Welcome, visitor! [ Register | LoginRSS Feed  | 

၂​၀​၁​၄ တွင် ကိုး​ရီး​ယား​နှင့် ဂျပန်​သို့ တိုက်ရိုက် ပုံ​မှန်​ခရီး​စဉ်​ပြေး​ဆွဲ​ရန် MAI စီစဉ်

| Myanmar Business | 2013年12月5日

Written by သီ​ဟ​ကို​ကို

Myanmar Airways International (MAI) က ၂​၀​၁​၄​ခု​နှစ် တွင် ကိုး​ရီး​ယား​နှင့် ဂျပန်​နိုင်ငံ​များ​သို့ တိုက်ရိုက်​ပုံ​မှန်​ခရီး​စဉ်​များ ပျံ​သန်း​ပြေး​ဆွဲ​သွား​ရန် အစီ​အစဉ်​ရှိ​သည်​ဟု Myanmar Airways International ၏ ပြန်ကြား​ရေး​တာဝန်​ခံ ဒေါ်​အေး​မ​ရ​သာ​က မဇ္စျိ​မ​သို့ ပြော​သည်။

လက်​ရှိ​အချိန်​တွင် ပြည်​တွင်း​လေ​ကြောင်း​လိုင်း​များ​အနေ​ဖြင့် ဂျပန်​နှင့် ကိုး​ရီး​ယား​နိုင်ငံ​များ​သို့ တိုက်ရိုက်​ပုံ​မှန် ပြေး​ဆွဲ​သည့် ခရီး​စဉ်​များ မ​ရှိ​သေး​ဘဲ ကိုး​ရီး​ယား​နှင့် ဂျပန်​အခြေ​စိုက် လေ​ကြောင်း​လိုင်း​များ​သာ ပြေး​ဆွဲ​လျက်​ရှိ​သည်။

MAI ၏ ပြန်ကြား​ရေး​တာဝန်​ခံ ဒေါ်​အေး​မ​ရ​သာ​က “၂​၀​၁​၄ ထဲ​မှာ MAI အနေ​နဲ့​လျာ​ထား​တဲ့ အစီ​အစဉ်​ပါ၊ အဓိက​က မြန်မာ​နဲ့ ကိုး​ရီး​ယား၊ ဂျပန်​ကို ခရီးသည် အသွားအလာ တိုးတက်​တဲ့ အခြေအနေ​အပေါ်​မူ​တည်​ပြီး ပြေး​ဆွဲ​သွား​မှာ​ပါ၊ ပုံ​မှန် အချိန်​ဇယား​တိုင်း ပြေး​ဆွဲ​မှာ​ဆို​တော့ ပုံ​မှန်​သွား​လာ​တဲ့ ခရီးသည် ရှိ​ရ​မယ် “ဟု ပြော​သည်။

ယခု​နှစ် ဧပြီ​လ​မှ​စတင်​ကာ MAI အနေ​ဖြင့် ကိုး​ရီး​ယား​နှင့် ဂျပန်​နိုင်ငံ​များ​သို့ စင်း​လုံး​ငှား လေ​ယာဉ်​ဖြင့် ဝန်​ဆောင်​မှု​လုပ်​ငန်း​များ စတင်​ပေး​နေ​ပြီး ပုံ​မှန်​ပျံ​သန်း​ပြေး​ဆွဲ​ရန်​အတွက်​လည်း လေ​ယာဉ်​အလုံ​အလောက်​ရှိ​သည် ဟု ၎င်း​က ပြော​သည်။

MAI မှ အိန္ဒိယ​နိုင်ငံ၊ ဗုဒ္ဓ​ဂ​ယာ​သို့​လည်း အပတ်​စဉ်​ပြေး​ဆွဲ​လျက်​ရှိ​ပြီး န​ယူး​ဒေ​လီ​မြို့​သို့​လည်း တိုး​ချဲ့ ပြေး​ဆွဲ​ရန်​အစီ​အစဉ်​ရှိ​သည်။

ဂျ​ပန်န်ိုင်​ငံ​သား​များ​သည် မြန်မာ​နိုင်ငံ​သို့ လ​စဉ် ဧည့်သည် ၅​၀⁠၀​၀ နှင့် ၆​၀⁠၀​၀ ကြား​ဝင်​ရောက်​လျက်​ရှိ​ပြီး ကိုး​ရီး​ယား​နိုင်ငံသား​များ​မှာ​လည်း လ​စဉ် ၆​၀⁠၀​၀ နီးပါး ပုံ​မှန်​ဝင်​ရောက်​လျက်​ရှိ​နေ​သည်​ဟု ရန်ကုန်​အပြည်​ပြည်​ဆိုင်​ရာ​လေ​ဆိပ်​အဝင် စာရင်း​များ​တွင် ဖော်​ပြ​ထား​သည်။

