Welcome, visitor! [ Register | LoginRSS Feed  | 

၂​၀​၁​၄ မှာ အစိုးရ​အဖွဲ့ အပြောင်း​အလဲ အကြီး​အကျယ်​ဖြစ်​နိုင်​တယ် – စံ​ဇာ​ဏီ​ဘို

| Life Style, Myanmar Business | 2013年12月28日

horse

၂​၀​၁​၄ ခု​နှစ်​ထဲ အစိုးရ​အဖွဲ့ အပြောင်း​အလဲ အကြီး​အကျယ်​ဖြစ်​နိုင်​တယ်​လို့ နက္ခ​တ ပညာ​ရှင် စံ​ဇာ​ဏီ​ဘို​က ခန့်​မှန်း​တွက်ချက် ပြော​လိုက်​ပါ​တယ်။

အခြေ​ခံ​လူ​တန်း​စား​တွေ ကျပ်တည်း​မြဲ ကျပ်တည်း​နေ​ပြီး ချမ်းသာ​တဲ့​သူ​တွေ ပို​ချမ်းသာ​သွား​ဖို့​ရှိ​တယ်၊ လူ​လတ်​တန်း​စား​နဲ့ ချမ်း​သား​တဲ့​လူ​တွေ​ကြား ကွာ​ဟ​ချက် ပို​ကြီးမား​သွား​မယ်​လို့​လည်း ပြော​ပါ​တယ်။ ဒါ့​အပြင် ပဋိပက္ခ​တွေ ဆက်​ဖြစ်​နိုင်​သေး​တယ်၊ အထူး​သတိပြု​ဖို့ လို​မယ်​လို့ ပြော​ပါ​တယ်။

၂​၀​၁​၄ မြန်မာ​နိုင်ငံ​ရဲ့ နိုင်ငံ​ရေး၊ စီးပွား​ရေး၊ လူ​မှု​ရေး အစ​ရှိ​တဲ့ အခြေအနေ​တွေ​နဲ့​ပတ်သက်​ပြီး ဆရာ စံ​ဇာ​ဏီ​ဘို​ကို ဆက်​သွယ်​မေးမြန်း​ထား​ပါ​တယ်။

ဆရာ ဒီ ၂​၀​၁​၄ မှာ အရင်​ဦး​ဆုံး ဆရာ​တို့​အနေ​နဲ့ နိုင်ငံ​ရေး​နဲ့​ပတ်သက်​ပြီး ဘယ်​လို​များ ခန့်​မှန်း​တွက်ချက်​လို့ ရထား​ပါ​လဲ။

san zar ne bo“၂​၀​၁​၄ နိုင်ငံ​ရေး​မှာ​တော့ ထူးခြား​တဲ့​အပြောင်း​အလဲ တ​ခု⁠ခု​တော့ သေချာ​ပေါက်​ဖြစ်​မယ်။ ရက်​အား​ဖြင့် ၂​၀​၁​၄ ဇူလိုင်​လ ၁​၂ ရက်​နေ့​က​နေ နိုဝင်ဘာ​လ ၅ ရက်​နေ့​အတွင်း​မှာ ကောင်း​သော အပြောင်း​အလဲ​တ​ခု​ဖြစ်​မယ်။ တ​ခု​နဲ့ တ​ခု​ကြား နောက် ရွေး​ကောက်​ပွဲ မ​တိုင်​ခင်​နဲ့ နောက်​အစိုးရ​ကြား  တည်​ရှိ​နေ​တဲ့ အပြောင်း​အလဲ​တ​ခု​ဖြစ်​မယ်။ နောက်​ပြီး​တော့ စိုး​ရ အဖွဲ့​အစည်း​ကြီး​တ​ခု​လုံး​ရဲ့​ပုံ​သဏ္ဌာန် အပြောင်း​အလဲ​ကြီး​ဖြစ်​မယ်။ အဲ​ဒီ​ရက်​ကတော့ တိုင်း​ပြည်​ရဲ့ ဖွဲ့​စည်း​မှု​ပုံ​သဏ္ဌာန် အပြောင်း​အလဲ​နဲ့ နိုင်ငံ​ရေး​အပြောင်း​အလဲ အကြီး​စား​ဖြစ်​မယ့် ကာလ ဖြစ်​ပါ​တယ်။”

