Welcome, visitor! [ Register | LoginRSS Feed  | 

မြန်​မာ့ ဆယ့်​နှစ်​လ​ရာသီ ပွဲတော်​များ

| 未分類 | 2013年11月8日

Written by လှ​မြင့် (ရန်ကုန်​တက္ကသိုလ်)

မြန်မာ​ရိုးရာ ယဉ်ကျေး​မှု ဓလေ့​အရ တစ်​နှစ်​တာ ကာလ​ဖြစ်​သော တန်ခူး​လ​မှ​သည် တပေါင်း​လ​တိုင်အောင် တစ်​ဆယ့်​နှစ်​လ ရှိ​သည့်​အနက် တစ်​ဆယ့်​နှစ်​လ​လုံး​တွင် ရာသီ​ပွဲတော်​များ​ကို မြန်​မာ့​ရေ​မြေ သဘာ၀ ယဉ်ကျေး​မှု ဓလေ့​ထုံးစံ​များ​နှင့်​အညီ မြန်မာ​မှု အခြေ​ခံ​လျက် ရှေး​ခေတ်​အဆက်ဆက်​မှ​သည် မျက်မှောက်​ခေတ်​တိုင်အောင် လ​စဉ်​ကျင်းပ​လျက် ရှိ​နေ​သည်။ ထို့​ကြောင့် မြန်​မာ့​ဆယ့်​နှစ်​လ​ရာသီ ပွဲတော်​များ​သည် ဘာသာ​ရေး ရိုးရာ​ယဉ်ကျေး​မှု​နှင့် လူ​မှု​ရေး​ဆိုင်​ရာ ပွဲတော်​များ​အဖြစ် ခေတ်​အဆက်ဆက်​၏ ခေတ်​အရိပ်၊ ခေတ်​ကြေးမုံ​ကို ထင်​ဟပ်​နေ​သော ပွဲတော်​များ​ဖြစ်​ကြ​သည်။

မြန်မာ​တို့​၏ ဆယ့်​နှစ်​လ​ရာသီ ပွဲတော်​များ​တွင် တန်ခူး​လ​၌ သင်္ကြန်​ပွဲတော်၊ ကဆုန်​လ​၌ ညောင်ရေ​သွန်း​ပွဲတော်၊ န​ယုန်​လ​၌ ရဟန်း​သံ​ဃာတော်​များ​၏ စာပြန်​ပွဲတော်၊ ဝါဆို​လ​၌ ဝါဆို​သင်္ကန်းကပ်​လှူ​ပွဲ၊ ဝါခေါင်​လ​၌ စာရေး​တံ​မဲ​ပွဲ၊ တော်​သလင်း​လ​၌ လှေ​သဘင်​ပွဲ၊ သီတင်းကျွတ်​လ​၌ ဆီမီး​ပူဇော်​ပွဲ၊ တန်ဆောင်မုန်း​လ​၌ ကထိန်သင်္ကန်း ကပ်လှူ​ပွဲ၊ နတ်တော်​လ​၌ စာဆိုတော်​ပွဲ၊ ပြာသို​လ​၌ မြင်းခင်းသဘင်​ပွဲ၊ တပို့တွဲ​လ​၌ ထ​မ​နဲ​ပွဲ၊ တပေါင်း​လ​၌ သဲ​ပုံ​စေတီ​ပွဲ (ဘုရား​ပွဲ) တို့​ကို လ​စဉ်​အမြဲ မြို့ပြ​မှ​အစ ကျေးလက်​တော​ရွာ​အဆုံး ခြိမ့်⁠ခြိမ့်​သဲသဲ ကျင်းပ​ပြုလုပ်​ကြ​သည်။ ယင်းသို့ မြန်​မာ့​ဆယ့်​နှစ်​လ​ရာသီ ပွဲတော်​များ​ကို မြန်မာ​တို့ ခေတ်​အဆက်ဆက်​တွင် ခမ်းနား​ထည်​ဝါဝင့်​ကြွား​စွာ ကျင်းပ​ခဲ့​မှု သမိုင်း​အစဉ်​လာ​ကို ကုန်း​ဘောင်​ခေတ်​နှောင်း စာ​ဆိုကျော် ကင်းဝန်​မင်းကြီး​က-

