Welcome, visitor! [ Register | LoginRSS Feed  | 

ကမ္ဘာ့​ခေါင်းဆောင်​တို့​ထဲ အဆင်း​ရဲ​ဆုံး သမ္မတ​ကြီး

| Education | 2013年11月24日

Written by မောင်​လွင်​မွန် (က​သာ)

လွတ်လပ်​ပေါ့ပါး​စွာ နေထိုင်​သော ဥ​ရု​ဂွေး​သမ္မတ​ကြီး ဂျို​ဆေး​မူ​ဖီ​ကာ

တောင်​အမေ​ရိ​ကတိုက်​၏ အရှေ့တောင်​ဘက်၊ အာ​ဂျင်​တီး​နား​နှင့် ဘ​ရာ​ဇီး​နိုင်ငံ​တို့​အကြား​၌ မြန်မာ​ဘော​လုံး​ပရိသတ်​တို့​နှင့် မ​စိမ်း​လှ​သော နိုင်ငံ​တစ်​ခု​ရှိ​သည်။ ဗိုလ်​သံပေါက်​အောင် ခေါ်​လို​သူ​တချို့​က ‘ယူ​ရူ​ဂွိုင်း’ဟု ခေါ်​တတ်သော်​လည်း အသံ​ထွက် အမှန်​က’ဥ​ရု​ဂွိုင်း’ ဖြစ်​ပြီး မြန်မာ​အသံ​ထွက် ‘ဥ​ရု​ဂွေး’ နှင့် အတော်​နီးစပ်​ပါ​သည်။ ယင်း​နိုင်ငံ​တွင် ၂​၀​၁​၀ မှ ၂​၀​၁​၅ သမ္မတ​သက်​တမ်း​အတွက် ၂​၀⁠၀​၉ ခု နိုဝင်ဘာ ၃​၀ ရက်​၌ ရွေး​ကောက်​ပွဲ​အနိုင်​ရ သမ္မတ​မှာ José Mujica ဖြစ်​သည်။ သူ့​အမည်​ကို ဂျို့စ်​မူ​ဂျီ​ကာ​ဟု အသံ​ထွက် ခေါ်​မိ​နိုင်သော်​လည်း နိုင်ငံ​တကာ​တွင် အများ​သိ အမည်​မှန်​မှာ ‘ဂျို​ဆေး​မူ​ဖီ​ကာ’ ဖြစ်​ကာ သူ့​နိုင်ငံသား​များ​က ‘ဂျို​ဆေး​ဖူ​ဖီ​ကာ’ဟု စ​ပိန်​အသံ​ထွက်​ဖြင့် ခေါ်​သည်​ကတော့ ပို​မှန်​လိမ့်​မည် ထင်​သည်။

