Welcome, visitor! [ Register | LoginRSS Feed  | 

ရတာမလို လိုတာမရ၊ ရသူမလို လိုသူမရ ဤလောက

| Life Style | 2013年11月19日

Written by သန်း​ထိုက် (သာ​ကေ​တ)

အနာ​ထ​ပိဏ် သူဌေး​ကြီး​နှင့် ဝိ​သာ​ခါ ကျောင်းအမ​ကြီး​တို့​သည် တစ်​နေ့​နှစ်​ကြိမ် မိမိ​တို့ လှူဒါန်း​ခဲ့​သော ကျောင်းတော်​ကြီး အသီး​သီး​သို့ သွား​ရောက် ဆည်းကပ်​ပါ​တယ်။ သွား​သည့် အခါ​တိုင်း လက်ချည်း​မ​သွား။ သာမဏေ​တို့ ငါ​တို့​၏​လက်​ကို ကြည့်​ကြကုန်​အံ့​ဟု တွေး​၍ လှူ​ဖွယ်​ပစ္စည်း​တို့​ကို ယူဆောင်​သွား​သည်။ နံနက်​ပိုင်း​နှင့် ညနေ​ပိုင်း​အချိန် လို​အပ်​မည် ထင်​သော လှူ​ဖွယ်​ပစ္စည်း​တို့​ကို လေ့​လာ​၍ ယူဆောင်​သွား​သည်။ ရဟန်း​သာမဏေ​နှင့် ကျောင်းတော်​ကြီး​၏ လို​အပ်​ချက်​ကို လေ့​လာ​ပြီး အချိန်​ကာလ၊ အခြေအနေ​နှင့် လိုက်လျော​ညီ​ထွေ ဖြစ်​အောင် လှူဒါန်း​သည်။ အကျိုး​ရှိ​အောင် လှူဒါန်း​သည်။ (ဓမ္မ ပ​ဒ​မှ)

ဒီ​နေ့​ဒီ​အချိန် ကာလ​မျိုး​မှာ သူဌေး​ကြီး သူကြွယ်​မ​ကြီး​တို့​သာ ရှိ​ပါ​က နံနက်​တစ်​ခါ၊ ညနေ​တစ်​ခါ ရပ်​ကွက်၊ ကျေးရွာ၊ ဘုရား ကျောင်းကန်​တို့​ကို လှည့်လည်​၍ လို​အပ်​ချက်​များ ဖြည့်​ဆည်း​ပေး​လိမ့်​မယ်။ ဆင်းရဲ​ပင်ပန်း​စွာ ရုန်း​ကန်​လှုပ်ရှား​ရင်း ဘ၀​နေဝင်​ချိန်​ကို စောင့်စား​နေ​ရ​သည့် လူ​များ​၏ လိုအင်​ဆန္ဒ​ကို ဖြည့်​ဆည်း​လိမ့်​မည် ထင်​တယ်။ ခေတ်​စနစ်​က​လွဲ၊ အတိတ်​ကံ​က​မွဲ​လို့ ထမင်း​တစ်​လုတ် ချွေး​တစ်​စက်၊ ခြေ​တစ်​လှမ်း၊ အသက်​တစ်​ကမ်း ဘဝ​မှာ​ရှိ​နေ​တဲ့ သူ​တွေ​အတွက် ကောင်း​လိုက်​မည့်​ဖြစ်​ခြင်း။ ဆန္ဒ​နဲ့​ဘ၀ တစ်​ထပ်​တည်း​ကျ​ပြီး ရ​တာ​လို လို​တာ​ရ​တဲ့ လောက​ကြီး​ဖြစ်​ရင် ပြော​ဖွယ်ရာ မ​ရှိ​ပေါ့။ ယခု​ဒီ​လို မဟုတ်​တော့။ ပြော​ဖွယ်ရာ​တွေ​က ထောင်​ပုံ​ရာ​ပုံ​ဖြစ်​လို့ နေ​ပါ​တယ်။