“အတာ​တန်ခူး၊ နှစ်​ဦး​ညောင်ရေ၊ စာ​ပလွေ​ခင်း၊ ပဥ္စင်းတော်​ခံ စာရေး​တံ​နှင့် မြစ်​ယံ​ပွဲ​ကြီး၊ ဆီမီး​ထွန်း​ချိန်၊ ကထိန်​နတ်​ကျင်း၊ မြင်းခင်း​ဆင်ယင်၊ သဘင်​မီး​ပုန်း၊ လူ​လုံး​သဲ​ပုံ၊ စေ့စုံ​ကျင်းပ ဆယ့်​နှစ်​လ မှတ်​ကြ​ရာသီ​ပွဲ” ဟူ၍ လွယ်ကူ​စွာ မှတ်သား​သိရှိ​နိုင်​ရန် ကဗျာ​လင်္ကာ ဖွဲ့​သီ​ခဲ့​ပါ​သည်။

မြန်​မာ့​ဆယ့်​နှစ်​လ​ရာသီ ပွဲတော်​များ​သည် မြန်​မာ့​ယဉ်ကျေး​မှု ဘာသာ​ရေး၊ လူ​မှု​ရေး​ဓလေ့ ထုံးစံ​များ​ကို အခြေ​ခံ အရင်း​တည်​လျက် ကျင်းပ​ခဲ့​သော ရိုးရာ​ယဉ်ကျေး​မှု ပွဲတော်​များ​ဖြစ်​ကြ​သည် သာ​မက ရှေး​မြန်မာ​မင်း​များ​၏ ခေတ်​အဆက်ဆက်​တွင် ဆယ့်​နှစ်​လ​ရာသီ ပွဲတော်​များ​ကို မြန်မာ​မင်း​ခမ်း​မင်း​နား ပွဲတော်​များ​အဖြစ် သတ်​မှတ်​ကျင်းပ ခဲ့​ကြ​သည်။ ယင်းသို့ မင်း​ခမ်းတော် ဆယ့်နှစ်ရာသီ ပွဲတော်​များ​အဖြစ် သတ်​မှတ်​ကျင်းပ ခဲ့​ပုံ​များ​ကို ကုန်း​ဘောင်​ခေတ် စာ​ဆိုကျော် အင်​ရုံ​ရွာစား ဥ​ဇ​နာ​၏ “လောက​ဗျူဟာ အင်​ရုံ​စာ​တမ်း” တွင် မှတ်တမ်း​တင်​ခဲ့​သည်။
မြန်​မာ့​ဆယ့်​နှစ်​လ​ရာသီ​၏ တစ်​လ​ချင်း ကျင်းပ​ခဲ့​သော ပွဲတော်​များ​တွင် မြန်မာ​တို့​၏ စိတ်​ရင်း​စေတနာ​များ​သည် ထင်​ဟပ်ဖော်​ပြ​လျက် မြန်​မာ့​စိတ်​ရင်း၊ မြန်​မာ့​စေတနာ၊ မြန်​မာ့​ယဉ်ကျေး​မှု ပုံ​ရိပ်​များ​ကို ဖော်​ကျူး​နေ . . . . .

ယင်း​လောက​ဗျူဟာ အင်​ရုံ​စာ​တမ်း​လား ရှေး​မြန်မာ​မင်း​များ​လက်ထက် တစ်​ဆယ့်​နှစ်​လ​ရာသီ မင်း​ခမ်း​မင်း​နား ပွဲတော်​များ​၌ နတ်တော်​လ​တွင် မဟာ​ပိန္နဲ​စ​သော နတ်​များ​ပူဇော်​ပွဲ​ကို ပြုလုပ်​ခဲ့​ကြောင်း၊ တပို့တွဲ​လ​တွင် ဘုရား​စေတီ ပုထိုး​များ​၌ မီး​ပုန်း​ပွဲ​ဟူ​သော မီး​ပူဇော်​ပွဲ​များ​ကို နံနက်​စောစော အချိန်​တွင် အမွေး​နံ့သာ သနပ်ခါး​စ​သည်​တို့​ဖြင့် ပူဇော်​ခဲ့​ကြောင်း ရေး​ဖွဲ့ဖော်​ထုတ် မှတ်တမ်း​တင်​ထားခဲ့​သည်။ မျက်မှောက်​ခေတ်​၏ မြန်​မာ့​ရိုးရာ ဆယ့်​နှစ်​လ​ရာသီ ပွဲတော်​များ​တွင်​မူ ခေတ်​နှင့်​အညီ နတ်တော်​လ​၌ စာဆိုတော်​ပွဲ​နှင့် တပို့တွဲ​လ​၌ ထ​မ​နဲ​ပွဲ​များ အသွင်​သို့ ပြောင်းလဲ​ကျင်းပ​လျက် ရှိ​နေ​သည်။

