Welcome, visitor! [ Register | LoginRSS Feed  | 

ရန်ကုန်​အကျပ်​တရား​များ

| Life Style | 2013年12月9日

Yangon-Traffic

Written by မြတ်​စု​ငြိမ်း၊ ခိုင်​နွယ်​ဦး

ရန်ကုန်မြို့​၏ နိစ္စ​ဓူ​ဝ ယာဉ်​ကြော​ပိတ်​ဆို့​မှု​ပြဿနာ​အတွက် ဝေဖန်​မှု​မျိုး​စုံ၊ အကြံ​ပြု​ချက်​မျိုး​စုံ​နှင့် လက်ညှိုးထိုး​မှု​မျို​စုံ​တို့​ဖြင့် ဂျာ​အေး​သူ့​အမေ​ရိုက်​နေ​ခဲ့​သည်​က ကြာ​ခဲ့​ပြီ​ဖြစ် သည်။ အဓိက လမ်းဆုံ​လမ်း​ခွ​နေရာ​များ​၌ ခုံးကျော်​တံတား​ကြီး​များ​တည်ဆောက်​ပြီးစီး​နေ​ပြီ​ဖြစ်သော်​လည်း အဆို​ပါ​ပြဿနာ​က ပြေလည်​သွား​ခြင်း မ​ရှိ​သေး ဘဲ နေရာ​များ​သာ ရွေ့​လျား​ပိတ်​ဆို့​နေ​မြဲ​ဖြစ်​သည်။ မြို့ပြ​၏ ဖွံ့ဖြိုး​တိုးတက် လာ​မှု​နှင့်​အညီ ယာဉ်​ကြော​ပိတ်​ဆို့​မှု​ဆို​သည်​က ထူး ဆန်း​သည်မ​ဟုတ်သော်​လည်း ယင်း​အခြေ အနေ​ကြောင့် လူ​ပေါင်း​များ​စွာ အခက် အခဲ​ကြုံတွေ့​အဆင်​မ​ပြေ​ကြ​သည်​က အမှန်​ပင်​ဖြစ်​သည်။

ခရီးသည်​တင်​ဘတ်​စကား​မောင်း​နှင်​သူ​များ၊ တက္က​စီ​မောင်း​နှင်​သူ​များ၊ စီးနင်း သူ​ခရီးသည်​များ​သာ​မက ကိုယ်​ပိုင်​ကား​ဖြင့် သွား​လာ​နေ​ကြ​သူ​များ​ပါ အချိန်​ကြန့် ကြာ​မှု များ​ကြောင့် ဆုံးရှုံး​နစ်နာ​နေ​ကြ​ရ​သည်​ကို​လည်း ငြင်း​မ​ရ​ပါ။ ထို့​အတွက် သက်ဆိုင်​ရာ​အစိုးရ​အဖွဲ့​အစည်း​များ​အနေ​ဖြင့်​လည်း လုပ်​နိုင်​သ​မျှ လုပ်​နေ​သည်​ကို လည်း မြင်​ေ တွ့​နေ​ရ​ပါ​သည်။ သို့သော် အဖြေ​က ထွက်​မ​လာ​သေး။ ပိတ်​ဆဲ ဆို့​ဆဲ ကြန့်ကြာ​ဆဲ ဆိုသော် ဆဲ​သုံး​ဆဲ​တွင် အလုပ်​နောက်ကျ​သူ​များ​လည်း ဆဲ​ကြ​၍ တိုင် ပင်​ကိုက် အချိန်​ကို​စီမံ​ခန့်​ခွဲ​သူ​များ​လည်း ဆဲ​နေ​ကြ​ဆဲ​ပင်​ဖြစ်​သည်။ ထို​သော​အခါ ယခင်​ကာ​လာ​များ​က ရှိ​ခဲ့​သည့် ခွင့်​ပြု​ခဲ့​သည့် နှစ်​ဘီး​တပ်​စက်​တပ်​ယာဉ်​များ(ဆိုင် ကယ်၊ စက်ဘီး) ကို ပြန်လည်​အသုံးပြု​ခွင့်​ပေး​ပါ​က သွား​လမ်း​သာ​၍ လာ​လမ်း​ဖြောင့် ကြ​မည်​လား​ဟု တွေးတော​အကြုံ​ပြု​ကြ​သည်​များ​လည်း​ရှိ​သည်။ ထို့​အတွက် စိန် ခေါ်​မှု​များ​သော၊ စည်း ကမ်း​ဖောက်​ဖျက်​မှု​များ​သော၊ ယာဉ်​မတော်တဆ​မှု​များ​သော ရန်ကုန်​၏ လမ်း​များပေါ်​တွင် ဆိုင်​ကယ်​များ​ပြန်လည်​စီးနင်း​ခွင့် ပြု​သင့် မ​ပြု​သင့် အများ​ပြည်​သူ​အချို့​အား စ ကား​ဆို​ခွင့်​ပြော​လိုက်​သော​အခါ….။

