Welcome, visitor! [ Register | LoginRSS Feed  | 

အဆိပ်​သင့်​အနမ်း​များ

| Life Style | 2013年11月15日

coffee

Written by ရွှေ​ရည်

ကော်​ဖီ​ဆိုင်​ဟု အမည်တပ်​ထား​သော ဆိုင်​လေး​ထဲ​သို့ ဆယ်ကျော်​သက် စုံ​တွဲ​တစ်​တွဲ ဝင်​ရောက်လာ​ပြီး “အခန်း​ရှိ​သေး​လား” ဆို​သော​အသံ​က ဆယ်ကျော်​သက် လူ​ငယ်​ကောင်​လေး​ထံ​မှ ထွက်ပေါ်​လာ​သည်။

ဆယ်ကျော်​သက် ကောင်​မ​လေး​က သူ​၏​ချစ်​သူကောင်​လေး​၏ လက်​ကို မြဲမြံ​စွာ ဆုပ်​ကိုင်​ထား​သည်။ ကော်​ဖီ​ဆိုင်​နှင့် “အခန်း ရှိ​သေး​လား” ဆို​သော မေးခွန်း​က လားလား မျှ မ​သက်ဆိုင်​ဟု ထင်​ရသော်​လည်း အမှန်​တကယ်​ပင် ကော်​ဖီ​ဆိုင်​ဟု အမည်တပ် ထား​သည့်​ဆိုင်​တွင် အတွဲ​များ​အတွက် အခန်း​ငယ်​လေး​များ စီစဉ်​ပေး​ထား ကြ​သည်။

အဆို​ပါ​ဆိုင်​သည် မြို့​သစ်​ပိုင်း​ဟု ခေါ်​သော မန္တလေးမြို့​တွင်း​နှင့် မ​လှမ်း​မ​ကမ်း​နေရာ​တွင် တည်​ရှိ​ပြီး ဆိုင်​သည် အပြင်​ပန်း​မှ ကြည့်​လျှင် Café Shop ဟု ထင်​ရသော်​လည်း အတွင်း​ပိုင်း​တွင် မီး​ရောင် ဖျော့⁠ဖျော့​ဖြင့် အခန်း​ငယ် ကလေး​များ ကန့်​ထား​သည်။

ဆယ်ကျော်​သက် လူ​ငယ်​စုံ​တွဲ​က မီး​အရောင်​ဖျော့​ဖျော့ ထွန်း​ထား​သော အခန်း ငယ်​တစ်​ခန်း​သို့ ဝင်​သွား​ပြီး ဆူ​ညံ​သော သီချင်း​သံ​များ အဆို​ပါ အခန်း​ငယ်​လေး​ထဲ​မှ တစ်​ချက်​တစ်​ချက် အခန်း​ပြင်​သို့ ပျံ့လွင့်​လာ​သည်။ အမှောင်​ဆိတ်ကွယ်​ရာ​သည် လူ​တို့​၏ မ​သိ​စိတ်​ကို နိုးကြား​စေ​ပြီး မီး​ရောင်​ဖျော့​သော အခန်း​ငယ်​တွင် စုံ​တွဲ​တို့​သည် မ​တွေ့​မ​ကြုံ ဖူး​သေး​သည့် အတွေ့​အကြုံ သစ်​နှင့် ပျော်​ဝင်​မှု အသစ်​အဆန်း​များ ရှာဖွေ​မည်​မှာ မ​လွဲ​ဧကန်​ပင် ဖြစ်​သည်။