စီးပွား​ရေး​ကော ဘယ်​လို​မျိုး​တွက်ချက်​လဲ ခင်​ဗျ။

“စီးပွား​ရေး​ကတော့ ၂​၀​၁​၄ မှာ တ​ကမ္ဘာ​လုံး စီးပွား​ရေး​နဲ့ ပြည်​သူ​လူထု​ကြား ပဋိပက္ခ​ဖြစ်​နိုင်​လောက်​တဲ့ အနေအထား​ရှိ​တယ်။ လာ​မယ့်​နှစ်​က မြင်း​နှစ်​လို့ ခေါ်​တယ်။ “Year of the Horse” လို့ ခေါ်​တဲ့ မြင်း​နှစ်​ကို ရောက်​တဲ့​အခါ​မှာ အစိုးရ​ဟာ အုပ်ချုပ်​မှု​နဲ့ ပတ်​သတ်​လို့ ငွေ​ကြေး​သုံးစွဲ​မှု​မှာ လို​တာ​ထက်​ပို​ပြီး budget တွေ​ကို အလွန်အမင်း သုံးစွဲ​ခဲ့​တော့ ပြည်​သူ​လူထု​ဘက်​က​နေ မ​ကျေ​မ​နပ်​ချက်​လေး​ဖြစ်​တဲ့ ပဋိပက္ခ​လေး​တွေ ဖြစ်​နိုင်​ပြီး​တော့ အစိုးရ​နဲ့​ပတ်​သတ်​ပြီး​တော့ budget အပေါ်​မှာ ခွဲဝေ​သုံးစွဲ​မှု​အပေါ် ပြည်​သူ​လူထု​တွေ​က သံသယ​ဝင်​မှု​နဲ့​တ​ကွ အစိုးရ​ဘက်​က​လည်း အမြတ်​ခွန်​တွေ​ကို လို​တာ​ထက်​ပို​ပြီး လွန်​လွန်ကျူး​ကျူး​ကောက်ခံ​ခြင်း​ကို တ​ကမ္ဘာ​လုံး​မှာ ပြု​မယ်။ အဲ​ဒီ့​ပဋိပက္ခ​တော့​ရှိ​မယ်။ မြန်မာ​နိုင်ငံ​မှာ​ကျ​တော့ မြင်း​နှစ်​ပင်​ဖြစ်​လင့်ကစား မြန်မာ​နိုင်ငံ​ဟာ ကိုယ့် လွတ်လပ်​ရေး​ရ​တဲ့ အချိန်​ကာလ​လေး​နဲ့​တွက်​လိုက်​ရင်​တော့ ကောင်း​တဲ့ အနေအထား​လေး​တ​ခု ရှိ​တော့ မြန်မာ​ပြည်​မှာ ဝယ်​ယူ​သုံးစွဲ​မှု​အား မြင့်​မား​လာ​မယ်။ အဓိပ္ပာယ်​ကတော့ စီးပွား​ရေး​ရဲ့ ခိုင်မာ​မှု​အပေါ်​မှာ ပြည်​သူ​လူထု​က အယုံ​အကြည်​ရှိ​မယ့် သဘော​ရှိ​တယ်။ investment (ရင်းနှီး​မြှုပ်​နှံ​မှု) တွေ လာ​ဖို့​တော့ မ​မြင်​ပါ​ဘူး။

“ပြည်​သူ​လူထု​ရဲ့ စား​ဝတ်နေ​ရေး​ကတော့ ကျပ်တည်း​ဆဲ​ဖြစ်​မယ်။ ငွေ​ကြေး​နဲ့​ပတ်သက်​တဲ့ အနေအထား မြန်မာ​ငွေ​မာ​မှု​ဒဏ်​ကတော့ ပြည်​သူ​တွေ တော်တော်​လေး​ခံ​ရ​တာ​ရှိ​မယ်။ လူ​လတ်​တန်း​စား​တွေ​ရဲ့​အနေအထား​ကတော့ ပို​ပြီး​နိမ့်​သွား​စရာ​ရှိ​တယ်။ ချမ်းသာ​သူ​တွေ​ကတော့ ပို​ပြီး​ကြွယ်​ဝ​လာ​စရာ​ရှိ​မယ်။ အဲ​ဒီ့​တော့ ချမ်းသာ​သူ​တွေ​နဲ့​လူ​လတ်​တန်း​စား​တို့​အကြား ကွာ​ဟ​မှု​တ​အား​မြင့်​သွား​မယ်။ လူ​လတ်​တန်း​စား​နဲ့ အောက်​ခြေ​လူ​တန်း​စား ခပ်​နီး⁠နီး​လေး​မှာ ရှိ​သွား​မယ့် အနေအထား ဖြစ်​သွား​မယ်။”

