Welcome, visitor! [ Register | LoginRSS Feed  | 

အိုင်​တီ​ဘ၀၊ အိုင်​တီ​အလုပ်

| Education, Myanmar Business | 2013年12月9日

Written by  ဇေ​ယျာ​စံ

အခန်း (၁)
ဒီ​နေရာ​မှာ စကားစပ်​မိ​တယ်​လို့ သဘောထား​ပြီး ပုစ္ဆာ​ကလေး​တစ်​ပုဒ် လောက် တွက်​ကြည့်​ရအောင်​လား ဗျာ။

ပေး​ချက်..ကျွန်တော်​တို့​သင်​တန်း တွေ​မျိုး​စုံ တက်​ခဲ့​ကြ​ပါ​တယ်။
သက်သေပြ​ချက် … ကွန်ပျူတာ သင်​တန်း၊ စကားပြော​သင်​တန်း … စ​တာ​တွေ။

အခန်း (၂)
ကျွန်တော်​မေး​ချင်​တာ​က
မေးမြန်း​ချက်… အောင်မြင်​မှု ဘယ်​မှာ​လဲ။ ???

အခန်း (၃)
ဒါ​ဆို​ရင် ကျွန်တော်​တို့ ပုစ္ဆာ စ​တွက် ကြည့်​ရအောင်။
ကျွန်တော်​တို့​တ​တွေ ငွေ​ထုပ်ပိုက်​ပြီး တ​ကောက်​ကောက် လိုက်​တက်​နေ​ကြ​ရ​ပေ​မယ့် တကယ်​တမ်း သင်​တန်း​တွေ​ပြီး လက်မှတ်​တွေ​ရ​ကြ​တဲ့​အခါ ဘာ​လုပ်​ရ​မှန်း​မ​သိ ယောင်​ချာချာ ဖြစ်​နေ​တတ်​ကြ​ပါ​ရော။ … ကွာ အဲ​ဒီ​လို ယောင်​ချာချာ ဖြစ်​မှန်း​သိ​ရင် … အစ​ကတည်းက​တောင် မ​တက်​ခဲ့​ပါ​ဘူး​ပေါ့ …။ တချို့​က တော့ နိုင်ငံ​ခြား​ထွက် အလုပ်​လုပ်​ဖြစ်​ကြ​တယ်။ ဒါ​ဆို​ရင် အိုင်​တီ​ဆို​တာ ပြည်​တွင်း​မှာ အသုံး​ချ​လို့​မ​ရ​တဲ့ ပညာ​ရပ် တစ်​ခု​တဲ့​လား။ တစ်​ကယ်​တော့ ကျွန်တော်​တို့​တွေ​အတွက် အိုင်​တီ​နည်း ပညာ​ကို​အသုံး​ချ​ပြီး ပြည်​တွင်း​မှာ တစ်​ပိုင်​တစ်​နိုင်​လုပ်ကိုင်​နိုင်​တဲ့ လုပ်​ငန်း​လေး​တွေ များ​စွာ​ရှိ​ပါ​တယ်။ ဒါ​ကိုSME (Small and Medium Enterprise) လို့ ခေါ်​ပါ​တယ်။ ကျွန်တော် န​မူ​နာ​တစ်​ခု​ချင်း ပြော​ပြ​ကြည့်​ချင်​ပါ​တယ်။