၁​၉​၃​၅ ခု​နှစ်​တွင် မွေး​ဖွား​သော သမ္မတ​ကြီး မူ​ဖီ​ကာ​သည် ၁​၉​၆​၀ ခု​နှစ်​တွင် ကျူး​ဘားတော်​လှန်​ရေး​၏ လှုံ့ဆော်​မှု​ကြာင့် လက်ဝဲ​ပြောက်ကျား တပ်ဖွဲ့​ဝင်​ဖြစ်လာ​ပြီး ၁​၉​၇​၀ ပြည့်​နှစ်​အထိ ယင်း​ဘဝ​တွင် ကျင်လည်​ခဲ့​သည်။ သူ​သည် အစိုးရ​၏ ဖမ်းဆီး​ခြင်း​ကို လေး​ကြိမ်​ခံ​ခဲ့​ရ​ပြီး ၁​၉​၇​၁​ခု​နှစ်​၌ နိုင်ငံ​ရေး အကျဉ်းသား​အဖြစ်​မှ လွတ်မြောက်​ခဲ့​သည်။ သို့သော် ၁​၉​၇​၂ ခု​နှစ်​တွင် ပြန်လည်​ဖမ်းဆီး​ခံ​ရ​ပြီး ဤ​အတောအတွင်း ရဲ​က သေ​နတ်​ဖြင့် ခြောက်​ကြိမ်​ပစ်ခတ်​ခြင်း ခံ​ခဲ့​ရ​သည်။ ၁​၉​၇​၃ ခု​နှစ် စစ်​တပ်​အာဏာ သိမ်း​သော​အခါ စစ်​အကျဉ်း​ထောင်​တစ်​ခု​သို့ ပြောင်းရွှေ့​ခြင်း​ခံ​ရ​ပြီး ယင်း​ထောင်​၌ ၁​၄ နှစ် နေ​ခဲ့​ရ​သည်။ ၁​၉​၇​၀ ခု​နှစ်​များ​အတွင်း ရေတွင်း​ထဲ​သို့​ချ​ပြီး လှောင်​ထား​သည်​မျိုး အပါအဝင် ဆိုးရွား​စွာ ချုပ်​နှောင်​မှု နှစ်⁠နှစ်​ခန့် ခံ​ခဲ့​ရ​သည်။ ထောင်​ထဲ​တွင် နောင်​သူ​နှင့်​အတူ ‘တူ​ပါ​မာ​ရိုး’ ပါ​တီ​ကို အတူ​တည်ထောင်​ပြီး အတူ​တွဲ​လုပ်​ကြ​မည့် ခေါင်းဆောင်​များ​နှင့် ဆုံ​တွေ့​ခဲ့​သည်။ ၁​၉​၈​၅​ခု​နှစ်​တွင် ဒီ​မို​က​ရေ​စီ စ​နစ်ပေါ်​ထွန်း​လာ​သော​အခါ လွတ်ငြိမ်း​ချမ်းသာ​ခွင့်​ဖြင့် ပြန်လည် လွတ်မြောက်​လာ​ခဲ့​သည်။ နောင်​ဒီ​မို​က​ရေ​စီ​စနစ် အသား​ကျ လာ​သော​အခါ သူ​နှင့်​တူ​ပါ​မာ​ရိုး​ပါ​တီ ခေါင်းဆောင်​များ အခြား​လက်ဝဲ​ခေါင်းဆောင်​များ​ကို​ပါ ဆက်​သွယ်​ပေါင်း​စည်း​ပြီး မုဖ်​မင့်​အော့ဖ် ပေါ်​ပြူ​လာ ပါ​တီ​စီ​ပေး​ရှင်း ပါ​တီ​ကို တည်ထောင်​ခဲ့​သည်။
တကယ်​ဆင်းရဲ​တာ​က အကုန်အကျ​များ​တဲ့ နေထိုင်​မှု ဘဝ​ပုံစံ​အတွက် လောက်င​အောင် ရှာ​ရင်း​က ပို⁠ပို​လို​နေ​တဲ့ လူ​တွေ​ပဲ​ဗျ’ဟု ဆို​သည်။ ‘ဒါ​က လွတ်လပ်​ခြင်း​ဆို​တာ​ပါ​ပဲ။ ခင်ဗျား​မှာ ပိုင်​တာ​များ⁠များ​စား​စား မ​ရှိ​တော့​ဘူး​ဆို​ရင် အဲ​ဒီ​ပိုင်သ​မျှ​တွေ​ကို တည်တံ့​အောင် တစ်​ဘဝ​လုံး ကျွန်​လို​ရုန်း​ရ​တာ​မျိုး​လည်း မ​လို​တော့​ဘူး။ အဲ​ဒီ​အခါ​ကျ ခင်ဗျား​အတွက် ကိုယ်​ပိုင်​အချိန်​တွေ ပို​ရ​လာ​လိမ့်​မယ်’ဟု သူ​က​ဆို​သည် . . .