မန္တလေး​သည် မြို့​လယ်​တွင် ဆေး​တက္ကသိုလ်၊ မြို့​ပြင်​တွင် အသက်မွေး​ဝမ်း ကျောင်း​ဆိုင်​ရာ ကွန်ပျူတာ​နှင့် နည်း​ပညာ တက္ကသိုလ်​များ၊ ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်​များ တည်​ရှိ​ပြီး ကျောင်းသား​အများ​စု နေထိုင်​ရာ မိန်း​ဟုခေါ်​သော မဟာ​မြိုင်​ရပ်​ကွက်​နှင့် ချမ်း​မြ​သာ​စည် မြို့​သစ်​များ​တွင် Café Shop အအေး​ခန်း ကော်​ဖီ​ဆိုင် အမည်တပ်​၍ အတွဲ​များ​အတွက် အခန်း​ငယ်​လေး​များ ဖန်တီး​ထား​သည့်​ဆိုင်​များ ယခု​နှစ်​ပိုင်း အတွင်း ပိုမို​တွေ့ မြင်​လာ​ရ​သည်။
အဆို​ပါ​ဆိုင်​များ​တွင် အခန်း​ငှား ရမ်း​ခ​သည် နာရီ​ပိုင်း​လိုက်​၍ ဈေးနှုန်း သတ်​မှတ်ထား​ကြ​ပြီး တစ်​နာရီ​လျှင် ငွေ​ကျပ် ၁​၅​၀​၀ ကျပ်​မှ ငွေ ၄​၀⁠၀​၀ ကျပ်​အထိ ရှိ​ကာ နေရာ​နှင့် အခန်း အမျိုး​အစား​များ​ကို လိုက်​၍ ဈေး​အမျိုး​မျိုး ရှိ​ကြောင်း စုံစမ်း သိရှိ​ရ​သည်။

“ကျွန်တော်​တို့​က လွတ်လွတ်​လပ် လပ်​တွေ့​ချင်​လို့ သီး​သန့်​အခန်း​တွေ​နဲ့ ချိန်း​တွေ့ ကြ​တာ​ပါ။ မန္တလေး​မှာ​က ဘုရား​တွေ ပေါ​တော့ အဲ​လို​နေရာ​တွေ​ကို ချိန်း​လို့​မ​သင့်​ဘူး။ အေးအေး​ဆေး​ဆေး ထိုင်​လို့​ရ​မယ့် နေရာ​တွေ​ကို ရွေးချယ်​သွား​တာ​ပါ” ဟု မန္တလေးမြို့​မှ ရတနာ​ပုံ​တက္ကသိုလ် အဝေး​သင် ကျောင်းသား​တစ်​ဦး​က ပြော​သည်။

ကော်​ဖီ​ဆိုင် အခန်း​ငယ်​လေး​များ ကဲ့သို့​ပင် မန္တလေးမြို့​ကျုံး​ပတ်လည် သည်​လည်း ညနေ​အချိန် စုံ​တွဲ​များ အများ​ဆုံး လာ​ရောက်​နေရာ ဖြစ်​သည်​ဟု ဒေသ​ခံ​များ ထံ​မှ စုံစမ်း​သိရှိ​ရ​သည်။
“ကျုံး​ဘေး​မှာ ညနေ​အချိန်​ဆို စ​ပြီ။ အတွဲ​တွေ နိုင်ငံ​ခြား​ကား​ထဲ​က လို​မျိုး နမ်း​တဲ့​သူ​က နမ်း။ ကို​ရီး​ယား​ထဲ​က​လို ကျော​ပိုး​ပြီး သွား​တဲ့​သူ​က​သွား။ ပေါင်ပေါ်​တက်​ခွ​တဲ့​သူ က​ခွ​နဲ့။ တစ်​ခါ​တစ်​ခါ တော်တော်​ဆိုး​တဲ့ အတွဲ​တွေ​လည်း တွေ့​ဖူး​တယ်။ မြင်​သူမ​ရှက် ယို​သူ​ရှက်​ပဲ” ဟု မန္တလေးမြို့​ခံ ကိုယ်​ပိုင် စီးပွား​ရေး လုပ်ကိုင်​နေ​သူ အသက် ၃​၂ နှစ် အရွယ်​ရှိ ဦး​ဖြိုး​လေး​က ဆို​သည်။

မန္တလေးမြို့​တွင် ယခင်​က ရှိ​ခဲ့​သော ဥယျာဉ်​များ၊ ကျုံး​တောင်​ဘက်​တွင် ရှိ​သော ဗိုလ်​ချုပ်​အောင်​ဆန်း မြင်းစီး​ကြေး​ရုပ် အပါအဝင် ရေပေါ်​စား​သောက်​ဆိုင်​များ မ​ရှိ​တော့​ဘဲ KTV၊ စင်​တင်​များ ခေတ်​စား လာ​ပြီး ကျုံး​ဘေး​တွင်​လည်း စုံ​တွဲ​တို့​၏ မ​ဖွယ်​မ​ရာ အပြုအမူ​များ​ကြောင့် အများ ပြည်​သူ​အတွက် အပန်း​ဖြေ နား​ခို​စရာ ရှားပါး​လာ​နေ​ပြီ​ဟု မြို့​ခံ​များ​က ဆို​ကြ​သည်။

