Welcome, visitor! [ Register | LoginRSS Feed  | 

Beyond Hope and Promise

| Life Style | 2013年11月26日

oldwomanncat

Written by ပါ​မောက္ခ ဒေါက်​တာဒေါ်​မြင့်⁠မြင့်​ခင်

အခု​ဆို ယူ​အက်စ်​အေ​မှာ အသက်​ရာကျော်​သူ​တွေ ၁​၀⁠၀​၀⁠၀ ကျော် ၂​၀⁠၀​၀​၀ နီးပါး​ရှိ​တယ်။ တီ​ဗွီ​အင်တာဗျူး တစ်​ခု​မှာ တွေ့​လိုက်​ရ​တာ​က နေထိုင်​ကောင်း​ကြ​ပြီး သွား​နိုင်​လာ​နိုင်​တွေ​ပါ။ သူ​တို့​တွေ​ထဲ​က အချို့​ဟာ တင်း​နစ်​တို့ စ​ကွပ်ရှ်​တို့​တောင် ရိုက်​နေ​ကြ​တာ​လို့ ဆို​တယ်။ ကိုယ်​ပိုင်​အလုပ်​ဖြစ်​ဖြစ် အခြား​အလုပ်​ဖြစ်​ဖြစ် ပရဟိတ လုပ်​ငန်း​ဖြစ်​ဖြစ် ချိန်​ပြည့် ချိန်​ပိုင်း လုပ်​နေ​ကြ​သူ​တွေ​လည်း ပါ⁠ပါ​တယ်။ ဘယ်​လို​မှ အသုံး​မ​ဝင်​တော့​တဲ့ ဖိုး​သုည​ကြီး​တွေ မဟုတ်​ကြ​ပါ​ဘူး။ ဘယ်​သူ့​ကို​မှ ဝန်ထုပ်​ဝန်ပိုး ပေး​နေ​ကြ​သူ​တွေ မဟုတ်​ကြ​ဘူး။ လူ့​ဂုဏ်​သိက္ခာ​နဲ့ နေ​နိုင်​ကြ​သူ​တွေ​ပါ။ နောက်​အခြား​တိုင်း​ပြည်​က လူအို​တစ်​ဦး​က​ဆို အသက် ၉​၄ နှစ်​အရွယ်​မှာ ပီ​အိပ်ခ်ျ​ဒီ​ဘွဲ့​ကို အောင်မြင်​စွာ ဆွတ်​ခူး​နိုင်​ခဲ့​တယ်။ ဒီ​တော့ လူအို​အားလုံး​ဟာ လူ့​အဖွဲ့​အစည်း​ကို ဒုက္ခ​အဝ​ဝ​ကို ပေး​နေ​တဲ့ ခဲ​ဆွဲ​ကြီး​တွေ မဟုတ်​ကြ​ပါ​ဘူး။ သူ​တို့​ကို အသုံး​မ​ဝင်​တော့​တဲ့ ဘဝ​ကို မြန်⁠မြန်​မ​ရောက်​အောင် ကျန်​တဲ့​လူ​တွေ​က ဝိုင်းဝန်း​ဖေးမ လုပ်​ပေး​ရ​မှာ။ ဒီ​လို​သာ လုပ်​ပေး​နိုင်​လျှင် လူအို​တွေ​ကို ပေး​သင့်​တဲ့ အကူအညီ​ကို ပေး​နေ​လို့ ကောင်းကျိုး​တွေ ပြု​နေ​ရုံ​တင် မက​သေး​ပါ​ဘူး။ လူ့​အဖွဲ့​အစည်း တစ်​ရပ်​လုံး​အတွက် ကောင်းကျိုး​ပြု​နေ​တာ​ပါ။ သူ​တို့​သာ ကိုယ်​ထူ​ကိုယ်​ထ ဘဝ​မှာ နေ​သွား​နိုင်​လျှင် လူ​မှု​အဖွဲ့​အစည်း တစ်​ခု​လုံး​အတွက် ဘယ်လောက် တာဝန်​တွေ ပေါ့သွား​လိုက်​မ​လဲ။ ဒီ​လို​အတွေး​ရှိ​ပြီး လူအို​တွေ အို၊ နာ၊ ချည့်​တွေ မြန်⁠မြန်​မ​ဖြစ်​အောင် လုပ်​ပေး​ရ​မယ်။ လုပ်​ပေး​နိုင်​တာ​တွေ​လည်း ရှိ​ပါ​တယ်။ မြန်မာ​မှာ​လည်း လွန်​ခဲ့​တဲ့ အနှစ်​တစ်​ရာကျော်​က ဒေါ်​ဦး​ဇွန်း​မင်း​ကွန်း​မှာ လူအို​ရုံ စ​တည်ထောင်​စဉ်​က ပထမ​ဦး​ဆုံး လာ​နေ​တဲ့ ဘိုး​ဘွား​အို​တွေ​မှာ အသက် ၉​၄ နှစ်​နဲ့ ၈​၀ ကျော်​တွေ​ပါ⁠ပါ​တယ်။ သူ​တို့​က​လည်း ကျန်း​ကျန်းမာ​မာ သွား⁠သွား​လာ⁠လာ​တွေ​ပါ။ သူငယ်ပြန်​သူ​တွေ မဟုတ်​ပါ​ဘူး။ ဝိပဿနာ တရား​ထိုင်​ခြင်း​ကို လုပ်​နေ​ကြ​တာ​ပါ။ တရုတ်​ပြည်​မှာ​ဆို အသက် ၁​၀​၄ နှစ်​အရွယ် အဘွား​အို တစ်​ဦး​ဟာ ကျန်းမာပကတိရှိ​ပြီး တစ်​ယောက်​တည်း နေ​တယ်။ လုပ်​စရာ​ရှိ​တာ အားလုံး​ဘာသာ လုပ်​တယ်။ နောက်​အဘိုး​အို အဘွား​အို စုံ​တွဲ​က​လည်း သူ​တို့​နှစ်​ဦး အသက်​ပေါင်း​လိုက်​လျှင် ၂​၀​၈ နှစ်​လောက်​ရှိ​တာ၊ ဘယ်​သူ့ အကူ​မှ​မ​လို​ဘဲ နေ​နိုင်​ကြ​သ​တဲ့။ ဒီ​တော့ သက်ကြီး​တိုင်း အို၊ နာ၊ ချည့်​တွေ မဟုတ်​ကြ​ပါ​ဘူး။ ဒါ့​ပြင် လူ​တွေ​ဟာ တစ်​ယောက်​နဲ့ တစ်​ယောက် မ​တူ​ကွဲပြား​ဆို​တာ ဘယ်​အသက် အရွယ်​မှာ​မ​ဆို တွေ့​ရ​တာ ဖြစ်​ပေ​မယ့် ဒီ​လို​ကွဲပြား​မှု​ဟာ သက်ကြီး​ပိုင်း​မှာ ပိုမို​ထင်ရှား ထူးခြား​ပါ​တယ်။ အသက် ၆​၅ နှစ်​တစ်​ယောက်​ဟာ အို၊ နာ၊ ချည့်​ဘ၀ ရောက်​နေ​ပေ​မယ့် နောက် ၇​၈ နှစ်​ကတော့ သွား⁠သွား​လာ​လာ ဖြစ်​နိုင်​တာ​ပဲ။ ဒီ​တော့ အသက်​ဆို​ရာ​မှာ နှစ်​အရ​နဲ့ အဆုံးအဖြတ်​ပေး​လို့ မ​ရ​သေး​ပါ​ဘူး။ ဂဏန်း​စဉ်​အသက် (Chronologicalage)၊ ဇီ​၀​ဗေဒ​အလို​အရ သတ်​မှတ်​နိုင်​တဲ့ အသက် (Biologicalage) နဲ့ လုပ်​နိုင်​ရေ အရည်အချင်း​ကို ညွှန်း​တဲ့​အသက် (Functionalage) ရယ်​လို့ ရှိ​ပါ​တယ်။ လူ​တစ်​ယောက်​ဟာ အသက် ၇​၀ ရှိ​နေ​ပေ​မယ့် သူ့​ရဲ့ ဇီ​၀​ဗေဒ​ဖြစ်ဉ် အရ​ကတော့ ပျို​နေ​မယ် သို့မဟုတ် အို​ရင့်​နေ​မယ်။ ဒါပေမဲ့ အရေးကြီး​လှ​တဲ့ လုပ်​နိုင်​ကိုင်​နိုင် စွမ်း​ရည်​ကတော့ ကောင်း​တယ်​လို့ ဖြစ်​နိုင်​တယ်။ ဒါ​ကြောင့်​မို့ လူအို​တွေ​ထဲ​မှာ တစ်​ယောက်​နဲ့ မ​တူ​ကွဲပြား​မှု​ဟာ ထူး​ကဲ​တတ်​တာ။ တစ်​ခါ​က အသက် ၇​၆ နှစ်​အရွယ် အမျိုးသား​တစ်​ဦး​က ”ကျွန်တော်​တော့​ကြီး​ပြီ။ ဘာ​မှ​မ​လုပ်​ချင်​တော့​ဘူး။ လုပ်​လည်း​မ​လုပ်​နိုင်​ဘူး” လို့​ဆို​ပြီး ညည်း​တော့ အသက် ၈​၀ အရွယ် အမျိုးသမီး​ကြီး​က ”ဒီ​လို​တော့ မ​ပြော​ပါ​နဲ့ ကျွန်မ​နစ်နာ​လို့​ပါ” လို့ ဆို​တော့ ”ဘယ်​လို” လို့ … သူ​က တုံ့​ပြန်​တယ်။ ”ရှင်​က အခု​အရွယ်​မှာ ဒီ​လို​ဖြစ်​နေ​လျှင် ကျွန်မ​အသက် ၈​၄ က ဘယ်​လို​နေ​ရ​တော့​မ​လဲ၊ အိပ်ရာ​ထဲ လှဲ​ခွေ​နေ​ရုံ ရှိ​တော့​တာ​ပေါ့” လို့ ပြန်​ဖြေ​သ​တဲ့။ ဒီ​တော့ ဂဏန်း​စဉ် အသက်​ကို​ကို မေ့​ထား​လိုက်​စမ်း​ပါ။ လုပ်​နိုင်​စွမ်း​ရည် အသက်​အတိုင်း​ပဲ လုပ်​သွား​ပါ။ ဒါ​ဟာ ကိုယ့်​အတွက် လည်းကောင်း သူတစ်ပါး အတွက်​လည်း သက်သာ​ရာ သက်သာ​ကြောင်း ဖြစ်​ပါ​တယ်။ လူ့​ဘဝ​ဆို​တာ တိုတောင်း​လွန်း​လှ ပါ​တယ်။ ရ​ရှိ​ထား​တဲ့ နေ့​ရက်​တွေ​ကို အလဟဿ မ​ဖြစ်​အောင်​နေ​ဖို့ ကြိုးစား​ရ​ပါ​မယ်။ ဒီ​လို​စိတ်ထား​တာ​က ကုသိုလ်​စိတ်​လို့ ခေါ်​ရ​မှာ​ပါ။ ကံ၊ ဉာဏ်၊ ဝီရိယ ဆို​တာ​က လူအို​တွေ​မြဲ​မြဲ ဆုပ်​ကိုင်​ထား​ပြီး လက်ခံ​ကျင့်​သုံး​ရ​မယ့် ဒ​ဿ​န​အမြင်​လို့ ဆို​ရ​မှာ​ပါ။ ကံ​ကလေး​က ပါလာ​မယ်။ ကံ​ဆို​ရာ​မှာ​လည်း သိ​ကြ​တဲ့​အတိုင်း ဒီ​နေ့​ဒီ​အခါ ဘာ​ဖြစ်​မှာ​လို့ ပုံသေ​ကား​ကျပ် သတ်​မှတ်ထား​တာ​မျိုး မဟုတ်​ပါ​ဘူး၊ Murm (Fate/ Fatalism) မဟုတ်​ဘူး။ လှုပ်ရှား​မှု​ရှိ​တဲ့ ဖြစ်​ရပ်​ပါ (Dynamic)။ အကြောင်း​ရှိ​လို့ အကျိုး​ဖြစ်။