ဒေါ်​အိ​သူ​ဇာ​စိုး ကျောင်းဆရာ​မ(တွံတေး​မြို့​နယ်)

ဆိုင်​ကယ်​တွေ​ကို ခွင့်​ပြု​စေ​ချင်​တယ်။ ဒါပေမဲ့ တစ်ဖက်​က​ကြည့်​ရင်​လည်း ခွင့်​မ​ပြု​စေ ချင်​ဘူး။ ဘာ​လို့​လဲဆို​တော့ ဆိုင်​ကယ်​တွေ​က မောင်း​တာ​ကြမ်း​တယ်။ တွံတေး သွား ရင် မြင်​နေ​ရ တယ်။ ကား​လာ​ရင်​လည်း မ​ဖယ်​ပေး​ဘူး။ အတင့် ရဲ​တယ်။ အဲ​ဒါ​ကြောင့် တစ်ဖက်​က ခွင့်​ပြု​စေ​ချင် တယ်။ တစ်ဖက်​က ခွင့်​မ​ပြု​စေ​ချင်​ဘူး။ ကား​တွေ ပိတ်​တဲ့ အခါ​ကျ​တော့ ဆိုင်​ကယ်​နဲ့ သွား​ရင် အဆင်​ပြေ​တယ်။ အဲ့​ဒီ​အတွက် ခွင့်​ပြု စေ​ချင်​တယ်။ ခွင့်​မ​ပြု​စေ​ချင်​တာ​က ယာဉ်​ကြီး​နဲ့ ယာဉ်​ငယ်​ဆို ယာဉ်​ငယ်​က​အနိုင်​ရ​တော့ ဘယ်​လို ပြော​မ​လဲ​သူ​တို့​က​စည်းကမ်း​မ​ရှိ​တော့​ဘူး။ မောင်း တယ်​ပေါ့။ အဲ​ဒါ​ကြောင့် ခွင့်​မ​ပြု​စေ​ချင်​ဘူး။

တွံတေး​ဘက်​မှာ​ဆို​ရင် အများ​ဆုံး​က ဆိုင် ကယ်​နဲ့​သွား​တာ​များ​တယ်။ ပြီး​ရင် ယာဉ်​တိုက်​မှု မှာ​လည်း ဆိုင်​ကယ်​နဲ့ ကား​နဲ့​တိုက်တာ​က အများ ဆုံး​ပဲ​ဖြစ်​နေ​တယ်။ တွံတေး ဘက်​မှာ ဆိုင်​ကယ်မ​ရှိ ရင်​တော့တော်တော်​ခက်ခဲ​သွား​နိုင်​တယ်။ တစ်​လ တစ်​ခါ​လ​စာ​သွား​ထုတ်​ရင် ကား​က​လည်း တင်​တဲ့ အခါ​ကျ​မှ တင်​တယ်။ မ​တင်​တဲ့​အခါ​ကျ​တော့ မ​တင်​ဘူး။ အဲ​ဒါ​ကြောင့်​မို့​လို့ ဆိုင်​ကယ်​နဲ့​ပဲ သွား ရ​တယ်။ ဆိုင်​ကယ်​အပြင်​ကို ဒီ​အနှေးယာဉ်​လေး​တွေ စက်ဘီး​လေး​တွေ လျှပ်စစ်​ဘီး​လေး​တွေ​ကို​လည်း ခွင့်​ပြု​စေ​ချင်​တယ်။ ခွင့်​ပြု​ပြီး​တော့ စည်းကမ်း လေး သတ်​မှတ်​လိုက်​မယ်။ ဘယ်​နေရာ မ​သွား​ရ၊ ဘယ်​နေရာ​သွား​ရ​မယ်​ဆို​ပြီး​တော့​ပေါ့။ သူ​တို့​အ တွက် လမ်း​လေး သတ်သတ် လုပ်​ပေး​စေ ချင် တယ်။ မဟုတ်​ရင် ကား​က​လည်း ဒီ​လမ်း​ကြော​ပဲ​သွား​မယ်။ ဆိုင်​ကယ်​တွေ၊ စက်ဘီး​တွေ​က​လည်း ဒီ​လမ်း ကြော​ပဲ​သွား​မယ်​ဆို​ရင် အဆင်​မ​ပြေ​ဘူး​လေ။ လမ်း​လေး သီး သန့် လုပ်​ပေး​စေ​ချင်​တယ်။ တွံတေး​ဘက်​မှာ​ဆို​လည်း ကြား​ကြုံ​ငှား​စီး တော့ ကား​သမား​တွေ​က ပြော​တယ် ဆိုင်​ကယ် တွေ​က အတင့်ရဲ​ပြီး​တော့ ဟွန်း​တီး​တာ​တောင် မ​ဖ ယ်​ပေး ဘူး​လို့​ပြော​တယ်။ဆိုင်​ကယ်​တွေ ဘာ​တွေ​ကို စောင့်​ကြည့်​တဲ့ အဖွဲ့​တွေ ထား​စေ​ချင်​တယ်။ တော်တော်​ကြီး​ကို လည်း​လို​အပ်​တယ်။ အခု​ဆို​ရင် ယာဉ်​ထိန်း​ရဲ မ​ရှိ တဲ့ နေရာ ကျ ရင် ဖြစ် သ​လို မောင်း​ကြ​တယ်။ ယာဉ်​ထိန်း​ရဲ​တွေ​ကြီးကြပ်​တာ ပို​ကောင်း​တယ်။ ထန်း​တ​ပင်​ဘက်​တွေ​ဆို​လည်း ယာဉ်​ထိန်း​ရဲ​မ​ရှိ လို့ ဖြစ် သ​လို မောင်း​ေ န​ကြ တယ်။ အဝေး​ပြေး လမ်းမ တွေ​ဆို​လည်း ဒီ​လို​ပဲ။ မောင်း​တာ​အရမ်း​ကြမ်း​တယ်။ ဆိုင်​ကယ်​တွေ​ကို ခွင့်​ပြု​စေ​ချင်​တယ်။ စည်း ကမ်း​လေး​နဲ့​ပေါ့။ တစ်ဖက် က​လည်း ခွင့်​မ​ပြု​စေ ချင်​ပြန်​ဘူး။

