Welcome, visitor! [ Register | LoginRSS Feed  | 

မိုး​ပေါ်​ကျ အ​ကူ အညီ

| Self Help | 2013年11月11日

မောင်​သက်​မွန် (ငါန်း​ဇွန်)
ဆင်းရဲသား​တွေ​ကို တိုက်ရိုက် ငွေ​ပေး​သည့်​နည်း​သည် အံ့ဩ လောက်​အောင် ကောင်းကျိုး​ပြု​သည်။ သို့သော်​လည်း ဆင်းရဲ​ရ​ခြင်း​၏ နက်ရှိုင်း​သော အကြောင်း​တရား​များ​ကို​မူ ဖြေ​ရှင်း​ပေး​နိုင်​ခြင်း​မ​ရှိ​ပေ။
ကင်​ညာ​နိုင်ငံသား​တစ်​ယောက်​၏​ဘဝ​ကို မ​ထင်မှတ်​ရ​သော အကြောင်း​တရား​များ​က ပေါင်း​စု​ကာ ပြောင်းလဲ​ပစ်​စေ​ခဲ့​သည်။ အာ​ဖ​ရိ​က အေ​ရှ့​ပိုင်း​ဒေသ​တွင် ဖြတ်​သန်း​သွား​သော ဂြိုဟ်​တု​တစ်​လုံး​က သူ​၏ အိမ် ခေါင်​မိုး​ကို ဓာတ်​ပုံ​ရိုက်​ယူသွား​ခဲ့ သည်။ ဂြိုဟ်​တု​က ပို့​လွှတ်​သော အချက်အလက်​များ​ကို စောင့်​ကြည့် နေ​ကြ​သော ဖိ​လစ်​ပိုင်​မှ​အဖွဲ့​တစ်​ဖွဲ့​က ထို​ခေါင်​မိုး​သည် အရောင်​ပြန်​နိုင်​စွမ်း​မ​ရှိ​ကြောင်း သတိထား​မိ​သွား​သည်။ သွပ်မိုး​မဟုတ်၊ သက်ကယ်​မိုး ဖြစ်​နေ​ကြောင်း သိ​သွား​သည်။ ကင်​ညာ​နိုင်ငံ​၏​အနောက်​ပိုင်း​တွင် သက်ကယ်​မိုး​ဖြင့် နေထိုင်​သူ​များ သည် ဆင်းရဲသား​များ​ဖြစ်​သည်။ ထို့နောက်Google နှင့် Facebook တို့​က ‘တိုက်ရိုက်​လှူ’ (Give Directly) အဖွဲ့​ကို အလှူ​ငွေ​များ ထည့်​ဝင်​ကြ​သည်။ တိုက်ရိုက်​လှူ​အဖွဲ့​သည် သူ​တို့​တွေ့​ရှိ​နိုင်​သော ဆင်းရဲသား​များ​ကို နှောင်ကြိုး​မဲ့ ငွေ​သား​အကူအညီ​များ ဖြန့်​ဝေ​လှူဒါန်း​သည့်​အဖွဲ့​ဖြစ်​သည်။
အသက် ၂​၅ နှစ်​အရွယ် လက်သမား​က ထို​အကြောင်းအရာ​တွေ​ကို ဘာ​မျှ​မ​သိ။ တစ်​ရက် သူ အိမ်​အပြန်​တွင် လူစိမ်း​တွေ​က သူ့​ဇနီး​ကို ဘဏ်​စာရင်း​တစ်​ခု​နှင့် ချိတ်ဆက်​ထား​သော မို​ဘိုင်း​တယ်လီဖုန်း တစ်​လုံး ပေး​သွား​သည်​ကို တွေ့​ရ​သည်။ သူ​တို့ သုံး​ချင်​သည်​ကို သုံး​နိုင်​သည် ဒေါ်လာ ငွေ ၁​ဝ⁠ဝ​ဝ ကို​လည်း ရ​ရှိ​သည်။
ရဟတ်​ယာဉ်ပေါ်​မှ ငွေ​ထုပ် ပစ်​ချ​ပေးလိုက်​သည့်​ပုံစံ​မျိုး​ဖြစ်​သည်။ သို့သော် ဤ​ပုံစံ​မျိုး​အပါအဝင် အလားတူ အကူအညီ​ပေး​အပ်​မှု​များ​သည် အဆင်း​ရဲ​ဆုံး​သော ဆင်းရဲသား​တွေ​ကို ကူညီ​နိုင်​ရန်​အတွက် အကောင်း​ဆုံး​နည်း​ကို တွေးတော​ဆင်ခြင်​ရာ​တွင် အပြောင်း​အလဲ​တစ်​ခု​ဖြစ်​သည်။ ဆယ်​စု​နှစ်​ပေါင်း​များ​စွာ​က ဆင်းရဲသား​တွေ​ကို အစစ အရာ​ရာ လုပ်​ပေး​ရန် လို​အပ်​နေ​သည်။ ဘာ​လုပ်​ပေး​ရ​မည်၊ ဘယ်​လို​လုပ်​ပေး​ရ​မည်​ကို ကျွမ်းကျင်​သူ​တွေ​က အသိ​ဆုံး​ဖြစ်​သည်​ဟု မှတ်ယူ​ခဲ့​ကြ​သည်။ ဒေါ်လာ ၁​ဝ⁠ဝ​ဝ လောက်​ကို အကျိုး​ရှိ​ရှိ သုံးစွဲ​မည်​ဖြစ်​ကြောင်း ယုံကြည်​စိတ်ချ​သူ များ⁠များ​စား⁠စား​မ​ရှိ​ပါ။
အစိုးရ​တွေ ပရဟိတ​အဖွဲ့​တွေ၊ ဖွံ့ဖြိုး​ရေး​ဘဏ်​တွေ​က ကျောင်း​တွေ၊ ဆေး​ရုံ​တွေ၊ လမ်း​တွေ၊ ဆိပ်ကမ်း တွေ၊ ရေ​ပေး​ပိုက်​တွေ၊ လျှပ်စစ်​ကြေးနန်းကြိုး​တွေ ဆောက်​ပေး​ကြ၊ ဆက်​ပေး​ကြ​သည်။ ထို​လုပ်​ငန်း​တွေ ဆောင် ရွက်​ရန်​အတွက် အုပ်ချုပ်​ရေး​ယန္တရား​တွေ အကြီး​ကြီး​တည်ဆောက်​ကြ​ရ​သည်။