MAI လေ​ကြောင်း​လိုင်း​မှ ထိုင်း၊ စင်​ကာ​ပူ၊ တရုတ်၊ အိန္ဒိယ နိုင်ငံ​များ​သို့ ပုံ​မှန် ခ​ရီ​စဉ်​များ တိုက်ရိုက် ပျံ​သန်း​ပြေး​ဆွဲ​လျက်​ရှိ​သည်။

မြန်မာ​နိုင်ငံ​တွင် ပြည်​တွင်း​အခြေ​စိုက်​လေ​ကြောင်း လိုင်း ရှစ်​ခု​မှ ပြည်​တွင်း၊ ပြည်​ပ​ခရီး​စဉ်​များ​ပျံ​သန်း​ပြေး​ဆွဲ​လျက်​ရှိ​ပြီး လေ​ကြောင်း​လိုင်း​သစ်​နှစ်​ခု​မှာ ပြည်​တွင်း​ခရီး​စဉ်​များ ပြေး​ဆွဲ​ရန် ခွင့်​ပြု​ချက်​တောင်းခံ​ထား​သည်။

MAI သည် ယခု​နှစ်၊ ဩဂုတ်​လ​က န်ိုင်​ငံ​တကာ​အသိ​အမှတ်ပြု လေ​ကြောင်း​လုံခြုံ​မှု​ဆိုင်​ရာ လက်မှတ် IOSA (International Operation Safety Audit ) ကို ရှိ​သည့် လေ​ကြောင်း​လိုင်း​တစ်​လိုင်း​ဖြစ်​သည်။

Credit to Mizzama

Share Button

Click here to submit your review.


Submit your review
* Required Field

1396 total views, 1 today

  

Leave a Reply

  • shame

    Shameful Mistake

    by on 2014年1月8日 - 0 Comments

    အမှား​တွေ၊ အလွဲ​တွေ

  • enlightenment

    ရင်လေး​ဖွယ်ရာ အနာဂတ်​သာသနာ

    by on 2014年2月6日 - 0 Comments

    တစ်​နေ့​က ‘ဘ​ဂ​ဝါ ယူ​နိုက်​တက်စ်​အက်ဖ်​စီ’ လို့ နာမည်​တပ်​ထား​တဲ့ အီးလ်​မေးလ် တစ်​စောင် ဦး​ပဥ္စင်း​ဆီ ရောက်လာ​ပါ​တယ်။

  • chinatown

    တရုတ်တန်း​က စစ်ကိုင်း​လမ်း

    by on 2014年2月7日 - 0 Comments

    လမ်း​ထဲ​သို့ ချိုး​ဝင်​လိုက်​သည်​နှင့် အကင်ညှော်​နံ့​များ​က နှာသီး​ဝ​ကို​လာ​ရောက်​ကျီစယ်​သည်။ ကား​တစ်​စီး​လွတ်​ရုံ​လမ်း​လေး​ထဲ ခင်းကျင်း​ထား​သည့် စားပွဲ​ဝိုင်း​...

  • yangon_view_south

    Yangon Dream

    by on 2014年3月5日 - 0 Comments

    (Written by: ချစ်​ဝင်း​မောင်) နှစ်​ပေါင်း ၂​၀ ကျော် ကာလ​အတွင်း ကျွန်တော်​နေထိုင်​ရာ အရပ်​သည် မ​ယုံကြည်​နိုင်​လောက်​ဖွယ် အံ့​မ​ခန်း ပြောင်းလဲ​သွား​ခဲ့​သည်။ နေ...

  • nelsonmandela

    မင်​ဒဲ​လား​ပြော​ခဲ့​သော စကား​တစ်​ခွန်း

    by on 2014年1月27日 - 0 Comments

    Written by ဦးတင်​ဦး (ကျူ​ရှင်) လွန်​ခဲ့​တဲ့​သောကြာနေ့​ည​က ည​စဉ်​သွား​နေကျ​ဆေး​ခန်း​သို့ ရောက်​သွား​သော​အခါ ဆရာဝန်​၏​အိမ်​မှ​ရုပ်​မြင် သံ​ကြား​ဖန်​သား ပြင်ပေါ...