ဒေါ်​စု​မြတ်​ဇာ​နည်
အင်​ဂျင်​နီ​ယာ

အဲ​ဒါ​က ပြော​ရ​မယ်​ဆို​ရင် ဆိုင်​ကယ်​က ကား​အသွား​နည်း​တဲ့ နေရာ​တွေ​မှာ​ဆို​ရင်​တော့ ကောင်း​တယ်။ ကောင်း​တယ်​ဆို​တာ​က လမ်းပန်း ဆက်​သွယ်​ရေး​ပေါ့နော်။ ဆိုင်​ကယ်​ဆို​ရင် လူ တစ်​ဦး​တတ်နိုင်​တဲ့​ပမာဏ​လည်း ဖြစ်​တယ်။ သွား ရ​လာ​ရ​တာ​လည်း အဆင်​ပြေ​တယ်။ ဒါပေမဲ့ ကား​တ​အား ရှုပ်​တဲ့​မြို့​ထဲ​မှာ​တော့ မ​ဖြစ်​သင့်​ဘူး။ ဘာ​ကြောင့်​မ​ဖြစ်​သင့်​ဘူး​လဲဆို​တော့ အခု​တောင် တ​အား​ရှုပ်​နေ​တဲ့​ဟာ ဒီဆိုင်​ကယ်​သာ ပါလာ​မယ် ဆို​ရင် လမ်း​ကြော​လည်း ပို​ရှုပ်​မယ်။ အန္တရာယ် လည်း​ပို​များ​လိမ့်​မယ်။ နယ်​ဘက်​မှာ​ဆို​ရင်​အဆင် ပြေ​တယ်။ စီး​နိုင်​တယ်။ တော်​ရုံ​လူ​တိုင်း​လည်း ဝယ်​စီး​နိုင်​တဲ့​အဆင့် ဖြစ်​တယ်။ ကျောင်း​တွေ ဘာ​တွေ ဝေး​တယ်။ အလုပ်​တွေ​ဝေး​တယ်​ဆို​ရင် သွား​ရ​လာ​ရ​တာ ဆိုင်​ကယ်​လေး​နဲ့​ဆို​ရင် အဆင် ပြေ​တာ​ပေါ့။ လိုင်း​ကား​နည်း​တဲ့ နေရာ​တွေ​မှာ ဆို​ရင် ပြော​ရ​ရင်​တော့​ရှည်​တယ်။ လူ​တွေ​နဲ့ ဒီ​စည်းကမ်း​ထိန်းသိမ်း​တယ် ဆို​တာ​က အပြော​က တော့ လွယ်​တယ်။ ဒါပေမဲ့ တကယ်​တမ်း လုပ် ကြည့်​မယ်​ဆို​ရင် တော်တော်​ခက်​တဲ့ အလုပ်​ပဲ။ တစ်​ဦး​ချင်း​တစ်​ယောက်​ချင်း​စီ​က စည်းကမ်းရှိ​မှ ဖြစ် မှာ​လေ။ ဆိုင်​ကယ်​စီး​တဲ့​လူ​တိုင်း​က စည်း ကမ်း​ရှိ​ဦး​မှ​ကိုး။ ဆိုင်​ကယ်​စီး​တဲ့ လူ​တိုင်း စည်း ကမ်း​ရှိ​ဖို့ ဒါ​က​မလွယ်​ဘူး။ ဒီ​လို စည်းကမ်း​လိုက် နာ​တတ်​တဲ့ အိုင်​ဒီ​ယာ မျိုး​ပေး​ဖို့​က ကျောင်းသား အရွယ်​ကတည်းက သွား​ရ​မယ်​ထင်​တယ်။ ဘာ​လို့ အက်​စီး​ဒင့် ဖြစ်​ရ​လဲဆို​တော့ ဆိုင်​ကယ်​စီး​တဲ့​လူ တိုင်း​ကတော့ မိုင်​ကုန်​မြှင့်​ပြီး စီး​မှာ​ပဲ။