လူ​မှု​ရေး​မှာ ပြီး​ခဲ့​တဲ့ ၂​၀​၁​၃ မှာ ဖြစ်​ခဲ့​တဲ့ လူ​မှု​ရေး ပဋိပက္ခ​တွေ​လို​မျိုး ထပ်​ဖြစ်​ဖို့ ရှိ​ပါ​သလား။

“ရှေ့​ဆက်​ရှိ​စရာ အကြောင်း​ရှိ​တယ်။ ကြီးကျယ်​တယ်။ အဲ​ဒါ​တ​ခု​တော့ အထူး သတိထား​ရ​မယ်။ ၂​၀​၁​၄ ခုနစ် ဇန်နဝါရီ ၂​၁ ရက်​နဲ့ ဖေဖော်ဝါရီ ၁​၉ ကြား၊ ၂​၀​၁​၄ ခုနစ် မေ ၂​၀ နဲ့ ဇွန် ၂​၀ ကြား၊ ၂​၀​၁​၄ ခုနစ် အောက်တိုဘာ ၂​၀ နဲ့ နိုဝင်ဘာ ၂​၀ ကြား၊ ဒီ​ကိစ္စ​လေး​တွေ သတိထား​ရ​မယ်။ ပို​ပြီး​ဂရုစိုက်​ရ​မှာ​က အခု​ချိန်​မှာ ရာဟု​ဂြိုဟ်​က တူ​ရာသီ​မှာ စနေ​ဂြိုဟ်​နဲ့ တွဲ​ပြီး​တည်​ရှိ​မယ်။ အဲ​ဒီ့​တော့ လမင်း​ရဲ့​လမ်းကြောင်း​က ၁​၀ ဒီ​ဂ​ရီ​တိမ်းစောင်း​မယ်။ လ​ကြီး ၁​၀ ဒီ​ဂ​ရီ​တိမ်းစောင်း​တဲ့​အတွက် လူ​တွေ​ရဲ့​စိတ်​ပိုင်း​ဆိုင်​ရာ က ပုံ​မှန်​မဟုတ်​တော့​ဘူး။ တဖက်​စွန်း​တွေ ရောက်​နေ​တယ်။ အဲ​ဒီ့​အခြေအနေ​ထက် ပို​ပြီး​တော့​ဆိုး​တာ​က လာ​မယ် ၂​၀​၁​၄​ခုနစ် ဧပြီ​လ ၁​၃ ရက် က​နေ စ​ပြီး​တော့ တနင်္လာ​ဇာတာ​ထဲ​ကို မြန်မာ​နိုင်ငံ​က ဝင်​မှာ။ အဲ​ဒီ့​အချိန်​မှာ ရာဟု​က​လည်း တ​ဆက်​တည်း တူ​ရာသီ​မှာ​ရှိ​မယ်။ ဇူလိုင်​လ ၁​၂ ရက်​အထိ​ရှိ​မယ်။ အဲ​ဒီ့​တော့ ဧပြီ​လ​လယ်​ပိုင်း ၁​၃ ရက်​က​နေ ဇူလိုင်​လ​အတွင်း​မှာ လူ​တွေ​ရဲ့ စိတ်​အခြေအနေ အစွန်း​ရောက်​မှု​တွေ​ဟာ သတိထား​ရ​မယ်။

