို​တယ်။ မလေးရှား​မှ ပ​ထ​ရွန်​နာ။ ကို​ရီး​ယား​ရေ​နံကော်​ပို​ရေး​တို့ ပါဝင်​သည်။ ၁​၉⁠၉​၆ တွင် သူ​က MPRL E & P အမည်​ရှိ သူ​၏ အဓိက​ကုမ္ပဏီ​ကို တည်ထောင်​သည်။ ထို​ကုမ္ပဏီ​က အမေ​ရိ​ကန်​ဘိတ်​ကာ​ဟုခ်ျ​ကုမ္ပဏီ​နှင့် ဖက်​စပ်​လုပ်ကိုင်​ပြီး ရေနံတွင်း​များ​ကို လုပ်ကိုင်​ခဲ့​သည်။ ၁​၉⁠၉​၉ ခု​နှစ်​တွင် အမေ​ရိ​ကန်​ကုမ္ပဏီ​က မြန်မာ​မှ လုပ်​ငန်း​ပြန်​ရုပ်​သွား​သော​အခါ ဦး​မိုး​မြင့်​က လုပ်​ငန်း​ကို အပြည့်​အဝ​တာဝန်​ယူ​လိုက်​သည်။

ဦး​မိုး​မြင့်​က ၎င်း​၏​ကုမ္ပဏီ​များ​ကို တည်ထောင်​လုပ်ကိုင်​နေ​စဉ်​အတွင်း မြန်မာ​နိုင်ငံ​၏ အခြေအနေ​က​လည်း ပိုမို​ဆိုးရွား​လာ​၏။ ၁​၉⁠၉​၀ ခု​နှစ် ရွေး​ကောက်​ပွဲ​ရလဒ်​ကို စစ်​အစိုးရ​က အာဏာ​လွှဲ​ပြောင်း​ဖို့ ငြင်းဆန်​ခဲ့​သည်။ နိုင်ငံ​တကာ​အရေးယူ​ပိတ်​ဆို့​မှု​များ​ကြောင့် နိုင်ငံ​ခြား​ကုမ္ပဏီ​များ မြန်မာ​နိုင်ငံ​မှ စွန့်ခွာ​ကြ​သည်။ အနောက်​နိုင်ငံ​များ​၏ ဖိ​အား​များ​အောက်​တွင် ဦး​မိုး​မြင့်​က ပြည်​တွင်း​ကလူ​များ​ကို အလုပ်အကိုင် ပံ့ပိုး​ပေး​နိုင်​သည်​ဟု​ဆို​သော​စိတ်​ဖြင့် ၎င်း​၏​ကုမ္ပဏီ​အလုပ်​များ​ကို လုပ်ကိုင်​ခဲ့​သည်။ အစိုးရ​နှင့်​ဆက်​စပ်​သော လုပ်​ငန်း​များ​တွင် သူ​၏ ဆောင်ရွက်​မှု​များ​အတွက် သတိပေးချက်​များ ရှင်းလင်း​သေချာ​အောင် ရေး​စေ​ခဲ့​ပြီး လာဘ်​ပေး​လာဘ်​ယူ​မှု​များ မ​ရှိ​ရအောင် လုပ်​ခဲ့​သည်။

“အားလုံး​ကို ရှင်း​ရှင်းလင်း​လင်း​ဖြစ်​အောင် ကျွန်တော်​လုပ်​တယ်။ ဘာ​မှ​ဖုံးဖိ​ထား​စရာ​မ​ရှိ​ဘူး”

