Welcome, visitor! [ Register | LoginRSS Feed  | 

Asus ထုတ်ကုန်​များ​တွင် မြန်မာ​စာ​စနစ် ထည့်​သွင်း​ရန် စီစဉ်

| Techonology | 2013年11月18日

asus

ကမ္ဘာပေါ်​တွင် ငါး​ခု​မြောက် အကြီး​ဆုံး ကွန်ပျူတာ၊ မို​ဘိုင်းလ်​ဖုန်း​နှင့် ဆက်​စပ်​ပစ္စည်း ထုတ်​လုပ်​သူ Asus က မြန်မာ​နိုင်ငံ​အတွက် ရည်​ရွယ် ထုတ်​လုပ်​ထား​သော မို​ဘိုင်းလ်​ပစ္စည်း ထုတ်ကုန်​များ​တွင် မြန်မာ​စာ​စနစ် ထည့်​သွင်း​ရန် စီစဉ်​နေ​ကြောင်း အဆို​ပါ ကုမ္ပဏီ​၏ တရားဝင် အရောင်း​ပြ​ခန်း ဖွင့်​လှစ်​ခွင့် ရ​ရှိ​ထား​သည့် Link Global ကုမ္ပဏီ​မှ အကြံပေး ဒေါ်​အေးအေး​ဝင်း​က The Voice သို့ ပြော​ကြား​သည်။
“Asus အနေ​နဲ့ မ​ကြာ​ခင်​မှာ မြန်မာ​ပြည် ဈေး​ကွက်​ကို ဝင်​တော့​မယ်။ နောက်​ပိုင်း​မှာ Keyboard က​အစ မြန်မာ​စာလုံး​တွေ Font တွေ ပါလာ​မယ်။ HTC တို့ ဘာ​တို့​လို သူ​တို့​ထုတ်​တဲ့ Tablet တို့ Phone တို့​မှာ မြန်မာ​စာ​စနစ် ထည့်​ဖို့ လုပ်​နေ​တယ်။ LG တို့ Samsung တို့​လည် မြန်မာ​စာ စနစ်​တွေ ပါလာ​ပြီ​ဆို​တော့ သူ​တို့​လည်း ဒီ​ခြေလှမ်း​ကို လှမ်း​လိမ့်​မယ်” ဟု ၎င်း​က​ဆို​သည်။

ထိုင်​ဝမ်​အခြေ​စိုက် Asus ကုမ္ပဏီ အနေ​နှင့် ထိုင်​ဝမ် ပြိုင်ဘက် HTC က မြန်မာ​စာ စနစ်​ပါသော ထုတ်ကုန်​များ​ဖြင့် မြန်မာ​နိုင်ငံ​တွင်း​သို့ ထိုး​ဖောက် ဝင်​ရောက်​နေ​သည့်​အပြင် LG Samsung စ​ရှိ​သော ကုမ္ပဏီ များ​က​လည်း မြန်မာ​စာ​စနစ်​များ ထည့်​သွင်း ရောင်းချ​နေ​မှု​ကြောင့် ယခုကဲ့သို့ စီစဉ်​နေ​ခြင်း ဖြစ်​ကြောင်း ၎င်း​က​ဆို​သည်။

ထို့​အပြင် Asus အနေ​နှင့် အလားအလာ​ရှိ​သော စီးပွား​ရေး အခွင့်​အလမ်း​များ​ကြောင့် မ​ကြာ​မီ ကာလ​အတွင်း ပြည်​တွင်း​တွင် တရားဝင် ဝင်​ရောက် လုပ်ကိုင်​ရန်​လည်း စီစဉ်​နေ​ကြောင်း Link Global ကုမ္ပဏီ​မှ​ထံ​မှ သိရှိ​ရ​သည်။

“နောက်ကျ​ရင် တခြား​နိုင်ငံ​တွေ​မှာ​လို​ပဲ သူ​တို့​က ဒီ​မှာ အခြေ​စိုက်​ဖို့ လုပ်​နေ​တယ်။ အရင်​ကတော့ အကြောင်း အမျိုး​မျိုး​ကြောင့် ဒီ​ကို​မ​ဝင်​ဖြစ်​ခဲ့​ဘူး။ ကွန်ပျူတာ ရောင်း​နေ​ပေ​မယ့်​လည်း ဒီ​က Distributor တွေ​က​နေ တစ်​ဆင့်​ပဲ ရောင်း​ခဲ့​တာ။ Asus ကွန်ပျူတာ​တွေ​က လက်​ရှိ မြန်မာ​ပြည် ဈေး​ကွက်​မှာ နံပါတ်​သုံး ဖြစ်​နေ​တယ်။ မြန်မာ​ပြည်​အခု အပြောင်း​အလဲ ဖြစ်​နေ​တဲ့ အချိန်​မှာ သူ​တို့​အနေ​နဲ့ စိတ်ဝင်စား​တယ်။ သူ​တို့ ကိုယ်တိုင်​လည်း Servey လာ​လုပ်​သွား​တယ်” ဟု ဒေါ်​အေးအေး​ဝင်း​က ဆို​သည်။