မန္တလေး​ကျုံး​ပတ်လည်​သည် အများ ပြည်​သူ​အတွက် အခ​မဲ့ အပန်း​ဖြေ​နား နေရာ​တစ်​ခု ဖြစ်​ပြီး မန္တလေး-စစ်ကိုင်း​လမ်း ရှိ ဥယျာဉ်​တစ်​ခု​သည်​လည်း အခ​မဲ့ အပန်း​ဖြေ နား​နေရာ ဖြစ်​သည်။ တိရစ္ဆာန် ဥယျာဉ်၊ မြို့တော်​ဥယျာဉ်၊ အစ​ရှိ​သည့် နေရာ​များ​သည် အပန်း​ဖြေ​နား နေရာ​များ ဖြစ်သော်​လည်း ဝင်​ကြေး​ပေး​ဆောင်​ရ​သည့် နေရာ​များ ဖြစ်​သည်။

ကျုံး​ပတ်လည်​တွင် အတွဲ​များ​က မ​ဖွယ်​မ​ရာ​ပြုလုပ်​ပြီး ည​သန်းခေါင်​အချိန်​ထိ ရှိ​နေ​ခြင်း၊ ကျုံး​ဘေး​တွင် အုပ်စု​ဖွဲ့​ဓားခုတ် မှု​များ ဖြစ်ပွား​ခြင်း တို့​ကြောင့် ကျုံး​ဘေး​တွင် ည ၉ နာရီ နောက်​ပိုင်း​တွင် နေထိုင်​ခွင့်​မ​ရှိ​ဟု မန္တလေးတိုင်း​ဒေသ​ကြီး ရဲ​တပ်ဖွဲ့​ရုံး​က တားမြစ်​ခဲ့​သည်။

“ပိုက်ဆံ​မ​ပေး​ရ​ဘဲ လွတ်လွတ်​လပ်​လပ် အပန်း​ဖြေ​လို့​ရ​တဲ့ နေရာ​က မြို့​နဲ့ အလှမ်း​ဝေး​တယ်၊ နောက်​တစ်​ခု​က သွား​လို့ မ​သင့်​အောင် အတွဲ​တွေ​နဲ့ ရှုပ်​နေ​တယ်။ ဓားခုတ်​မှု စ​တာ​တွေ​လည်း ဖြစ်​တယ်။ ဝင်​ကြေး​ပေး​ပြီး သွား​ရ​မယ့် နေရာ​မျိုး​ကျ ပြန်​တော့​လည်း တစ်​ဦး​ကို ၅​၀​၀ ကျပ် လောက်​ရှိ​တယ်။ ကျွန်တော်​တို့​လို ဆင်းရဲသား​တွေ ကတော့ မိသား​စု​လိုက် ဝင်​ကြေး​ပေး မ​သွား​နိုင်​ဘူး။ အဲ​ဒီ​တော့ အပန်း​ဖြေ​ဖို့ နေရာ​ရှား​လာ​တယ်” ဟု မန္တလေးမြို့ မြ​ရည်​နန္ဒာ မြို့​သစ်​နေ လက်​လုပ် လက်စား​လုပ်ကိုင်​သူ အသက် ၄​၅ နှစ် အရွယ် ဦး​ဘ​ငွေ​က ဆို​သည်။

ပြည်​သူ့​အပန်း​ဖြေ​နေရာ ရှားပါး​မှု သည် လူ​ငယ်​စုံ​တွဲ​များ​အတွက် တစ်​နည်း​အား​ဖြင့် လည်ပတ်​စရာ နေရာ​ရှားပါး​စေ​ပြီး အပန်း​ဖြေ​ရန် နေရာ​ရှာ​ရာ​မှ ဆိတ်ကွယ်​ရာ နေရာ ရောက်​ရှိ​စေ​သည့် တွန်း​အား​တစ်​ရပ် ဟု ဆို​ရ​ပေ​မည်။