အကျိုး​က​နေ အကြောင်း​ပြန် ဖြစ်လာ​ဆို​တော့ ကံ​တွေ​ဟာ အမြဲ​တစေ ဖြစ်​နေ​တာ​ပဲ။ အခု​ဘဝ​မှာ​ပဲ ကံကောင်း​ချင်​လျှင် ကောင်းမှု​တွေ များ⁠များ​လုပ်​ပေး​လို့ ရ​ပါ​တယ်။ နောင်​ဘဝ​အထိ စောင့်​စရာ မ​လို​ပါ​ဘူး။ အကြောင်း​ကြောင့် ဖြစ်လာ​တဲ့ အကျိုး​က ဘယ်​တော့ ဖြစ်လာ​မယ်​ဆို​တာ ပြော​လို့​ရ​တာ​မှ မဟုတ်​တာ။

ဉာဏ်​ဆို​တာ​က​လည်း မွေး​ရာ​ပါ​လို့ တွက်​ကြ​ပေ​မယ့် အမှန်​ကတော့ ဝိပဿနာ ကျင့်​ရာ​မှ ရ​ရှိ​လာ​တဲ့ ဉာဏ်​ဟာ အကောင်း​ဆုံး​ပါ။ ဒီ​အချက်​က လူအို​တွေ​အတွက် ပို​လို့​တောင် မှန်​နေ​ပါ​သေး​တယ်။ ဘယ်​အရာ​မ​ဆို ဝိပဿနာ​ဉာဏ်​နဲ့ ယှဉ်​ကြည့်​လျှင် စိတ်​မ​ညစ် တတ်​တော့​ဘူး။ ဝိပဿနာ​ဉာဏ်​က အကောင်း​မြင်​မှု​ကို အားပေး​တယ်။ လဲကျ​လို့ ဆီ​ပုလင်း​မှောက်​တော့ ကလေး​တစ်​ယောက်​က ဆီ​တွေ​တစ်ဝက် ကုန်​သွား​ပြီ​ဆို​ပြီး ငို​သ​တဲ့ နောက်​ကလေး​ကတော့ ဆီ​ပုလင်း မှောက်​သွား​တယ် အမေ။ ဒါပေမဲ့ တစ်ဝက်​တော့ ကျန်​တယ် ရ​လိုက်​တယ်​လို့ ဆို​သ​တဲ့။ ဒါ​ကို တစ်​လောက ဆုံး​သွား​တဲ့ ဝိပဿနာ ဆရာ​ကြီး ဦး​ဂို​အင်​ကာ ဟော​တာ ကျွန်မ​ကြား​ဖူး​ပါ​တယ်။

နောက်ဆုံး​က ဝီရိယ။ ဒါ​ကတော့ လူအို​အတွက် အရေးကြီး​ဆုံး​လို့​တောင် ဆို​ချင်​ပါ​တယ်။ အသက်ကြီး​လာ​လေ ဝီရိယ ပို​ရှိ​ရ​လေ​လို့​တောင် ဆို​ချင်​ပါ​တယ်။ ဝီရိယရှိ​လျှင် အို​ရွယ်​မှု​ရဲ့ ချို့တဲ့​ချို့​ယွင်း မှု​တွေ​ကို ကာ​ကွယ်​ရေး လုပ်​ပေး​နိုင်​တယ်။ အိုမင်း​မ​စွမ်း ဖြစ်​နေ​ပြီ​ဆို​လျှင်​တောင် သက်သာ​ရာ သက်သာ​ကြောင်း​တွေ ကို​လုပ်​ဖို့​ရာ​က ဝီရိယ လို​ပြန်​ပါ​ပြီ။ လူအို​တွေ​ဟာ ဘယ်​တော့​မှ အအား​မ​နေ​ထိုက်​ဘူး။ ကိုယ်​ခန္ဓာ​ကို လှုပ်ရှား​ပြီး အလုပ်​ပေး။ ဒါ​မှ​မဟုတ် ဦးနှောက်​ကို ကစား​ပေး​လုပ်​ရ​မှာ​ပါ။ အရိုး​အသား အဆစ်​အမြစ်​ကို လေ့ကျင့်​ခန်း​ပေး​ပြီး​လျှင် ဦးနှောက်​ကို လေ့ကျင့်​ခန်း လုပ်​ပေး​ပါ။ လုပ်​ကြည့်ပါ။ တစ်​လှည့်​စီ လုပ်​ပေး​လျှင် မ​ပင်ပန်း​ပါ​ဘူး။