ကိုယ်​ဆို​ရင်​လည်း စီး​မှာ​ပဲ။ ဒါ​ကတော့ ကိုယ်​ဝယ်​ထား​တဲ့​ပစ္စည်း မိုင်​နှုန်း​မြှင့်​ပြီး စီး​နိုင် မယ်​ဆို​ရင်​တော့ စီး​မှာ​ပဲ။ နယ်​ဝေး​လမ်း​တွေ​မှာ တော့ တစ်​ဦး​တည်း တစ်​ယောက် တည်း စီး​လို့ ကိုယ်​ဖြစ်​ကိုယ်​ခံ​ဆို​ရင်​တော့ ကိစ္စ​မ​ရှိ​ဘူး။ ဒါပေမဲ့ ဥပမာ ကိုယ်​စီး​လာ​တဲ့​ဆိုင်​ကယ်​ကို ခရီးသည်​တင် တဲ့ ကား​ကြီး​တွေ က ရှောင် ရင်း ချောက် ထဲ​ကျ​တာ တို့​ကျ​တော့ မ​ဖြစ်​သင့်​ဘူး။ ကိုယ့်​ကြောင့် သူ​များ အနှောင့်​အယှက်​ဖြစ်​တာ​ပေါ့။ ကိုယ့်​ဘာသာ တစ်​ယောက်​တည်း​ဆို​ရင်​တော့ နယ်​ဝေး​လမ်း တွေ၊ လမ်း​ရှင်း​တဲ့ ကား​ရှင်း တဲ့ နေရာ​တွေ​မှာ​ဆို​ရင် တော့ မိုင်​ကုန်​မြှင့်​ပြီး စီး​မှာ​ပဲ။ ဒါ​တွေ​က ဖြစ် မှာ​ပဲ။ ဒါပေမဲ့ ကိုယ်​တစ်​ယောက်​တည်း ဖြစ်​တဲ့ အက်​စီး​ဒင့်​ထက် ကိုယ့်​ကြောင့် အများ​ဖြစ်​တဲ့ အက်​စီး ဒင့်​ဆို​ရင်​တော့ အတတ်​နိုင်​ဆုံး စည်း ကမ်း​ထိန်းသိမ်း​သင့်​တာ​ပေါ့။

ဆိုင်​ကယ်​စီး​လို့ အန္တရာယ်​ကင်း⁠ကင်း​နဲ့ ခရီး ရောက်​နိုင်​တယ်​ဆို​ရင်​တော့ ပို​ကောင်း​တာ​ပေါ့။ မြန်​မြန်ဆန်​ဆန်​သွား​နိုင်​တယ်။ ဘယ်​သူ​မှ စောင့် စရာ​မ​လို​ဘူး။ ဆိုင်​ကယ် ကယ်​ရီ​ဆို​ရင်​လည်း ငှား စီး​နိုင်​တယ်။ ဆိုင်​ကယ်​ဦးထုပ်​ကျ​တော့​လည်း ဆိုင်​ကယ် စီး​တဲ့​လူ​တွေ၊ ကယ်​ရီ​သမား​တွေ​ကတော့ သူ့​ဟာ သူ ဆောင်း​ကြ​တယ်။ ခရီးသည် ကို​တော့ ဆိုင် ကယ်​ဦးထုပ်​ဆောင်း​ပါ​လို့ ပြော​တဲ့​သူ၊ ပေး​တဲ့​သူ တစ်​ခါ​မှ မ​တွေ့​ဖူး​ဘူး။

