Welcome, visitor! [ Register | LoginRSS Feed  | 

မြန်မာ​နိုင်ငံ အိမ်၊ ခြံ၊ မြေ

| Life Style | 2013年11月21日

house

Written by အိမ်​စည်​စိုးစံ၊ မြတ်​စု​ငြိမ်း

အကျိုးဆောင်​ရှိ​ရာ​အခန်း​မှ ဆင်း လာ​သည့် သူ့​ခြေလှမ်း​တွေ​သည် လေး ကန်​၍​နေ​သည်။ လက်​ထဲ​တွင် ကျစ်​ကျစ် ပါ​အောင် ကိုင်​ထား​သည့်​ပိုက်ဆံ​အိတ် အတွင်း ပါလာ သည့် ငွေ​ကျပ်​ခြောက် သိန်း​ခွဲ​က သူ့​သောက​တွေ​ကို မနှစ်​သိမ့် နိုင်​ပါ​ဟု မ​နွယ်နီ​က ဆို​ပါ​သည်။

မျှော်​လင့်​ချက်​တစ်​ခု​ဖြင့် လ​ပေါင်း များ​စွာ ခြိုးခြံ​ချွေတာ​ပြီး စုဆောင်း​ခဲ့​ရ သည့် ငွေ​ကြေး​သည် ဒီ​ကျော​တစ်​နေရာ စာ အတွက် စိတ်​ကျေနပ်​မှု​ကို မ​ဖြည့် ဆည်း​ပေး​နိုင်​ခဲ့။

”ပြီး​ခဲ့​တဲ့ လ​ကတောင် ဒီ​အခန်း အတွက် ဈေး​က​တစ်​သိန်း၊ လ​ကုန်​ရင် လက်​ရှိ အငှား​ဆင်း​မယ်။ ခြောက်​လ လည်း လက်ခံ​တယ်​ဆို​လို့ စု​ထား​တဲ့ ပိုက်ဆံ​နဲ့​လည်း လုံ​ေ လာက်​ပြီ ဆို​ပြီး ဝမ်းသာ​နေ​ခဲ့​ရ​တာ” ဟု ဆို​သည့် မ​နွယ် နီ​က မျှော်လင့်​ချက်​တွေ ပျောက်​ဆုံး​နေ သည့် မျက်​ဝန်း​တစ်​စုံ​ဖြင့် အဝေး​တစ်​နေ ရာ​ကို လှမ်း​ငေး​ရင်း ညည်းညူ ေျ ပာ​ပြ လိုက်​သည်မှာ ဘေး​ကလူ​တွေ​ကို​ပင် အပူ​သောက​များ ကူး​စက်​လာ​စေ​ပါ သည်။

မ​နွယ်နီ​သည် ရန်ကုန်မြို့​လယ် ဆူးလေ​ဘုရား​အနီး​ရှိ ကုမ္ပဏီ​တစ်​ခု​တွင် အတန်ငယ် ရာထူး​ရှိ​သည့် ဝန်​ထမ်း တစ်​ဦး​ဖြစ်​သည်။ သူ​သည် သူ​၏ အနာ ဂတ်​ရှေ့​ရေး​အတွက် ဧရာဝတီတိုင်း ဒေသ​ကြီး​အတွင်း​ရှိ ရှား​ခဲ​မြို့​လေး​မှ မိဘ ညီ​အစ်ကို မောင်​နှမ​များ​ကို စွန့် ကာ ရန်ကုန်​ဆို​သည့် မြို့​ကြီး​သို့ စွန့်စား လာ​ရောက်​နေထိုင်​သူ​တစ်​ဦး ဖြစ်​သည်။

ရန်ကုန်​ရောက်​တော့ အလုပ် ရှာ လို့ ကောင်း​သည့်​နေရာ​တစ်​ခု​လည်း ဖြစ် မိမိ​အိမ်​မှ​ပါလာ​သော ငွေ​နှင့်​လည်း ကိုက်​ညီ​သည့် နေရာ​တစ်​ခု​ကို ပထမ​ဦး စွာ ရွေးချယ် လိုက်​သည်။