အသက်​ဆို​တာ ဘာ​လဲ​လို့ စေ့စေ့​တွေး​ကြည့်​လျှင် တွေ့​ရ​တာ​က အသက်​ကို နှစ်​အပိုင်းအခြား​နဲ့​ပဲ ပြော​လေ့​ပြော​ထ ရှိ​ပါ​တယ်။ အသက်​ရှည်​တာ​ကို သီလ​ကောင်း​လို့​လို့ ဆို​ကြ​ပြန်​သေး​တယ်။ ဘယ်​တုန်း​က ကောင်း​ခဲ့​တဲ့ သီလ​လဲ​လို့ မေး​လျှင်​တော့ အရင်​ဘ၀​တွေ​က သံသရာ​က​လို့ ဖြေ​ရ​လေ​မ​လား မ​သိ​တော့​ပါ။ အခု​ဘဝ​မှာ သီလ​နဲ့​ပြည့်​ပြီး အပြစ်​ပြော​ဖွယ်ရာ မ​ရှိ​လို့ ဆို​လောက်​တဲ့ သူတော်ကောင်း​ကြီး​တွေ အသက်​ရှည်​ရှည် မ​နေ​ရ​တာ အများ​အစား ရှိ​နေ​တာ​ကို ထောက်​ပြ​လို့ ရ​ပါ​တယ်။ တ​ကယ့်​ကို လူ​မ​ဆန်​တဲ့ ကျောက်​ခမန်း​လိလိ ရာဇဝတ်မှု​ကြီး​ဖြစ်​တဲ့ ထောင်​သောင်း​မက​တဲ့ ဂျူး​လူ​မျိုး​တွေ​ကို သတ်​ပြီး​တော့ သာမန်​လူ​တွေ တွေး​လို့​မ​ရ​တဲ့ ယုံကြည်​စရာ​မ​ကောင်း​တဲ့ မ​ဖွယ်​မ​ရာ ရက်စက်​မှု​ကြီး​တွေ​ကို ဒုတိယ ကမ္ဘာ​စစ်​ကြီး အတွင်း​က ဥ​ရော​ပ​ရှိ နာ​မည်ကျော် (Auswitz) (Belsen) တို့​လို (Concentration camps) လူသတ်​စခန်း​ကြီး​မှာ ကျူးလွန်​ခဲ့​တဲ့​သူ​တွေ တာဝန်​ယူခဲ့​တဲ့ ငရဲ​သား​ကြီး​တွေ​ကတော့ လူ​တွေ​ပိုက်စိပ်တိုက်​ပြီး လိုက်​ရှာ​နေ​တဲ့​ကြား​က ပုန်း​နေ​ကြ​တာ အသက်​တွေ ၉​၀ ကျော်​ရှိ​ကာ​မှ ဖမ်းမိ​တဲ့ လူ​တွေ​ရှိ​တယ်။ ဒီ​လို​မ​ကောင်း ဆိုးဝါး​တွေ​က ဘာ​ကြောင့် အသက်​ရှည်​ရှည် နေ​ရ​တာ​လဲ။
Credit to Eleven

Share Button

Click here to submit your review.


Submit your review
* Required Field

1104 total views, 1 today

  

Leave a Reply

  • shame

    Shameful Mistake

    by on 2014年1月8日 - 0 Comments

    အမှား​တွေ၊ အလွဲ​တွေ

  • enlightenment

    ရင်လေး​ဖွယ်ရာ အနာဂတ်​သာသနာ

    by on 2014年2月6日 - 0 Comments

    တစ်​နေ့​က ‘ဘ​ဂ​ဝါ ယူ​နိုက်​တက်စ်​အက်ဖ်​စီ’ လို့ နာမည်​တပ်​ထား​တဲ့ အီးလ်​မေးလ် တစ်​စောင် ဦး​ပဥ္စင်း​ဆီ ရောက်လာ​ပါ​တယ်။

  • chinatown

    တရုတ်တန်း​က စစ်ကိုင်း​လမ်း

    by on 2014年2月7日 - 0 Comments

    လမ်း​ထဲ​သို့ ချိုး​ဝင်​လိုက်​သည်​နှင့် အကင်ညှော်​နံ့​များ​က နှာသီး​ဝ​ကို​လာ​ရောက်​ကျီစယ်​သည်။ ကား​တစ်​စီး​လွတ်​ရုံ​လမ်း​လေး​ထဲ ခင်းကျင်း​ထား​သည့် စားပွဲ​ဝိုင်း​...

  • yangon_view_south

    Yangon Dream

    by on 2014年3月5日 - 0 Comments

    (Written by: ချစ်​ဝင်း​မောင်) နှစ်​ပေါင်း ၂​၀ ကျော် ကာလ​အတွင်း ကျွန်တော်​နေထိုင်​ရာ အရပ်​သည် မ​ယုံကြည်​နိုင်​လောက်​ဖွယ် အံ့​မ​ခန်း ပြောင်းလဲ​သွား​ခဲ့​သည်။ နေ...

  • coffee

    အဆိပ်​သင့်​အနမ်း​များ

    by on 2013年11月15日 - 0 Comments

    Written by ရွှေ​ရည် ကော်​ဖီ​ဆိုင်​ဟု အမည်တပ်​ထား​သော ဆိုင်​လေး​ထဲ​သို့ ဆယ်ကျော်​သက် စုံ​တွဲ​တစ်​တွဲ ဝင်​ရောက်လာ​ပြီး “အခန်း​ရှိ​သေး​လား” ဆို​သော​အသံ​က ဆယ်ကျေ...