ဂျို​ဆေး​မူ​ဖီ​ကာ​သည် ၁​၉⁠၉​၄ ရွေး​ကောက်​ပွဲ​တွင် ဥပဒေ​ပြု​အမတ်၊ ၁​၉⁠၉​၉ ၌ အထက်​လွှတ်တော်​အမတ်၊ ၂​၀⁠၀​၅ ခု​နှစ်​တွင် မွေး​မြူ​စိုက်ပျိုး​နှင့် ငါး​လုပ်​ငန်း​ဝန်ကြီး​ဖြစ်​ခဲ့​ပြီး ၂​၀⁠၀​၉ ခု​နှစ်​တွင် မဲ​ဆန္ဒ ၅​၂ ရာ​ခိုင်​နှုန်း​ဖြင့် အနိုင်​ရကာ သမ္မတ​ဖြစ်လာ​သည်။ သူ​သည် ၂​၀⁠၀​၅ ခု​နှစ်​တွင် တူ​ပါ​မာ​ရိုး ပါ​တီ​ဝင်​တစ်​ဦး​ဖြစ်​ပြီး ယခု အထက်​လွှတ်တော်​အမတ် ဖြစ်​နေ​သည့် လို​ရှား​တို​ပို​လန်​စ​ကီး​နှင့် လက်ထပ်​ခဲ့​သည်။ သမ္မတ​ကြီး​သည် ဥ​ရု​ဂွေး ခေါင်းဆောင်​များ​အတွက် နိုင်​ငံတော်​က စီစဉ်​ပေး​ထား​သော ဇိမ်​ခံ​အိမ်​မျိုး​မှာ နေထိုင်​မည့်​အစား မြို့တော်​မွန်​တီ​ဗီ​ဒီ​ယို​၏ အပြင်​ဘက် ဖုန်ထူ​သော လမ်း​ကလေး​အဆုံး​ရှိ သူ့​ဇနီး​၏ လယ်တော​အိမ်​ကလေး​၌ နေထိုင်​ရန် ရွေးချယ်​ခဲ့​သည်။ သူ​တို့ ရေတွင်း​မှ​ရေ​ကို​ခပ်​ကာ အဝတ်လျှော်​ပြီး အိမ်​ပြင်​ဘက်​တွင် လှန်း​ထား​သည်​ကို ဓာတ်​ပုံ​မှာ မြင်​ကြ​ရ​သည်။ သမ္မတ​ကြီး​တို့ ဇနီးမောင်နှံ​သည် မြေ​ကို​ကိုယ်တိုင် ပြုပြင်​ကာ ပန်း​များ စိုက်ပျိုး​ကြ​သည်။ သူ့​ဘဝ​ဟန်ပန်​က သူ့​မဲ​ဆန္ဒ​ရှင်​များ​၏ ဘ၀​နှင့် အတော်​နီးစပ်​တူညီ​ပြီး နိုင်ငံ​တကာ aခါင်း​ဆောင်​များ​နေထိုင်​ပုံ​နှင့် သိသိ​သာသာ ကွာ​ခြား​နေ​သည်။

အထူး​ခြား​ဆုံး​အချက်​မှာ သမ္မတ​ကြီး​က ဒေါ်လာ ၁​၂​၀⁠၀​၀ နှင့်​ညီ​သော သူ့​လ​စာ ရာ​ခိုင်​နှုန်း ၉​၀ ကို​မ​ယူ​ဘဲ လှူဒါန်း​ခြင်း ဖြစ်​သည်။ ဤ​နည်း​ဖြင့် သူ​သည် ကမ္ဘာပေါ်​တွင် ‘အဆင်း​ရဲ​ဆုံး သမ္မတ’အဖြစ် နိုင်ငံ​တကာ​က ကင်ပွန်း​တပ် အသိ​အမှတ်ပြု​လာ​ကြ​သည်။ ‘ကျုပ်​က ခပ်​ကြောင်ကြောင် အဘိုး​ကြီး​ပုံ​တော့ ပေါက်​နေ​လိမ့်​မယ်။ ဒါပေမဲ့ ဒါ​က​လွတ်လပ်​တဲ့ ရွေးချယ်​မှု​ပဲ​ဗျာ’ဟု သမ္မတ​ကြီး​က ဆို​သည်။ သူ​က သူ့​လ​စာ ရာ​ခိုင်​နှုန်း ၉​၀ ကို ဆင်းရဲသား​ပြည်​သူ​နှင့် လုပ်​ငန်း​ရှင်​ငယ်​များ​သို့ လှူဒါန်း​ခြင်း​ဖြစ်​သည်။ ထိုသို့ လှူဒါန်း​လိုက်​သည့်​အတွက် သူ့​ကျန်​လ​စာ​မှာ ဥ​ရု​ဂွေး​ပြည်​သူ​များ​၏ ပျမ်းမျှ​လ​စာ ဒေါ်လာ ၇⁠၇​၅ နှင့် ညီမျှ​သွား​သည်။ ၂​၀​၁​၀ ပြည့်​နှစ်​၌ သူ့​ပစ္စည်း​ဥစ္စာ ပိုင်ဆိုင်​မှု​ကို ကြေညာ​သော​အခါ ဒေါ်လာ ၁​၈​၀​၀ သာ​ရှိ​ပြီး ယင်း​မှာ​သူ ပိုင်ဆိုင်​သော ၁​၉​၈​၇ မော်​ဒယ်လ် ဗောက်စ်​ဝက်​ဂွန်​ဘီ​တဲလ် မော်တော်​ကား​တန်ဖိုး ဖြစ်​သည်။ ယခု​နှစ်​တွင် သူ​က​ဇနီး​ပိုင်​မြေ၊ ထွန်​စက်​နှင့် အိမ်​တို့​၏ တန်ဖိုး​ထက်ဝက်​စီ​ကို ထည့်​ပေါင်း​လိုက်​၍ ဒေါ်လာ တစ်​သိန်း​တစ်​သောင်း​ငါး​ထောင်​အထိ တိုးတက်​လာ​ခဲ့​သည်။ ယင်း​သည်​ပင် လက်​ရှိ ဒု​သမ္မတ​ဒါ​နီ​လို​အက်စ်​တို​ရီ​၏ ပိုင်ဆိုင်​မှု​၏ သုံး​ပုံ​နှစ်​ပုံ၊ ယခင် သမ္မတ​၏ ပိုင်ဆိုင်​မှု​ထက် သုံး​ပုံ​တစ်​ပုံ​သာ ရှိ​သည်။