ဒေါ်​နီလာ​နိုင်
ကုန်​ရောင်း​ကုန်​ဝယ်

မော်တော်​ဆိုင်​ကယ်​က စီး​ရင်​လည်းကောင်း သ​လို၊ မ​စီး​ရင်​လည်း ကောင်း​သ​လို​ပေါ့။ မော် တော်​ဆိုင်​ကယ် စီး​မယ်​ဆို​ရင် ယာဉ်​ထိန်း​ရဲ​တွေ​က အဓိက ထိန်းထိန်း သိမ်း⁠သိမ်း​လေး​နဲ့ လုပ်​ပေး​မယ် ဆို​ရင် မော်တော်​ဆိုင်​ကယ်​စီး​ရ​တာ ကောင်း တယ်။ မ​စီး​တာ​ကောင်း​တယ်​ဆို​တာ​က ဆိုင်​ကယ် သမား​တွေ​က ကြိုကြိုကြားကြား ကား​ေ တွ​ကြား​ထဲ က​နေ ကွေ့ဝိုက်​ပြီး​ထွက်​တတ်​တဲ့​သဘော ရှိ​တဲ့​အတွက် အန္တရာယ်​များ​တယ်။ အန္တရာယ်​များ​တဲ့ အတွက် မ​စီး​တာ​ကောင်း​တယ်။ အဲ​ဒီ​လို​ပေါ့။ ဆိုင်​ကယ် စီး​မယ်​ဆို​ရင်​တော့ လမ်း​ပိတ်​တာ​တွေ၊ ဘာ​တွေ အဆင်​ပြေ​မယ်​လို့ ထင်​ပါ​တယ်။ ဆိုင် ကယ်​စီး​တဲ့​လူ​တွေ​အတွက် ယာဉ်​ထိန်း​ရဲ​ကို အမြဲ​တမ်း Stand by သေ​သေ ချာချာ ထား​လိုက်​မယ် ဆို​ရင်​တော့ မော်တော်​ဆိုင်​ကယ်​သမား​တွေ​လည်း သူ့​ဟာ​နဲ့​သူ သေသေချာချာ​နဲ့ သွား​ရ​တဲ့ လူ​တွေ လည်း အဆင်​ပြေ​မယ်​ဖြစ်​တဲ့ အတွက်​ကြောင့် ဆိုင်​ကယ်​တွေ စီး​ခွင့်​ပြု​မယ်​ဆို​ရင်​တော့ သူ​တို့​က ကယ်​ရီ​သဘော​မျိုး​လည်း လုပ်​မှာ​ပဲ​ဆို​တော့ စည်း ကမ်း​တ​ကျ​ဆို​ရင် အဆင်​ပြေ​မယ်​ဆို​တဲ့​အကြောင်း၊ နယ်​တွေ မှာ​ဆို​လည်း စည်းကမ်း​တ​ကျ ထား​နိုင် မယ်​ဆို​ရင်​တော့​အဆင်​ပြေ​မယ်။ ကိုယ်တိုင်​လည်း သား​တွေ​မွေး​ထား​တော့ ဆိုင်​ကယ်​စီး​ရင် ဘယ်​လို ခေါ်​မ​လဲ စိတ်ပူ​မိ​ပေ​မယ့် စည်း ကမ်း​နဲ့ စီး​မယ်​ဆို ရင်​တော့ အဆင်​ပြေ​မယ်။ စီး​တာ​တော့ စီး​စေ​ချင် ပါ​တယ်။

ကို​ရဲ​ထက်​လင်း
(ပြည်​သူ​တစ်​ဦး)