မြန်​မာ့​ရိုးရာ ဆယ့်​နှစ်​လ​ရာသီ ပွဲတော်​များ​တွင် တန်ခူး​လ​၏ သင်္ကြန်​ပွဲတော်၊ တော်​သလင်း​လ​၏ လှေ​သဘင်​ပွဲတော်၊ နတ်တော်​လ​၏ စာဆို​ပွဲတော်၊ ပြာသို​လ​၏ မြင်းခင်းသဘင်​ပွဲတော်၊ တပို့တွဲ​လ​၏ ထ​မ​နဲ​ပွဲတော်​တို့​သည် မြန်​မာ့​ရိုးရာ ယဉ်ကျေး​မှု​နှင့် လူ​မှု​ရေး​ကို အခြေ​ခံ​၍​ပြုလုပ် ကျင်းပ​သော ရိုးရာ​ပွဲတော်​များ ဖြစ်​ကြ​သည်။ အထူးသဖြင့် တော်​သလင်း​လ​၏ လှေ​သဘင်​ပွဲတော်​နှင့် ပြာသို​လ​၏ မြင်းခင်းသဘင် ပွဲတော်​တို့​သည် နိုင်​ငံတော်​၏ ကာ​ကွယ်​ရေး အင်အား၊ စစ်​ရေး​အင်အား တောင့်တင်း​စေ​ရေး​အတွက် ရေတပ်​သူရဲကောင်း​များ​နှင့် မြင်းတပ်၊ ဆင်​တပ်၊ ခြေ​လျင်​တပ် စစ်သည်​သူရဲကောင်း​များ ရွေးချယ်​ဂုဏ်​ပြု​သော ပွဲတော်​ဖြစ်​သည်။

တော်​သလင်း​လ​ရာသီ ပွဲတော်​ဖြစ်​သော လှေပြိုင်​ပွဲ​များ ကျင်းပ​၍ ထူးချွန်​ထက်မြက်​သည့် ရေတပ်​သား​ကောင်း​များ ပေါ်​ထွန်း​လာ​စေ​ရေး​ကို ဦးတည်​လျက်​ပြုလုပ် ကျင်းပ​ပေး​ခဲ့​မှု​ကို ကုန်း​ဘောင်​ခေတ်​စာဆို ဦး​ယာ​၏ ဆယ့်​နှစ်​လ​ရာသီ​ဘွဲ့​လူးတား တော်​သလင်း​လ​ဘွဲ့​၌

“တော်​သလင်း​ဟု မြစ်​တွင်း​သဘင် လှေပွဲ​ဆင်​၍ လက်​သင်လှော်​ကား၊ ရွှေ​လှေ​များ​ကို ကစား​လူးလာ၊ စုန်​ကာ​ဆန်​လျက်၊ ရွှေ​တက်​ပြိုးပြောင်၊ ဗုံတော်​စည်​မောင်း၊ ရေကြောင်း​မြစ်​လယ်၊ ပျော်​ဖွယ်​အံ့​ချီး၊ တီး​မှုတ်ကြော်​ကြား​သည် ပွဲ​သာ​တွင်” ဟူ၍ ဖွဲ့​ဆို​မှတ်တမ်း တင်​ခဲ့​သည်။

ဆောင်းရာသီ ပြာသို​လ​၏ ခွာ​ညို​ပန်း​များ ပွင့်​ချိန်​တွင် မြင်းခင်းသဘင် ပွဲတော်​ကို ရှေး​မြန်မာ​မင်း​များ​လက်ထက် ခေတ်​ကာလ​များ​အနက် ပင်း​ယ​ခေတ် ငါး​စီး​ရှင်ကျော်​စွာ​မင်း လက်ထက်​က​ပင် စတင်​ကျင်းပ နေ​ခဲ့​ကြောင်း​ကို ငါး​စီး​ရှင်ကျော်​စွာ​၏ မြင်း​စိုင်း​ရွှေ​ပြည်​ကာ ချင်း​ကဗျာ​၌ “နွယ်​ပန်း​ခွာ​ညို၊ ပွင့်​ပေ​လို၊ ပြာသို​ဆောင်း​လ​လယ်၊ ဆောင်း​လ​လယ်၊ ယ​ရည်​သွန်းသွန်း၊ မြင်းသည်​ဝန်း၊ လှံ​ချွန်​တွန်း​တက်​ပယ်၊ တွန်း​တက်​ပယ်” ဟူ၍ ရေး​ဖွဲ့​မှတ်တမ်း တင်​ခဲ့​သည်။