Normal Position
ပထမ​ဆုံး​က ပုံ​မှန်၊ သမား​ရိုး​ကျ ဝန်​ထမ်း​အလုပ်​ပါ။ ကျွန်တော်​တို့​တွေ အနေ​နဲ့ ပြည်​တွင်း​မှာ​ပဲ သင်ကြား လို့​ရ​တဲ့ နိုင်ငံ​တကာ​အသိ​အမှတ်ပြု ဒီပ​လို​မာ​တွေ ဖြစ်​တဲ့ IDCS တို့ IADCS တို့၊CCIE, CCNA  ဒီ​ဘွဲ့​တွေ ယူ​ပြီး​ရင် အာ​ဆီ​ယံ ၁​၀ နိုင်ငံ​ထဲ​က တခြား​ဖွံ့ဖြိုး​တဲ့ စင်​ကာ​ပူ​တို့​လို နိုင်ငံ​မျိုး​တွေ​မှာ သွား​ပြီး အလုပ်​လုပ် နိုင်​ကြ​ပါ​တယ်။ များ​သော​အား​ဖြင့် စင်​ကာ​ပူ​မှာ​ဆို​ရင် Programmer,System Analyst, Network Engineer, Project Manager စ​တဲ့ ရာထူး​တွေ​မှာ မြန်မာ​တွေ လုပ်ကိုင်​ကြ​တာ​များ​ပြီး လ​စာ​ကတော့ အမေ​ရိ​ကန်ဒေါ်​လာ ၁,၅​၀​၀ လောက်​က နေ ၅​၀⁠၀​၀ လောက်​အထိ ရတတ်​ကြ​ပါ တယ်။ Project Manager (PM) လို ရာထူး​မျိုး​ဆို​ရင်​တော့ MBA ဘွဲ့​လို​မျိုး​ပါ တွဲရထား​ရင် အမေ​ရိ​ကန်ဒေါ်​လာ ၁​၀,၀⁠၀​၀ လောက်​အထိ ရတတ်​တယ်​လို့ ဆို​ပါ​တယ်။ အခု​လက်​ရှိ​လည်း နာမည် ကျော် ဖေ့စ်​ဘွတ်​တို့၊ ဂူး​ဂဲလ်​တို့​မှာ မြန်မာ​ဝန်​ထမ်း​တွေ ရှိ​နေ​ကြ​ပါ​တယ်။

ဒီ​မှာ​ပဲ နေ​ချင်​တဲ့​သူ​တွေ​အနေ​နဲ့​ကတော့ ပြည်​တွင်း​က အိုင်​တီ​စီးပွား​ရေး လုပ်​ငန်း၊ သို့မဟုတ်NGO တွေ​မှာ ဝင်​ရောက် လုပ်ကိုင်​နိုင်​ပါ​တယ်။ စ⁠စ​ချင်း မှာ​တော့ ကိုယ့်မျှော်​မှန်း​ထား​သ​လို ဝင်ငွေ၊ အခြေအနေ​တွေ​ကို ရ​နိုင်​မှာ မဟုတ်​ပါ​ဘူး။ ဒါပေမဲ့ တန်ဖိုး​ဖြတ်​လို့ မ​ရ​တဲ့၊ ငွေ​နဲ့​ပေး​ဝယ်​လို့​မ​ရ​တဲ့ အတွေ့ အကြုံ​ကို​တော့ ကျိန်း​သေ​ရ​ရှိ​နိုင်​မှာ​ပါ။ အဲ​ဒီ​အတွေ့​အကြုံ​တွေ​ဟာ ကိုယ့်​အတွက် ရွှေဥ​ကလေး​တွေ​ပါ။ ကိုယ့်​လို​အပ်​ချက် တွေ​ကို ထပ်​ဖြည့်​ရင်း​နဲ့ ကိုယ်မျှော်​မှန်း ထား​တဲ့​အခြေအနေ​ကို တစ်​ထစ်​ချင်း တက်​လှမ်း ဖန်တီး​နိုင်​ပါ တယ်။

သတိပြု​ရ​မယ့် အချက်​တစ်​ချက်​က တော့ ဘယ်​လိုင်း​ကို လိုက်​တဲ့​သူ​ပဲ​ဖြစ်​ဖြစ် တစ်​လိုင်း​တည်း တစ်​မျိုး တည်း ရပ်​တည် လို့ မ​ရ​တော့​ပါ​ဘူး။ ကမ္ဘာ့​စီးပွား​ရေး​လုပ်​ငန်း​အများ​စု​ဟာ T Person ပုဂ္ဂ်ိုလ် တွေ​ကို​သာ လိုလား​ပြီး အလုပ်​ခန့်​လေ့​ရှိ ကြ​ပါ​တယ်။ T Person ပုဂ္ဂ်ိုလ်​ဆို​တာ​က အင်္ဂလိပ်​အက္ခရာ T  ကို ဇောက်​ထိုး ထား​တဲ့ ပုံစံ​ပါ။