”ပြည်​သူ​တစ်​ယောက်​အနေ​နဲ့ ပြော​ရ​မယ် ဆို​ရင်​တော့ ရန်ကုန်တိုင်း​ဒေသ​ကြီး​မှာ ဆိုင်​ကယ် စီးနင်း​ခွင့်​ကို ပေး​သင့်​တယ်​လို့ မြင်​ပါ​တယ်။ ဘာ ဖြစ်​လို့​ပေး​သင့်​လဲဆို​တော့ အထူးသဖြင့် မြို့​သစ် တွေ​ပေါ့​ဗျာ။ အိမ်​နဲ့ ဘတ်စ်ကား​မှတ်တိုင်​နဲ့ လမ်း လျှောက်​ရင်တောင် အဝေး​ကြီး​ပဲ။ သွား​ရေး​လာ ရေး​မှာ ဆိုင်​ကယ်​လေး​နဲ့​ဆို​တော့ အဆ င်​ပြေ တာ ပေါ့။ အဓိက​က မ​ဆင်​မ​ခြင်​မောင်း​နေ​တဲ့ သူ​တွေ ကြောင့် ငါးခုံးမ​တစ်​ကောင်​ကြောင့် တစ်​လှေ​လုံး ပုပ်​ဆို​သ​လို​ပဲ မ​ဖြစ်​သင့်​တာ​တွေ ဖြစ်​ကုန်​ကြ​တာ။ သူ့​မြို့ နယ်​လေး​နဲ့​သူ စီးနင်း​ခွင့်​ပေး​ထား​မယ်၊ အဲ​ဒီ မြို့​နယ်​ကို မကျော်​နဲ့​ပေါ့။ သူ့​စည်းကမ်း​နဲ့​သူ တင်း⁠တင်း​ကျပ်ကျပ်​ကလေး​နဲ့ ဥပဒေ​ဘောင်​အ တိုင်း​ပေါ့။ ကိုယ့်​မြို့​နယ် အလိုက် ကိုယ့်​ဆိုင်​ကယ် စီးနင်း​ခွင့်​ပေး​မယ်​ဆို ကောင်း​မယ်​လို့ မြင်​ပါ တယ်။ ကျွန်တော်​တို့​က ကား​တွေ တ​အား​ရှုပ် နေ​တဲ့ မြို့​လယ်​ကောင်​ကြီး​မှာ ဆိုင်​ကယ် တက်​စီး ခွင့် တောင်း​နေ​တာ​မဟုတ်​ပါ​ဘူး။ ကိုယ့်​မြို့​နယ် ထဲ​မှာ နီး⁠နီး​နား​နား သွား​လာ​ရေး အဆင်​ပြေချော မွေ့​ဖို့​အတွက် ပြော​တာ​ပါ။ နောက်​တစ်​ချက်​က ဆိုင်​ကယ်​ကို အမှီပြု​ပြီး အသက်မွေး​ဝမ်း​ကျောင်း ပြု​နေ​ရ​တဲ့ လူ​တွေ​လည်း မြို့​သစ်​တွေ​မှာ အများ ကြီး ရှိ​ပါ​တယ်။ သူ​တို့​တွေ​အတွက်​ကို​လည်း တစ်​ချက်​ငဲ့​ကြည့်​ပေး​စေ​ချင်​တယ်။ သူ​တို့​တွေ​က တရားဝင်​မဟုတ်​တဲ့​အတွက် ခိုးကြောင်​ခိုး​ဝှက် လုပ်​ကြ​တယ်။ သက်ဆိုင်​ရာ​က လာ​ဖမ်း​ရင်​ပါသွား တယ်။ ဒါပေမဲ့ အမြစ်​ပြတ်​သွား​သလား ဆို​တော့ မ​ပြတ်​ပါ​ဘူး။ ဆိုင်​ကယ် ကယ်​ရီ​တွေ​ရှိ​နေ​တာ​ပဲ။ ဒါ​ကြောင့်​မို့ မြို့​သစ်​တွေ​မှာ တရားဝင်​စီးနင်း​ခွင့် ပေး​ပြီး စည်းကမ်း​လေး​နဲ့ တင်း⁠တင်း​ကျပ်ကျပ် လေး​ထား​လိုက်​ရင် အဆင်​ပြေ​နိုင်​ပါ​လိမ့်​မယ်”