သမ္မတ​ကြီး​က’ကျွန်တော့်​ကို အဆင်း​ရဲ​ဆုံး သမ္မတ​လို့ ဆို​ကြ​တယ်။ ဒါပေမဲ့ ကျွန်တော်​ဆင်းရဲ​တယ်​လို့ မ​ခံစား​ရ​ဖူး​ပါ​ဘူး​ဗျာ။ တကယ်​ဆင်းရဲ​တာ​က အကုန်အကျ​များ​တဲ့ နေထိုင်​မှု ဘဝ​ပုံစံ​အတွက် လောက်င​အောင် ရှာ​ရင်း​က ပို⁠ပို​လို​နေ​တဲ့ လူ​တွေ​ပဲ​ဗျ’ဟု ဆို​သည်။ ‘ဒါ​က လွတ်လပ်​ခြင်း​ဆို​တာ​ပါ​ပဲ။ ခင်ဗျား​မှာ ပိုင်​တာ​များ⁠များ​စား​စား မ​ရှိ​တော့​ဘူး​ဆို​ရင် အဲ​ဒီ​ပိုင်သ​မျှ​တွေ​ကို တည်တံ့​အောင် တစ်​ဘဝ​လုံး ကျွန်​လို​ရုန်း​ရ​တာ​မျိုး​လည်း မ​လို​တော့​ဘူး။ အဲ​ဒီ​အခါ​ကျ ခင်ဗျား​အတွက် ကိုယ်​ပိုင်​အချိန်​တွေ ပို​ရ​လာ​လိမ့်​မယ်’ဟု သူ​က​ဆို​သည်။ ဥ​ရု​ဂွေး​သမ္မတ​ကြီး​က ၂​၀​၁​၂ ဇွန်​လ​တွင် လုပ်​ခဲ့​သည့် ကုလသမဂ္ဂ စဉ်​ဆက်​မ​ပြတ် ဖွံ့ဖြိုး​မှု​ကွန်​ဖ​ရင့် (ယူ​အင်န်​စီ​အက်စ်​ဒီ)ဆွေးနွေး​ပွဲ​တွင် မိန့်ခွန်း​ပြော​ကြား​ရာ​မှာ ‘ကျွန်တော်​တို့​တွေ တစ်​နေ့ခင်း​လုံး​လိုလို​ပဲ ဆင်းရဲ​မှု​က ရုန်း​ထွက်​နိုင်​ဖို့ စဉ်​ဆက်​မ​ပြတ် ဖွံ့ဖြိုး​မှု​ရအောင် လုပ်​ရ​မှာ​ဆို​တာ​ချည်း ပြော​ခဲ့​ကြ​တာ​ပါ​ပဲ။ ဒါပေမဲ့ ကျွန်တော်​တို့ ဘာ​တွေ​စဉ်းစား​နေ​ကြ​တာ​လဲ။ ကျွန်တော်​တု့​ိ​က ချမ်းသာ​တဲ့​နိုင်ငံ​တွေ​ရဲ့ ကြီးပွား​နေ​မှု​နဲ့ စား​သုံး​ရ​မှု ပုံစံ​တွေ​ကို လိုချင်​နေ​ကြ​တာ​လား။ ကဲ တစ်​ခု​မေး​မယ်။ တကယ်​လို့​များ အိန္ဒိယ​က အိမ်ထောင်​စု​တွေ ကား​ပိုင်​တဲ့​အချိုး​ဟာ ဂျာမနီ​နဲ့ တူ⁠တူ​လောက် ဖြစ်​သွား​မယ်​ဆို​ရင် ကမ္ဘာ​ကြီး ဘာ​ဖြစ်​သွား​မ​လဲ။ ကျွန်တော်​တို့​အဖို့ အောက်​ဆီ​ဂျင် ကျန်​ပါ​ဦး​မ​လား’ဟု မေးခွန်းထုတ်​ခဲ့​သည်။ နိုင်ငံ​တကာ ခေါင်းဆောင်​များ​ကို​လည်း အစွန်း​ရောက် ဖွံ့ဖြိုး​လို​မှု ဥပါ​ဒါန် စွဲကပ်​နေ​ကြ​သည်​ဟု စွပ်စွဲ​လိုက်​၏။