ကျယ်​ပြန့်​တဲ့ အသိ​ပညာ (Wide knowledge) ပေါ်​မှာ​အခြေ​ခံ​ပြီး ကိုယ့်​ရဲ့ Wide knowledge ကို တည်ဆောက်​ယူ​ရ​တဲ့ သဘော​ပါ။ ကျွန်တော်​တို့​အနေ​နဲ့ အိုင်​တီ​ကို လေ့​လာ​ပြီး​တဲ့​အခါ​မှာ တခြား စီးပွား ရေး စီမံ​ခန့်​ခွဲ​မှု​လိုင်း​တွေ​ကို တွဲ​ဖက် လေ့​လာ​ထား​လိုက်​မယ်​ဆို​ရင် ဝန်​ထမ်း ဈေး​ကွက် (Labour-Market) မှာ ကိုယ့် ကိုယ်​ကိုယ် ဈေးကောင်း​ကောင်း (Skimming Price)နဲ့ အစွံ​ထုတ်​နိုင်​ကြ​မှာ ဖြစ်​ပါ​တယ်။

Online Marketing
အင်​တာ​နက်​က​ဖီး​တွေ​ကို နေရာ​အနှံ့ တွေ့​မြင်​လာ​ရ​ပါ​တယ်။ တစ်​ချိန်​တည်း​မှာ​ပဲ ဒီ​အင်​တာ​နက် က​ဖီး လုပ်​ငန်း​ဟာ​လည်း နည်း​ပညာ​ကို အခြေ​ပြု​တဲ့ စီးပွား​ရေး​အခွင့်​အလမ်း​တစ်​ရပ် တစ်​ခု​အနေ​နဲ့ ဖြစ်ထွန်း လာ​ပါ​တယ်။ ယေဘုယျ အား​ဖြင့် အင်​တာ​နက်​က​ဖီး​ဆိုင်​တစ်​ဆိုင် ဖွင့်​ဖို့ အခန်း​ငှား​ခ၊ ကွန်ပျူတာ​ဝယ်​ဖို့ ကုန်ကျ​စရိတ်၊ အခန်း​ပြင်ဆင်​စရိတ်၊ အင်​တာ​နက်​လိုင်း၊ အလုပ်​သမား​စရိတ် စုစုပေါင်း​သိန်း ၁​၅​၀ ဝန်းကျင်​လောက် ကုန်ကျ​နိုင်​ပါ​တယ်။ ဒါပေမဲ့ အင်​တာ​နက် က​ဖီး​တစ်​ဆိုင်​ရဲ့ တစ်​နေ့​ဝင်ငွေ​ဟာ​လည်း နေရာ​ကောင်း​ကောင်း (Strategic Location)၊ ပုံ​မှန်​ဖောက်သည် (Loyal Customer) သာ​ရှိ​မယ်​ဆို​ရင် မ​သေး​လှ​တာ​မို့ အကျိုး​အမြတ်​ရှိ​တဲ့ စီးပွား​ရေး လုပ်​ငန်း​တစ်​ခု​လို့ ဆို​နိုင်​ပါ​တယ်။

အခု​နောက်​ပိုင်း​မှာ ခေတ်​စား​လာ​တာ​ကတော့ မိုဘိုင်းဖုန်း​ဆိုင်​လုပ်​ငန်း​ပါ ပဲ။ သူ​က​လည်း သိန်း ၂​၀​၀ ပတ်ဝန်းကျင် ကုန်ကျ​နိုင်​ပါ​တယ်။ ဒါပေမဲ့ ကုမ္ပဏီ​ကြီး​တွေ​နဲ့ ချိတ်​မိ​ပြီး ကိုယ့်ကို ယုံကြည်​ခဲ့​လို့ ခေါက်​ပြန် ပေး​စနစ်​ထား​နိုင်​ခဲ့​ရင် ပညာသင်​တဲ့​အလုပ်​ကို​တောင် လှည့်​မ​ကြည့် ချင်​နိုင်​တော့​လောက်​အောင် ငွေ​လက် ဖျား​သီး​သွား​နိုင်​ပါ​တယ်။
ဒီ​နေရာ​မှာ ကျွန်တော်​တို့​အတွက် ငွေ​အရင်းအနှီး​က အဓိက​အခက်​အခဲ တစ်​ခု​ပါ။ ကိုယ်​တစ်​ယောက်​တည်း မ​နိုင်​ရင် သူငယ်ချင်း ငါး​ယောက်​လောက် ပေါင်း​ပြီး တစ်​ယောက်​ကို သိန်း ၃​၀ စီ လောက် ထည့်​ပြီး​လုပ် ရင်​လည်း ဖြစ်​နိုင် ပါ​တယ်။ လူ​များ​တော့ ဝန်​ထမ်း​စရိတ် လည်း​သက်သာ​သ​လို အားလုံး​တိုင်​တိုင် ပင်⁠ပင်​နဲ့ ဆောင်ရွက်​လို့​ရ​တာ​မို့ အောင်မြင်​ဖို့ Chance လည်း ပို​များ​ပါ​တယ်။ ကျွန်တော်​တို့​တွေ​ရဲ့ န​ဂို​ဓလေ့​က ပူး ပေါင်း​ဆောင်ရွက်​မှု အားနည်း​တာ​မို့ အဲ့​ဒီ​စိတ်​ဓာတ်​တွေ​ကို နည်း⁠နည်း​လေး ပြင်​ပြီး ပူးပေါင်း​ဆောင်ရွက်​ရင် တစ်​ခု​ခု ဖြစ်လာ​နိုင်​ပါ​တယ်။