ထို​နည်းတူ မြန်​မာ့​ရိုးရာ ယဉ်ကျေး​မှု ပွဲတော်​တစ်​ခု​ဖြစ်​သော တန်ခူး​လ သင်္ကြန်​ပွဲတော်​သည်​လည်း ပျူ​ခေတ်​နှောင်း နရ​သီ​ဟ​ပ​တေ့​မင်း (တရုတ်​ပြေး​မင်း)လက်ထက်​က​ပင် ဧရာဝတီ​မြစ် အတွင်း​၌ မင်း​ခမ်း​မင်း​နား​ဖြင့် ပွဲ​သဘင်​အဖြစ် ဆင်ယင်​ကျင်းပ​ခဲ့​ကြောင်း​ကို ညောင်​ရမ်း​ခေတ်​စာဆို ဦး​ကုလား​ရေးသား ပြုစု​ခဲ့​သော မဟာ​ရာဇ​ဝင်တော်​ကြီး​နှင့် ကုန်း​ဘောင်​ခေတ် ဘ​ကြီးတော်​မင်း လက်ထက်​တွင် ပြုစု​ခဲ့​သော မှန်​နန်း​မဟာ ရာဇ​ဝင်တော်​ကြီး​များ​၌ မှတ်တမ်း​တင်​ခဲ့​သည်။

ကဆုန်​လ​တွင် ကျင်းပ​သော ညောင်ရေ​သွန်း​ပွဲတော်၊ ဝါဆို​လ​၏ ပဥ္စင်း​ခံ​ပွဲတော်၊ ဝါဆို​သင်္ကန်း ကပ်လှူ​ပွဲ၊ သီတင်းကျွတ်​လ​၏ မီးထွန်း​ပူဇော်​ပွဲ၊ တန်ဆောင်မုန်း​လ​၏ ကထိန်​ပွဲတော်​များ​ကို ပုဂံ​ခေတ် အလယ်​ပိုင်း ဗုဒ္ဓ​ဘာသာ စတင်​ဖွံ့ဖြိုး တိုးတက်​ခဲ့​သည့် အချိန်​ကာလ​မှ စတင်​၍ ကျင်းပ​ခဲ့​ကြောင်း​ကို ပုဂံ​ခေတ်​တွင် ရေး​ထိုး​ခဲ့​သော ကျောက်စာ​အချို့​နှင့် ပုဂံ​ခေတ် ဂူ​ဘုရား၊ ပုထိုး​များ​၌ ရေးသား​ခဲ့​သော မင်​စာ​အထောက်​အထား​များ​အရ သိရှိ​နိုင်​သည်။ ယင်း​ပွဲတော်​များ​သည် ဘာသာ​ရေး​ကို အခြေ​ခံ​သော ပွဲတော်​များ​ပင် ဖြစ်​သည်။ ထို​နည်းတူ န​ယုန်​လ​၏ စာဆို​ပွဲ၊ ဝါခေါင်​လ​၏ စာရေး​တံ​မဲ​ပွဲ၊ တပေါင်း​လ​၏ သဲ​ပုံ​စေတီ​ပွဲ (ဘုရား​ပွဲ) များ​သည်​လည်း ရှေး​မြန်​မာ့​သမိုင်း​စဉ်​၏ ခေတ်​အဆက်ဆက် ကျင်းပ​ခဲ့​သော ဘာသာ​ရေး ပွဲတော်​များ​ပင် ဖြစ်​ကြ​သည်။