မနှစ်​က ကထိန်​ပွဲတော်​မှာ ကျွန်တော်​တို့ လမ်း​မိသား​စု​နဲ့ အနှေးယာဉ်​လုပ်သား (ဆိုက်​ကား) တို့ စုပေါင်း​ပဒေသာ​ပင် လုပ်​ခဲ့​တယ်။ ပဒေသာ​ပင်​ပို့​ဖို့ ကထိန်ခင်း​မယ့်​ကျောင်း​ကို ရွေးချယ်​ဖို့​လို​လာ​တယ်။ အများ​ဆန္ဒ​အရ မ​ရှိ​နွမ်းပါး တကယ်​လို​အပ်​တဲ့​ကျောင်း၊ ပရိ​ယတ္တိ၊ ပ​ဋိ​ပတ္တိ​ကျင့်ကြံ အားထုတ်​တဲ့​ကျောင်း​ကို ရွေးချယ်​ပေး​ဖို့ ဆုံးဖြတ်​ခဲ့​ကြ​တယ်။ ကြီးကျယ်​တာ​တော့ မဟုတ်​ပါ​ဘူး။ ဆင်းရဲသား ချွေးနှဲစာ​လေး​နဲ့ ကြိုးစား​ပြီး လှူ​ရ​တာ​မို့ ပစ္စပ္ပုန်​ရော သံသရာ​ပါ အကျိုး​များ​အောင်ဆို​တဲ့ ရည်​ရွယ်​ချက်​ပါ။ တစ်​ပဲ​လောက်​လှူ​ပြီး တစ်​လှည်း​လောက် ပြန်​လိုချင်​တဲ့ ဆန္ဒ​လည်း ပါ​မှာ​ပေါ့။ ကျောင်း​ရှာ ထွက်​တော့ ကျောင်း​ဝင်း​ကြီး​ထဲ​က ကျောင်းတိုက်​လေး တစ်​ခု​တွေ့​တယ်။ ကျောင်းတိုက်​က သစ်သား​ဆောင်။ အိုမင်း​ဟောင်းနွမ်း​နေ​ပြီ။ ဆရာတော်​ကို ပဒေသာ​ပင်​ပို့​ချင်​တဲ့ အကျောင်း ကထိန်ခင်း​မယ့်​နေ့​ကို သိ​လို​ကြောင်း၊ လျှောက်​တယ်။ ဆရာတော်​က သက်တော် ၈​၀၊ ဝါတော် ၆​၀ ရှိ​ပြီ​လို့ မိန့်​တယ်။ ဘုန်းကြီး​ကျောင်း​ရဲ့ ကျောင်း​မှာ ကထိန်​မ​ခင်း​ဖြစ်​တာ သုံး​နှစ်​ရှိ​ပြီ ဖြစ်​ကြောင်း။ ဒကာ​တို့ လုပ်​ချင်​တဲ့​ရက် လာ​လုပ်​ပါ​လို့ မိန့်​ပါ​တယ်။ သီလ၊ သမာဓိ၊ ပညာ​နဲ့ ပြည့်စုံ​ပုံ​ရ​တဲ့ ဆရာတော်​ကျောင်း​မှာ ကထိန်​မ​ခင်း​ဖြစ်​တာ၊ မ​ခင်း​နိုင်​တာ သုံး​နှစ်​ရှိ​ပြီ​ဆို​တော့ အံ့ဩ​သွား​မိ​ပါ​တယ်။

