Welcome, visitor! [ Register | LoginRSS Feed  | 

CIF ဈေးနှုန်း ပြောင်းလဲမည့် သတင်းကြောင့် ကားဈေးကျ

| 未分類 | 2013年11月22日

lexus

Written by ဇင်​မာ

မော်တော်​ယာဉ်​များ​ကို ထုတ်​လုပ်​သည့် မော်​ဒယ်လ်၊ ခု​နှစ်​အလိုက် ဆိပ်ကမ်း​အရောက် တန်ဖိုး သတ်​မှတ်ချက် (Cost Insurance Freight- CIF) နှုန်း​များ မြင့်​တက်​မည် ဟူ​သော သ​တင်း​များ​ကြောင့် ကား​ဝယ်​ရောင်း ဈေး​များ ဆက်တိုက် ကျ​ဆင်း​နေ​ကြောင်း သီ​ရိ​မင်္ဂလာ ဈေး​ဟောင်း ကား​ဝယ်​ရောင်း ပွဲစား​တန်း​မှ ဝါ​ရင့် ကား​ပွဲစား ဦး​အောင်ကျော်​က နိုဝင်ဘာ ၁​၅ ရက်​၌ မြန်မာ​သံတော် ဆင့်​သို့ ပြော သည်။

ပြည်​ပ​မှ မော်တော်​ယာဉ်​မှာ​ယူ တင်​သွင်း​ပါ​က ကား​ထုတ်​လုပ်​သည့် ခု​နှစ်၊ မော်​ဒယ်လ်​အလိုက် သတ်​မှတ် ထား​သည့် CIF နှုန်း​ထား​အလိုက် အကောက်​ခွန် ဦးစီး​ဌာန​သို့ ပေး​သွင်း​ရ​ပြီး အဆို​ပါ​နှုန်း​ထား​မှာ နှစ်စဉ် ပြောင်းလဲ​လျက် ရှိ​သည်။

““CIF ဆို​တာ​က နားလည်​သူ​က နားလည်​တယ်​လေ။ အဲ​ဒါ​က ဘယ်​ကား​ကို ဘယ်လောက် ဆောင်​ရ​မယ်။ ဘယ်​ကား​ကို ဘယ်လောက် တိုး​မယ်၊ ဘယ်လောက် ချ​မယ်​ဆို​တဲ့ သဘော​မျိုး​ပြော​တာ။ အဲ​ဒါ​ကို လူ​တွေ​က သိ​တဲ့ အတိုင်း​ပဲ။ CIF တန်ဖိုး​တွေ တက်​တော့​မှာ ဘာ​ညာ​နဲ့​ပေါ့။ ဈေး​တွေ​က ဆက်တိုက် ကျ​သွား​တာ။ ဝယ်​တာ ကော၊ ရောင်း​တဲ့​သူ​ကို သိပ်​မ​ရှိ​တော့​ဘူး။ CIF က တရားဝင် မ​ထွက်​သေး​ဘူး။ အဲ​ဒါ​ကို လူ​တွေ​က စောင့်​ကြည့် နေ​ကြ​တာ””ဟု ဝါ​ရင့်​ကား​ပွဲစား ဦး​အောင်ကျော်​က မြန်မာ​သံတော်ဆင့်​သို့ ပြော​သည်။ …

အဆို​ပါ CIF နှုန်း​ထား မ​ထွက်​သေး​သည့်​အတွက် ကား​စ​လစ် ဈေး​များ​လည်း ယခင် အောက်တိုဘာ လ​ကုန် ပိုင်း​တွင် ၁⁠၁​၈ သိန်း​ဝန်းကျင် ရှိ​ခဲ့​ရာ​မှ ယခု နိုဝင်ဘာ လ​လယ်​တွင် ၁​၀​၅ သိန်း​နှင့် ၉​၈ သိန်း​ဝန်းကျင်​အထိ ကျ​ဆင်း​လျက် ရှိ​ပြီး နောက်ဆုံး အအပ်​လက်ခံ​ခဲ့​သည့် “အ” အက္ခရာ ကား​စ​လစ်​ဈေး​မှာ​လည်း သိန်း ၁​၀​၀ အောက်​သာ ဈေးပေါက်​လျက် ရှိ​သည်။

