Welcome, visitor! [ Register | LoginRSS Feed  | 

JCB ကို ဒီဇင်ဘာ​လ​အတွင်း အသုံးပြု​နိုင်​မည်

| Myanmar Business | 2013年12月9日

Written by စ,ချို​ကို

ဂျပန်​နိုင်ငံ​အခြေ​စိုက် နိုင်ငံ​တကာ​သုံး ငွေ​ပေး​ချေ​ကတ်​တစ်​ခု​ဖြစ်​သော JCB ကတ်​ကို ပြည်​တွင်း​၌ ဒီ​ဇင် ဘာ​လ​အတွင်း စတင်​အသုံးပြု​နိုင်​မည်​ဖြစ်​သည်​ဟု JCB International Co., Ltd. (Myanmar) ၏ Operating Manager ဦး​ဥက္ကာ​မင်းလွင်​က ဒီဇင်ဘာ ၈ ရက်​တွင် မဇ္ဈိမ​ကို ပြော​သည်။

JCB ကတ်​ကို ပြည်​တွင်း​ရှိ MPU နက်ခ်​ဝပ်​ချိတ်ဆက်​ထား​သည့်​ဘဏ်​များ​၏ ATM စက်​များ​တွင် အသုံး ပြု​နိုင်​ရန် စီစဉ်​နေ​ပြီး လက်​ရှိ​တွင် စမ်းသပ်​အသုံးပြု​မှု​များ ပြ​လုပ်​နေကာ ဒီဇင်ဘာ​လ​အတွင်း​တွင် စတင်​သုံးစွဲ​နိုင်​မည်​ဖြစ်​သည်​ဟု ၎င်း​က ပြော​သည်။

ဦး​ဥက္ကာ​မင်းလွင်​က “လာ​မည့်​တစ်​ပတ်​အတွင်း အပြီးသတ် Testing စမ်းသပ်​မှု​တွေ​လုပ်​သွား​မယ်။ ဒီ​ဇင် ဘာ​လ​လယ်​အတွင်း​မှာ JCB ကတ်​ကို ပြည်​တွင်း​မှာ စတင်​အသုံးပြု​သွား​မှာ​ပါ”ဟု ပြော​သည်။

JCB ကတ်​ကို အသုံးပြု​ရာ​တွင် ပထမ​အဆင့်​အနေ​ဖြင့် ပြည်​တွင်း​ရှိ MPU နက်ခ်​ဝပ်​ချိတ်ဆက်​ထားည့် ATM စက်​များ​နှင့် အရောင်း​ဆိုင်​များ​ရှိ Point Of Sale (POS) စက်​များ​တွင် စတင်​အသုံးပြု​နိုင်​မည်​ဖြစ် ပြီး ဒုတိယ​အဆင့်​အနေ​ဖြင့် ပြည်​တွင်း​ဘဏ်​များ​တွင် ကတ်​ထုတ်​လုပ်​နိုင်​သည့် အထိ​ဆောင်ရွက်​သွား မည်​ဖြစ်​သည်

ဦး​ဥက္ကာ​မင်းလွင်​က “လက်​ရှိ​တော့ နိုင်ငံ​တကာ​က JCB ကတ်​ကိုင်​ဆောင်​ထား​သူ​တွေ​က ပြည်​တွင်း​မှာ လာ​ရောက်​အသုံးပြု​နိုင်​မယ်။ ဒုတိယ​အဆင့်​အနေ​နဲ့ ၂​၀​၁​၄ လောက်​မှာ ပြည်​တွင်း​ဘဏ်​တွေ​မှာ MPU Logo နဲ့ JCB Logo နှစ်​ခု​ပါဝင် တဲ့​ကတ်​ကို ထုတ်​လုပ်​နိုင်​ဖို့ လုပ်​သွား​မယ်။ အဲ​ဒီ​ကတ်​တွေ​ကို​လည်း JCB ကတ်​သုံး​နေ​တဲ့​နိုင်ငံ​တိုင်း​မှာ အသုံးပြု​နိုင်​မှာ​ဖြစ်​ပါ​တယ်”ဟု ပြော​သည်။

JCB ကတ်​ကို အသုံးပြု​ရာ​တွင် Myanmar Payment Union (MPU) နက်ခ်​ဝပ်​တွင် ဝင်​ရောက် အသုံး ပြု​နိုင်​မည်​ဖြစ်​ပြီး ပြည်​တွင်း​တွင် MPU နက်ခ်​ဝပ်​ချိတ် ဆက်​ထား​သည့်​နေရာ​ပေါင်း ၁​၇​၀⁠၀ ကျော်​ရှိ သည်။

JCB ကတ်​နှင့် ပြည်​တွင်း​တွင် အသုံးပြု​နိုင်​ခြင်း​နှင့် ပတ်သက်​ပြီး သမ​ဝါ​ယမ​ဘဏ် (CB) ၏ အုပ်ချုပ်​မှု ဒါ​ရိုက်​တာ ဦး​ဖေ​မြင့်​က “JCB ကတ်​ကို MPU logo နဲ့ ပေါင်း​ပြီး​ထုတ်​မယ်​ဆို​ပေ​မယ့် ပြည်​တွင်း​မှာ အသုံး ပြု​မှု​ထက် နိုင်ငံ​ခြား​ခရီးသွား​မယ့်​သူ​တွေ​ပဲ အသုံး​များ​ကြ​လိမ့်​မယ်”ဟု သုံးသပ်​ပြော​ကြား​သည်။