မဲ​ဆွယ်​ကာလ​ကတည်းက နက်​က​တိုင်​မ​စည်း​ဘဲ ဝတ်​စုံ​ဝတ်​တတ်​သူ၊ ဘာသာ​မဲ့​အဖြစ် ဘာ​မှ​မ​ကိုးကွယ်​သူ၊ ဟင်းသီး​ဟင်းရွက်​နှင့် ပန်း​များ​စိုက်​စား​ပြီး လယ်တော​အိမ်​မှာ​နေ​ပြီး လ​စာ​၏ ရာ​ခိုင်​နှုန်း ၉​၀ ကို အမြဲ​လှူ​နေ​သူ သမ္မတ​ကြီး မူ​ဖီ​ကာ​ကို သူ​လုပ်​သ​မျှ အများ​က​ကျေနပ် ထောက်ခံ​နေ​ကြ​သည်​တော့ မဟုတ်​ပါ။ ကိုယ်ဝန် ၁​၂ ပတ်​အထိ ပဋိသန္ဓေ ဖျက်​ချ​ခွင့်​ကို ယခင်​သမ္မတ​လို ဗီ​တို​သုံး​ပြီး မ​ပိတ်​ပင်​မှု၊ ပညာ​ရေး​နှင့် ကျန်းမာ​ရေး​ကဏ္ဍ​တွင် ဝန်​ဆောင်​မှု တိုးတက်​မ​လာ​မှု​တို့​အတွက် ဝေဖန်​ခံ​ရ​သည်​မျိုး ရှိ​သည်။ သို့သော် ဥ​ရု​ဂွေး​ဥပဒေ​အရ ၂​၀​၁​၄ ခု​တွင် သမ္မတ​ပြန်​ရွေး​ခွင့် မ​ရှိ​သည်မှာ သေချာ​နေ​သော အသက် ၇​၇ နှစ်​အရွယ် သမ္မတ​ကြီး​က များ​စွာ ပူပန်​မည့်​ပုံ မပေါ်​ချေ။

ဒါ​တင်​မက သမ္မတ​ကြီး​ကို နိုင်​ငံတော်​သမ္မတ အိမ်တော်​မှာ​မ​နေ​ဘဲ လယ်တော​အိမ်​မှာ​နေ​ပြီး တိုင်း​ပြည်​ကို အရှက်ခွဲ​ရ​ကောင်း​လား​ဟု အတိုက်​အခံ​က​ပင် ပြော​သံ​မ​ကြား​ရ။ ထို့​ပြင် နိုင်ငံ​တကာ​တွင် ထူးခြား​ခွဲ​ထွက်​သည့် မိန့်ခွန်း​မျိုး ပြော​ခြင်း​အတွက်​လည်း ပြည်​တွင်း​ပြည်​ပ​က အပြစ်တင်​သံ ဝေဖန်​သံ​ကို မ​ကြား​ရ​ချေ။ ကံ​အကောင်း​ဆုံး​အချက်​က သူ့​လ​စာ​၏ ရာ​ခိုင်​နှုန်း ၉​၀ ကို လ​စဉ် လှူဒါန်း​နေ​သည့်​တိုင် ထိုသို့​လှူဒါန်း​မှု​မှ ဆင်းရဲ သား​များ​နှင့် လုပ်​ငန်း​ရှင်​ငယ် ကလေး​များ အကျိုး​ရှိ​နေ​ခြင်း​ကို ကန့်ကွက်​သူ မ​ရှိ​သည့်​အပြင် ထို​လှူဒါန်း​မှု​ကို နိုင်ငံ​ရေး​တိုက်​ကွက် ဖြစ်​သည့်​ဟု သဘောထား​မည့် နိုင်ငံ​ရေး​ပြိုင်ဘက် (သို့မဟုတ်) သူ​လ​စာ လှူဒါန်း​နေ​မှု များ​က မိမိ​တု့​ိ​လ​စာ ယူ​နေ​ရ​သူ​များ​၏ မျက်နှာ​ကို အိုး​မဲ​သုတ်​သ​လို ဖြစ်​နေ​သည်​ဟု တိုက်ရိုက်​ဖြစ်​စေ၊ သွယ်​ဝိုက်​ဖြစ်​စေ​ပြော​မည့် လုပ်ဖော်​ကိုင်​ဖက်​တို့​ကို မ​ကြုံ​ရ​ဘဲ လွတ်လွတ်​လပ်​လပ် စိတ်​တိုင်း​ကျ လှူဒါန်း​ခွင့်​ရ​ခြင်း ဖြစ်​သည်။