ကထိန်ခင်း​မယ့် ဆရာတော်​ကျောင်း​ကို ပဒေသာ​ပင်​တွေ ပို့​ကြ​တယ်။ ကျောင်း​နား​ရောက်​တော့ ကား​တွေ​ပိတ်​နေ​လို့ တော်တော်​နဲ့ ဝင်​မ​ရ​ဘူး။ ဘေး​နား​က ကျောင်းတိုက်​ကြီး တစ်​ခု​ကို ကထိန်ခင်း​ဖို့ လာ​ကြ​တဲ့ ကား​တွေ​နဲ့ ပိတ်​နေ​တယ်။ အဲ​ဒီ​ကျောင်းတိုက်​ကြီး​က သူဌေး​တွေ ကိုးကွယ်​တာ​များ​တယ်။ ဆရာတော်​က သက်တော် သိပ်​မ​ကြီး​သေး​ပေ​မယ့် ကံ၊ ဉာဏ်၊ ဝီရိယ​ကြောင့်​လား သီလ​သမာဓိ ပညာ​ကြောင့်​လား ကျွန်တော်​တို့ မ​သိ​တဲ့ ဂုဏ်​အင်္ဂါ​တွေ ရှိ​လို့​လား မ​သိ။ ချမ်းသာ​တဲ့​ကျောင်း​ကြီး ဖြစ်​ပါ​တယ်။ ကျွန်တော်​တို့ ပို့​ခဲ့​တဲ့ ကျောင်း​က​လည်း သီလ​သမာဓိ ပညာ​မှာ​တော့ ညံ့​ဖျင်း​ပုံ မပေါ်​ပါ​ဘူး။ ဆရာတော်​ရဲ့ ကံ​အကြောင်း ဆို​ရ​မ​လား​မ​သိ။ လာဘ်​လာ​ဘ​ကတော့ တော်တော်​ချို့​ငဲ့​တာ တွေ့​ရ​တယ်။ ယိုင်​ရွဲ့​နေ​ပြီး အပေါက်​တွေ ပြည့်​နေ​တဲ့ ကျောင်း​အို​ကြီး​နဲ့ ဘုန်းကြီး​အို​ကြီး​မို့ လာဘ်​လာ​ဘ​က​လည်း အိုမင်း​မ​စွမ်း ဖြစ်​နေ​ပုံ​ရ​ပါ​တယ်။ လူအို​တော့ လူ​မ​လေး၊ ကျောင်း​အို​တော့ သူဌေး​မ​လေး​လို့ ဆို​ရ​မ​လို​ပါ။

ဦး​အေးချမ်း(အမည်​လွှဲ) အသက် ၇​၈ နှစ်​ရှိ​ပါ​ပြီ။ ဌာန​တစ်​ခု​မှ အငြိမ်းစား ယူထား​သူ ဖြစ်​ပါ​တယ်။ သူ့​မှာ ဇနီး​တစ်​ယောက်၊ သား​နှစ်​ယောက်၊ သမီး​တစ်​ယောက် ရှိ​တယ်။ သား​နှင့်​သမီး တစ်​ယောက်​က အိမ်ထောင်သည် များ​ဖြစ်​၍ သူ​နှင့်​အတူ​မ​နေ။ သား​အကြီး​ဆုံး​က အတူ​နေ လူပျိုကြီး​ဖြစ်​တယ်။ ယခင်​က ဆိုက်​ကား​နင်း​ပြီး သောက်​လိုက် နင်း​လိုက် လုပ်​ရင်း သူ့​တစ်​ယောက်​စာ​တောင် မ​ပြည့်စုံ​ချင်။ ယခု​တော့ ရောဂါ​ရ​ပြီး ဘာ​မှ​မ​လုပ်​နိုင်​တော့။ ဦး​အေးချမ်း​ဟာ ဇနီး​နဲ့ လူ​မ​မာ​သား​ကို ရေ​လှည်း​တွန်း​ပြီး လုပ်ကျွေး​သည်မှာ ၁​၅ နှစ် ကျော်​ခဲ့​ပါ​ပြီ။ သူ့​ရဲ့ ပင်စင်​လ​စာ နှစ်​သောင်း​ရ​သည် ဆို​ပါ​တယ်။ ပင်စင်​ယူ​ပြီး​သည်​မှ ရေ​တွန်း​ရောင်း​သည်မှာ ယနေ့​ထိ ဖြစ်​ပါ​တယ်။ ဦး​အေးချမ်း​ဟာ နွေ​မိုး​ဆောင်း တစ်​နှစ်​လုံး​မ​နား။ နေ​မ​ကောင်း​၍ မ​ထ​နိုင်​မှ နား​ပါ​တယ်။
ရ​တာ​မ​လို လို​တာ​မ​ရ၊ ရ​သူမ​လို၊ လို​သူမ​ရ ဖြစ်​နေ​တဲ့ လူ​သား​တို့​၏ အလွဲ​များ တည့်​သွား​လျှင် မည်​မျှ ကောင်း​မည်​နည်း။ ဘဝ​ဇာတ်​ဆရာ​တို့​က လွဲ​နေ​သော ဇာတ်​ညွှန်း​ကို အတည့်​အမှန် ပြင်​ပေး​ရင် ဖြည့်​ပေး​ရင် လူ​သား​အားလုံး​က အထူး​ကျေးဇူး တင်​ကြ​မယ် ထင်​တယ်။ အဲ​ဒီကျ​ရင် လှပ​ကြည်နူး​ဖွယ် ကောင်း​ပြီး နို​ဘယ်​ဆု​ရ ဇာတ်​ညွှန်း​ကောင်း​တစ်​ခု ဖြစ်လာ​မှာ မ​လွဲ​ပါ…