ထို​နေရာ​သည် အဆောင်​ဟု ဆို သည့် ပေ ၁​၂​ပေ​ခွဲ x ပေ​၆​ဝ ကျယ်​သည့် အခန်း​တစ်​ခု​အတွင်း လူ ၁​၅ ယောက် စုပေါင်း​နေထိုင်​ရ​သည့် နေရာ​တစ်​ခု ဖြစ်​သည်။ ထို​အကျယ်အဝန်း​ကို အပေါ် ထပ်​တွင် ထပ်​ခိုး​လုပ်​၍ ၄ ဦး​နေ​ရ​သည်။ အောက်​ထပ်​တွင်​တော့ ၁​၁ ဦး​နေထိုင် သည်။ လူ​တစ်​ဦး​လျှင် ၄​ပေx၆​ပေ ကျယ်​သည့် နေရာ​တစ်​ခု​စီ အပိုင်​စား ပေး​ထား​ပြီး မီးဖို​ချောင် ရေချိုး​ခန်း၊ အိမ် သာ တို့​ကို ‘ဘုံ’အဖြစ် အသုံးပြု​ရ​သည်။

လူ​တစ်​ဦး​လျှင် ကျပ်​တစ်​သောင်း ရှစ်​ထောင် သတ်​မှတ်​ပေး​ရ​သော ထို​နေ ရာ​သည် ‘အဆောင်’ ဆို​သည့် ထုံးစံ အတိုင်း စရိုက်​တော့ အတော်​စုံ​ပါ​သည်။ အတူ​နေ​သူ​များ သည် Car Show Room တွင် လုပ်​သူBeauty Salon တွင် လုပ်​သူ၊ ငွေ​ကိုင်​လုပ်​သူ စ​သည် ဖြင့် အလုပ်အကိုင်​တော့ ကိုယ်စီ​ရှိ​ကြ ပါ​သည်။ ထို ၁​၅ ဦး​ပေါင်း နေ​ရ​သည့် အဆောင်​တွင် နှစ်​ဦး​မှာ အတော်​စရိုက် ဆိုး​သည် ။အပြော​ကြမ်း​သည်။ ပတ်​ဝန်း ကျင်​ကို အမြဲ​တစေ ရန်​လုပ်​တတ်​သည်။ သို့သော် သူ​တို့​အချင်းချင်း​တော့ တစ်​ဦး ကို​တစ်​ဦး
မြှောက်ပင့်​ပေး​ရင်း ရိုင်းပင်း ကြ​ပါ​သည်။ သို့သော် မနှစ်​သက်​သော စရိုက်​ရှိ​သူ​အချို့​နှင့် နေ​ရ​သည့်​အတွက် သည်းခံ​ခြင်း​ကတော့ မ​ပြတ်​လက်ကိုင် ထား​ရ​သည်​ဟု သူ က​ပြော​သည်။

သို့​အတွက် မ​နွယ်နီ​သည် အလုပ် နေရာ​ကောင်း​လေး တစ်​ခု​ရ​သော​အခါ အစစ​ခြိုးခြံ​ပြီး ကိုယ်​ပိုင်​အခန်း​ငှား​ရန် အတွက် လ​ပေါင်း​များ​စွာ ပိုက်ဆံ​ကို ကျစ်⁠ကျစ်​ပါ​အောင် စု​ခဲ့​သည်​ဟု ဆို သည်။ လှည်း​တန်း ခြောက်​လွှာ​အခန်း လေး​ကို တစ်​သိန်း​နှင့် ခြောက်​လ​ငှား ရန် ပြီး​ခဲ့​သည့် လ​က​ပင် အကျိုးဆောင် တစ်​ခု​နှင့် သွား​ကြည့်​ခဲ့​သည်။ ထို​နေရာ သည် သင်​တန်း​များ​စွာ​လည်း ရှိ​သော ကြောင့် သူ​သင်​တန်း​တွေ​လည်း တက် ဦး​မည်​ဟု ဒီ​အခန်း​ဈေးနှုန်း အပြောင်း အလဲ​ကို မ​သိ​ရ​သေး​ခင် လွန်​ခဲ့​သည့် နာရီ​ပိုင်း​လေး အထိ ဖြစ်ပေါ်​နေ​ခဲ့​သေး သည့် သူ့​စိတ်ကူး​အိပ်မက်​တွေ​ကို ရင်​ဖွင့်​ပါ​သည်။

”ရန်ကုန်​က ဒီ​လို​ပဲ​နှစ်​အလိုက်​မှ မဟုတ်​ဘူး။ တစ်​လ​တစ်​ခါ နီးပါး နှစ် သောင်း​ဈေး​တက်​နေ​တယ်” ဟု Lucky အိမ်၊ ခြံ၊ မြေ အကျိုးဆောင်​မှ တာဝန် ရှိ​သူ​တစ်​ဦး​က​လည်း ရန်ကုန်​၏ တစ်​လ တစ်​ခါ အိမ်​ငှား​ဈေးနှုန်း မြင့်​တက်​လာ မှု​ကို ထောက်ခံ​ပါ​သည်။