Asus မှ ထုတ်​လုပ်​သော ကွန်ပျူတာ​နှင့် မို​ဘိုင်းလ် ထုတ်ကုန်​များ​မှာ အကြမ်း​ခံ​ပြီး​အခြား အာ​ရှ Brand များ​ထက် ဈေးနှုန်း အနည်းငယ် ပို​မြင့်​ကာ ပြည်​တွင်း ဈေး​ကွက်​အတွင်း တတိယ အရောင်း​ရ​ဆုံး ကွန်ပျူတာ အမှတ်​တံဆိပ် ဖြစ်​ကြောင်း Star ကွန်ပျူတာ အရောင်း​ဆိုင်​မှ တာဝန်ရှိ​သူ​တစ်​ဦး​က ဆို​သည်။

ထိုင်​ဝမ် အခြေ​စိုက် Asus ကုမ္ပဏီ​သည် ကွန်ပျူတာ (Desktop, Laptop, Noteook, Netbook) နှင့် ဆက်​စပ် ပစ္စည်း​များ​အပြင် မို​ဘိုင်းလ်​ဖုန်း​များ၊ တက်​ဘ​လက်​များ၊ Padphone များ၊ LEDs/LCDs Panel များ၊ ကွန်ရက် တည်ဆောက် ချိတ်ဆက်​မှု ပစ္စည်း​များ ထုတ်​လုပ်​နေ​ပြီး ၂​၀​၁​၂ ခု​နှစ် စာရင်း​များ​အရ ကမ္ဘာပေါ်​တွင် ပဥ္စ​မ​မြောက် အကြီး​ဆုံး ကွန်ပျူတာ ထုတ်​လုပ်​သူ ဖြစ်​သည်။

Credit to The Voice

Share Button

Click here to submit your review.


Submit your review
* Required Field

1375 total views, 1 today

  

Leave a Reply

  • shame

    Shameful Mistake

    by on 2014年1月8日 - 0 Comments

    အမှား​တွေ၊ အလွဲ​တွေ

  • enlightenment

    ရင်လေး​ဖွယ်ရာ အနာဂတ်​သာသနာ

    by on 2014年2月6日 - 0 Comments

    တစ်​နေ့​က ‘ဘ​ဂ​ဝါ ယူ​နိုက်​တက်စ်​အက်ဖ်​စီ’ လို့ နာမည်​တပ်​ထား​တဲ့ အီးလ်​မေးလ် တစ်​စောင် ဦး​ပဥ္စင်း​ဆီ ရောက်လာ​ပါ​တယ်။

  • chinatown

    တရုတ်တန်း​က စစ်ကိုင်း​လမ်း

    by on 2014年2月7日 - 0 Comments

    လမ်း​ထဲ​သို့ ချိုး​ဝင်​လိုက်​သည်​နှင့် အကင်ညှော်​နံ့​များ​က နှာသီး​ဝ​ကို​လာ​ရောက်​ကျီစယ်​သည်။ ကား​တစ်​စီး​လွတ်​ရုံ​လမ်း​လေး​ထဲ ခင်းကျင်း​ထား​သည့် စားပွဲ​ဝိုင်း​...

  • yangon_view_south

    Yangon Dream

    by on 2014年3月5日 - 0 Comments

    (Written by: ချစ်​ဝင်း​မောင်) နှစ်​ပေါင်း ၂​၀ ကျော် ကာလ​အတွင်း ကျွန်တော်​နေထိုင်​ရာ အရပ်​သည် မ​ယုံကြည်​နိုင်​လောက်​ဖွယ် အံ့​မ​ခန်း ပြောင်းလဲ​သွား​ခဲ့​သည်။ နေ...

  • nelsonmandela

    မင်​ဒဲ​လား​ပြော​ခဲ့​သော စကား​တစ်​ခွန်း

    by on 2014年1月27日 - 0 Comments

    Written by ဦးတင်​ဦး (ကျူ​ရှင်) လွန်​ခဲ့​တဲ့​သောကြာနေ့​ည​က ည​စဉ်​သွား​နေကျ​ဆေး​ခန်း​သို့ ရောက်​သွား​သော​အခါ ဆရာဝန်​၏​အိမ်​မှ​ရုပ်​မြင် သံ​ကြား​ဖန်​သား ပြင်ပေါ...