၂​ဝ⁠ဝ​ဝ ပြည့်​နှစ်​ခန့်​တွင် အကြံ​ညဏ်​သစ်​တွေ စတင်​ထွက်ပေါ်​လာ​သည်။ အစိုးရ​တွေ​က သူ​တို့ သုံး​စေ ချင်​သ​လို သုံး​ရန်​အတွက် ဆင်းရဲသား​တွေ​ကို ထောက်ပံ့​ကြေး​အနည်းငယ် ပေး​သည်။ ဥပမာ- ကလေး​တွေ​ကို ကျောင်း​အပ်​ရန် သို့မဟုတ် ဆရာဝန် မှန်⁠မှန်​ပြ​ရန်​အတွက် အကူအညီ​ပေး​သည့် ပုံစံ​မျိုး​ဖြစ်​သည်။ ထိုသို့ အကြောင်း အရာ​ချင်း​အလိုက် ငွေ​လွှဲ​ပြောင်း​ပေး​သည့်​စနစ်​သည် ပထမ​ဦးစွာ လက်တင်​အမေ​ရိ​က​တွင် စ​တင်ပေါ်​ပေါက်​ရာ​မှ ကမ္ဘာ​တစ်​ဝန်း​သို့ ပျံ့နှံ့​သွား​ခဲ့​သည်။ သမား​ရိုး​ကျ​အကူ အညီ​ပေး​သည့်​စနစ်​ကို အစားထိုး​သည့်​ပုံစံ​မဟုတ်။ သို့သော် ဦးစားပေး အစီ​အစဉ်​တွေ ကွဲပြား​သည်။ မိသား​စု အသုံးစရိတ်​ကို ထောက်ပံ့​သည့် အလုပ်​မျိုး၊ မိ​ခင်​တွေ​ကို တိုက်ရိုက်​အကူအညီ​ပေး​သည့်​အလုပ်​မျိုး​တွေ လုပ်​သည်။ ကုန်ကျ​စရိတ်​လည်း သက်သာ​သည်။
ကင်​ညာ​ရှိ ‘တိုက်ရိုက်​အလှူ’ စီမံ​ကိန်း​သည် ထို​စိတ်ကူး​၏ နောက်ဆုံး​ပြယုဂ်​ဖြစ်​သည်။ ဤ​အစီ​အစဉ်​ကို ရေး​ဆွဲ​သူ​တွေ​က ၎င်း​တို့​၏​အစီ​အစဉ်​ကြောင့် အိမ်ထောင်​စု​များ​၏ ဝင်ငွေ တိုးပွား​စေ​မည်​ဟု​ရှု​မြင်​သည်။ ကျောင်း​တက်​ရန်​ကဲ့သို့​သော ဆင်းရဲသား​တွေ မ​လုပ်​မ​နေ​ရ ပြန်​လုပ်​ပေး​ရ​မည့်​အခြေအနေ​တွေ​ကို သတ်​မှတ်​ရန် မ​လို​အပ်​ဟု တွက်​ဆ​သည်။ ဤ​နည်း​သည် အခြေအနေ​တွေ ပြန်​လုပ်​ပေး​ရ​မည့် အစီ​အစဉ်​တွေ သတ်​မှတ် ပေး​သည့်​နည်း​ထက် ပို​၍ စရိတ်​သက်သာ​သည်​ဟု တွက်​ဆ​သည်။
ယခု​အခါ အဆို​ပါ​အစီ​အစဉ်​များ​စွာ​ကို ပြန်လည်​သုံးသပ်​အကဲ​ဖြတ်​ရန် အချိန်​တန်​ပြီ။ လောလောဆယ် ရထား​သော​ရလဒ်​တွေ​မှာ ဝမ်းသာ​အားတက်​စရာ​တွေ တွေ့​နေ​ရ​ပြီ။ ကန့်သတ်​ချက်​တွေ​နှင့်​ဖြစ်​စေ၊ ကန့်သတ်​ချက်​တွေ​မ​ပါ​ဘဲ​ဖြစ်​စေ အကူအညီ​ပေး​ခြင်း​သည် ဆင်းရဲသား​တွေ​ကို သက်သာ​ရာ​ရ​စေ​ကြောင်း​တွေ့​ရ သည်။ ကန့်သတ်​ချက်​တွေ​မ​ပါ​ဘဲ ပေးလိုက်​သ​ဖြင့် အချို့​စိုးရိမ်​ပူပန်​ကြ​သကဲ့သို့ အရက်​သောက်၊ မိန်းမ​လိုက် စား​ပြီး ဖြုန်း​မ​ပစ်​ကြ​ကြောင်း တွေ့​ရ​သည်။ သို့သော် ဆင်းရဲသား​တွေ​မှာ ငွေ​အရင်းအနှီး မ​လုံလောက်​သည့် ပြဿနာ​တစ်​ခု​သာ​မက ရင်ဆိုင်​နေ​ရ​သည့်​ပြဿနာ​ပေါင်း သောင်း​ခြောက်​ထောင်​နှင့် တွေ့​နေ​ရ​ချိန်​တွင် မည် သည့်​ကိစ္စ​အတွက်​သာ သုံး​ရန်​ဟု သတ်​မှတ်​ပေးလိုက်​သည့် စနစ်​သည် ပို​၍​အဆင်​ပြေ​နိုင်​သည်။
‘တိုက်ရိုက်​အလှူ’ကို တည် ထောင်​သူ​က သူ​၏​သဘော​တရား အသစ်​ကို သမား​ရိုး​ကျ အလှူရှင်​များ​အား ချ​ပြ​သည့်​အခါ သူ​တို့​က စိတ်ကူး​ယဉ်​မှု​တစ်​ခု​အဖြစ်​သာ သဘောထား​သည်။ သို့သော်​လည်း သူ့​စိတ်ကူး​သည် သမား​ရိုး​ကျ​နည်း​လမ်း​တွေ​ကို စိန်ခေါ်​သော နည်း​ပညာ​လုပ်​ငန်း သစ်​တစ်​ခု စတင်​တည်ထောင်​သ​လို ဖြစ်​နေ​သ​ဖြင့် ဆီ​လီ​ကွန်​ဗယ်​လီ​ကဲ့သို့ သော​ကွန်ပျူတာ​လောက​က သဘော ကျ​ကြ​သည်။