¤င်း​က​ပင် ဆက်လက်​၍ ”ဥပမာ အခန်း​တစ်​ခန်း​ကို ဧည့်သည်​လေး​ငါး​ဦး လောက် လာ​ကြည့်​သွား​ပြီ​ဆို အဲ့​ဒီ​အိမ် ရှင်​က နောက်ထပ်​ရောက်လာ​ပြီး ကြည့် မယ့်​သူ​ကျ​ရင် ကျိန်း​သေ နှစ်​သောင်း လောက်​တော့ ဈေး​တင်​လိုက်​ပြီ။ သူ​က ဒီ​လို​ဈေး​တင်​လိုက်​တာ​နဲ့ ဘေး​အခန်း တွေ​က​လည်း ဒီ​လို​ဈေး​လိုက်​မြင့်​လာ​ကြ ရော။ ဒီ​လို​နဲ့ အခန်း A က လည်း ဈေး မြင့်​လာ၊ အခန်းB က​လည်း ဈေး​မြင့် လာ​နဲ့ ဈေး​တွေ​က အမြဲ​တက်​နေ​တာ ပေါ့” ဟု ဆို​သည်။

မြန်မာ​နိုင်ငံ အိမ်၊ ခြံ၊ မြေ​ဝန် ဆောင်​မှု လုပ်​ငန်း​ရှင်​များ အသင်း​မှ တာဝန်ရှိ​သူ​တစ်​ဦး​က​လည်း ရန်ကုန်​၏ အိမ်၊ ခြံ၊ မြေ​အငှား​ဈေးနှုန်း​သည် ယခင် နှစ်​နှင့် နှိုင်းယှဉ်​ကြည့် ပါ​က ၂​ဝ၊ ၂​၅ ရာ​ခိုင်​နှုန်း မြင့်​တက်​နေ​သည်​ဟု တစ် နှစ်​ဆို​သည့် အချိန်​နှင့်​ပင် ရန်ကုန်​၏​အိမ်၊ ခြံ၊ မြေ အငှား​ဈေးနှုန်း မြင့်​တက် နေ​မှု​ကို ရှင်း​ပြ​ပါ​သည်။

ထိုင်း​နိုင်ငံ ဘန်​ကောက်​နှင့် ချင်း မိုင်​တို့​တွင် အိမ်​ငှား​အဖြစ် နေထိုင်​ခဲ့ သည့် မြန်မာ​တစ်​ဦး​ကတော့ ထိုင်း​နှင့် မြန်မာ​သည် အိမ်​ငှား​ခ ဈေးနှုန်း နှစ်​ဆ ကွာ​သည်​ဟု ဆို သည်။

ထိုင်း​၏ မြို့​လယ်​မြို့​ထဲShopping Mall များ​နှင့် နီး​ကပ်​သည့်​နေရာ​ကောင်း များ သည် ထိုင်း​ဘတ်​လေး​ထောင်၊ လေးထောင့် ငါးရာ​သာ ပေး​ရ​ပြီး မြန်မာ ငွေ​နှင့် တွက် ကြည့်ပါ​က တစ်​သိန်း​နှစ် သောင်း​လောက်​သာ ရှိ​သည်။ အဆို​ပါ ဈေးနှုန်း​ရှိ​သော အခန်း​သည် အသင့် နေထိုင်​ရန် အနေအထား​တွင် ရှိ​ပြီး ပရိ ဘော​ဂ​ပစ္စည်း​များ​လည်း ပါဝင်​သည်။ မြို့​ထဲ​မှ ဆိုင်​ကယ်​ဖြင့် ၁​ဝ မိ​နစ်​ခန့် သွား​ရ​သည့်​နေရာ​ရှိ တိုက်ခန်း​များ​သည် ဘတ်​သုံး​လေး​ထောင် ဈေး​ရှိ​၍ ထို​နေရာ ရှိ လုံး​ချင်း​သန့်သန့် ကောင်း​ကောင်း အခန်း​သည် ထိုင်း​ဘတ်​ငါး​ထောင်​နှင့် ရ​သည်​ဟု ပြော​သည်။

ထို့​ပြင် ထိုင်း​တွင် အိမ်​ငှား​ရ​သည် မှာ ကြား​ပွဲစား​မ​ရှိ။ အကျိုးဆောင်​မ​ရှိ ဘဲ နှစ်​လ​စာ ငွေ​ကြေး​ရှိ​ရုံ​ဖြင့် အခန်း​စ တင် ငှား​နိုင်​ပြီး နောက်ထပ်​ငှား​မည့် လ​များ​အတွက် တစ်​လ ချင်း​ပေး​သွား​နိုင် သော​ကြောင့် ထိုင်း​၏​အိမ်​ငှား​များ​မှာ ငွေ​ကြေး​အတွက် ဝန်ထုပ်​ဝန်ပိုး သိပ် မ​ဖြစ်​ကြ​ရ​ကြောင်း ထိုင်း​နှင့် မြန်မာ အိမ်​ငှား​မှု​နှင့် ဈေး​ကွက်​ကို ပြော​သည်။