၂​၀⁠၀​၈ ခု​နှစ်​တွင် စစ်​အစိုးရ​နှင့် ပတ်သက်​မှု​ကြောင့် အမေ​ရိ​ကန်​အစိုးရ​က ဦး​မိုး​မြင့်​ကို အမေ​ရိ​ကန်​နိုင်ငံ​သို့ ခရီးသွား​လာ​ခွင့်​ဗီဇာ​ပိတ်​ခဲ့​သည်။ သို့သော်​လည်း ၎င်း​၏​တောင်း​ဆို​မှု​ကြောင့် နောက်​နှစ်​တွင် ပြန်​ပေး​ခဲ့​သည်။ ဝီ​ကီ​လိခ်​ကြေး​နန်း​များ ပေါက်​ကြား​ချက်​အရ ဦး​မိုး​မြင့်​သည် စစ်​အစိုးရ​နှင့်​ရင်းနှီး​သည်မှာ မှန်သော်​လည်း အောင်မြင်​ပြီး တရား​ဥပဒေ​အရ လုပ်ဆောင်​သော စီးပွား​ရေး​သမား​တစ်​ယောက်​ဟု အမေ​ရိ​ကန်​သံ​ရုံး​က သုံးသပ်​ခဲ့​သည်​ဟု​ဆို​သည်။

လုပ်ဖော်​ကိုင်​ဖက် စီးပွား​ရေး​လုပ်​ငန်း​ရှင်​များ​က ဦး​မိုး​မြင့်​၏ စိတ်ထား​ရိုးသား​မှု​နှင့် စည်းကမ်း​ကြီး​မှု၊ နည်း​ပညာ​ဘက်​တွင် ထိ​ရောက်​အောင်မြင်​မှု​များ​ကို ချီး​ကျူး​ကြ​သည်။

ယခု​အချိန်​ကတော့ ဦး​မိုး​မြင့်​၏ ရွှေ​ခေတ်​ပင်​ဖြစ်​သည်။ သူ​က အနီ​ရောင်​လေ​ဆာ​ပန်​ဖြင့် နံ​ရံပေါ်​ရှိ မြေ​ပုံပေါ်​က ကမ်း​လွန်​ရေနံတွင်း ၃​၀ ကို ထိုး​ပြ​လျက်​ရှိ​သည်။

နိုင်ငံ​တကာ​ကုမ္ပဏီ​များ​အနေ​ဖြင့် မြန်မာ​နိုင်ငံ​တွင် ကမ်း​လွန်​ရေနံ​လုပ်​ကွက် ၁​၁ ခု​ကို လုပ်ကိုင်​လို​ပါ​က ပြည်​တွင်း​ကုမ္ပဏီ​များ​နှင့် တွဲ​လုပ်​ရ​မည်​ဟူ​သော သတ်​မှတ်ချက်​ရှိ​သည်။ သူ​က လုပ်​ငန်း​ရှင်​အချို့​နှင့် ဆွေးနွေး​ပြော​ကြား​ထား​ပြီး အချို့​နှင့်​ပူးပေါင်း​ဆောင်ရွက်​ရန် သဘောတူ​ပြီး​ဖြစ်​သည်​ဟု ဦး​မိုး​မြင့်​က​ဆို​သည်။

“ကျွန်တော် ထင်​တာ​တော့ သူ​တို့​တွေ သေချာ​သုံးသပ်​ကြည့်​တဲ့​အခါ ကုမ္ပ​ဏီတော်တော်​များ⁠များ​က သူ​တို့​နဲ့ အတူ​တွဲ​လုပ်​လို့​မ​ရ​ဘူး​ဆို​တာ သဘောပေါက်​သွား​ကြ​တယ်”

၂​၀​၁​၁ ခု​နှစ်​တွင် မြန်မာ​နိုင်ငံ​စစ်​အစိုးရ​က အရပ်သား​အစိုးရ​ထံ အာဏာ​လွှဲ​ပြောင်း​ပေးလိုက်​သော​အခါ စီးပွား​ရေး​အခွင့်​အလမ်း​များ ပေါ်လာ​ပြီး နိုင်ငံ​တကာ​ကုမ္ပဏီ​များ​က ဘာ​ကြောင့် ရုတ်​တရက် သူ့​အနား​မှာ ဝိုင်း​လာ​ရသ​လဲဆို​သည်​ကို ဦး​မိုး​မြင့်​က ကောင်း​စွာ​သဘောပေါက်​ပါ​သည်။ မြန်မာ​ကဲ့သို့ ကမ္ဘာ့​ဘဏ်​၏ သတ်​မှတ်ချက်​အဆင့်​အနိမ့်​ဆုံး​ဖြစ်​သော နိုင်ငံ​တစ်​ခု​တွင် သူ့​ကုမ္ပဏီ​များ​ကို မ​ရှိ​မ​ဖြစ် ဖြစ်​စေ​ရ​သည့် သမိုင်း​ကြောင်း​ရာဇဝင်​ကို ကောင်း​စွာ သူ​က​သိရှိ​သည်။ ရေနံ​တူးဖော်​ရေး​လေလံ​နှင့်​ပတ်သက်​ပြီး သူ​က ယခုကဲ့သို့ သုံးသပ်​မှတ်ချက်​ပေး​ခဲ့​ပါ​သည်။