ထို့​ကြောင့် ဂူ​ဂဲလ်​က ၂.၄ သန်း၊ ဖေ့စ်​ဘွတ်ခ်​က ဒေါ်လာ ၆ သိန်း ထည့်​ဝင်​လှူဒါန်း​ခဲ့​ကြ​သည်။
ပရဟိတ​လုပ်​ငန်း​ကို နည်း​ပညာ​အပေါ်​တွင်​အခြေ​ခံ​၍ ဆောင်ရွက်​ခြင်း​ဖြစ်​သည်။ သန်းခေါင်​စာရင်း​ကို ကြည့်​ပြီး ကင်​ညာ​နိုင်ငံ​၏ အဆင်း​ရဲ ဆုံး​ဒေသ​တွေ​ကို ခြေရာ​ခံ​သည်။ ဤသို့​ဖြင့် ဗစ်​တိုး​ရီး​ယား​ရေကန်​အနီး၊ ကော​ဂါ​ကျေးရွာ​က သက်ကယ်​မိုး အိမ်​တွေ​ကို​တွေ့​သည်။ အချိန်​အကုန်ခံ​ပြီး သွပ်မိုး​နှင့် သက်ကယ်​မိုး​ခွဲ​ခြား ရ​သည့်​အလုပ်​ကို တစ်​ဆင့်​ကန် ထ​ရိုက်​ပေး​သည်။ ကမ္ဘာ​တစ်​ဝန်း​ရှိ အလွတ်​တမ်း အလုပ်​လုပ်​နေ​သူ​တွေ ကို အလုပ်​အကြီး​ကြီး​ကို ခွဲခြမ်း​ပြီး အလုပ်​အပ်​သည်။ နေရာ​ပြ​ကိရိယာ GPS တွေ​ကို​သုံး​ကာ မြေပြင်​က ဝန်​ထမ်း​တွေ​က ကျေးရွာ​တွေ​ဆီ​အရောက် သွား​သည်။ အကျိုး​ပြု​လို​သည့်​သူ​တွေ​ကို စာရင်း​သွင်း မှတ်တမ်း​တင်​သည်။ ကင်​ညာ​၏ မို​ဘိုင်း​ငွေ​လွှဲ​စနစ်​ဖြင့် အကူအညီ​တွေ​ကို ဖြန့်​ဝေ​ပေး​သည်။
အကူအညီ​လက်ခံ​ရ​ရှိ​သူ​တစ်​ယောက်​က ပထမ​ဆုံး သွပ်မိုး​ပြေး​ဝယ်​သည်။ လက်​ရှိ သက်ကယ်​မိုး​က ဆွေး နေ​ပြီး ၂ နှစ် တစ်​ကြိမ် အသစ်​လဲ​ရ​သည်။ တစ်​ကြိမ်​ဝယ်​လျှင် ဒေါ်လာ ၄​ဝ ခန့်​ကုန်ကျ​သည်။ ထောက်ပံ့​ငွေ​ကို အိမ်​အတွက် တစ်ဝက်​သုံး​သည်။ ကျန်​ငွေ​ဖြင့် သစ်သား​ဝယ်​သည်။ ကြက်​ဝယ်​သည်။ ထို​လုပ်​ငန်း​နှစ်​ခု​မှ တစ်​လ​လျှင် ဒေါ်လာ ၉​ဝ ခန့်​မြတ်​သည်။ ”ငွေ​ကြေး​ရှိ​ပြီ​ဆို​လျှင် ဖြစ်​ချင်​စိတ်ရှိ​လျှင် ကိုယ့်​ဘဝ​ကို အမှန် တကယ်​ပြောင်းလဲ​ပစ်​နိုင်​ပါ​သည်”ဟု ကာယကံ​ရှင်​က​ဆို​သည်။
ကူညီ​ထောက်ပံ့​ငွေ​အားလုံး​က ကိုယ်​ဖြစ်​စေ​ချင်​သည့်​အတိုင်း ဖြစ်​သည်​တော့​မဟုတ်​ပေ။ လူသတ်​မှု​ဖြင့် ထောင်​ထဲ​ရောက်​နေ​သော ခင်ပွန်း​သည်​ကို အာမခံ​ရန် ဇနီး​သည်​က အသုံးပြု​ခြင်း​မျိုး​တွေ​လည်း​ရှိ​သည်။ သို့သော်​လည်း လွတ်လပ်​သော သု​တေ​သန​အဖွဲ့​တစ်​ခု​၏ အစီရင်ခံ​စာ​အရ ထိုသို့ တ​လွဲ​အသုံးပြု​မှု​တွေ နည်းပါး​သည်​ဟု သိ​ရ​သည်။ မိုးပေါ်​ကျ ထောက်ပံ့​ငွေ​ရ​ရှိ​သော ရွာ ၆​၃ ရွာ​မှ အိမ်ထောင်​စု​များ​ကို စာရင်း ကောက်ယူ​ကြည့်​ရာ​တွင် တစ်​နေ့​လုံး အစားအသောက် မ​စား​ရ​သော ကလေး​သုံး​ပုံ​တစ်​ပုံကျော် ကျ​ဆင်း​သွား​ကာ ကြက်​ဝက်​ပိုင်ဆိုင်​မှု ငါး​ဆယ်​ရာ​ခိုင်​နှုန်း တက်​လာ​ကြောင်း​တွေ့​ရ​သည်။ အစီ​အစဉ်​စတင်​ပြီး​နောက် ဝင်ငွေ လေး​ပုံ​တစ်​ပုံ​တက်​သွား​ပြီး အထောက်​အပံ့ရ​သူ​များ သောက​အတော်​နည်း​သွား​ကြောင်း တွေ့​ရှိ​ရ​သည်။