Hardware Service
အိုင်​တီ​ရဲ့ နောက်​အား​သာ​ချက်​တစ်​ခု​က ကွန်ပျူတာ​ပစ္စည်း Hardware ရောင်းဝယ်​တဲ့​လုပ်​ငန်း​နဲ့ Service ပေး​တဲ့ လုပ်​ငန်း​ပါ။ ဒီ​လုပ်​ငန်း​ဟာ ဒီ​နေ့​အထိ ကျွန်တော်​တို့​ဆီ​မှာ အတွင်​ကျယ်​ဆုံး​နဲ့ အလုပ်​အဖြစ်​ဆုံး လုပ်​ငန်း​တစ်​ခု​လည်း ဖြစ်​ပါ​တယ်။ နောက် နှစ် ၅​၀ လောက် အထိ အလုပ်​ဖြစ်​နေ​ဦး​မယ်​လို့​လည်း ကျွန် တော်​ထင်​ပါ​တယ်။ ကွန်ပျူတာ Hardware ရောင်းဝယ်​ရေး​အတွက် အရင်းအနှီး​ငွေ​ကြေး​ပမာဏ​ကတော့ ခု​န က အင်​တာ​နက်​က​ဖီး၊ မိုဘိုင်းဖုန်း​ဆိုင် တို့​ထက်​စာ​ရင် ပို​များ​လှ​ပါ​တယ်။ အဲ​ဒီ​လို ပဲ​ရ​မယ့် အကျိုး​အ မြတ်​က​လည်း မ​သေး လှ​ပါ​ဘူး။ ပြီး​တော့ ကုမ္ပဏီ​ကြီး​တွေ​နဲ့ ရင်းနှီး​မှု၊ ယုံကြည်​မှု​တွေ​အပေါ် မူ​တည် ပြီး ခေါက်​ပြန်​ကြေး​သဘော​မျိုး ချ​ပေး​တာ​မျိုး​တွေ​လည်း ရှိ​တတ်​ပါ​တယ်။ ကိုယ့်​ရဲ့ စီမံ​ခန့်​ခွဲ​မှုပေါ်​မူ​တည်​ပြီး ရင်းနှီး​ငွေ ပမာဏ (Investment Amount)ကို လျှော့ ချ​နိုင်​ပါ​တယ်။ ခန့်​မှန်းခြေHardware နဲ့ Service Center တစ်​ခု​အတွက် ရင်းနှီး​ငွေ​ကတော့ ကျပ်​ငွေ သိန်း ၅​၀​၀ က​နေ တစ်​ထောင်​အတွင်း​မှာ ရှိ​ပါ​တယ်။ အစု​စပ်​အဖြစ် လုပ်ကိုင်​သင့်​ကြ​တဲ့ လုပ်​ငန်း တစ်​ခု​ဖြစ်​ပါ​တယ်။