မနက်​မိုးလင်း​သည်​နှင့် ဦး​အေးချမ်း တစ်​ယောက် ရေ​တွန်း​ရန် ရောက်လာ​သည်။ လူ​က​ပိန်​သေး​သေး၊ ပင်ပန်း​ဆင်းရဲ​သည့် ဒဏ်​ကြောင့် အသားအရေ​က မွဲ​ခြောက်​ခြောက်၊ အကြော​ပြိုင်း​ပြိုင်း ထ​နေ​သည်။ လောကဓံ​နှင့် အသက်အရွယ်​ကြောင့် လမ်းလျှောက်​လျှင် ယာ​ဘက်​ခြေထောက်​က ခပ်​ဆွဲ​ဆွဲ ဖြစ်​နေ​သည်။ လက်ဖက်ရည် မ​သောက်၊ ကွမ်း​မ​စား၊ ဆေးလိပ်​မ​သောက်၊ အရက်​မ​သောက်၊ လောင်း​ကစား​မ​လုပ်၊ ထမင်း​နှင့် ဟင်း​သာ​စား​တယ်။ ရေသောက်​တယ်။ မနက်​စာ​ထမင်း အိမ်​က​ပါလာ​လျှင် လမ်း​ဘေး​က အသက်​သာ​ဆုံး​ဆိုင်​မှ ထမင်း​နှင့်​ဟင်း ဝယ်​စား​တယ်။ နေပူ​၍​မ​နား၊ မိုးရွာ​လည်း​မ​မှု တစ်​နေ​ကုန်​တွန်း​တယ်။ သူ​ရ​သည်​က ရေ​တစ်​လှမ်း သုံး​ရာ​နီးပါး။ ညနေ​မှောင်​မှ အိမ်​ပြန်​ပါ​တယ်။