ထို့​ပြင် ယခင်​က လူ​စီး​များ​သည့် ၂​၀⁠၀​၇/ ၂​၀⁠၀​၈ မော်​ဒယ် Hona Fit, Pro Box, Advan အမျိုး​အစား ကား​များ​မှာ စ​လစ်​အပါ အပြီးအစီး ၁​၂​၅ သိန်း ပေါက်​သည့် ကား​များ​မှာ​လည်း ယခု​အခါ သိန်း ၁⁠၁​၀ အထိ​သာ ရှိ​နေ​ပြီး လူ​စီး​နည်း​သော အခြား မော်​ဒယ်လ် ကား​ဈေးနှုန်း​များ​မှာ ယခင် ၁⁠၁​၆ သိန်း​မှ ၉​၅ သိန်း​ဝန်းကျင် အထိ​သာ ဈေး​ရှိ​တော့​သည်။

ယခု​နှစ်​အတွက် တန်ဖိုး​သတ်​မှတ်ချက် CIF များ​အား ပြောင်းလဲ ပြင်ဆင်​ရန်​အတွက် လုပ်ဆောင် နေ​မှု​များ​နှင့် ပတ်သက်​၍ အကောက်​ခွန် ဦးစီး​ဌာန​သို့ ဆက်​သွယ် မေးမြန်း​ခဲ့​ရာ ပြောင်းလဲ သတ်​မှတ်​သည့် တန်ဖိုး အတိ​အကျ​အား ဒီဇင်ဘာ​လဆန်း​တွင် ထုတ်​ပြန် ကြေညာ​သွား​မည် ဖြစ်​ပြီး ဇန်နဝါရီ လဆန်း​မှ​စ​၍ ထို​နှုန်း​ထား​များ​အတိုင်း ပေး​ဆောင်သွား​ရ​မည် သိ​ရ​သည်။ ဒီ​နှစ်​အတွက် CIF နှုန်း​တွေ​ကို custom က​နေ ပြောင်း​ဖို့ စီစဉ်​နေ​တုန်း။ CIF နှုန်း​တွေ တက်​မယ်​ဆို​တာ​ကတော့ CIF နှုန်း​က တက်​တာ ကျ​တာ မ​ရှိ​ဘူး။ မနှစ်​က နည်း​နေ​တဲ့ ကား​မျိုး​ဆို ဒီ​နှစ်​နည်း​နည်း တက်​မယ်။ များ​နေ​ရင် နည်း​နည်း ချ​မယ်​ပေါ့။ အဲ​ဒီ​လို ယေဘုယျ ချ​လိုက်​တာ​ပေါ့””ဟု ကုန်သွယ်​ရေး ညွှန်​ကြား​မှူး ဦးစီး​ဌာန ဒုတိယ ညွှန်​ကြား​ရေး​မှူး​ချုပ် ဦးမင်း​မင်း​က မြန်မာ​သံတော်ဆင့်​သို့ ပြော​သည်။