“ဒေသ​ရဲ့ ဘူ​မိ​ဗေဒ​အနေအထား​နဲ့​ပတ်သက်​ပြီး ကျွန်တော်​တို့​မှာ ဗ​ဟု​သုတ​အများ​ကြီး​ရှိ​တယ်။ ဒါ​ကြောင့် ကျွန်တော်​တို့​မှာ ကိုယ့်​ကိုယ်​ကိုယ် ယုံကြည်​မှု​ရှိ​ပါ​တယ်”

(Financial Times သတင်းစာ​ဆောင်းပါး​ရှင် Micheal Peel ရေးသား​သည့် Moe Myint Myanmar’s go to tycoon ဆောင်းပါး​ကို ထား⁠ထား​မြင့် ဆီလျော်​အောင် ဘာသာ​ပြန်ဆို​သည်။)

Credit to 7Day News Journal

Share Button

Click here to submit your review.


Submit your review
* Required Field

No Tags

1360 total views, 2 today

  

Leave a Reply

  • shame

    Shameful Mistake

    by on 2014年1月8日 - 0 Comments

    အမှား​တွေ၊ အလွဲ​တွေ

  • enlightenment

    ရင်လေး​ဖွယ်ရာ အနာဂတ်​သာသနာ

    by on 2014年2月6日 - 0 Comments

    တစ်​နေ့​က ‘ဘ​ဂ​ဝါ ယူ​နိုက်​တက်စ်​အက်ဖ်​စီ’ လို့ နာမည်​တပ်​ထား​တဲ့ အီးလ်​မေးလ် တစ်​စောင် ဦး​ပဥ္စင်း​ဆီ ရောက်လာ​ပါ​တယ်။

  • chinatown

    တရုတ်တန်း​က စစ်ကိုင်း​လမ်း

    by on 2014年2月7日 - 0 Comments

    လမ်း​ထဲ​သို့ ချိုး​ဝင်​လိုက်​သည်​နှင့် အကင်ညှော်​နံ့​များ​က နှာသီး​ဝ​ကို​လာ​ရောက်​ကျီစယ်​သည်။ ကား​တစ်​စီး​လွတ်​ရုံ​လမ်း​လေး​ထဲ ခင်းကျင်း​ထား​သည့် စားပွဲ​ဝိုင်း​...

  • yangon_view_south

    Yangon Dream

    by on 2014年3月5日 - 0 Comments

    (Written by: ချစ်​ဝင်း​မောင်) နှစ်​ပေါင်း ၂​၀ ကျော် ကာလ​အတွင်း ကျွန်တော်​နေထိုင်​ရာ အရပ်​သည် မ​ယုံကြည်​နိုင်​လောက်​ဖွယ် အံ့​မ​ခန်း ပြောင်းလဲ​သွား​ခဲ့​သည်။ နေ...

  • nelsonmandela

    မင်​ဒဲ​လား​ပြော​ခဲ့​သော စကား​တစ်​ခွန်း

    by on 2014年1月27日 - 0 Comments

    Written by ဦးတင်​ဦး (ကျူ​ရှင်) လွန်​ခဲ့​တဲ့​သောကြာနေ့​ည​က ည​စဉ်​သွား​နေကျ​ဆေး​ခန်း​သို့ ရောက်​သွား​သော​အခါ ဆရာဝန်​၏​အိမ်​မှ​ရုပ်​မြင် သံ​ကြား​ဖန်​သား ပြင်ပေါ...