သို့သော် ဇာတ်​လမ်း​က ဤ​နေရာ​တွင် မ​ဆုံး​သေး​ပါ။ အနီး​အနား​ရှိ ဈေး​မြို့​လည်း အတော်​လေး အဆင် ပြေ​သည်။ အချို့​က သမ္မတ​အို​ဘား​မား​က လှူ​သည်​ဟု ထင်​ကြ​သည်။ အို​ဘား​မား​၏​ဖ​ခင်​သည် သူ​တို့​နှင့် မျိုး​နွယ်​တူ​နေ​သော​ကြောင့် အကူအညီ​ပေး​သည်​ဟု ထင်​ကြ​သည်။ ဒေသ​၏​အခြေအနေ​နှင့်​ယှဉ်​လျှင် ပေး​သော အကူအညီ​က အတော်​များ​သည်။ ထို့​အပြင် သက်​တမ်း ၃ နှစ်​သာ​ရှိ​သေး​သည်။ တစ်​နှစ်ကျော်​အတွင်း ဝင်ငွေ​တွေ​တိုး​လာ​ခြင်း​မှာ အံ့ဩ​စရာ​သိပ်​မ​ကောင်း​ပါ။
ဗီယက်နမ်​နိုင်ငံ​တွင် ၂​ဝ⁠ဝ​၆ ခု​နှစ်​က ဤသို့​သော​အကူအညီ​ပေး​မှု​မျိုး​လုပ်​ခဲ့​ဖူး​ပါ​သည်။ အိမ်ထောင်​စု ၅⁠၅​ဝ ကို နှောင်ကြိုး​မဲ့​အကူအညီ​ပေး​ရာ ၂ နှစ်​အကြာ​၌ ဆင်းရဲနွမ်းပါး​မှု ၂​ဝ% လျော့ကျ​သွား​ခဲ့​သည်။ အသက်ကြီး​သူ​တွေ​က ၎င်း​တို့​၏ နာ​ရေး​စရိတ်​ကို ကျန်​ရစ်​သူ​တွေ ကုန်ကျ​ခံ​စရာ​မ​လို​တော့​သ​ဖြင့် ‘နာ​ရေး​စရိတ်’ ဟု​ပင် ကင်ပွန်း​တပ်​ခဲ့​ရ​သည်။
ယူ​ဂန်​ဒါ​မြောက်​ပိုင်း​တွင် လေး​နှစ်​ခန့်​လည်ပတ်​နေ​သော အစီ​အစဉ်​က တစ်​မျိုး​ဖြစ်​သည်။ အစိုးရ​က လူ​ငယ် ၂​ဝ ခန့် အုပ်စု​ဖွဲ့​လျှောက်ထား​လျှင် တစ်​ဖွဲ့​ကို ဒေါ်လာ ၁​ဝ⁠ဝ​ဝ​ဝ ပေး​သည်။ တစ်​လုံး​တစ်​ခဲ​တည်း​ပေး​သည်။ ထို​အစီ​အစဉ်​ကို ကို​လံ​ဘီ​ယာ​တက္ကသိုလ်​မှ သွား​ရောက်​လေ့​လာ​ရာ​တွင် အလွန်​အောင်မြင်​မှု​ရ​သည်​ဟု ဆို​သည်။ ကူညီ​ငွေ​၏ သုံး​ပုံး​တစ်​ပုံ​ဖြင့် သတ္တု​ပညာ သို့မဟုတ် အပ်ချုပ်​ပညာသင်​သည်။ ကျန်​ငွေ​ဖြင့် အသုံးအဆောင် ကိရိယာ​တွေ၊ ကုန်​ကြမ်း​တွေ​ဝယ်​ကြ​သည်။ လုပ်​ငန်း​တွေ တည်ထောင်​ကာ တစ်​နေ့​တစ်​နေ့ နာရီ​ပေါင်း​များ​စွာ အလုပ်​လုပ်​ကြ​သည်။ လေး​နှစ်​ကာလ​အတွင်း သူ​တို့​၏ ပျမ်းမျှ​ဝင်ငွေ ၅​ဝ% ကျော် တိုး​သွား​ကြ​သည်။
ဤ​အစီ​အစဉ်​တွင် သတ်​မှတ်ချက်​တစ်​ခု​ရှိ​သည်။ လျှောက်ထား​သူ​တွေ​မှာ လုပ်​ငန်း​စီမံ​ကိန်း​ရှိ​ရ​မည်။ ကိုယ်​ဘာ​လုပ်​ရ​မည်၊ ဘယ်​လို​လုပ်​မည်​ကို သေသေချာချာ​တင်ပြ​ရန်လို​သည်။ နှောင်ကြိုး​မဲ့​အကူအညီ​၏ ကျေးဇူး​ကို ဤ​နေရာ​တွင် တွေ့​ရ​သည်။ ငွေ​မ​ရှိ​သည့်​နေရာ​တွင် အမှန်​တကယ်​ပင် အကျိုး​ရှိ​သည်။ အကျိုး​အရှိ​ဆုံး​သူ​များ​မှာ စ​လုပ်​စရာ ဘာ​မျှ​မ​ရှိ​ဆုံး​သူ​များ​ဖြစ်​သည်။ ယူ​ဂန်​ဒါ​တွင် အမျိုးသမီး​တွေ အကျိုး​အရှိ​ဆုံး​ဖြစ်​သည်။ ထို​အခြေအနေ မျိုး​တွင် အလှူရှင်​အဖွဲ့​အစည်း​တွေ သဘောကျ​သော အလုပ်အကိုင်​သင်​တန်း​ပေး​ခြင်း​ထက်​ပင် အကျိုး​အမြတ် ပိုမို​ကြီးမား​သည်။ ကျောင်း​တက်​ချိန် ၁ နှစ် ပို​သွား​သည်​နှင့် လုပ်​ခ ၁​ဝ% မှ ၁​၅% အထိ တက်​သွား​သော ဆင်းရဲ​သော​နိုင်ငံ​များ​မှ အထက်​တန်း​ပညာ​ရေး​အစီ​အစဉ်​ထက်​လည်း ပို​ကောင်း​သည်။ ကူညီ​ထောက်ပံ့​သူ​တွေ ထက် အကူအညီ​လက်ခံ​ရ​ရှိ​သူ​တွေ​က သူ​တို့​၏ လို​အပ်​ချက်​ကို ပို​ပြီး​သိ​ခြင်း၊ ထို​လို​အပ်​ချက်​ကို ဖြည့်​ဆည်း​နိုင်​ခြင်း သည် ယခု​အစီ​အစဉ်​၏ အား​သာ​ချက်​ဖြစ်​သည်။ ကျောင်း​သွား​မှ ထောက်ပံ့​မည်​ဆို​သော ကိစ္စ​မျိုး​တွင် ကျောင်း​သွား​ချင်​ပါ​လျက် အနီး​အနား​တွင် ကျောင်း​မ​ရှိ​၍ မ​သွား​နိုင်။ အကူအညီ​မ​ရ​နိုင်​သော​အစီ​အစဉ်​မျိုး​ထက် လည်းကောင်း​သည်။