မြင့်​သက်
ရွှေ​ပေါက္ကံ ရုံး​ဝန်​ထမ်း

ဆိုင်​ကယ်​နဲ့ စက်ဘီး​ကို စီးနင်း​ခွင့်​မ​ပြု​တာ ပို​ကောင်း​မယ်​လို့ ထင်​ပါ​တယ်။ ဘာ​ကြောင့်​လဲဆို တော့ ခု​ချိန်​မှာ ကား​အရမ်း​ကျပ်​တာ​တွေ ဖြစ်​နေ တဲ့ အချိန်​မှာ ဒီ​လို​ထပ်​ပြီး ခွင့်​ပြု​လိုက်​မယ်​ဆို​ရင် ပို​ဆိုး​ကုန်​မှာ​လေ။ ခု​တောင် တရားမ​ဝင်​စီး​နေ​ကြ ပြီး​တော့ ဆိုင်​ကယ်​အက်​စီး​ဒင့်​ဖြစ်​တာ​တွေ​က နည်း​တာ​မှ​မဟုတ်​ဘဲ။ ဟို​တ​လောက​တောင် ဆိုင် ကယ်​နဲ့ ဘတ်စ်ကား​တိုက်​မှု​ဖြစ်​ပြီး ဆရာ​မ တစ် ယောက်​ပွဲချင်းပြီး​ပဲ။ ဆိုင်​ကယ်​စက်ဘီး​တွေ​ကို တရားဝင်​စီးနင်း​ခွင့် ပေး​မယ်​ဆို​ရင်တောင် ပြည် သူ​တွေ စည်းကမ်း တ​ကျ လိုက်နာ​မှ​ဖြစ်​မှာ။ ကား လမ်း​ကျပ်​တဲ့​အချိန်​ဆို​လည်း ဆိုင်​ကယ်​တွေ​က ဟို​ဝင်​ဒီ​ထွက်​နဲ့ ဖြတ်​မောင်း​မယ်​ဆို ပို​ကြန့်ကြာ​မှု တွေ​ဖြစ်​မယ်။ ဒီ​ထက်​မက အက်​စီး​ဒင့်​ဖြစ်​တာ​မျိုး ကြုံ​နိုင်​မယ်။ အထူးသဖြင့် ဒီ​လို​မြို့​ကြီး​ထဲ​မှာ စီး နင်း​ခွင့်​ပိတ်​ထား​တာ​က​အကောင်း​ဆုံး​ပါ​ပဲ။ လက် ရှိ​မှာ တရားဝင်​ခွင့်​မ​ပြု​ဘဲ စည်းကမ်း​မဲ့​မောင်း နေ​တာ​တွေ​ကို ကြပ်​ကြပ် မတ်⁠မတ်​အရေးယူ​တာ မျိုး​က​လည်း​လုပ်​ပေး​သင့်​တယ်။ တကယ်​လို့ ဆိုင် ကယ်၊ စက်ဘီး​ကို မောင်း​နှင်​ခွင့်​ကို တရားဝင်​ခွင့် ပြု​ပေး​မယ်​ဆို​ရင်​လည်း စည်းကမ်း​ကို တိတိ ကျ ကျ သတ်​မှတ်​ပေး​ပြီး လမ်း​တွေ​ကို​လည်း သတ်သတ် မှတ်​မှတ် ထပ်​တိုး​ချဲ့​ပေး​တာ​မျိုး​တွေ လုပ်​ပေး​သင့် တယ်။ မဟုတ်​ရင်​တော့ ဒါ​က လမ်း​ကျပ် တဲ့ ပြ​ဿ နာ ကို ဖြေ​ရှင်း​ပေး​တာ​မျိုး​မဟုတ်​ဘဲ ပို​ပြီး ဆိုး​သွား​တာ​မျိုး​တွေ ဖြစ်လာ​နိုင်​တယ်။

ကို​ရန်​နိုင်​အောင်(ကျူ​ရှင်​ဂိုက်)
သင်္ဃန်း​ကျွန်း​မြို့​နယ်

”ဆိုင်​ကယ်​စီးနင်း​ခွင့်​ကို ရပ်​ကွက်​တွေ​ထဲ မှာ​တော့ သူ့​လိုင်စင်​နဲ့ သူ​ခွင့်​ပြု​သင့်​တယ်​လို့ မြင် ပါ​တယ်။ အခု​လည်း ရပ်​ကွက်​တွေ​ထဲ​မှာ တရား ဝင်​မဟုတ်​ပေ​မယ့် စီး​နေ​ကြ တာ ပဲ​လေ။ အဲ​ဒီ​လို မျိုး လိုင်စင်​နဲ့ နံပါတ်​နဲ့​သာ တရားဝင်​ဖြစ်​သွား​မယ် ဆို​ရင် အကယ်၍ မတော်တဆ အက်​ဆီး​ဒင့်​ဖြစ်​ခဲ့ တယ်​ဆို​ရင် အဲ​ဒီဆိုင်​ကယ်​ကို ဖမ်း​လို့​ရ တယ်။ မောင်း​နှင်​တဲ့​သူ​ကို ထိုက်​သင့်​တဲ့ အပြစ်​ဒဏ်ပေး လို့​ရ​တယ်။ အခု​လို​မျိုး တရားဝင် ခွင့်​မ​ပြု​ထား​တဲ့ အခါ​ကျ​တော့ အက်​ဆီး​ဒင့်​ဖြစ်​ခဲ့​လို့​ရှိ​ရင် လွတ် ရင် မောင်း​ေျ ပး​ကြ​တာ များ​တယ်​လေ။ အဲ​ဒီ​တော့ အတိုက်​ခံ​ရ​တဲ့​သူ နစ်နာ​တာ​ပေါ့။ ပြီး​တော့ ဆိုင် ကယ်ကယ်​ရီ​စီး​ရ​တာ​က ဆိုက်​ကား​ထက် အများ ကြီး သက်သာ​တယ်။