တစ်​ကမ္ဘာ​လုံး​အနေ​ဖြင့် JCB ကတ် လက်ခံ​သုံးစွဲ​သည့်​နိုင်ငံ​ပေါင်း ၁​၉​၀ ကျော်​ရှိ​ပြီး ကတ်​အသုံးပြု​သူ သန်း ၈​၀ ကျော် အထိ​ရှိ​သည်​ဟု​လည်း JCB International Co., Ltd. ၏ ထုတ်​ပြန်​ချက်​အရ သိ​ရ သည်။

မြန်မာ​နိုင်ငံ​အနေ​ဖြင့် နိုင်ငံ​တကာ​မှ ကတ်​များ​ကို ပြည်​တွင်း​၌ လက်ခံ​သုံးစွဲ​နိုင်​သည့်​အဆင့်​သာ​ရှိ​နေ​ပြီး ကတ်​ထုတ်​လုပ်​ခွင့်​မ​ရှိ​သေး​ပေ။ သို့ရာတွင် ငွေ​ကြေး​ကန့်သတ်​ချက်​ရှိ​သော EASI Travel Master Card များ​ကို​မူ ပြည်​တွင်း​ဘဏ်​အချို့​တွင် ထုတ်​လုပ်​နိုင်​ပြီ​ဖြစ်​သည်။

ကန်ဒေါ်​လာ ၅​၀⁠၀​၀ အထိ ထည့်​သွင်း​အသုံးပြု​နိုင်​သည့် အဆို​ပါ EASI Travel Master Card ကို အောက်တိုဘာ ၈ ရက်​မှ​စ​၍ ပြည်​တွင်း​ဘဏ်​တစ်​ဘဏ်​ဖြစ်​သော သမ​ဝါ​ယမ​ဘဏ်​တွင် ပထမ​ဦး​ဆုံး အကြိမ်​အနေ​ဖြင့် ကတ်​ထုတ်ယူ​သုံးစွဲ​နိုင်​ခြင်း​ဖြစ်​သည်။

လက်​ရှိ​တွင် ပြည်​တွင်း​၌MPU ကတ်​အပြင် နိုင်ငံ​တကာ​ငွေ​ပေး​ချေ​မှု​ကတ်​များ​ဖြစ်​သော ဗီဇာ​ကတ်၊ မာ​စ​တာ​ကတ်​နှင့်CUP (China Union Pay) ကတ်​များ​ကို အသုံးပြု​နိုင်​ပြီ​ဖြစ်​သည်။

Credit to Mizzima

Share Button

Click here to submit your review.


Submit your review
* Required Field

1233 total views, 1 today

  

Leave a Reply

  • shame

    Shameful Mistake

    by on 2014年1月8日 - 0 Comments

    အမှား​တွေ၊ အလွဲ​တွေ

  • enlightenment

    ရင်လေး​ဖွယ်ရာ အနာဂတ်​သာသနာ

    by on 2014年2月6日 - 0 Comments

    တစ်​နေ့​က ‘ဘ​ဂ​ဝါ ယူ​နိုက်​တက်စ်​အက်ဖ်​စီ’ လို့ နာမည်​တပ်​ထား​တဲ့ အီးလ်​မေးလ် တစ်​စောင် ဦး​ပဥ္စင်း​ဆီ ရောက်လာ​ပါ​တယ်။

  • chinatown

    တရုတ်တန်း​က စစ်ကိုင်း​လမ်း

    by on 2014年2月7日 - 0 Comments

    လမ်း​ထဲ​သို့ ချိုး​ဝင်​လိုက်​သည်​နှင့် အကင်ညှော်​နံ့​များ​က နှာသီး​ဝ​ကို​လာ​ရောက်​ကျီစယ်​သည်။ ကား​တစ်​စီး​လွတ်​ရုံ​လမ်း​လေး​ထဲ ခင်းကျင်း​ထား​သည့် စားပွဲ​ဝိုင်း​...

  • yangon_view_south

    Yangon Dream

    by on 2014年3月5日 - 0 Comments

    (Written by: ချစ်​ဝင်း​မောင်) နှစ်​ပေါင်း ၂​၀ ကျော် ကာလ​အတွင်း ကျွန်တော်​နေထိုင်​ရာ အရပ်​သည် မ​ယုံကြည်​နိုင်​လောက်​ဖွယ် အံ့​မ​ခန်း ပြောင်းလဲ​သွား​ခဲ့​သည်။ နေ...

  • nelsonmandela

    မင်​ဒဲ​လား​ပြော​ခဲ့​သော စကား​တစ်​ခွန်း

    by on 2014年1月27日 - 0 Comments

    Written by ဦးတင်​ဦး (ကျူ​ရှင်) လွန်​ခဲ့​တဲ့​သောကြာနေ့​ည​က ည​စဉ်​သွား​နေကျ​ဆေး​ခန်း​သို့ ရောက်​သွား​သော​အခါ ဆရာဝန်​၏​အိမ်​မှ​ရုပ်​မြင် သံ​ကြား​ဖန်​သား ပြင်ပေါ...