”မြန်မာ​ပြည် ပြန်​ရောက်​တော့ အဲ ဒီ​လို မဟုတ်​တော့​ဘူး။ ဒီ​က တစ်​သိန်း​ခွဲ အခန်း​ဆို​တာ အစ်မ​တို့ ဘယ်​လို​မှ နေ လို့​မ​ရ​ဘူး။ အခန်း​တွေ​က​လည်း မ​သန့် ရှင်း​ဘူး။ နံရံ​တွေ​က​လည်း ညစ်ပတ်​နေ တယ်။ အိမ်သာ​ဆို​ရင်​လည်း ရေ​အလွယ် ချ​လို့ မ​ရ​ဘူး။ ဒီ​တော့ နှစ်​သိန်း​တန် လောက် အခန်း​ရှာ​ရ​ပြီ။ ပြီး​တော့ ခြောက်​လ အနည်း​ဆုံး ချုပ်​ရ​တာ​ဆို တော့ ပွဲစား​ခ​နဲ့ ပေါင်း​ရင် ၁​၃ သိန်း လောက်​အရင် ရှာ​ရ​တယ်” ဟု မြန်မာ ပြည်​ရန်ကုန်​နှင့် ထိုင်း​အိမ်​ငှား​မှု စနစ် အပြောင်း​အလဲ ကွာ​ခြား​ချက်​ကို ဆို​ပါ သည်။

ရန်ကုန်မြို့​ကြီး​၏ မြို့​ကြီး​ခြောက် မြို့​နယ်​တွင်​တော့ တစ်​သိန်း​နှစ်​သောင်း ဆို​သည့် ငွေ​ကြေး​သည် ရယ်မော​စရာ ဖြစ်​သည်။ ဒီ​ခြောက်​မြို့​နယ်​တွင်​တော့ တစ်​လ​စာ​အတွက် အနည်း​ဆုံး နှစ်​သိန်း လောက်​ရှိ​မှ အဆင်​ပြေ​မည် သို့သော် အငှား​ဈေး​ကွက် ယဉ်ကျေး​မှု​အရ အနည်း​ဆုံး ခြောက်​လ​စာနှင့် ပွဲစား​ခ ဆောင်​ထား​ရ​ဦး​မည် ဖြစ်​သည်။

စမ်း​ချောင်း၊ လှိုင်၊ ကမာ​ရွတ်​ကဲ့သို့ နေရာ​များ​တွင်​တော့ အထပ်​မြင့်​များ​၏ အငှား​ဈေးနှုန်း​သည် နှစ်​သိန်း​အောက် အနည်းငယ်​ဆင်း​ပါ​က ရ​နိုင်​သည်။ သို့ သော် တစ်​သိန်း သာ တတ်နိုင်​သေး သည့် မ​နွယ်နီ​ကတော့ သူမ​ရည်​ရွယ် ထား​သော လှည်း​တန်း​ဘက်​မှ ခြောက် လွှာ​အခန်း​ကို စိတ်​ဖြတ်​လိုက်​ရ​ပြီ။ ထို့ ထက် ဝေး​သော နေရာ​တစ်​ခု ကို ရွေး ချယ်​လိုက်​ရ​သည်​ဟု ဆို​ပါ​သည်။

”အကျိုးဆောင်​က အင်း​စိန်​ဘက် မှာ​တော့ တစ်​သိန်း​တန် အခန်း​ရ​မယ် ပြော​တယ်။ ဒါ​ပဲ ရွေး​လိုက်​တော့​မယ်။ လှည်း​တန်း​ဘက်​လာ​ပြီး သင်​တန်း တက်​ဖို့​လည်း အဆင်ေ​ျ ပ​နိုင်​သေး​တယ်။ မြို့​ထဲ​ကို ရုံး​သွား​တက်​ဖို့​လည်း လိုင်း ကား​တွေ ပေါ​ပါ​တယ်​လေ” ဟု​သူမ​ကိုယ် သူမ နှစ်သိမ့်​ရင်း မ​နွယ်နီ​က​ဆို​ပါ​သည်။