ရှေး​မြန်မာ​မင်း​များ လက်ထက်​တွင် နတ်တော်​လ​၌ မဟာ​ပိန္နဲ​စ​သော နတ်​များ​ကို ပူဇော်​ခဲ့​သော​ကြောင့် နတ်တော်​လ​ဟု ခေါ်​ဆို​သတ်​မှတ် ခဲ့​သည်။ နောက်​ပိုင်း​ကာလ​များ​တွင် ခေတ်​စနစ်၊ ခေတ်​အမြင်၊ ခေတ်​ရေး​အခြေအနေ​နှင့်​အညီ နတ်တော်​လ​၌ နတ်​များ​ကို ပူဇော်​ပသ​သော ပွဲတော်​အစား စာဆိုတော်​ကြီး​များ၊ စာရေး​ဆရာ​ကြီး​များ​ကို ဂုဏ်​ပြု​ပူဇော် ချီး​မြှောက်​သော စာပေ​ယဉ်ကျေး​မှု ပွဲတော်​အသွင်​သို့ ကူးပြောင်း​၍ နတ်တော်​လ​တွင် စာဆိုတော်​ပွဲ​အဖြစ် ကို​လို​နီ​ခေတ်​မှ စတင်​ကာ ပြောင်းလဲ​ကျင်းပ လာ​ခဲ့​သည်မှာ ယခု​အချိန်​တိုင်အောင်​ပင် ဖြစ်​သည်။

တပို့တွဲ​လ​တွင် မြန်မာ​မင်း​များ လက်ထက်​က မီး​ပုန်း​ပွဲ​ဟူ​သော ဘာသာ​ရေး ပွဲတော်​ကို ကျင်းပ​ခဲ့​ကြ​သည်။ မီး​ပုန်း​ပွဲ​ဟူ​သည် တပို့တွဲ​လ​တွင် အအေး​ဓာတ် လွန်ကဲ​မှု​ကြောင့် မြတ်​စွာ​ဘုရားရှင်​အား ရည်စူး​လျက် စေတီပုထိုး ရုပ်​ပွားတော်​များ​၌ တပို့တွဲ​လ​ပြည့်​နေ့ နံနက်​အာရုဏ်​တက်​ချိန်​တွင် စေတီပုထိုး ရုပ်​ပွားတော်​များ​၏ ပတ်​ပတ်လည်​၌ အမွေး​နံ့သာ​တုံး​များ၊ သနပ်ခါး​များ၊ ဥာဏ်​ရိုး​စ​သည်​တို့​ဖြင့် မီး​ပူဇော် ကုသိုလ်​ပြု ပွဲတော်​ဖြစ်​သည်။ ယင်းသို့ မီး​ပုန်း​ပွဲ​သို့ လာ​ရောက်​ကြည်ညို ပူဇော်​သူ​တို့​အား တပို့တွဲ​လ ရာသီ​စာ​ဖြစ်​သော ထ​မ​နဲ​များ​ထိုး​၍ ပေးကမ်း​ခြင်း၊ စေတီပုထိုး ရုပ်​ပွားတော်​များ​ကို ကပ်လှူ​ခြင်း​များ ပြုလုပ်​ကြ​သော​ကြောင့် နှောင်း​ခေတ်​များ​တွင် မီး​ပုန်း​ပွဲ​အစား ထ​မ​နဲ​ပွဲ​အသွင်​သို့ ပြောင်းလဲ​ကျင်းပ​ခဲ့​ခြင်း ဖြစ်​သည်။ ရှေး​မြန်မာ​မင်း​များ လက်ထက်​တွင် တပို့တွဲ​လ​၌ မီး​ပုန်း​ပွဲ ကျင်းပ​ခဲ့​မှု​ကို စာဆို​ဦး​ယာ​၏ ဆယ့်​နှစ်​လ​ရာသီ​ဘွဲ့​လူးတား (တပို့တွဲ​လ)၌ “သုံး​လူ့​ချာ​ကို ရှိန်​ဝါ​ရောင်​ညီ၊ မီး​ပုန်း​ပူဇော်၊ လှူတော်​မြဲ၊ ရာသီ​ပွဲ” ဟူ၍ ဖွဲ့​ဆို​မှတ်တမ်း တင်​ခဲ့​သည်။