ကံ​နည်း ဉာဏ်​မွဲ​ထောက်ပံ့​မှု ကင်း​မဲ့​သည့် ဦး​အေးချမ်း အိမ်​အပြန်​ခရီး​မှာ ခြေထောက်​နဲ့​မြေကြီး မ​လွတ်​ချင်။ မ​လှမ်း​ချင် လှမ်း​ချင်​နှင့် လမ်း​ဘေး​ထမင်းဆိုင်​က အထုပ်​ဆွဲ​ကာ ပြန်​တော့​တယ်။ မနက်​ဖြန် မိုးရွာ​ရွာ နေပူ​ပူ ရင်ဘတ်​ဟ​ပြဲ ရှပ်​အင်္ကျီလက်တို၊ ပုဆိုး​ညစ်​ညစ် ခပ်​တို⁠တို​ဝတ်​၍ လာ​နိုင်​ပါ​ဦး​မ​လား တွေး​ရင်း စိတ်​မော နေ​မိ​တယ်။ ဦး​အေးချမ်း ရေ​တွန်း​ရောင်း​သည့် ရပ်​ကွက်​တွင် ဘိုး​ဘွား ထောက်ပံ့​ရေး အဖွဲ့​ရှိ​တယ်။ လ​စဉ်​အလှူ​ငွေ ကောက်ခံ​၍ ရပ်​ကွက်​တွင်း​ရှိ အသက် ၇​၅ နှစ် အထက်​ရှိ အဘိုး၊ အဘွား​များ​အား လ​စဉ်​တစ်​ဦး​လျှင် ကျပ်​ငါး​သောင်း ထောက်ပံ့​တယ်။ မွန်​မြတ်​ကောင်းမွန်​သော အလုပ်​ဖြစ်​တယ်။ ဦး​အေးချမ်း​က ၇​၈ နှစ် ရှိ​ပေ​မယ့် ဒီ​ရပ်​ကွက်​သား မဟုတ်​၍ ထောက်ပံ့​ငွေ​မ​ရ။ ဦး​အေးချမ်း ရေ​ထည့်​သည့် အငြိမ်းစား အရာရှိ​သည် သားသမီး​လည်း အဆင်​ပြေ။ ထောက်ပံ့​စရာ​မ​လို။ သူ​ကိုယ်တိုင်​လည်း စီးပွား​ရေး လုပ်​ငန်း​တစ်​ခု ဦးစီး​တည်ထောင်​ထား​၍ ဘက်​စုံ​ပြည့်စုံ​သူ ဖြစ်​တယ်။ ထို​အဘိုး​သည်​လည်း အသက် ၇​၅ နှစ် ရှိ​ပြီ​ဖြစ်​၍ ထောက်ပံ့​ငွေ ရ​ရှိ​တယ်။ ထို​အဘိုး​သည် သူ့​အတွက် ငွေ​မ​လို၊ လို​အပ်​သည်​က အသက်​ရှည် ကျန်းမာ​ဖို့​သာ လို​အပ်​သူ​ဖြစ်​တယ်။ ဦး​အေးချမ်း​ကတော့ လို​နေ​တာ​ငွေ၊ ကျန်​တာ သိပ်​ဂရု​မ​စိုက်​သူ ဖြစ်​တယ်။ သူ​နှင့်​စကား ပြော​ရ​သည့် အခါ​များ​စွာ​တွင် သေ​တောင် သေ​ချင်​တယ်​ဟု ညည်း​ရှာ​တယ်။