ဤသို့​ဆို​လျှင် အစိုးရ​တွေ​က သတ်​မှတ်ချက်​တွေ​နှင့် အကူအညီ​ပေး​နေ​ပုံ​မျိုး​သည် အချိန်ကုန် ငွေ​ကုန် ဖြစ် မ​ဖြစ် မေးခွန်းထုတ်​စရာ​ဖြစ်လာ​သည်။ လက်လွတ်​စ​ပယ် ငွေ​ပေးလိုက်​လျှင် မ​ပြီး​လား​ဟု မေး​စရာ​ရှိ​သည်။ ထင်​သ​လောက်​တော့ မလွယ်​လှ​ပေ။ နှောင်ကြိုး​မဲ့ ငွေ​အကူအညီ​ပေး​ရာ​တွင် ငွေ​ကြေး​ပမာဏ​နှင့် စရိတ်စက အတော်​ကြီးမား​သည်။
ဥပမာ- ကင်​ညာ​နိုင်ငံ​တွင် ပေး​သော အစီ​အစဉ်​သည် ဒေသ​ခံ​များ​၏ ၂ နှစ်​စာ​ဝင်ငွေ​နှင့် ညီမျှ​သည်။ သတ် မှတ်ချက်​နှင့်​ပေး​သော ဘ​ရာ​ဇီး​အစီ​အစဉ်​သည် ဘ​ရာ​ဇီး​ပျမ်းမျှ​ဝင်ငွေ​၏ ၃% သာ​ရှိ​သည်။ သို့​ဖြစ်​၍ ဒေါ်လာ ၁​ဝ⁠ဝ​ဝ ကို မည်​သည့် ကင်​ညာ​ဆင်းရဲသား​ကို ပေး​သည်​ဖြစ်​စေ အများ​ကြီး အကျိုး​ရှိ​သည်။ စရိတ်စက​ပို​ကြီး​သော ဘ​ရာ​ဇီး​၌​ပင် ဘ​ရာ​ဇီး ၃ ယောက်​လောက်​အတွက် ထို​ငွေ​ပမာဏ​သည် အကျိုးကြီး​သည်။ မည်​သည့် နည်း​က ပို​ကောင်း​သည်​ဆို​သည်မှာ ပေး​သည့် အစီ​အစဉ်​ထက် လက်ခံ​သူ​အပေါ်​တွင် ပို​၍​မူ​တည်​သည်။ ဘယ်​သူ့​ကို ကူညီ​ချင်​တာ​လဲ၊ သူ​တို့​မှာ ဘယ်​လို​အခက်​အခဲ​တွေ ရင်ဆိုင်​နေ​ရသ​လဲ ဆို​သည့်​အချက်​အပေါ်​တွင် မူ​တည်​သည်။
ထို့​အပြင် ကန့်သတ်​ချက်​နှင့်​ပေး​သော အကူအညီ​များ​က အနာဂတ်​မျိုး​ဆက်​သစ်​ကို ဦးတည်​ချက်​ထား သော်လည်း ကြိုတင်​စည်းကမ်း​သတ် မှတ်ချက်​မ​ထား​သော​အစီ​အစဉ်​များ​တွင် ကမ္မသကာ​ဟု သဘောထား​သည်။ ပညာ​တတ်​လူ​ငယ်​တစ်​ယောက်​အနေ​ဖြင့် သူ့​ဘဝ​တစ်​သက်​တာ​တွင် ဝင်ငွေ​ပို​ရ​နိုင်​သည်။ ကျောင်း​တက်​ခိုင်း၊ ဆေး​ခန်း​သွား​ခိုင်း​ခြင်း​ကြောင့် အနာဂတ်​တွင် ဆင်းရဲနွမ်းပါး​မှု လျော့ကျ​နိုင်​သည်။ ကြိုတင်​သတ် မှတ်ချက်​မ​ပါသော အကူအညီ​ပေး​မှု အစီ​အစဉ်​က လက်​ရှိ​ဆင်းရဲနွမ်းပါး​မှု​ကို​သာ ဦးတည်​သည်။ သို့​ဖြစ်​၍ သတ်​မှတ်ချက်​ပါသော အကူအညီ​နှင့် ကြိုတင်​သတ်​မှတ်ချက်​မ​ပါသော အကူအညီ​တို့​ကို အမြဲ​နှိုင်းယှဉ်​၍ မ​ရ​ပေ။ ကန့်သတ်​ချက်​ပါသော အစီ​အစဉ်​တွင် အထူးသဖြင့် အစိုးရ​၏ ဝင်​ရောက်​ဆောင်ရွက်​မှု​နှင့်​ပတ်သက်​၍ အားနည်း​ချက်​များ​ရှိ​သည်​ဟု ဝေ ဖန်​ကြ​သည်။ သို့သော်​လည်း ဆင်းရဲနွမ်းပါး​မှု လျှော့​ချ​ရေး​တွင် ပညာ​ရေး​နှင့် ကျန်းမာ​ရေး​တို့​ကို​ပါ ထည့်​တွက်​ပါ​က ဤ​နည်း​သည် ပို​၍​ကောင်းမွန်​ကြောင်း တွေ့​ရ​သည်။