နိုင်​ငံတော် အစိုးရ​သည် ယာဉ်​အို​ယာဉ်​ဟောင်း​များ ဖျက်​သိမ်း​၍ အစားထိုး တင်​သွင်း​ခြင်း စီမံ​ချက်​ကို ၂​၀​၁​၁ ခု​နှစ်၊ စက်တင်ဘာ ၁​၁ ရက်​မှ​စ​၍ နိုင်ငံ​ပိုင် သတင်းစာ​များ​၌ ထုတ်​ပြန် ကြေညာ​ခဲ့​ပြီး ပထမ​အဆင့် အနေ​ဖြင့် ၂​၀​၁​၁ ခု​နှစ်၊ စက်တင်ဘာ ၁​၉ ရက်​တွင် မှတ်ပုံတင်​သက်​တမ်း အနှစ် ၄​၀ ကျော် “စ”၊ “ဆ”၊ “ဇ” အက္ခရာ များ​ကို လည်းကောင်း၊ ဒုတိယ​အဆင့် အနေ​ဖြင့် ၂​၀​၁​၁ ခု​နှစ်၊ နိုဝင်ဘာ ၈ ရက်​တွင် နှစ် ၃​၀ ကျော်​မှ ၄​၀ ကျော်​အတွင်း “ဈ၊ “ည” အက္ခရာ​များ​ကို​လည်းကောင်း၊ တတိယ​အဆင့် အနေ​ဖြင့် ၂​၀​၁​၂ ခု​နှစ်၊ ဇန်နဝါရီ ၂ ရက်​တွင် အနှစ် ၂​၀ ကျော်​မှ နှစ် ၃​၀ ကျော်​အတွင်း “ဏ”၊ “ထ”၊ “ဒ”၊ “ဓ”၊ “န”၊ “ပ”၊ “ဗ”၊ “ဘ”၊ “လ”၊ “သ” အက္ခရာ ယာဉ်​များ​ကို စီမံ​ချက်​ဖြင့် ဆောင်ရွက်​ခဲ့​ရာ ယာဉ်​အို​ယာဉ်​ဟောင်း အပ်​နှံ​မှု စီး​ရေ ၉​၄​၁​၆​၈ စီး​ဖြစ်​၍ ဆောင်ရွက် ပြီးစီး​မှု​မှာ ၈​၉ ဒသမ ၆​၁ ရာ​ခိုင်​နှုန်း ဖြစ်​သည်။

Credit to Myanmartandawsint Newspaper

Share Button

Click here to submit your review.


Submit your review
* Required Field

No Tags

1253 total views, 1 today

  

Leave a Reply

  • shame

    Shameful Mistake

    by on 2014年1月8日 - 0 Comments

    အမှား​တွေ၊ အလွဲ​တွေ

  • enlightenment

    ရင်လေး​ဖွယ်ရာ အနာဂတ်​သာသနာ

    by on 2014年2月6日 - 0 Comments

    တစ်​နေ့​က ‘ဘ​ဂ​ဝါ ယူ​နိုက်​တက်စ်​အက်ဖ်​စီ’ လို့ နာမည်​တပ်​ထား​တဲ့ အီးလ်​မေးလ် တစ်​စောင် ဦး​ပဥ္စင်း​ဆီ ရောက်လာ​ပါ​တယ်။

  • chinatown

    တရုတ်တန်း​က စစ်ကိုင်း​လမ်း

    by on 2014年2月7日 - 0 Comments

    လမ်း​ထဲ​သို့ ချိုး​ဝင်​လိုက်​သည်​နှင့် အကင်ညှော်​နံ့​များ​က နှာသီး​ဝ​ကို​လာ​ရောက်​ကျီစယ်​သည်။ ကား​တစ်​စီး​လွတ်​ရုံ​လမ်း​လေး​ထဲ ခင်းကျင်း​ထား​သည့် စားပွဲ​ဝိုင်း​...

  • yangon_view_south

    Yangon Dream

    by on 2014年3月5日 - 0 Comments

    (Written by: ချစ်​ဝင်း​မောင်) နှစ်​ပေါင်း ၂​၀ ကျော် ကာလ​အတွင်း ကျွန်တော်​နေထိုင်​ရာ အရပ်​သည် မ​ယုံကြည်​နိုင်​လောက်​ဖွယ် အံ့​မ​ခန်း ပြောင်းလဲ​သွား​ခဲ့​သည်။ နေ...

  • nelsonmandela

    မင်​ဒဲ​လား​ပြော​ခဲ့​သော စကား​တစ်​ခွန်း

    by on 2014年1月27日 - 0 Comments

    Written by ဦးတင်​ဦး (ကျူ​ရှင်) လွန်​ခဲ့​တဲ့​သောကြာနေ့​ည​က ည​စဉ်​သွား​နေကျ​ဆေး​ခန်း​သို့ ရောက်​သွား​သော​အခါ ဆရာဝန်​၏​အိမ်​မှ​ရုပ်​မြင် သံ​ကြား​ဖန်​သား ပြင်ပေါ...