မြန်​မာ့​ဆယ့်​နှစ်​လ​ရာသီ ပွဲတော်​များ​သည် မြန်​မာ့​ယဉ်ကျေး​မှု ဓလေ့​ထုံးစံ​များ၊ ဘာသာ​ရေး ကိုင်း​ရှိုင်း​မှု​များ၊ လူ​မှု​ရေး နယ်ပယ်​မှ ရိုးရာ​ဓလေ့ ထုံးစံ​များ​ကို အခြေ​ခံ​၍​လ​စဉ် သတ်​မှတ်​ကျင်းပ​ခဲ့​သော အနှစ်သာရ​များ ပေါင်း​စည်း​နေ​သော​ကြောင့် မြန်​မာ့​စိတ်​ဓာတ်၊ မြန်​မာ့​စေတနာ၊ မြန်​မာ့​စိတ်​ရင်း​တို့​ကို ထင်​ဟပ်ပေါ်​လွင် နေ​သည်။ ထို့​ကြောင့် မြန်​မာ့​ဆယ့်​နှစ်​လ​ရာသီ​၏ တစ်​လ​ချင်း ကျင်းပ​ခဲ့​သော ပွဲတော်​များ​တွင် မြန်မာ​တို့​၏ စိတ်​ရင်း​စေတနာ​များ​သည် ထင်​ဟပ်ဖော်​ပြ​လျက် မြန်​မာ့​စိတ်​ရင်း၊ မြန်​မာ့​စေတနာ၊ မြန်​မာ့​ယဉ်ကျေး​မှု ပုံ​ရိပ်​များ​ကို ဖော်​ကျူး​နေ​သော​ကြောင့် တစ်​ဆယ့်​နှစ်​လ​တွင် တစ်​ဆယ့်​နှစ်​လ ပွဲ​များ​ကို ကျင်းပ​ခဲ့​ခြင်း​သည် မြန်မာ​တို့​၏ “အပျော်​ကျူး​လို​သော စိတ်ထား၊ အချိန်​ကို အလဟဿ ဖြုန်းတီး​ပစ်​လို​သော အကျင့်​ဖြင့်” ပြုလုပ်​နေ​ခြင်း မဟုတ်​ပေ။

မြန်​မာ့​ရိုးရာ ဆယ့်​နှစ်​လ​ရာသီ ပွဲတော်​များ​သည် ယင်းသို့​သော ရည်​ရွယ်​ချက် အနှစ်သာရ​နှင့် အကျိုး​တရား​များ​ကို လမ်း​ညွှန်ဖော်​ဆောင်​လျက် ရှိ​နေ​သည်။

credit to Eleven

Share Button

Click here to submit your review.


Submit your review
* Required Field

No Tags

1095 total views, 1 today

  

Leave a Reply

  • shame

    Shameful Mistake

    by on 2014年1月8日 - 0 Comments

    အမှား​တွေ၊ အလွဲ​တွေ

  • enlightenment

    ရင်လေး​ဖွယ်ရာ အနာဂတ်​သာသနာ

    by on 2014年2月6日 - 0 Comments

    တစ်​နေ့​က ‘ဘ​ဂ​ဝါ ယူ​နိုက်​တက်စ်​အက်ဖ်​စီ’ လို့ နာမည်​တပ်​ထား​တဲ့ အီးလ်​မေးလ် တစ်​စောင် ဦး​ပဥ္စင်း​ဆီ ရောက်လာ​ပါ​တယ်။

  • chinatown

    တရုတ်တန်း​က စစ်ကိုင်း​လမ်း

    by on 2014年2月7日 - 0 Comments

    လမ်း​ထဲ​သို့ ချိုး​ဝင်​လိုက်​သည်​နှင့် အကင်ညှော်​နံ့​များ​က နှာသီး​ဝ​ကို​လာ​ရောက်​ကျီစယ်​သည်။ ကား​တစ်​စီး​လွတ်​ရုံ​လမ်း​လေး​ထဲ ခင်းကျင်း​ထား​သည့် စားပွဲ​ဝိုင်း​...

  • yangon_view_south

    Yangon Dream

    by on 2014年3月5日 - 0 Comments

    (Written by: ချစ်​ဝင်း​မောင်) နှစ်​ပေါင်း ၂​၀ ကျော် ကာလ​အတွင်း ကျွန်တော်​နေထိုင်​ရာ အရပ်​သည် မ​ယုံကြည်​နိုင်​လောက်​ဖွယ် အံ့​မ​ခန်း ပြောင်းလဲ​သွား​ခဲ့​သည်။ နေ...

  • coffee

    အဆိပ်​သင့်​အနမ်း​များ

    by on 2013年11月15日 - 0 Comments

    Written by ရွှေ​ရည် ကော်​ဖီ​ဆိုင်​ဟု အမည်တပ်​ထား​သော ဆိုင်​လေး​ထဲ​သို့ ဆယ်ကျော်​သက် စုံ​တွဲ​တစ်​တွဲ ဝင်​ရောက်လာ​ပြီး “အခန်း​ရှိ​သေး​လား” ဆို​သော​အသံ​က ဆယ်ကျေ...