ကျွန်တော့်​ကို ကမ္ဘာ့​အဆင်း​ရဲ​ဆုံး သမ္မတ​လို့​ဆို​ကြ​ပေ​မယ့် ‘ကျွန်တော်​ကတော့ ဆင်းရဲ​တယ်​လို့ မ​ခံစား​ရ​ဘူး။ မ​ရောင့်ရဲ​နိုင်​သူ​တွေ​သာ ဆင်းရဲ​နေ​တာ’ဟု ပြော​နိုင်​စွမ်း​သော၊ ဘာသာ​မဲ့​ဆိုသော်​လည်း သန္တု​ဿ​ကော​စ-တင်းတိမ်​ရောင့်ရဲ​လွယ်၊ သု​ဘ​ရော​စ-မွေး​မြူ​လွယ်၊ အပ္ပ​ကိစ္စော​စ-အမှု​ကိစ္စ​နည်းပါး၊ သလ္လ​ဟု​က​ဝုတ္တိ-ဝန်​ကျဉ်း​ပေါ့ပါး​သော အသက်မွေး​မှု​ရှိ ဆို​သည့်​ချမ်းသာ​ကို နားလည်​ခံစား​နေ​သော သမ္မတ​ကြီး​မှာ ကျွန်တော်​တို့​အားလုံး​အတွက် အဘက်​ဘက်​က ရှု​မြင်​အားကျ​စရာ ဖြစ်​နေ​ပါ​တော့​သ
Credit to Eleven

Share Button

Click here to submit your review.


Submit your review
* Required Field

997 total views, 1 today

  

Leave a Reply

  • shame

    Shameful Mistake

    by on 2014年1月8日 - 0 Comments

    အမှား​တွေ၊ အလွဲ​တွေ

  • enlightenment

    ရင်လေး​ဖွယ်ရာ အနာဂတ်​သာသနာ

    by on 2014年2月6日 - 0 Comments

    တစ်​နေ့​က ‘ဘ​ဂ​ဝါ ယူ​နိုက်​တက်စ်​အက်ဖ်​စီ’ လို့ နာမည်​တပ်​ထား​တဲ့ အီးလ်​မေးလ် တစ်​စောင် ဦး​ပဥ္စင်း​ဆီ ရောက်လာ​ပါ​တယ်။

  • chinatown

    တရုတ်တန်း​က စစ်ကိုင်း​လမ်း

    by on 2014年2月7日 - 0 Comments

    လမ်း​ထဲ​သို့ ချိုး​ဝင်​လိုက်​သည်​နှင့် အကင်ညှော်​နံ့​များ​က နှာသီး​ဝ​ကို​လာ​ရောက်​ကျီစယ်​သည်။ ကား​တစ်​စီး​လွတ်​ရုံ​လမ်း​လေး​ထဲ ခင်းကျင်း​ထား​သည့် စားပွဲ​ဝိုင်း​...

  • yangon_view_south

    Yangon Dream

    by on 2014年3月5日 - 0 Comments

    (Written by: ချစ်​ဝင်း​မောင်) နှစ်​ပေါင်း ၂​၀ ကျော် ကာလ​အတွင်း ကျွန်တော်​နေထိုင်​ရာ အရပ်​သည် မ​ယုံကြည်​နိုင်​လောက်​ဖွယ် အံ့​မ​ခန်း ပြောင်းလဲ​သွား​ခဲ့​သည်။ နေ...

  • coffee

    အဆိပ်​သင့်​အနမ်း​များ

    by on 2013年11月15日 - 0 Comments

    Written by ရွှေ​ရည် ကော်​ဖီ​ဆိုင်​ဟု အမည်တပ်​ထား​သော ဆိုင်​လေး​ထဲ​သို့ ဆယ်ကျော်​သက် စုံ​တွဲ​တစ်​တွဲ ဝင်​ရောက်လာ​ပြီး “အခန်း​ရှိ​သေး​လား” ဆို​သော​အသံ​က ဆယ်ကျေ...