Web Ownership
အခု လတ်​တ​လော​မှာ စတင်​ထွန်းကား​စ ပြု​လာ​ပြီ​ဖြစ်​တဲ့ ဒီ​အမျိုး​အစား​က Website Service နဲ့ Web Ownership  လုပ်​ငန်း​ပါ။ လက်​ရှိ​အခြေအနေ​မှာ ပြည်​တွင်း​အိုင်​တီ ပစ္စည်း​တွေ​က သယ်​ရောင်း​အဆင့်​ပဲ ဆို​တော့ အကျိုး​အမြတ် မ​ရ​နိုင်​သေး​ပေ​မယ့် ဒီ​လုပ်​ငန်း​က​နေ မက်​လောက်​စရာIncome နဲ့ Profit တွေ ကို ကျွန်တော်​တို့ လှမ်း​မြင်​နေ​ရ​ပါ​တယ်။ Web Site business အတွက် ရုံး​ခန်း နေရာ (office space)တွေ၊ ရင်းနှီး​မြှုပ်​နှံ မှု (Investment) တွေ ဘာ​မှ သိပ်​ကြီး​ကြီးမား​မား မ​လို​ပါ​ဘူး။ အင်​တာ​နက် Service နဲ့ ကွန်ပျူတာ​တစ်​လုံး​ရှိ​ရင် အချိန်​မ​ရွေး နေရာ​မ​ရွေး Website တစ်​ခု​ကို Operate လုပ်​လို့​ရ​ပါ​တယ်။ ကျွမ်းကျင်​မှု (Skill) နဲ့ အကြံ​ဉဏ် (Idea)တော့​လို​အပ်​တာ ပေါ့။ ကမ္ဘာကျော် Google တို့ Facebook  တို့​ဟာ ဒီ​လို​နဲ့​အစပြု​ပြီး အောင်မြင်​မှု​ရ​ခဲ့ ကြ​တာ​ပါ။ ကျွန်တော်​တို့​တွေ​အတွက်​လည်း တ​ကယ့်​ကို ကြီး​ကြီး မား​မား အိပ်မက်​ကြီး​တွေ မက်​ချင်​တိုင်း​မက်​နိုင်​တဲ့ နယ်ပယ်​တစ်​ခု​ပါ​ပဲ။ စ⁠စ​ချင်း​မှာ​တော့ လောလော​လတ် လတ် ကိုယ့်​ပြည်​တွင်း​မှာ လုပ်​လို့​ကိုင်​လို့ အဆင်​ပြေ အလုပ် ဖြစ်​နိုင်​မယ့် လုပ်​ငန်း​မျိုး​လေး​တွေ​က​နေ အစပြု လုပ်ကိုင်​သင့်​ပါ​တယ်။ ဥပမာ-Online က​နေ လက်ဆောင်​ပစ္စ်ည်း​တို့ ပါ​ဆယ်​တို့ ပို့​ပေး​တဲ့ Service လို​ဟာ​မျိုး လေး​တွေ​ပါ။ Idea ကောင်း​ရင် ကောင်း​သ​လောက် အကျိုး​ရှိ​နိုင်​တဲ့​လုပ်​ငန်း ဖြစ်​ပါ​တယ်။ ဖြစ်​နိုင်​ရင်​တော့ လူ​တိုင်း​ကို အိပ်မက် မက်​စေ​ချင်​ပါ​တယ်။

Freelance Professional
လူ​တွေ​သိပ်​မ​မြင်​ကြ​တဲ့Hidden Opportunity တစ်​ခု​ကတော့ အလွတ် Professional အဖြစ်​ရပ်​တည်​မှု Free-lance Professionalismပါ။ ဒါ​ကတော့ ကိုယ်​ကျွမ်းကျင်​တဲ့​နယ်ပယ် WebDesign, Network  တစ် ခု⁠ခု​မှာ အလွတ်​တမ်း Service Provider အဖြစ် ရပ်​တည်​တဲ့ သဘော​ပါ။ ရုံး​နေ့​တိုင်း​တက်​ရ​တာ​တို့၊ စည်း မျဉ်း​စည်းကမ်း​တွေ​နဲ့ နေ​ရ​တာ​တို့​ကို မနှစ်​သက်​တဲ့ လူ​ငယ်​တွေ​အတွက် အထူး သင့်တော်​ပါ​တယ်။ တစ်​ခါ​တစ်​ရံ​မှာ ဒီ​ဇိုင်​နာ​တစ်​ယောက်​ဟာ ရုံး​တစ်​ခု⁠ခု​မှာ လုပ်​နေ​ရင်​တစ်​လ​ကို လ​စာ​ငွေ တစ်​သိန်း ဝန်းကျင်​လောက်​ပဲ ရ​နိုင်​ပေ​မယ့် ပြင်​ပ​က အပ်​တဲ့​ဒီ​ဇိုင်း​တွေ​ကို တကယ်​လုပ်​ပေး​နိုင် ရင် ပျှမ်း​မျှ​တစ်​လ​ကို လေး ငါး ခြောက် သိန်း​လောက်​အထိ ဝင်ငွေ​ရ​ရှိ​နိုင်​တာ​ကို တွေ့​ရ​ပါ​တယ်။