ကြိုတင်​သတ်​မှတ်ချက်​ဖြင့် အကူအညီ​ပေး​ရာ​တွင် အကြီး​မား​ဆုံး​ဖြစ်​သော အဖွဲ့​အစည်း​ကြီး​နှစ်​ခု​အား လက်တင်​အမေ​ရိ​က​ရှိ အကြီး​ဆုံး​နိုင်ငံ ၂ ခု​တွင် ဆင်းရဲနွမ်းပါး​မှု​လျှော့​ချ​နိုင်​ခြင်း​နှင့် စာတတ်​မြောက်​မှု မြင့်​မား​လာ စေ​ခြင်း​တို့​အတွက် ဂုဏ်​ပြု​ချီး​ကျူး​ကြ​သည်​ကို တွေ့​ရ​သည်။ ကုဋေ​နှင့်​ချီ​သော​လူ​တွေ​ကို အကူအညီ​ပေး​နိုင်​ခဲ့​ခြင်း ကြောင့် သူ​တို့​၏​အကျိုး​ရှိ​မှု ထင်ရှား​သိသာ​သည်။
ဂါ​နာ​နိုင်ငံ​တွင် လေ့ကျင့်​သင်ကြား​ပေး​ရေး​နှင့် လုပ်​ငန်း​များ တိုးတက်​ထွန်းကား​ရေး​ကို ဦးတည်​သော အစီ​အစဉ်​တစ်​ခု ချ​မှတ်​ဆောင်ရွက်​သည်။ ဂါ​နာ​အစိုးရ​က လုပ်​ငန်း​ရှင်​အချို့​ကို ဒေါ်လာ ၁​၂​ဝ ပေး​သည်။ အချို့​လုပ်​ငန်း​များ​အတွက် သတ်​မှတ်ချက်​မ​ရှိ။ အချို့​လုပ်​ငန်း​များ​တွင် လုပ်​ငန်း​အတွက်​လို​အပ်​သော အသုံး အဆောင်​အချို့​ကို ဝယ်​ယူ​စေ​သည်။ ထို​အခါ ကြိုတင်​သတ်​မှတ်ချက်​အတိုင်း​ပေး​သော​အကူအညီ​က ပို​ပြီး ထိ​ရောက်​မှု​ရှိ​သည်​ကို တွေ့​ရ​သည်။ သတ်​မှတ်ချက်​မ​ပါသော လုပ်​ငန်း​များ​ထက် ၃ နှစ်​အကြာ​တွင် အမြတ် နှစ်​ဆတိုး​လာ​သည်​ကို တွေ့​ရ​သည်။ ယူ​ဂန်​ဒါ​နှင့်​မ​တူ​သော​အချက်​မှာ အမြန်​အနည်း​ဆုံး​ရ​သည့် အမျိုးသမီး​ခေါင်း ဆောင်​သော လုပ်​ငန်း​များ​ကို​ပေး​ရာ​တွင် ထိ​ရောက်​မှု​အနည်း​ဆုံး​ဖြစ်​သည်​ကို တွေ့​ရ​သည်။ အစ​ကတည်းက အမြတ်​များ⁠များ​ရ​သော လုပ်​ငန်း​များ​အတွက် ပို​၍​အကျိုး​ရှိ​ကြောင်း တွေ့​ရ​သည်။ ဂါ​နာ​နိုင်ငံ​တွင် ငွေ​ကြေး​ကို နှောင်ကြိုး​မ​ပါ​ဘဲ ပေး​သော​နည်း​သည် လုပ်​ငန်း​တွေ​ကို ကူညီ​ရာ​တွင် အကောင်း​ဆုံး​နည်း မဟုတ်​ကြောင်း တွေ့​ရ​သည်။
အခြား​လေ့​လာ​မှု​တစ်​ရပ်​တွင် ကန့်သတ်​ချက်​ဖြင့်​ပေး​သော အစီ​အစဉ်၊ ကန့်သတ်​ချက်မ​ပါသော အစီ အစဉ်​နှင့် နှစ်​မျိုး​စလုံး​ကျင့်​သုံး​သော အစီ​အစဉ် ၃ မျိုး​စလုံး​ကို လေ့​လာ​ရာ သတ်​မှတ်ချက်​နှင့် အကူအညီ​ပေး​လျှင် ပညာ​ရေး​အဆင့်​အတန်း ပို​၍​မြင့်​မား​ကာ သတ်​မှတ်ချက်​တင်း​ကျပ်​လေ ပို​အကျိုး​ရှိ​လေ​ဖြစ်​ကြောင်း တွေ့​ရ​သည်။ သတ်​မှတ်ချက်​အရ အကူအညီ​ပေး​ပါ​က ကျောင်း​အပ်​သည့် အချိုးအစား​ပျမ်းမျှ ၄​၁% တက်​လာ​ကာ သတ်​မှတ် ချက်မ​ပါ​က ၂​၃% သာ တက်​လာ​သည်​ကို တွေ့​ရ​သည်။ သတ်​မှတ်ချက်​တင်း​ကျပ်​လျှင် ၆​ဝ% အထိ​တက်​လာ​ပြီး ပျော့​ပျောင်း​က ၂​၅% ခန့်​သာ တက်​လာ​သည်​ကို တွေ့​ရ​သည်။
သို့သော် အခြေအနေ​တွေ၊ ကန့်သတ်​ချက်​တွေ သတ်​မှတ်​ရာ​တွင် အခ​မဲ့​သတ်​မှတ်​၍​မ​ရ။ ငွေ​ကုန်​ကြေး ကျ​ရှိ​သည်။ မာလာ​ဝီ​နိုင်ငံ​တွင် အစီ​အစဉ်​နှစ်​မျိုး​စလုံး​ကို တစ်​ပြိုင်​နက်​တည်း ကျင့်​သုံး​သည်။ ကြိုတင်​သတ် မှတ်ချက်​မ​ပါ​ဘဲ အကူအညီ​ယူ​သော အမျိုးသမီး​များ​သည် ကျောင်း​ဆက်​နေ​ရန် ငွေ​ကြေး​အကူအညီ​ယူ​သူ​များ ထက် ကိုယ်ဝန်ဆောင်​ရန် အလားအလာ​နည်း​ပြီး အိမ်ထောင်​ပြု​ရာ​တွင်​လည်း ပို​၍​နောက်ကျ​တတ်​ကြောင်း တွေ့​ရ​သည်။ ပညာ​ရေး​အတွက် သုံး​ရ​မည်​ဟု သတ်​မှတ်ချက်​ဖြင့်​ပေး​လျှင် စရိတ်​သက်သာ​ပြီး အကူအညီ​ပေး သည့် ကာ​လကျော်​လွန်​သည့်​တိုင် အကျိုး​ကျေးဇူး​ကို ဆက်လက်​ခံစား​နိုင်​ကြ​သည်။