ထိုသို့ ရန်ကုန်​၏ အိမ်၊ ခြံ၊ မြေ အငှား​ဈေးနှုန်း​များ ပုံ​မှန်​မြင့်​တက်​နေ ခြင်း​သည်Demand နှင့် Supply မ​မျှ တ​ခြင်း​ကြောင့်​ဖြစ်​ကာ အငှား​လိုချင် သည့် ငွေ​ကြေး​နှင့် အခန်း အနေအထား ကိုက်​ညီ​မှု မ​ရှိ​ဖြစ်​နေ​ပြီး အိမ်​အငှား များ​၍ ငှား​လို​သည့် အိမ်ရှင်​မှာ​လည်း နည်းပါး​နေ​သည်​ဟု အိမ်၊ ခြံ၊ မြေ​အကျိုး ဆောင်​အချို့​က ရန်ကုန်​၏ အငှား​ဈေး နှုန်း ကို သုံးသပ်​ကြ​သည်။

ထိုသို့ ပုံ​မှန်​မြင့်​တက်​နေ​သည့် အိမ်​အငှား​ဈေးနှုန်း​များ​သည် မ​နွယ်နီ​ကဲ့ သို့​ရန်ကုန်​တွင် အိမ်​ငှား​နေ​ရ​သည့် သူ များ​အတွက် စိန်ခေါ်​နေ​မှု တစ်​ရပ် ဖြစ်​နေ​သည်။ သူမ ငှား​မည့် အင်း​စိန် မှ အခန်း​သည် ခြောက်​လ​ပြီး​ဆုံး​ပါ​က ဈေးနှုန်း​မည်​မျှ မြင့်​တက်​လာ​ဦး​မည် လဲ မ​သိ​ရ​သေး။

”ရန်ကုန်​ရဲ့ အိမ်၊ ခြံ၊ မြေ​အငှား ဈေးနှုန်း​က ကျွန်မ​အတွက်​တော့ လက် မ​ထောင်​စိန်ခေါ်​နေ​သ​လို ခံစား​ရ​တယ်” ဟု မ​နွယ်နီ​က မ​ချိ​ပြုံး⁠ပြုံး​၍ ဆို​လိုက် သည်။

Credit to Popular Myanmar News Journal

Share Button

Click here to submit your review.


Submit your review
* Required Field

1116 total views, 1 today

  

Leave a Reply

  • shame

    Shameful Mistake

    by on 2014年1月8日 - 0 Comments

    အမှား​တွေ၊ အလွဲ​တွေ

  • enlightenment

    ရင်လေး​ဖွယ်ရာ အနာဂတ်​သာသနာ

    by on 2014年2月6日 - 0 Comments

    တစ်​နေ့​က ‘ဘ​ဂ​ဝါ ယူ​နိုက်​တက်စ်​အက်ဖ်​စီ’ လို့ နာမည်​တပ်​ထား​တဲ့ အီးလ်​မေးလ် တစ်​စောင် ဦး​ပဥ္စင်း​ဆီ ရောက်လာ​ပါ​တယ်။

  • chinatown

    တရုတ်တန်း​က စစ်ကိုင်း​လမ်း

    by on 2014年2月7日 - 0 Comments

    လမ်း​ထဲ​သို့ ချိုး​ဝင်​လိုက်​သည်​နှင့် အကင်ညှော်​နံ့​များ​က နှာသီး​ဝ​ကို​လာ​ရောက်​ကျီစယ်​သည်။ ကား​တစ်​စီး​လွတ်​ရုံ​လမ်း​လေး​ထဲ ခင်းကျင်း​ထား​သည့် စားပွဲ​ဝိုင်း​...

  • yangon_view_south

    Yangon Dream

    by on 2014年3月5日 - 0 Comments

    (Written by: ချစ်​ဝင်း​မောင်) နှစ်​ပေါင်း ၂​၀ ကျော် ကာလ​အတွင်း ကျွန်တော်​နေထိုင်​ရာ အရပ်​သည် မ​ယုံကြည်​နိုင်​လောက်​ဖွယ် အံ့​မ​ခန်း ပြောင်းလဲ​သွား​ခဲ့​သည်။ နေ...

  • coffee

    အဆိပ်​သင့်​အနမ်း​များ

    by on 2013年11月15日 - 0 Comments

    Written by ရွှေ​ရည် ကော်​ဖီ​ဆိုင်​ဟု အမည်တပ်​ထား​သော ဆိုင်​လေး​ထဲ​သို့ ဆယ်ကျော်​သက် စုံ​တွဲ​တစ်​တွဲ ဝင်​ရောက်လာ​ပြီး “အခန်း​ရှိ​သေး​လား” ဆို​သော​အသံ​က ဆယ်ကျေ...