ဒါ့​ပြင် သင်ကြား​ရေး​ကို​ဝါသနာ​ပါ​တဲ့ လူ​ငယ်​တွေ​အတွက်​ကတော့ သက်ဆိုင်​ရာ နိုင်ငံ​တကာ​အသိ​အမှတ် ပြု​ဘွဲ့၊ ဒီပ​လို​မာ​တွေ​ကို ထူး​ထူးချွန်​ချွန် အောင်​ပြီး​သွား​ရင် အလွတ်​သဘော​နဲ့ Guide အဖြစ် သင်ကြား​ပြ သ​ပေး​လို့​ရသ​လို ကွန်ပျူတာ သင်​တန်း​တွေ​မှာ​လည်း အချိန်​ပိုင်း​နည်း​ပြ​အဖြစ် ဝင်​ရောက် သင်ကြား​ပေး နိုင်​ပါ​တယ်။ Guide တွေ၊ သင်​တန်း​နည်း​ပြ​ဆရာ​တွေ​ရဲ့ ဝင်ငွေ​က​လည်း တစ်​လ​ကို သိန်း​ချီ ဝင်ငွေ​ရှိ​ပါ တယ်။

အခန်း (၄)
တစ်​ခါ​တုန်း​က နယ်​မြေ​သစ်၊ ဒေသ သစ်​တွေ ရှာဖွေ​နိုင်​လို့ ကို​လံ​ဘတ်​ကို ဘုရင်​မ​ကြီး​က ဂုဏ်​ပြု​သ​တဲ့။
ဖြစ်​ချင်​တော့ အဲ​ဒီ​ဂုဏ်​ပြု​အခမ်းအနား​မှာ​ကို​ပဲ ကို​လံ​ဘတ်စ်​ကို မ​ကောင်း ပြော​တဲ့​သူ​တွေ​ရှိ​တယ် ဆို​ပဲ။ အဲ​ဒီ​လူ​တွေ က “ကို​လံ​ဘတ်​လောက်​ကတော့ ငါ​တို့​လည်း ရှာ​နိုင်​တာ​ပေါ့​ကွာ…” တဲ့။

အဲ​ဒီ​လို ပြော​နေ၊ ဆို​နေ​ကြ​တာ များ​လာ​တော ကို​လံ​ဘတ်​ကြီး စိတ်​ထဲ မရိုး မ​ရွ ဖြစ်လာ​တယ်​နဲ့ တူ​ပါ​တ ယ်။
“ကဲ၊ ဒါ​ဖြင့် ဟော​ဒီ ပြောင်​ချော​နေ​တဲ့ စား​ပွဲပေါ်​မှာ ဟော​ဒီ ကြက်ဥ​ကို ဘယ်​သူ ထောင်​ပြ​နိုင်​သလဲ” ဆို​ပြီး ထ​ပြီး စိန်ခေါ် ပါ​လေ​ရော..။