ကမ္ဘာ့​ဘဏ်​မှ သု​တေ​သီ​တစ်​ဦး​က ဆင်းရဲသား​များ တွေ့​ကြုံ​နေ​ရ​သည့်​ပြဿနာ​မှာ ငွေ​ကြေး​အရင်း အနှီး​မ​လုံလောက်​သည့်​ကိစ္စ​တစ်​ခု​တည်း​မဟုတ်​လျှင် သတ်​မှတ်ချက်​ဖြင့် အကူအညီ​ပေး​သည့်​နည်း​က ပို​၍ ထိ​ရောက်​သည်​ဟု ယူဆ​သည်။ အကယ်၍ မိသား​စု​တွေ​က ပညာ​ရေး​ကို တန်ဖိုး​ထား​ရ​ကောင်း​မှန်း​မ​သိ သည့်​ကိစ္စ​မျိုး၊ ကျောက်​ရောဂါ ကာ​ကွယ်​ဆေး​ထိုး​သ​လို လူ​တိုင်း​လုပ်​မှ အကျိုး​ရှိ​သည့်​ကိစ္စ​မျိုး​တွေ​၌ သတ်​မှတ်ချက် ဖြင့် အကူအညီ​ပေး​သင့်​သည်​ဟု သူ​က​ယူဆ​သည်။ ကိုယ့်​ဘာသာ သုံး​ချင်​သ​လို သုံး​ခွင့်​ပြု​လိုက်​လျှင် ပညာ​ရေး​နှင့် ကျန်းမာ​ရေး​အတွက် သုံး​ကြ​မည်​မဟုတ်။ ပညာ​ရေး၊ ကျန်းမာ​ရေး​အတွက်​သာ သုံး​ရ​မည်​ဟု ကြိုတင်​စည်းကမ်း သတ်​မှတ်​ပေးလိုက်​ခြင်း​အား​ဖြင့် မ​သုံး​မ​နေ​ရ သုံး​ကို သုံး​ကြ​ရ​သည်။
နိုင်ငံ​ရေး​အရ​လည်း သတ်​မှတ်ချက်​ဖြင့် အကူအညီ​ပေး​သည့်​နည်း​ကြောင့် အကျိုး​ကျေးဇူး​နှစ်​ခု ခံစား​ရ သည်။ မိဘ​တွေ​ကို ကလေး​ကျောင်း အပ်​ခိုင်းလိုက်​သည့်​အတွက် ပညာ​ရေး​အဆင့်​အတန်း​မြင့်​မား​ရေး​ကို ဖိ​အားပေး​လိုက်​သ​လို​ဖြစ်​သွား​သည်။ ပညာ​ရေး​အဆင့်​အတန်း​တွေ ကောင်းမွန်​အောင် လုပ်​ကြ​ရ​တော့​မည်။ ကြို တင်​သတ်​မှတ်ချက်​တွေ​က အကူအညီ​လက်ခံ​မည့်​သူ​များ​၏ အပြုအမူ​ကို​သာ​မက အကူအညီ​ပေး​မည့် အလှူရှင်​များ​၏ အပြုအမူ​များ​ကို​ပါ ပြောင်းလဲ​စေ​သည်။ ငွေ​ကြေး​လှူဒါန်း​သူ​တွေ​၏ ထောက်ခံ​အားပေး​မှု​ကို​လည်း ပိုမို​ရ​ရှိ​နိုင်​သည်။ ဆင်းရဲသား​တွေ သုံး​ချင်​ရာ​သုံး​ရအောင် ပေး​ခြင်း​မဟုတ်။ အကျိုး​ရှိ​ရာ​ရှိ​ကြောင်း သုံး​နိုင်​ရန် ပေး​ခြင်း​ဖြစ်​သ​ဖြင့် အခွန်​ထမ်း​လူ​လတ်​တန်း​စား​တွေ​လည်း ကျေ​ကျေနပ်​နပ်​ရှိ​မည်။ ကြွယ်​ဝ​ချမ်းသာ​သူ တစ်​ဦး နှစ်​ဦး​ထံ​မှ ရ​ရှိ​ခြင်း​မဟုတ်။ လူ​အများ​စု​ထံ​မှ​ရ​ရှိ​သော အကူအညီ​မျိုး​ဆို​လျှင် အများ​ပြည်​သူ ကျေနပ်​သဘောကျ​ရန် ပို​၍​အရေးကြီး​သည်။
နှောင်ကြိုး​မ​ပါ ပေးလိုက်​သော အကူအညီ​သည် အများမျှော်​လင့်​ထား​သည်​ထက် ပို​ကောင်း​အောင် ဆောင်ရွက်​နိုင်​သည်။ ဆင်းရဲသား​တွေ​ကို ဘာ​မျှ​မ​သိ​သူ​တွေ​ဟု ဝါး​လုံး​ရှည်​နှင့် သိမ်းကျုံး​ပြီး ပြော​၍​မ​ဖြစ်။ သတ်​မှတ်ချက်​နှင့်​ပေး​သော အကူအညီ​တွေ​က ဆင်းရဲ​မှု​၏ အခြေ​ခံ​အကြောင်းရင်း​တွေ​ကို​ပါ ဖြေ​ရှင်း​ပြီး အပေါ်ယံ​ကြော​မျှ​သာ ဖြေ​ရှင်း​ခြင်း​မဟုတ်။ ဆင်းရဲ​မှု​လျှော့​ချ​ရေး​သာ​မက ဆင်းရဲသား​တွေ လွတ်မြောက်​အောင် အကူအညီ​ပေး​နိုင်​သည့်​အတွက် ပို​ကောင်း​သည်​ကို​တွေ့​ရ သည်။
(အီ​ကော​နော​မစ်)