မနက်​စောစော လမ်းလျှောက်​ရ​တဲ့ ရပ်​ကွက်​တစ်​ခု​၏ လမ်း​ထောင့်​တွင် အဘွား​အို တစ်​ယောက် တောင်း​ထဲ​မှ ပဲ​ပင်ပေါက်​များ ရေဆေး​သန့်စင် နေ​တတ်​တယ်။ အေး​တဲ့​အချိန် ဖြစ်​ပေ​မယ့် အဘွား​အို​က အင်္ကျီ​ခပ်​ပါး​ပါး ထပ်​ဝတ်​ပြီး ရေဆေး​နေ​တယ်။ သူ့​ကို ကြည့်​ရ​တာ ငယ်⁠ငယ်​တုန်း​က သင်​ခဲ့​ရ​တဲ့ ခေါင်း​သုံး​လုံး​နဲ့ အဘိုး​အို​ကို သတိရ​မိ​သည်။ တစ်​နေ့ ပဲ​ပင်ပေါက်​ဝယ်​ရင်း မေး​ကြည့်​မိ​သည်။ အဘွား​က ၇​၈ နှစ်၊ သားတစ်​ယောက်၊ သမီး​တစ်​ယောက် ရှိ​တယ်။ ယောက်ျား​မ​ရှိ​တော့။ သား​က အလုပ်​ရှာ​ရန် ထွက်​သွား​တာ ကြာ​ပြီ။ သေ​သလား၊ ရှင်​သလား​မ​သိ။ အဆက်​အသွယ်​မ​ရ။ သမီး​က မုဆိုးမ ကျန်းမာ​ရေး သိပ်​မ​ကောင်း။ အိမ်​မှု​ကိစ္စ​တောင် အနိုင်နိုင်။ မြေး​မ​တစ်​ယောက်​ရှိ​တယ်။ အဘွား​နှင့် ရာ​သီပေါ်​သီး​နှံ ရောင်းဝယ် စား​သောက်​တယ်။ ကျောင်း​မ​နေ​နိုင်။ အိမ်​ငှား​နေ​တယ်။ အကြွေး​က ပတ်လည်​ဝိုင်း။ ဇရာ​က​လည်း ငြာ​သံ​ပေး ခြောက်လှန့် ခံ​နေ​ရ​သည်​တဲ့။ အဘွား​အတွက် အရင်း​နှီး​ဆုံး မိတ်ဆွေ​က ဆင်းရဲ​ခြင်း​ဖြစ်​ပြီး ချမ်းသာ​ခြင်း​ကတော့ အစိမ်း​ကား​ဆုံး ရန်သူ​ပဲ​လို့ ပြော​တယ်။ ဆင်းရဲ​ခြင်း​ဒုက္ခ​က အဘွား​တို့​ကို တော်တော် သံယောဇဉ်​ကြီး​တယ်။ တွယ်တာ​တယ်​လို့ မျက်ရည်​စမ်း⁠စမ်း​နဲ့ ပြော​ရှာ​တယ်။ ကျွန်တော်​က အား​မ​ငယ်​ပါ​နဲ့။ ဆင်းရဲ​မွဲ​တေ​မှု တိုက်​ဖျက်​ရေး​တွေ နိုင်​ငံတော်​က လုပ်​နေ​ပါ​ပြီ ဆို​တော့ အဘွား​က ပြုံး​တယ်။ အဘွား​ရဲ့​အပြုံး​က ကမ္ဘာကျော် မို​နာ​လီ​ဇာ အပြုံး​လို အဓိပ္ပာယ် ဖော်​ရ​ခက်​လှ​ပါ​တယ်။ အဲ​ဒီ​အဘွား​တို့​နေ​တဲ့ ရပ်​ကွက်​က ဘိုး​ဘွား ထောက်ပံ့​ရေး​အသင်း မ​ရှိ​လို့ ထောက်ပံ့​ငွေ မ​ရ​ဘူး​ပေါ့။ ဒါ​ကြောင့်​လည်း အဘွား​က ဆင်းရဲ​ခြင်း ဒုက္ခ​ဆို​တာ အဘွား​တို့​ရဲ့ အရင်း​နှီး​ဆုံး မိတ်ဆွေ​လို့​ပြော​တာ ယုံ​ရ​တော့ မ​လို​ပါ​ဘဲ။

ဆေးကု​နေကျ ရင်းနှီး​နေ​တဲ့ အိမ်​တစ်​အိမ်​ကို ရောက်​တုန်း ကြား​ခဲ့​ရ​တဲ့ စကား​က​လည်း လောက​နဲ့ ဘဝ​အကြောင်း ထင်​ဟပ်​နေ​ပြန်​ပါ​တယ်။ အဒေါ်​ကြီး ပြော​သည်​က ”ဆရာ​ရယ် ခွေး​က နေ​မ​ကောင်း၊ သမီး​က ခါး​နာ​လို့ ဆေး​ခန်း​ပြ​နေ​တာ​နဲ့ မ​အားရ​ပါ​ဘူး။ သမီး​ကြီး​လေ မနေ့​က ဈေး​က​အပြန် ကား​ထဲ​က ငွေ​ထုပ်​ကို နှစ်​ယောက်မ​တာ ခါး​နာ​သွား​တယ်။ ဒါ​တောင် နေ့​တိုင်း​လိုလို ဘဏ်​မှာ​ငွေ​အပ်​တာ​ပါ။ ကြာ​လာ​ပြီး ငွေ​က​များ​တော့ ဘဏ်​က သိပ်​အဆင်​မ​ပြေ​ဘူး။ ဒါ​တောင် ယိုးဒယား (ထိုင်း) ကို လှမ်း​အပ်​ရ​သေး​တယ်”။ သူ​တို့​တွေ​ရဲ့ အတိတ်​ကံ​နဲ့ ပစ္စုပ္ပန် အလုပ်​တွေ​ကြောင့် အကျိုး​ပေး ကောင်း​လှ​တယ် ဆို​ရ​မှာ​ပါ။ ဒါပေမဲ့ အနိမ့်​အမြင့်၊ အဆိုး​အကောင်း၊ ချမ်းသာ​ဆင်းရဲ​ရဲ့ ကွာ​ခြား​လွန်း​တဲ့ ဘ၀​တွေ​ဟာ လောက​အလှ​ကို အကျည်းတန် အရုပ်ဆိုး စေ​တာ​တော့ အမှန်​ပါ။