ဝေဖန်​သံတွေ ငြိမ်​သွား​လိုက်​တာ၊ ယုတ်​စွ​အဆုံး တီး​တိုး​သံ​ကို ကြား​ဖို့​ဝေး လို့ တစ်​ယောက် အသက်ရှူ​သံ တောင် တစ်​ယောက် ပြန်ကြား​ရ​တော့​တဲ့​အထိ​ပဲ၊၊ အဲ​ဒီ​လို ပြောင်​ချော​နေ​တဲ့ ကျောက်သလင်း စားပွဲ​ကြီး တစ်​ခုပေါ်​မှာ လုံး​ဝန်း တဲ့ ကြက်ဥ​တ​လုံး​ကို ထောင်​ပြ​နိုင်​ဖို့​ဆို​တာ လွယ်ကူ​တဲ့​ကိစ္စ​မှ မဟုတ်​တာ။ နတ် ဒေ​ဝါ​တွေ​လို အစွမ်း​တွေ​များ ကို​လံ​ဘတ် ကြီး ရှိ​နေ​ပြီ​လား​ပေါ့။ ဘာ​လဲ …။ ငြိမ်​ပြီး အားလုံး …စောင့်​ကြည့်​နေ​ကြ တုန်း …။
“ကဲ ။ ခင်ဗျား​တို့ မ​ထောင်​နိုင်​ရင် ကျုပ်​ထောင်​ပြ​ပါ​မယ်” … ဆို​ပြီး .. ကြက်ဥ​ဖင်​ကို ခွပ်​က​နဲ ရိုက်​ပြီး ထောင်​ပြ လိုက်​တယ် ဆို​ပါ​လေ​ရော …
“ဟာ​ကွာ”… ဆို​တဲ့ အာလုပ်​သံ ကြီး ဝေါ​က​နဲ ထွက်​လာ​တော့​တယ်။
“ဒီ​လောက်​တော့​များ​ကွာ”
“အေး​လေ။ ဒါ​လေး​များ​အေ ..”
“လွယ်⁠လွယ်​လေး​ကို… ”
ဆို​တဲ့ စကား​သံတွေ ကြွက်​စီ​ကြွက်​စီ နဲ့ ဘဝဂ်​ညံ​နေ​အောင်​ကို ထွက်​လာ​တော့ တာ​ပေါ့။
ကို​လံ​ဘတ်​ကြီး​ကတော့ ဘာ​မှ ပြန် မ​ပြော​ပါ​ဘူး။
အေးအေး​ဆေး⁠ဆေး​ပါ​ပဲ။ ပြီး​တော့ …။
ခပ်​ပြုံး⁠ပြုံး​ပါ​ပဲ။
အခန်း (၅)
ဖြေ​ရှင်း​ချက်… ကျွန်တော် ကြက်ဥ ထောင်​ပြ​နိုင်​ခဲ့​ပါ​တယ်။

Credit to Mizzima

Share Button

Click here to submit your review.


Submit your review
* Required Field

1267 total views, 1 today

  

Leave a Reply

  • shame

    Shameful Mistake

    by on 2014年1月8日 - 0 Comments

    အမှား​တွေ၊ အလွဲ​တွေ

  • enlightenment

    ရင်လေး​ဖွယ်ရာ အနာဂတ်​သာသနာ

    by on 2014年2月6日 - 0 Comments

    တစ်​နေ့​က ‘ဘ​ဂ​ဝါ ယူ​နိုက်​တက်စ်​အက်ဖ်​စီ’ လို့ နာမည်​တပ်​ထား​တဲ့ အီးလ်​မေးလ် တစ်​စောင် ဦး​ပဥ္စင်း​ဆီ ရောက်လာ​ပါ​တယ်။

  • chinatown

    တရုတ်တန်း​က စစ်ကိုင်း​လမ်း

    by on 2014年2月7日 - 0 Comments

    လမ်း​ထဲ​သို့ ချိုး​ဝင်​လိုက်​သည်​နှင့် အကင်ညှော်​နံ့​များ​က နှာသီး​ဝ​ကို​လာ​ရောက်​ကျီစယ်​သည်။ ကား​တစ်​စီး​လွတ်​ရုံ​လမ်း​လေး​ထဲ ခင်းကျင်း​ထား​သည့် စားပွဲ​ဝိုင်း​...

  • yangon_view_south

    Yangon Dream

    by on 2014年3月5日 - 0 Comments

    (Written by: ချစ်​ဝင်း​မောင်) နှစ်​ပေါင်း ၂​၀ ကျော် ကာလ​အတွင်း ကျွန်တော်​နေထိုင်​ရာ အရပ်​သည် မ​ယုံကြည်​နိုင်​လောက်​ဖွယ် အံ့​မ​ခန်း ပြောင်းလဲ​သွား​ခဲ့​သည်။ နေ...

  • nelsonmandela

    မင်​ဒဲ​လား​ပြော​ခဲ့​သော စကား​တစ်​ခွန်း

    by on 2014年1月27日 - 0 Comments

    Written by ဦးတင်​ဦး (ကျူ​ရှင်) လွန်​ခဲ့​တဲ့​သောကြာနေ့​ည​က ည​စဉ်​သွား​နေကျ​ဆေး​ခန်း​သို့ ရောက်​သွား​သော​အခါ ဆရာဝန်​၏​အိမ်​မှ​ရုပ်​မြင် သံ​ကြား​ဖန်​သား ပြင်ပေါ...