
Written by ဦးတင်ဦး (ကျူရှင်)
လွန်ခဲ့တဲ့သောကြာနေ့ညက ညစဉ်သွားနေကျဆေးခန်းသို့ ရောက်သွားသောအခါ ဆရာဝန်၏အိမ်မှရုပ်မြင် သံကြားဖန်သား ပြင်ပေါ်တွင် တောင်အာဖရိက သမ္မတဟောင်း ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်နယ်လ် ဆင်မင်ဒဲလား၏ နာရေးသတင်းထုတ်လွှင့်နေသည်ကို မြင်တွေ့လိုက်ရသည်။
ထိုသတင်းကို ကြားလိုက်ရသောအခါ ကျွန်တော်သည် ဟီလာရီရော့ဒမ်ကလင်တန်က သူ၏ Living History ဟူသောစာအုပ်တွင် ပြန်ပြောပြထားသော မင်ဒဲလားနှင့်စပ်လျဉ်းသော အတွေ့အကြုံကို ပြန် လည်သတိရမိသည်။