လောက​ကြီး​က လူ​မှန်​နေရာ​မှန် မ​ထား​တတ်​သေး။ လူ​တွေ​ရဲ့ လိုအင်​ဆန္ဒ​ကို တည့်​မှန်​အောင် ဖြည့်​မ​ပေး တတ်​သေး​ပါ​ဘူး။ ပြည့်စုံ​ချမ်းသာ​ပြီး ဇနီး​မယား၊ သမီး​သား၊ မြေး​ကလေး​များ​နဲ့ အသက်​ရှည်​ရှည် နေ​ချင်​သူ​တွေ ကျ​တော့ နေ​ခွင့်​မ​ရ။ အချိန်​မတန် မ​ပြန်​ချင် သေး​ပေ​မယ့် သေမင်း​က ခေါ်​သည်။ ငွေ​ပေး​လို့​လည်း​မ​ရ၊ ငိုကြွေး​လို့​လည်း​မ​ရ၊ ပါ​ဝါ​နဲ့ လဲ​မ​ရ၊ တောင်းပန်​လို့​မ​ရ၊ ယမ​မင်း​က ဇွတ်​ဆွဲခေါ်​တော့​သည်။ ဆင်းရဲ​ပင်ပန်း ရှင်​ရ​မယ့်​ဘဝ​ကို ကြောက်ရွံ့​ငြီးငွေ့ နေ​သူ​တွေ​ကျ​တော့ ပါ​မစ်​က​မ​ကျ။ ဆင်းရဲသား သေ​ရင် ဘာ​မှ​မက်​လောက်​စရာ မ​ပါ​မှာ သိ​လို့​လား။ ဝဋ်​ကြွေး မ​ကျေ​သေး​လို့ လား​မ​သိ။ အသက်​ရှည်⁠ရှည်​နေ​ခွင့် ပေး​ပြန်​ပါ​တယ်။ လူ​တွေ​တောင်း​နေ၊ လိုချင်​နေ​တဲ့ ဆန္ဒ​နဲ့ လောက​ကြီး​က ပေး​နေ​တာ​နဲ့ ထပ်တူ​မ​ကျ။ ငါ​တစ်​ကော​ကော လုပ်​ချင်​သ​လို လုပ်​နေ​ပါ​တယ်။ လူ​တွေ​ရဲ့​ဆန္ဒ​ကို လျစ်လျူရှု​နေ​တတ်​သည်။ သတ္တ​လောက​ကြီး​မှာ ငါ​သာ​လျှင် ကြီးကျယ် မြင့်မြတ်​ဆုံး​လို့ ကြွေးကြော်​တတ်​တဲ့ ကျွန်တော်​တို့ လူ​သား​တွေ​ဟာ သဘာ၀ လောက​ကြီး​နဲ့ တွေ့​ရင်​တော့ အဆိပ်​မ​ရှိ​တဲ့ မြွေ​လို ခေါင်း​ငုံ့​ပြီး​သာ လည်​စင်း​ခံ​ရ​ပါ​တော့​တယ်။