Share Button

Click here to submit your review.


Submit your review
* Required Field

No Tags

1099 total views, 1 today

  

Leave a Reply

  • shame

    Shameful Mistake

    by on 2014年1月8日 - 0 Comments

    အမှား​တွေ၊ အလွဲ​တွေ

  • enlightenment

    ရင်လေး​ဖွယ်ရာ အနာဂတ်​သာသနာ

    by on 2014年2月6日 - 0 Comments

    တစ်​နေ့​က ‘ဘ​ဂ​ဝါ ယူ​နိုက်​တက်စ်​အက်ဖ်​စီ’ လို့ နာမည်​တပ်​ထား​တဲ့ အီးလ်​မေးလ် တစ်​စောင် ဦး​ပဥ္စင်း​ဆီ ရောက်လာ​ပါ​တယ်။

  • chinatown

    တရုတ်တန်း​က စစ်ကိုင်း​လမ်း

    by on 2014年2月7日 - 0 Comments

    လမ်း​ထဲ​သို့ ချိုး​ဝင်​လိုက်​သည်​နှင့် အကင်ညှော်​နံ့​များ​က နှာသီး​ဝ​ကို​လာ​ရောက်​ကျီစယ်​သည်။ ကား​တစ်​စီး​လွတ်​ရုံ​လမ်း​လေး​ထဲ ခင်းကျင်း​ထား​သည့် စားပွဲ​ဝိုင်း​...

  • yangon_view_south

    Yangon Dream

    by on 2014年3月5日 - 0 Comments

    (Written by: ချစ်​ဝင်း​မောင်) နှစ်​ပေါင်း ၂​၀ ကျော် ကာလ​အတွင်း ကျွန်တော်​နေထိုင်​ရာ အရပ်​သည် မ​ယုံကြည်​နိုင်​လောက်​ဖွယ် အံ့​မ​ခန်း ပြောင်းလဲ​သွား​ခဲ့​သည်။ နေ...

  • nelsonmandela

    မင်​ဒဲ​လား​ပြော​ခဲ့​သော စကား​တစ်​ခွန်း

    by on 2014年1月27日 - 0 Comments

    Written by ဦးတင်​ဦး (ကျူ​ရှင်) လွန်​ခဲ့​တဲ့​သောကြာနေ့​ည​က ည​စဉ်​သွား​နေကျ​ဆေး​ခန်း​သို့ ရောက်​သွား​သော​အခါ ဆရာဝန်​၏​အိမ်​မှ​ရုပ်​မြင် သံ​ကြား​ဖန်​သား ပြင်ပေါ...