မြန်​လည်း​မြန်​တယ်။ ဈေး လည်း တန်​တယ်။ ဒီ​လုပ်​ငန်း​နဲ့​အသက်မွေး​ဝမ်း​ကျောင်း​ပြု နေ​တဲ့​သူ​တွေ​လည်း အများ​ကြီး​ပဲ​လေ။ အဲ​ဒါ​ကြောင့် မြို့​သစ်​တွေ​ထဲ​မှာ ကြိုက်​တဲ့ သူ​ကို မေး။ ဆိုင်​ကယ်​စီးနင်း​ခွင့်​ကို သူ့​စည်းကမ်း​နဲ့​သူ ပေး​သင့်​တယ်​ပဲ ပြော​မှာ။ ရပ်​ကွက်​ထဲ​မှာ ဟို​နား၊ ဒီ​နား​သွား​ရ​တာကျ​တော့ ဆိုင်​ကယ်​စီးနင်း​ခွင့် ရ​ရင် ပို​ကောင်း တာ​ေ ပါ့။ ကား​စောင့်​ရ​တာ လမ်း ကြောင်း​ကျပ်​တာ​မျိုး​တွေ​မ​ဖြစ်​တော့​ဘူး။ အားလုံး အဆင်​ပြေ​တော​ပေါ့။ ဘာ​ပဲ​ပြော​ပြော ဆိုင်​ကယ် နဲ့ သွား​လာ​ရ​တာ ကုန်ကျ​စရိတ်​လည်း သက် သာ တယ်။ စည်း​နဲ့​ကမ်း​နဲ့​ဆို​ရင် အစစအရာရာ​အဆင် ပြေ​ပါ​တယ်။ ဆိုင်​ကယ်၊ စက်ဘီး​စီးနင်း​ခွင့်​ကို တရားဝင်​လမ်းကြောင်း​တွေ ဘာ​တွေ​သတ်​မှတ် ပေး​ရင် ပို​ေ ကာင်း တယ်။

Credit to Popular Myanmar Journal

Share Button

Click here to submit your review.


Submit your review
* Required Field

1174 total views, 1 today

  

Leave a Reply

  • shame

    Shameful Mistake

    by on 2014年1月8日 - 0 Comments

    အမှား​တွေ၊ အလွဲ​တွေ

  • enlightenment

    ရင်လေး​ဖွယ်ရာ အနာဂတ်​သာသနာ

    by on 2014年2月6日 - 0 Comments

    တစ်​နေ့​က ‘ဘ​ဂ​ဝါ ယူ​နိုက်​တက်စ်​အက်ဖ်​စီ’ လို့ နာမည်​တပ်​ထား​တဲ့ အီးလ်​မေးလ် တစ်​စောင် ဦး​ပဥ္စင်း​ဆီ ရောက်လာ​ပါ​တယ်။

  • chinatown

    တရုတ်တန်း​က စစ်ကိုင်း​လမ်း

    by on 2014年2月7日 - 0 Comments

    လမ်း​ထဲ​သို့ ချိုး​ဝင်​လိုက်​သည်​နှင့် အကင်ညှော်​နံ့​များ​က နှာသီး​ဝ​ကို​လာ​ရောက်​ကျီစယ်​သည်။ ကား​တစ်​စီး​လွတ်​ရုံ​လမ်း​လေး​ထဲ ခင်းကျင်း​ထား​သည့် စားပွဲ​ဝိုင်း​...

  • yangon_view_south

    Yangon Dream

    by on 2014年3月5日 - 0 Comments

    (Written by: ချစ်​ဝင်း​မောင်) နှစ်​ပေါင်း ၂​၀ ကျော် ကာလ​အတွင်း ကျွန်တော်​နေထိုင်​ရာ အရပ်​သည် မ​ယုံကြည်​နိုင်​လောက်​ဖွယ် အံ့​မ​ခန်း ပြောင်းလဲ​သွား​ခဲ့​သည်။ နေ...

  • coffee

    အဆိပ်​သင့်​အနမ်း​များ

    by on 2013年11月15日 - 0 Comments

    Written by ရွှေ​ရည် ကော်​ဖီ​ဆိုင်​ဟု အမည်တပ်​ထား​သော ဆိုင်​လေး​ထဲ​သို့ ဆယ်ကျော်​သက် စုံ​တွဲ​တစ်​တွဲ ဝင်​ရောက်လာ​ပြီး “အခန်း​ရှိ​သေး​လား” ဆို​သော​အသံ​က ဆယ်ကျေ...