“အပန်း​ဖြေ နေရာ​တွေ​က နည်း​တယ်။ ရှိ​တဲ့​နေရာ တွေ​က​လည်း လူ​တွေ​ပြည့် သိပ်​ကျပ်။ ဥယျာဉ်​ထဲ ထိုင်​ခုံ​မ​ရှိ​ဘာ​မ​ရှိ​နဲ့ တကယ် အဆင်​မ​ပြေ​ဘူး။ ဒါ့​ကြောင့် အေးအေး​လူ​လူ နေ​လို့​ရ​တဲ့ နေရာ ရှာဖွေ​ရင်း သူငယ်ချင်း​တွေ ပြော​ကြ​တဲ့ နေရာ​တွေ ရောက်​သွား​တယ်။ ဒါပေမဲ့ တ​ကယ့်​ဥယျာဉ် လို​မျိုး အပန်း​ဖြေ​ဖို့ ကောင်း​တဲ့ နေရာ​တွေ ရှိ​ရင် ဝင်​ကြေး​ပေး​ရ ပါ​စေ​ဦး​တော့ ကျွန်တော်​တို့ သွား​မှာ​ပါ” ဟု မန္တလေးမြို့ နည်း​ပညာ​တက္ကသိုလ် ဒုတိယ​နှစ်​ကျောင်းသား တစ်​ဦး​က ဆို​သည်။

အမျိုးသား​လွှတ်တော် ကိုယ်စားလှယ် ဦး​ဖုန်း​မြင့်​အောင်​က “လူထု​တွေ အတွက် အပန်း​ဖြေ​ဥယျာဉ်​တွေ ဖော်​ဆောင် ပေး​သင့်​တယ်။ အများ​ပြည်​သူ လူ​သွား​လမ်း နေရာ​တွေ​မှာ ထိုင်​ခုံ​တွေ​ထား​ပေး​တာ တို့​လို​မျိုး လုပ်​ပေး​တာ​ကတော့ အစိုးရ​က လုပ်​ပေး​သင့်​တယ်။ Entertainment သဘော​မျိုး အထဲ​မှာ- စိတ်​အပန်း​ဖြေ၊ လူ အပန်း​ဖြေ​ဖို့ လုပ်ဆောင်​ပေး ထား​တာ​တွေ၊ ပစ္စည်း​တွေ ပါ​ရင်​တော့ ပုဂ္ဂလိက​ကို ကန်​ထ​ရိုက် ပေး​လုပ်​ရ​မယ်။ ဒါ​တွေ​ကို ဝင်​ကြေး​သဘော​မျိုး သတ်​မှတ်​ပြီး လုပ်​ပေး​လို့ ရ​တယ်” ဟု ပြော​ကြား​သည်။

မန္တလေး​မြို့တော် စည်ပင်​သာယာ ရေးကော်​မ​တီ လမ်း​တံတား​ဌာန​မှ တာဝန် ရှိ​သူ​တစ်​ဦး​က မဟာ​အောင်​မြေ​မြို့​နယ် ၆​၂ လမ်း​ရှိ မနော်​ရ​မံ​ဥယျာဉ်​နှင့် လမ်း ၄​၀ ကြား​တွင် ပေ ၃​၅​၀ အကျယ် လူထု​အပန်း​ဖြေ နေရာ​တစ်​ခု​ကို ၂​၀​၁​၄ ခု​နှစ် မတ်​လ​ကုန် အပြီး​တည် ဆောက်​သွား​မည်​ဖြစ်​ကြောင်း ပြော​ကြား​သည်။

“အရင်​ဆုံး Public Center လုပ်​မယ့်​ဧ​ရိ​ယာ​မှာ ရှိ​နေ​တဲ့ ပျိုး​ခြံ​တွေ အားလုံး ရှင်း​ပြီး​ပြီ။ မနော်​ရ​မံ ချောင်း​ရှေ့က ဧ​ရိ​ယာ​ကို​ယူ​ပြီး တံတား​အပြည့် ခင်း​မယ်။ အောက်​က​ချောင်း ကို​လည်း ရေစီး​ရေ​လာ မ​ထိခိုက်​အောင် လုပ်​မယ်။ အား​ကစား ပစ္စည်း​တွေ ထား​မယ် မ​ထား​ဘူး ဆို​တာ​တော့ မ​သိ​သေး​ဘူး။ အဓိက​ကတော့ ပြည်​သူ​လူထု​တွေ အပန်း​ဖြေ စုစည်း​နိုင်​အောင်​ပါ” ဟု အဆို​ပါ တာဝန်ရှိ​သူ​က ပြော​ကြား​သည်။