“အဲ​ဒီ့​တော့ criminal crime လို့ခေါ်​တဲ့ စိတ္တ​ဇ​ဆန်​တဲ့ ရာဇဝတ်မှု​တွေ လုယက်​မှု​တွေ၊ နောက်​ပြီး​တော့ တကယ်​ကို လုယက်​မှု ပုံ​သဏ္ဌာန် အသွင်​ရှိ​တဲ့၊ တ​ခါ​မှ မ​ကျူးလွန်​ဖူး​တဲ့ သူ​တွေ​က ဒုစရိုက်​တွေ ကျူးလွန်​တာ​တွေ ရာဂ​စိတ်​ကျူးလွန်​ပြီး​တော့ တ​ယောက်​နဲ့ တ​ယောက် ဓမ္မ​မှု​တွေ ဖြစ်​တတ်​တာ​တို့၊ တ​ယောက်​နဲ့ တ​ယောက် ပဋိပက္ခ​တွေ အရှိန်​အဟုန် ပြင်း​တာ​တို့၊ နောက်​ပြီး ဘာသာ​ရေး​နဲ့​ပတ်သက်​တဲ့ လူ​မှု​ရေး​နဲ့​ပတ်သက်​တဲ့၊ အယူ​အဆ​ပိုင်း​ဆိုင်​ရာ​တွေ​နဲ့ ပတ်သက်​ပြီး တ​ယောက်​နဲ့ တ​ယောက် နှုတ်​နဲ့ ဖြေ​ရှင်း​ချင်း​မ​ရှိ​ဘဲ လက်နက်​နဲ့​ဖြေ​ရှင်း​တာ​တွေ ကြုံ​ကို​ကြုံ​နိုင်​တယ်။ သတိရှိ​ရ​မှာ​ပါ။”
By ရွှေ​အောင် (ဒီ​ဗွီ​ဘီ)

Share Button

Click here to submit your review.


Submit your review
* Required Field

 

1342 total views, 5 today

  

Leave a Reply

  • shame

    Shameful Mistake

    by on 2014年1月8日 - 0 Comments

    အမှား​တွေ၊ အလွဲ​တွေ

  • enlightenment

    ရင်လေး​ဖွယ်ရာ အနာဂတ်​သာသနာ

    by on 2014年2月6日 - 0 Comments

    တစ်​နေ့​က ‘ဘ​ဂ​ဝါ ယူ​နိုက်​တက်စ်​အက်ဖ်​စီ’ လို့ နာမည်​တပ်​ထား​တဲ့ အီးလ်​မေးလ် တစ်​စောင် ဦး​ပဥ္စင်း​ဆီ ရောက်လာ​ပါ​တယ်။

  • chinatown

    တရုတ်တန်း​က စစ်ကိုင်း​လမ်း

    by on 2014年2月7日 - 0 Comments

    လမ်း​ထဲ​သို့ ချိုး​ဝင်​လိုက်​သည်​နှင့် အကင်ညှော်​နံ့​များ​က နှာသီး​ဝ​ကို​လာ​ရောက်​ကျီစယ်​သည်။ ကား​တစ်​စီး​လွတ်​ရုံ​လမ်း​လေး​ထဲ ခင်းကျင်း​ထား​သည့် စားပွဲ​ဝိုင်း​...

  • coffee

    အဆိပ်​သင့်​အနမ်း​များ

    by on 2013年11月15日 - 0 Comments

    Written by ရွှေ​ရည် ကော်​ဖီ​ဆိုင်​ဟု အမည်တပ်​ထား​သော ဆိုင်​လေး​ထဲ​သို့ ဆယ်ကျော်​သက် စုံ​တွဲ​တစ်​တွဲ ဝင်​ရောက်လာ​ပြီး “အခန်း​ရှိ​သေး​လား” ဆို​သော​အသံ​က ဆယ်ကျေ...

  • yangon_view_south

    Yangon Dream

    by on 2014年3月5日 - 0 Comments

    (Written by: ချစ်​ဝင်း​မောင်) နှစ်​ပေါင်း ၂​၀ ကျော် ကာလ​အတွင်း ကျွန်တော်​နေထိုင်​ရာ အရပ်​သည် မ​ယုံကြည်​နိုင်​လောက်​ဖွယ် အံ့​မ​ခန်း ပြောင်းလဲ​သွား​ခဲ့​သည်။ နေ...