ရ​တာ​မ​လို လို​တာ​မ​ရ၊ ရ​သူမ​လို၊ လို​သူမ​ရ ဖြစ်​နေ​တဲ့ လူ​သား​တို့​၏ အလွဲ​များ တည့်​သွား​လျှင် မည်​မျှ ကောင်း​မည်​နည်း။ ဘဝ​ဇာတ်​ဆရာ​တို့​က လွဲ​နေ​သော ဇာတ်​ညွှန်း​ကို အတည့်​အမှန် ပြင်​ပေး​ရင် ဖြည့်​ပေး​ရင် လူ​သား​အားလုံး​က အထူး​ကျေးဇူး တင်​ကြ​မယ် ထင်​တယ်။ အဲ​ဒီကျ​ရင် လှပ​ကြည်နူး​ဖွယ် ကောင်း​ပြီး နို​ဘယ်​ဆု​ရ ဇာတ်​ညွှန်း​ကောင်း​တစ်​ခု ဖြစ်လာ​မှာ မ​လွဲ​ပါ။

ရ​တာ​လို လို​တာ​ရ၊ ရ​သူ​လို လို​သူ​ရ​တဲ့ လောက​ကြီး ဖြစ်​စေ​ချင်​လွန်း လှ​ကြောင်း​ပါ ခင်ဗျား။

Credit to Eleven

Share Button

Click here to submit your review.

Submit your review
* Required Field

1101 total views, 3 today

Leave a Reply

  • shame

    Shameful Mistake

    by on 2014年1月8日 - 0 Comments

    အမှား​တွေ၊ အလွဲ​တွေ

  • enlightenment

    ရင်လေး​ဖွယ်ရာ အနာဂတ်​သာသနာ

    by on 2014年2月6日 - 0 Comments

    တစ်​နေ့​က ‘ဘ​ဂ​ဝါ ယူ​နိုက်​တက်စ်​အက်ဖ်​စီ’ လို့ နာမည်​တပ်​ထား​တဲ့ အီးလ်​မေးလ် တစ်​စောင် ဦး​ပဥ္စင်း​ဆီ ရောက်လာ​ပါ​တယ်။

  • chinatown

    တရုတ်တန်း​က စစ်ကိုင်း​လမ်း

    by on 2014年2月7日 - 0 Comments

    လမ်း​ထဲ​သို့ ချိုး​ဝင်​လိုက်​သည်​နှင့် အကင်ညှော်​နံ့​များ​က နှာသီး​ဝ​ကို​လာ​ရောက်​ကျီစယ်​သည်။ ကား​တစ်​စီး​လွတ်​ရုံ​လမ်း​လေး​ထဲ ခင်းကျင်း​ထား​သည့် စားပွဲ​ဝိုင်း​...

  • yangon_view_south

    Yangon Dream

    by on 2014年3月5日 - 0 Comments

    (Written by: ချစ်​ဝင်း​မောင်) နှစ်​ပေါင်း ၂​၀ ကျော် ကာလ​အတွင်း ကျွန်တော်​နေထိုင်​ရာ အရပ်​သည် မ​ယုံကြည်​နိုင်​လောက်​ဖွယ် အံ့​မ​ခန်း ပြောင်းလဲ​သွား​ခဲ့​သည်။ နေ...

  • coffee

    အဆိပ်​သင့်​အနမ်း​များ

    by on 2013年11月15日 - 0 Comments

    Written by ရွှေ​ရည် ကော်​ဖီ​ဆိုင်​ဟု အမည်တပ်​ထား​သော ဆိုင်​လေး​ထဲ​သို့ ဆယ်ကျော်​သက် စုံ​တွဲ​တစ်​တွဲ ဝင်​ရောက်လာ​ပြီး “အခန်း​ရှိ​သေး​လား” ဆို​သော​အသံ​က ဆယ်ကျေ...