ဆယ်ကျော်​သက်​လူ​ငယ် စုံ​တွဲ က Café Shop ရှိ သီး​သန့် အခန်း​ငယ်​လေး​မှ ထွက်​ခွာ​လာ​သည်။ သူ​တို့​နှစ်​ဦး​မျက်နှာ​တွင် ကြည်နူး​ရိပ်​များ​ကို တွေ့​မြင်​ရ​သည်။ စုံ​တွဲ​တို့ သ​ဘာ​ဝ အခန်း​ငယ်​ထဲ​တွင် ချစ်​သူ​အချင်းချင်း နမ်း​ရှုတ်​ချင် နမ်း​ရှုတ်​ကြ​ဖွယ် ရှိ​ပေ​လိမ့် မည်။ သို့သော် ထို​အနမ်း​များ​သည် အရွယ် မ​တိုင်​ခင် အိမ်ထောင်ကျ​ခြင်း၊ ကိုယ်ဝန် ဖျက်​ချ​ခြင်း​နှင့် အန္တရာယ်​ရှိ​သော အတွေ့ အကြုံ​သစ်​များ​ကို စမ်းသပ်​ကြ​ခြင်း​များ အပါအဝင် လူ​ငယ်​တို့​၏ အနာဂတ်​ကို ဖျက်ဆီး​မည့် အဆိပ်​သင့်​အနမ်း​များ မ​ဖြစ်​ရန် လို​သည်။

Credit to The Voice Weekly

Share Button

Click here to submit your review.


Submit your review
* Required Field

No Tags

1867 total views, 4 today

  

Leave a Reply

  • shame

    Shameful Mistake

    by on 2014年1月8日 - 0 Comments

    အမှား​တွေ၊ အလွဲ​တွေ

  • enlightenment

    ရင်လေး​ဖွယ်ရာ အနာဂတ်​သာသနာ

    by on 2014年2月6日 - 0 Comments

    တစ်​နေ့​က ‘ဘ​ဂ​ဝါ ယူ​နိုက်​တက်စ်​အက်ဖ်​စီ’ လို့ နာမည်​တပ်​ထား​တဲ့ အီးလ်​မေးလ် တစ်​စောင် ဦး​ပဥ္စင်း​ဆီ ရောက်လာ​ပါ​တယ်။

  • chinatown

    တရုတ်တန်း​က စစ်ကိုင်း​လမ်း

    by on 2014年2月7日 - 0 Comments

    လမ်း​ထဲ​သို့ ချိုး​ဝင်​လိုက်​သည်​နှင့် အကင်ညှော်​နံ့​များ​က နှာသီး​ဝ​ကို​လာ​ရောက်​ကျီစယ်​သည်။ ကား​တစ်​စီး​လွတ်​ရုံ​လမ်း​လေး​ထဲ ခင်းကျင်း​ထား​သည့် စားပွဲ​ဝိုင်း​...

  • coffee

    အဆိပ်​သင့်​အနမ်း​များ

    by on 2013年11月15日 - 0 Comments

    Written by ရွှေ​ရည် ကော်​ဖီ​ဆိုင်​ဟု အမည်တပ်​ထား​သော ဆိုင်​လေး​ထဲ​သို့ ဆယ်ကျော်​သက် စုံ​တွဲ​တစ်​တွဲ ဝင်​ရောက်လာ​ပြီး “အခန်း​ရှိ​သေး​လား” ဆို​သော​အသံ​က ဆယ်ကျေ...

  • yangon_view_south

    Yangon Dream

    by on 2014年3月5日 - 0 Comments

    (Written by: ချစ်​ဝင်း​မောင်) နှစ်​ပေါင်း ၂​၀ ကျော် ကာလ​အတွင်း ကျွန်တော်​နေထိုင်​ရာ အရပ်​သည် မ​ယုံကြည်​နိုင်​လောက်​ဖွယ် အံ့​မ​ခန်း ပြောင်းလဲ​သွား​ခဲ့​သည်။ နေ...