About doremi
Sorry, no listings were found.
မြန်မာ့ ဆယ့်နှစ်လရာသီ ပွဲတော်များ
Written by လှမြင့် (ရန်ကုန်တက္ကသိုလ်)
မြန်မာရိုးရာ ယဉ်ကျေးမှု ဓလေ့အရ တစ်နှစ်တာ ကာလဖြစ်သော တန်ခူးလမှသည် တပေါင်းလတိုင်အောင် တစ်ဆယ့်နှစ်လ ရှိသည့်အနက် တစ်ဆယ့်နှစ်လလုံးတွင် ရာသီပွဲတော်များကို မြန်မာ့ရေမြေ သဘာ၀ ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့်အညီ မြန်မာမှု အခြေခံလျက် ရှေးခေတ်အဆက်ဆက်မှသည် မျက်မှောက်ခေတ်တိုင်အောင် လစဉ်ကျင်းပလျက် ရှိနေသည်။ ထို့ကြောင့် မြန်မာ့ဆယ့်နှစ်လရာသီ ပွဲတော်များသည် ဘာသာရေး ရိုးရာယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာ ပွဲတော်များအဖြစ် ခေတ်အဆက်ဆက်၏ ခေတ်အရိပ်၊ ခေတ်ကြေးမုံကို ထင်ဟပ်နေသော ပွဲတော်များဖြစ်ကြသည်။
မြန်မာတို့၏ ဆယ့်နှစ်လရာသီ ပွဲတော်များတွင် တန်ခူးလ၌ သင်္ကြန်ပွဲတော်၊ ကဆုန်လ၌ ညောင်ရေသွန်းပွဲတော်၊ နယုန်လ၌ ရဟန်းသံဃာတော်များ၏ စာပြန်ပွဲတော်၊ ဝါဆိုလ၌ ဝါဆိုသင်္ကန်းကပ်လှူပွဲ၊ ဝါခေါင်လ၌ စာရေးတံမဲပွဲ၊ တော်သလင်းလ၌ လှေသဘင်ပွဲ၊ သီတင်းကျွတ်လ၌ ဆီမီးပူဇော်ပွဲ၊ တန်ဆောင်မုန်းလ၌ ကထိန်သင်္ကန်း ကပ်လှူပွဲ၊ နတ်တော်လ၌ စာဆိုတော်ပွဲ၊ ပြာသိုလ၌ မြင်းခင်းသဘင်ပွဲ၊ တပို့တွဲလ၌ ထမနဲပွဲ၊ တပေါင်းလ၌ သဲပုံစေတီပွဲ (ဘုရားပွဲ) တို့ကို လစဉ်အမြဲ မြို့ပြမှအစ ကျေးလက်တောရွာအဆုံး ခြိမ့်ခြိမ့်သဲသဲ ကျင်းပပြုလုပ်ကြသည်။ ယင်းသို့ မြန်မာ့ဆယ့်နှစ်လရာသီ ပွဲတော်များကို မြန်မာတို့ ခေတ်အဆက်ဆက်တွင် ခမ်းနားထည်ဝါဝင့်ကြွားစွာ ကျင်းပခဲ့မှု သမိုင်းအစဉ်လာကို ကုန်းဘောင်ခေတ်နှောင်း စာဆိုကျော် ကင်းဝန်မင်းကြီးက-
Continue reading »
3713 total views, 0 today
စင်ကာပူက နှလုံးလှမီးဖိုချောင်
စင်ကာပူနိုင်ငံသည် အရှေ့တောင်အာရှ ထိပ်တန်း နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ နိုင်ငံသေးသော်လည်း နည်းပညာ ဖွံ့ဖြိုးခြင်း၊ ကူးသန်းရောင်းဝယ်ရေး ကောင်းမွန်ခြင်း တို့ကြောင့် ပညာရှင်များ၊ လုပ်ငန်းရှင် များ နိုင်ငံခြားသား များစွာရှိနေကြသည်။ တိုးတက် ဖွံ့ဖြိုးမှုနည်းတူ အပြိုင်အဆိုင်လည်း အလွန်များသည်။ စင်ကာပူဟု ပြောလိုက်လျှင် တည်ထောင်သူ လီကွမ်ယုနှင့် သန့်ရှင်းသပ်ရပ်သော လမ်းများ၊ မိုးမျှော်တိုက်တာများသာ မြင်ယောင်မိပေလိမ့်မည်။ သို့သော် စင်ကာပူတွင် ထမင်းတစ်နပ်အတွက် ပင်ပန်းခက်ခဲစွာ ရုန်းကန် နေကြရသည့် မြို့ပြ နွမ်းပါးသူများစွာ ရှိနေသည်။
တိုက်လှေကားများ၊ ပန်းခြံ ခုံတန်းများတွင် နေထိုင်ကြသည့် အိမ်ခြေမဲ့ မြို့ပြ နွမ်းပါးသူ များစွာလည်း ရှိနေသည်။ သို့သော် စင်ကာပူမှ ကက်သလစ် ဘာသာဝင် လူတစ်စု တည်ထောင်ထားသည့် မီးဖိုချောင်လေး တစ်ခုကတော့ ထိုလူများစွာကို မမေ့ထားကြပေ။ Willing Hearts ဟု အမည်ရသည့် ယင်းအုပ်စုလေးကို စတင်တည်ထောင်သူက မစ္စတာတိုနီတေး ဖြစ်သည်။ နေ့စဉ် နွမ်းပါးသူ လူ ၂၅၀၀ လောက်အတွက် ထမင်းဟင်းများစွာကို ထောက်ပံ့ကူညီ ပေးခဲ့သည်မှာ ရှစ်နှစ်ခန့် ရှိပေပြီ။ ယင်းအဖွဲ့လေး စဖြစ်ခဲ့သည့်ပုံကို မစ္စတာတိုနီတေးက ရှင်းပြသည်။
Continue reading »
1894 total views, 0 today
မိုက်ကယ်မိုးမြင့် (သို့မဟုတ်) ပြိုင်ဘက်ကင်း ရေနံသူဌေးကြီး
မြန်မာ့စွမ်းအင်ဝန်ကြီးဌာန၏ ရေနံတွင်းလေးခုကို တူးဖော်လုပ်ကိုင်ခွင့်ကို ရရှိသွားကြောင်း ကြေညာစာကို ဝမ်းသာအားရ ဝှေ့ယမ်းပြရင်း ဦးမိုးမြင့်က ရုံးခန်းထဲသို့ လမ်းလျှောက်ဝင်လာသည်။ လောလောလတ်လတ် ပရင့်ထုတ်ယူလာခဲ့သည့် အခြားနိုင်ငံတကာကုမ္ပဏီကြီးဆယ်ခု ပါဝင်နေသည့် ထိုကြေညာချက်က ပြည်တွင်းစွမ်းအင်လုပ်ငန်း ကျွမ်းကျင်သူများ ပြောကြားကြသော သတင်းစကားများ မှန်ကန်နေကြောင်း သက်သေပြနေပါသည်။ ဦးမိုးမြင့်က သည်နယ်ပယ်တွင်တော့ ပြိုင်ဘက်မရှိဘူးဆိုသည့်စကားပင် ဖြစ်ပါသည်။
“ဒီပြဿနာကတော့ဗျာ လူတွေတော်တော်များများက ကျွန်တော့်ကို လာဆက်သွယ်နေကြတာပဲ။ စွမ်းအင်အကြံပေးဆိုတာတွေပေါ့။ သူတို့ ဘာလို့ ကျွန်တော့်ကိုတွေ့ချင်မှန်း ကျွန်တော်မသိဘူး။ ဒါကြောင့် အဲဒီလူတွေကို ကြိုးစားပြီး ရှောင်နေရတယ်”ဟု အလုပ်စားပွဲမှာထိုင်ပြီး နေရာယူရင်း ဦးမိုးမြင့်ကပြောလိုက်သည်။
Continue reading »
1976 total views, 1 today